ချင်းပြည်နယ်
ချင်းပြည်နယ် Zogam (တီးတိန်) Chinram (မီဇို) | ||
---|---|---|
ပြည်နယ် | ||
မြို့တော် ဟားခါးမြို့ | ||
| ||
မြန်မာနိုင်ငံတွင်း တည်နေရာ | ||
ကိုဩဒိနိတ်: 22°0′N 93°30′E / 22.000°N 93.500°Eကိုဩဒိနိတ်: 22°0′N 93°30′E / 22.000°N 93.500°E | ||
နိုင်ငံ | မြန်မာ | |
ဒေသ | အနောက်ပိုင်း | |
မြို့တော် | ဟားခါးမြို့ | |
အစိုးရ | ||
• ဝန်ကြီးချုပ် | ဒေါက်တာ ဝုန်ဆွန်းထန် | |
• အစိုးရ | ချင်းပြည်နယ် အစိုးရအဖွဲ့ | |
• ဥပဒေပြုလွှတ်တော် | ချင်းပြည်နယ် လွှတ်တော် | |
• တရားလွှတ်တော် | ချင်းပြည်နယ် တရားလွှတ်တော် | |
ဧရိယာ[၁] | ||
• စုစုပေါင်း | ၃၆၀၁၈.၈ စတုရန်းကီလိုမီတာ (၁၃၉၀၆.၉ စတုရန်းမိုင်) | |
ဧရိယာအဆင့် | ၉ | |
လူဦးရေ (၂၀၁၄)[၂] | ||
• စုစုပေါင်း | ၄၇၈,၈၀၁ | |
• အဆင့် | ၁၄ | |
• သိပ်သည်းမှု | ၁၃/km၂ (၃၄/sq mi) | |
Demographics | ||
• လူမျိုးများ | ချင်း | |
• ကိုးကွယ်မှု | ခရစ်ယာန်ဘာသာ ၈၅.၄% ထေရဝါဒ ဗုဒ္ဓဘာသာ ၁၃% Laipian ၁.၁% ရိုးရာ ၀.၄% အစ္စလာမ်ဘာသာ ၀.၁% | |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+06:30) |
ချင်းပြည်နယ် သည် မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး ပြည်နယ်တစ်ခု ဖြစ်သည်။ ချင်းပြည်နယ်သည် အကျယ်အဝန်း ၃၆,၀၁၉-စတုရန်း-ကီလိုမီတာ (၁၃,၉၀၇-စတုရန်းမိုင်) ရှိပြီး တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ အနောက်တောင်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ ပြည်နယ်၏ မြို့တော်မှာ ဟားခါးမြို့ ဖြစ်သည်။ ချင်းပြည်နယ်သည် တောင်တန်းထူထပ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနေရာ ဖြစ်သည်။
တည်နေရာနှင့် အကျယ်အဝန်း
[ပြင်ဆင်ရန်]ချင်းပြည်နယ်သည် ၁၃,၉၀၇ စတုရန်းမိုင်ကျယ်ဝန်းသည်။ လူနေကျဲသော တောင်ပေါ်ဒေသဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင်တည်ရှိပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ အိန္ဒိယနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ မှ ၂၄ ဒီဂရီ ၁၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅မိနစ် မှ ၉၄ ဒီဂရီ အတွင်း တည်ရှိသည်။
ရာသီဥတု
[ပြင်ဆင်ရန်]တောင်ပေါ်ဒေသဖြစ်၍၊ ချမ်းမြသော ရာသီဥတုရှိသည်။ အပူဆုံးသောလမှာ ဧပြီ နှင့် မေလများဖြစ်ပြီး ပျှမ်းမျှအပူချိန်မှာ ၆၀ ဒီဂရီဖာရင်ဟိုက် မှ ၇၀ ဒီဂရီဖာရင်ဟိုက် သာရှိသည်။ အအေးဆုံးကာလများတွင် အပူချိန်မှာ ၃၉ ဒီဂရီဖာရင်ဟိုက်မှ ရေခဲမှတ်အောက်ထိ ကျဆင်းတတ်သည်။
