ကျောက်ကြီးမြို့နယ်

ဝီကီပီးဒီးယား မှ
ကျောက်ကြီးမြို့နယ်
မြို့နယ်
ညောင်လေးပင်ခရိုင်အတွင်း တည်နေရာ
ညောင်လေးပင်ခရိုင်အတွင်း တည်နေရာ
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်ညောင်လေးပင်
မြို့နယ်ရုံးစိုက်ရာမြို့ကျောက်ကြီးမြို့
လူဦးရေ (၂၀၁၄)[၁]၁၁၃,၃၂၉
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကျောက်ကြီးမြို့နယ် သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးညောင်လေးပင်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျောက်ကြီးမြို့ ဖြစ်သည်။ မွေတော်တောင်၊ ရခိုင်တောင်၊ စောဒေးမောဒေးတောင်များသည် ထင်ရှားသည်။ မြစ်ချောင်း ပေါများကာ၊ စစ်တောင်းမြစ်၊ ကျောက်ကြီးချောင်း၊ မုန်းချောင်းတို့မှာ ထင်ရှားသည်။ စပ်လဲရေတံခွန်နှင့် သဲသောမူ၊ သဲသောခွားရေတံခွန်တို့လည်း တည်ရှိသည်။ [၃]

တည်နေရာ[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၀၈ မိနစ်မှ ၁၈ ဒီဂရီ ၃၉ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၀ မိနစ်မှ ၉၆ ဒီဂရီ ၄၅ မိနစ်ကြား တည်ရှိသည်။ အရှေ့ဘက်တွင် အရှေ့ရိုးမတောင်ခြေနှင့် ကရင်ပြည်နယ်၊ တောင်ဘက်တွင် ရွှေကျင်မြို့နယ်၊ အနောက်ဘက်တွင် စစ်တောင်းမြစ်ဖြူးမြို့နယ်ကျောက်တံခါးမြို့နယ်၊ မြောက်ဘက်တွင် ထန်းတပင်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ၁၉၅ ပေဝယ် တည်ရှိနေကာ၊ ရာသီဥတုမှာ ပူအိုက်စိုစွတ်သည်။ [၃]

အကျယ်အဝန်း[ပြင်ဆင်ရန်]

အရှေ့အနောက် ၂၀/၃၀ မိုင်ရှိပြီး တောင်မြောက် ၃၅ မိုင်ရှည်သည်။ ဧရိယာ ၇၈၁.၄၁၃ စတုရန်းမိုင် ကျယ်ဝန်းသည်။[၃]

ရေမြေတောတောင်[ပြင်ဆင်ရန်]

၂၀၁၉ အရ သစ်တောဖုံးလွှမ်းမှု ၇၂.၅၇ ရာခိုင်နှုန်း ရှိပြီး၊ ကျွန်းပျဉ်းကတိုးပိတောက်အင်ကြင်းဆင်တုံးမနွယ်ဘုမ္မာရာဇာပင် နှင့် ဝါးအမျိုးမျိုး သဘာဝအလျောက် ပေါက်ရောက်သည်။

ယုန်၊ ဂျီ၊ ဆတ်ဒရယ်တောဝက်တို့ ကျက်စားသွားလာနေသည်။ [၃]

သမိုင်း[ပြင်ဆင်ရန်]

ဒုတိယကမ္ဘာစစ်အတွင်းက ကျောက်ကြီးမြို့နယ်၏ အစိတ်အပိုင်းအချို့ကိုကရင် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးသမားများ ထိန်းချုပ်ခဲ့ကြသည်။[၄] ၂၀၀၇ ခုနှစ်အထိ ကရင် လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးသမားများ လှုပ်ရှားခဲ့ကြဆဲ ဖြစ်သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၅။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကျောက်ကြီးမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ ၂၀၁၉ စက်တင်ဘာလ
  4. McCoy, Clifford (10 January 2007) "Another blot on Myanmar's rights record" Asia Times
  5. "Two innocent people wounded in mine explosions in Kyaukkyi Township" Archived 27 July 2011 at the Wayback Machine. The New Light of Burma volume XIV, number 291, 1 February 2007, page 8