ပျှမ်းမျှ မိုးရေချိန်မှာ ၈၀ မှ ၁၀ဝ လက်မအတွင်းရှိပြီး အထူးသဖြင့်တောင်ပိုင်းဒေသများမှာ မိုးပိုများတက်ပါသည်။
အုပ်ချုပ်ရေး
[ပြင်ဆင်ရန်]မြို့တော်
[ပြင်ဆင်ရန်]ချင်းပြည်နယ်၏ မြို့တော်မှာ ဟားခါးမြို့ဖြစ်သည်။
အုပ်ချုပ်ရေး
[ပြင်ဆင်ရန်]၂၀၁၁ခုနှစ်မှစတင်ကာ ချင်းပြည်နယ်ကို ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။
ဥပဒေပြုရေး
[ပြင်ဆင်ရန်]၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။
တရားစီရင်ရေး
[ပြင်ဆင်ရန်]ချင်းပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်းတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၉)ရုံးရှိသည်။
ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ
[ပြင်ဆင်ရန်]ခရိုင်ရှိမြို့နယ်များ
[ပြင်ဆင်ရန်]မြို့ပေါ်ရပ်ကွက်များ
[ပြင်ဆင်ရန်]မြို့နယ် | မြို့ | ရပ်ကွက် |
ကန်ပက်လက်မြို့နယ် | ကန်ပက်လက်မြို့ | အမှတ် (၁) ရပ်ကွက် |
အမှတ် (၂) ရပ်ကွက် | ||
ကျင်ဒွေးမြို့ | ကျင်ဒွေးရပ်ကွက် | |
ထန်းကုန်းရပ်ကွက် | ||
ဖုံးတွီကျင်းရပ်ကွက် | ||
ဟုတ်ပုံကျင်းရပ်ကွက် | ||
တွန်းဇန်မြို့နယ် | ကျီခါးမြို့ | အမှတ် (၁) ရပ်ကွက် |
အမှတ် (၂) ရပ်ကွက် | ||
တွန်းဇန်မြို့ | ခေါလိုင် / ဂိုးဇန်ရပ်ကွက် | |
ခေါဝုန် / လေးဆန်ရပ်ကွက် | ||
တီးတိန်မြို့နယ် | ခိုင်ကမ်းမြို့ | အမှတ် (၁) ရပ်ကွက် |
အမှတ် (၂) ရပ်ကွက် | ||
အမှတ် (၃) ရပ်ကွက် | ||
အမှတ် (၄) ရပ်ကွက် | ||
တီးတိန်မြို့ | စကောလမ်းရပ်ကွက် | |
မြို့မရပ်ကွက် | ||
လွယ်ဘွားလ်ရပ်ကွက် | ||
လေးလုမ်းရပ်ကွက် | ||
ထန်တလန်မြို့နယ် | ထန်တလန်မြို့ | အမှတ် (၁) ရပ်ကွက် |
အမှတ် (၂) ရပ်ကွက် | ||
အမှတ် (၃) ရပ်ကွက် | ||
နှာဟရိန်မြို့ | အမှတ် (၁) ရပ်ကွက် | |
အမှတ် (၂) ရပ်ကွက် | ||
ပလက်ဝမြို့နယ် | ဆမီးမြို့ | အမှတ် (၁) ရပ်ကွက် |
အမှတ် (၂) ရပ်ကွက် | ||
အမှတ် (၃) ရပ်ကွက် | ||
ပလက်ဝမြို့ | ကင်ဝရပ်ကွက် | |
မြို့မရပ်ကွက် | ||
ရွာမရပ်ကွက် | ||
ရိက္ခာရပ်ကွက် | ||
ဖလမ်းမြို့နယ် | ဖလမ်းမြို့ | ကျင်မွာလ်ရပ်ကွက် |
ဇာလိုင်ရပ်ကွက် | ||
တလန်လိုရပ်ကွက် | ||
ဖာရ်ထောက်ရပ်ကွက် | ||
ဗလိုင်ရပ်ကွက် | ||
လိုင်ဇိုးရပ်ကွက် | ||
လိုင်လွန်ရပ်ကွက် | ||
လုံပီးရပ်ကွက် | ||
ရိခေါ်ဒါရ်မြို့ | အမှတ် (၁) ရပ်ကွက် | |
အမှတ် (၂) ရပ်ကွက် | ||
ဝေဘူလမြို့ | ကျန်ဘာရီရပ်ကွက် | |
မြို့မရပ်ကွက် | ||
မွာလ်ဇောလ်ရပ်ကွက် | ||
လုံးသပ်ရပ်ကွက် | ||
မင်းတပ်မြို့နယ် | မကွီအိမ်နူးမြို့ | ကြုံလောင်းရပ်ကွက် |
ထိန်ပြုံးရပ်ကွက် | ||
ဗွီနူးရပ်ကွက် | ||
မကွီအိမ်နူးရပ်ကွက် | ||
မင်းတပ်မြို့ | စံပြရပ်ကွက် | |
ဘဝသစ်ရပ်ကွက် | ||
အနောက်ရပ်ကွက် | ||
အရှေ့ ပြင်ရပ်ကွက် | ||
မတူပီမြို့နယ် | မတူပီမြို့ | ခွာဘွေးရပ်ကွက် |
ငလားရပ်ကွက် | ||
စိန်ဘောင်ရပ်ကွက် | ||
လောင်ဗန်းရပ်ကွက် | ||
ရေဇွာမြို့ | မြို့မရပ်ကွက် | |
မွာပီးရပ်ကွက် | ||
လောင်းရဲရပ်ကွက် | ||
အင်ရောရပ်ကွက် | ||
လိုင်လင်းပီမြို့ | အမှတ် (၁) ရပ်ကွက် | |
အမှတ် (၂) ရပ်ကွက် | ||
ဟားခါးမြို့နယ် | ဆူရ်ခွားမြို့ | ဆလုံပူးရပ်ကွက် |
ဆိုင်လိုသာရ်ရပ်ကွက် | ||
ဟားခါးမြို့ | ကျောဘုတ်ရပ်ကွက် | |
ဈေးသစ်ရပ်ကွက် | ||
ဈေးဟောင်းရပ်ကွက် | ||
ပြည်တော်သာရပ်ကွက် | ||
မြို့သစ်ရပ်ကွက် | ||
မြို့ဟောင်းရပ်ကွက် | ||
ဟားခါးထာရ် (၁) ရပ်ကွက် | ||
ဟားခါးထာရ် (၂) ရပ်ကွက် |
မြို့နယ်(၉)ခု၊ မြို့ (၁၈)မြို့၊ ရပ်ကွက် (၆၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆၄) အုပ်စု နှင့် ရွာပေါင်း (၁၃၄၇) ရွာ ရှိသည်။[၃]
အခြား မြို့ရွာများ
[ပြင်ဆင်ရန်]- အိုက်ကား
- စာလ်ထောင်(ဟာဆော်)
- ရွာဗါး
- ကျီခါး
- လက်မေ
- ထန်တလန်
- ထုတ်လိုင်
- ကန်ပက်လက်
- လိုထော်
- လုံလဲ
- မတူပီ
- ငဖိုင်းပီ
- ပလက်ဝ
- ပျဉ်ဝ
- ဖို့ဝှိုက်
- ရွာဖန်း
- ဆမီး
- ဆူရ်ခွား
- တေဇန်
- သိုင်းငင်း
- တီးတိန်
- တွန်းဇံ
- ဝေဘူလ
- ဆဘောင်း (ဆဘောင်းတယ်)
- ရိဒ်ခေါဒါရ်
- လုမ်ဘန်
- ဆတ်တား
- ဘွာလ်ခွါး
- တာရွှန်း
- လုမ်ပီး
- လိုင်ဇိုး
- ဖိုင်ဖူ အေ (ဖိုင်ဖား အေ)
- ဖိုင်ဖူ ဘီ (ဖိုင်ဖား ဘီ)
- ရေဇွာ
- ဒင်လာအိုပါး (ဒင်လိုပါး)
- ခပီး
- လုံးရန်
- ဟာအိုဆဲင်
- လုံခင်း
- ဘွာန်လုံး
- လောက်လုံး
- ရမ်ထလို
- ဟရင်ထန်း
- ပါရ်သဲ
- ih
- ရာရီတောင်
- ပါရာ
- ရှာအို
- ခိလှုံ(ဆဘောင်းပီ)
- ပထိန်တလန်
- ရွှေလိုက်ဝ
- ရှင်းလက်ဝ
- မီးဇာ
- မိတ်ဝ
- Kapteel
လူဦးရေ
[ပြင်ဆင်ရန်]သမိုင်းတစ်လျှောက် လူဦးရေများ | ||
---|---|---|
ခုနှစ် | လူဦးရေ | ±% |
၁၉၇၃ | ၃၂၃၂၉၅ | — |
၁၉၈၃ | ၃၆၈၉၄၉ | +14.1% |
၂၀၁၄ | ၄၇၈၈၀၁ | +29.8% |
Source: ၂၀၁၄ သန်းခေါင်စာရင်း[၂] |
၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ ၄.၇သိန်း နေထိုင်သည်။ ကယားပြည်နယ်ပြီးလျှင် ဒုတိယမြောက် လူဦးရေ အနည်းဆုံးပြည်နယ်ဖြစ်သည်။ တစ်စတုရန်းကီလိုမီတာတွင် လူဦးရေ (၁၃.၃)ဦးဖြစ်သည်။ လူ (၁၀၀)လျှင် (၇၉)ဦးမှာ ကျေးလက်တွင် နေထိုင်သည်။
ပညာရေး
[ပြင်ဆင်ရန်]၂၀၁၆ခုနှစ် နိုဝင်ဘာလက ဖွင့်လှစ်ခဲ့သော ဟားခါးကောလိပ်အား ၂၀၂၀ပြည့်နှစ်တွင် တက္ကသိုလ်အဆက့် မြှင့်တင်ခဲ့သဖြင့် ပြည်နယ်၏ ပထမဆုံးသော တက္ကသိုလ်ဖြစ်လာသည်။၂၀၁၇ခုနှစ်တွင် ဟားခါးပညာရေးကောလိပ်ကို ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)လည်း တည်ရှိပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ဟားခါး)ကိုလည်း တည်ဆောက်လျက်ရှိသည်။
စိတ်ဝင်စားဖွယ်နေရာများ
[ပြင်ဆင်ရန်]- ချင်းတောင်တန်းတွင် အမြင့်ဆုံးတောင်ထွဋ်ဖြစ်သော ဝိတိုရိယ (ခေါ်) နတ်မတောင် (ခေါ်) ခေါ်နူးစုမ်တောင်ထိပ်
- အသည်းပုံ ရိဒ်ရေကန် (Rih Lake)[၄]
- မတူပီမြို့နယ် ဘုံတလာရေတံခွန်
- ချင်းပြည်နယ် မြောက်ပိုင်း ကနေဒီဆင်စခန်း
- ကနေဒီတောင်
- အွေကျီး တနောင်းရေအိုင်
- Buanneel(ခေါ်)လင်မယားတောင်
ဆက်သွယ်ရေး
[ပြင်ဆင်ရန်]စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
[ပြင်ဆင်ရန်]ဒေသထွက်ကုန်များ
[ပြင်ဆင်ရန်]ချင်းပြည်နယ် ထွတ်ကုန် သီးနှံများမှာ ပြောင်းဖူး၊ပဲ
တွင်းထွက်များ
[ပြင်ဆင်ရန်]အောက်ပါတို့မှာ မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင်ကြေညာထားသော ချင်းပြည်နယ် ဖွံ့ဖြိုးမှုဆိုင်ရာ ဇယားဖြစ်သည်။
စဉ် | အကြောင်းအရာ | ရေတွက်ပုံ | အရေအတွက် |
---|---|---|---|
၁ | စိုက်ပျိုးမြေဧရိယာ | ဧက | ၃၃၁၉၅၃ |
၂ | ဆည်တမံ | ခု | ၁ |
၃ | ကြိုးဝိုင်းတော | စတုရန်းမိုင် | ၆၄၅.၁၀ |
၄ | ကြိုးပြင်ကာကွယ်တော | စတုရန်းမိုင် | ၁၃၃၅.၂၀ |
၅ | ကားလမ်း | မိုင် | ၁၆၇၀ |
၆ | ပေ ၁၈၀အထက် တံတား | စင်း | ၅ |
၇ | စာတိုက်စခန်း | ခု | ၅၂ |
၈ | ကြေးနန်းရုံး | ရုံး | ၂၄ |
၉ | တယ်လီဖုန်းရုံး | ရုံး | ၃၀ |
၁၀ | မိုက္ကရိုဝေ့ဖ်စခန်း | ခု | ၆ |
၁၁ | ရေအားလျှပ်စစ်စက်ရုံ | ရုံ | ၁၀ |
၁၂ | တက္ကသိုလ်/ကောလိပ် | ခု | ၁ |
၁၃ | နည်းပညာတက္ကသိုလ် | ခု | ၁ |
၁၄ | ကွန်ပျူတာတက္ကသိုလ် | ခု | ၁ |
၁၅ | ပညာရေးကောလိပ် | ခု | ၁ |
၁၆ | အခြေခံပညာကျောင်း | ကျောင်း | ၁၁၈၃ |
၁၇ | စက်မှုလက်မှုသိပ္ပံကျောင်း | ကျောင်း | ၁ |
၁၈ | ဆေးရုံ | ရုံ | ၂၄ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Union of Myanmar။ City Population။ 2009-04-10 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၇။
- ↑ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 19 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ D.P.S. MYANMAR GUIDE MAP. 2000.
- ↑ Myanmar.com။ 19 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 February 2011 တွင် ပြန်စစ်ပြီး။
- မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်
ဤ ချင်းပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |