ထားဝယ်မြို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ထားဝယ်မြို့
မြန်မာနိုင်ငံရှိ မြို့များ
Skyline of ထားဝယ်မြို့
ထားဝယ်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ထားဝယ်မြို့
ထားဝယ်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 14°5′N 98°12′E / 14.083°N 98.200°E / 14.083; 98.200
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး Flag of Tanintharyi Division.svg တနင်္သာရီတိုင်းဒေသကြီး
ခရိုင် ထားဝယ်ခရိုင်
မြို့နယ် ထားဝယ်မြို့နယ်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း ၁၂၅,၆၀၅[၁]
 • မြို့ပေါ် ၈၀,၁၁၇
 • ကျေးရွာ ၄၅,၄၈၈
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ထားဝယ်မြို့သည် မြန်မာပြည်အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးမြို့တော်ဖြစ်သည်။ ထားဝယ်ခရိုင်နှင့် ထားဝယ်မြို့နယ်၏ ခရိုင်ရုံးနှင့် မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်သည်။ ထားဝယ် မြစ်ဝမှ မိုင် ၃ဝ ခန့်ကွာဝေး၍၊ ထားဝယ်မြစ်၏ လက်ဝဲဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထားဝယ်မြို့သည် ခရိုင်ဝန်ရုံးစိုက်ရာမြို့ ဖြစ်သည့်အားလျော်စွာ အစိုးရဌာနအသီးသီး၏ ခရိုင်ဌာန ချုပ်ရုံးများ၊ မြူနီစပယ်ရုံး၊ ဆေးရုံကြီး၊ အစိုးရတန်းမြင့်ကျောင်း နှင့် ဈေးရုံများရှိ၍၊ စည်ကားသော မြို့ကြီးတစ်မြို့ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကောဇာသက္ကရာဇ် ၁၁၁၆ ခုနစ် တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ထားဝယ်မြို့အား စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဥဩအော်သည် ထားဝယ်တည်ဟု ဆိုကြသည်။ မူလက ရှိခဲ့သည် သာဂရမြို့ဟောင်းမှာ နှစ်ပေါင်းများစွာ တည်တံ့ခဲ့ပြီးနောက် သာဂရမြို့စား၏ ၁၇ ဆက်မြောက် မင်းနဲလှ လက်ထက်တွင် လက်ရှိထားဝယ်မြို့ကို သာယာဝတီအမည်ဖြင့် တည်ခဲ့သည်။ ထားဝယ်လူမျိုး များရှိပြီးမှ လူမျိုးကြောင့် ထားဝယ်မြို့ဟု ခေါ်တွင်ရခြင်းဖြစ်သည်။ ထားဝယ်လူမျိုး မူလစကတည်းကရှိခဲ့သောကြောင့် နေရာဌာန ထားဝယ်က ဒုတိယလိုက်ခဲ့ခြင်း ဖြစ်သည်။

ကုန်းဘောင်ခေတ်တလျှောက် ထားဝယ်မြို့တွင် မြို့ဝန်ရာထူး ထားရှိအုပ်ချုပ်ခဲ့ရာ၊ နောက်ဆုံး ထားဝယ်မြို့ဝန်က မင်းကြီး မင်‌းကျော်စည်သူ ဘွဲ့ခံ ဦးရွှေလုတ် ဖြစ်သည်။ ထားဝယ်မြို့ကို အာချီဘော်ကင်းဘဲ ဦးဆောင်သော ဗြိတိသျှတပ်များက ၁၈၂၄ ခု အောက်တိုဘာတွင် ဝင်ရောက်သိမ်း‌ပိုက်ခဲ့ပြီးနောက် ရန္တပိုစာချုပ်အရ ၁၈၂၆ တွင် ဗြိတိသျှ လက်အောက်သို့ ကျရောက်ခဲ့သည်။ ကိုလိုနီခေတ်တွင် မြို့လယ်၌ အစိုးရ အဆောက်အဦများ တည်ဆောက်က ရုံးများ ဖွင့်လှစ်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် လူငယ်များ မျိုးချစ်စိတ်ဓာတ် တက်ကြွခဲ့ကြရာ ထားဝယ်သည်လည်း နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ သခင်ဗသိန်းတင်၊ သခင်စံဝင်း၊ သခင်ဗ‌ဆွေ၊ သခင်ဘိုးမှဲ့ စသူတို့မှာ ထင်ရှားသည်။ ဘီအိုင်အေ တပ်များ ချီတက်လာစဉ် ၁၉ ဇန်နဝါရီ ၁၉၄၂ တွင် ထားဝယ်ကို သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က ထားဝယ်နယ်သားများ အများအပြား ဘီအိုင်အေသို့ ဝင်ရောက်သည်။[၂]

ထားဝယ်မြို့တွင် မြို့မရပ်ကွက် (၁၅)ခုနင့် ရပ်ရွာအုပ်စုပေါင်း (၂၃)ခုတို့ပါဝင်ပါသည်။ ထားဝယ်မြို့ရှိ မြို့မရပ်ကွက် (၁၅)ခုတွင် အိမ်ခြေ(၁၀၀၀၀)ကျော်၊ လူဦးရေ (၇၀၀၀၀)သောင်းကျော်နေထိုင်လျှက်ရှိသည်။ ထားဝယ်မြို့သည် အကျယ်အဝန်းအားဖြင့် ၂၆၃၆.၁၄ စတုရန်းမိုင် ကျယ်ဝန်းသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ထားဝယ်မြို့၌ လေဆိပ်လည်းရှိသည်။ ထားဝယ်မြို့သည် မီးရထားလမ်းနှင့် ကွာဝေးသော မြို့တစ်မြို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးတွင် မော်တော်ကားနှင့် သင်္ဘောများကိုသာ အားထားရသည်။ မော်လမြိုင်မှ မီးရထား လမ်းဆုံးဖြစ်ခဲ့သော ရေးမြို့နှင့် ကားလမ်းပေါက်သည်။ သို့သော် တောင်တက်တောင်ဆင်း ခရီးကြမ်းသဖြင့် အသွားအလာ မလွယ်ကူပေ။ ထားဝယ်ကားဆိပ်၌ ကုန်တင်မော်တော် ကား၊ လူစီးကားများစွာတို့ကို တွေ့မြင်ရသည်။ ထားဝယ် ဆိပ်ကမ်းမှာလည်း ဆိပ်ကမ်းကောင်းဖြစ်၍ အရောင်းအဝယ် စည်ကားသည်။ ထားဝယ်မြို့မှ မြန်မာနိုင်ငံခြားဆိပ်ကမ်းမြို့များသို့ ရေကြောင်းအဆက်အသွယ် အလွန်ကောင်းမွန်သည်။

ရာသီဥတု[ပြင်ဆင်ရန်]

ရာသီဥတုမှာ ပူအိုက်စွတ်စိုသည့် ရာသီဥတုဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

ပညာရေးအနေဖြင့် ထားဝယ်တက္ကသိုလ်နည်းပညာတက္ကသိုလ်ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ အထက်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်း (၅) ကျောင်း၊ မူလတန်းကျောင်း(၇၈) ကျောင်းတို့ ရှိကြသည်။

အထင်ကရနေရာများ[ပြင်ဆင်ရန်]

ထားဝယ်မြို့အား လေ့လာရင်း လည်ပတ်နိင်သည့် နေရာများမှာ ဟိန္ဒားသတ္တုတွင်း၊ ရွှေတောင်စားဘုရား၊ လောကမာရဇိန်ဘုရားကြီးနင့် ရှင်သာလျောင်းဘုရား၊ ရှင်ကိုးရှင် စေတီဘုရားများနင့် မောင်းမကန်ကမ်းခြေစသည့် နေရာဋ္ဌာနများဖြစ်သည်။ ထိုရှင်ကိုးရှင် ဘုရား- ရှင်တောက်ထိန်၊ ရှင်မုတ္ထီး၊ ရှင်ဇလွန်၊ ရှင်ပင်ခရု၊ ရှင်ဓါတ်ဝဲ၊ ရှင်တောင့်ပုံ၊ ရှင်ဥသြ၊ ရှင်ကလိန်အောင်၊ ရှင်မျှော်တို့ ဖြစ်ပါသည်။

မောင်းမကန်ကမ်းခြေစခန်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မောင်းမကန်ကမ်းခြေ

နာမည်ကျော်ကြားသော မောင်းမကန်ကမ်းခြေစခန်းသည် ထားဝယ်မြို့၏ အနောက်မြောက်ဘက်ရှိ ပင်လယ်ကမ်းခြေတွင်တည်ရှိသည်။ ထိုစခန်းသို့ ထားဝယ်မှနေ၍ မြစ်တစ်ဘက် သို့ကူးပြီးလျှင် ရှစ်မိုင်ခန့် မော်တော်ကားဖြင့်သွားရသည်။ မောင်းမကန်ကမ်းခြေမှ မိနစ်အနည်းငယ်မျှလမ်းလျှောက်ရုံဖြင့် ပန်းတင်အင်း ရေပူစမ်းသို့ရောက်နိင်ပါသည်။ မောင်းမကန် အနီးတွင် သုံးထပ်လမ်းမကြီးရှိသည်။ မောင်းမကန် ကမ်းခြေသည် မြန်မာနိင်ငံတွင် အရှည်ဆုံးသော အဖြောင့်တန်းဆုံးကမ်းခြေ ဖြစ်ပါသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ထားဝယ်ပိုးလုံချည်မှာ ထင်ရှားပြီး၊ ၁၉၀၃ ခုနှစ်က ထားဝယ်တွင် ရက်ကန်းစင်ပေါင်း ၉၉၅ စင်ရှိသည်။[၂] ထားဝယ်လုံချည်များကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ တင်ပို့ရောင်းချရသည်။ ဒေသထွက်ကုန်များမှာ စပါးရာဘာ၊ သစ်၊ ဆီအုန်း စသော သစ်တောထွက် ပစ္စည်းများအပြင် ခဲမဖြူ အဖြိုက်နက် စသည့် တွင်းထွက်ပစ္စည်းများ ထွက်ရှိသည့် ဒေသဖြစ်သည်။ မြို့၏ကျောထောက် နောက်ခံဒေသများတွင် သတ္တုတွင်းများ၊ ရာဘာခြံများ၊ ကျွန်းသစ်တောများရှိ၍တကြောင်း၊ မြို့ပေါ်နှင့် ကမ်းခြေများတွင် ငါးပိငါးခြောက်လုပ်ငန်း တွင်ကျယ်သောကြောင့်တကြောင်း၊ အရောင်းအဝယ် ဗဟိုဌာနတစ်ခုဖြစ်သည်။ ဆန်စက်နှင့် သစ်စက်များလည်းရှိ၏။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄ဝ၃၁၂ ယောက်ခန့်ရှိသည်။ ထားဝယ်မြို့ကို ခရစ် ၁၇၅၁?? ခုနှစ်တွင် တည်ထောင်ခဲ့သည်။ မြို့တည်နေပုံမှာ လေးထောင့်ဖြစ်သည်။[၃]

ထင်ရှားပုဂ္ဂိုလ်[ပြင်ဆင်ရန်]

ထားဝယ်မြို့ ဇာတိ ထင်ရှားသော ပုဂ္ဂိုလ်များမှာ[၂]

  1. ကမ္ဘာ့ဗုဒ္ဓသာသနာပြု အရှင်ကေလာသ
  2. ဗိုလ်ဂါမဏိ
  3. မီးပုံးပျံ ဦးကျော်ရင်
  4. မင်းတိုင်ပင်အမတ် စီစီခူး
  5. ဝန်ကြီးချုပ် ဦးဗဆွေ(အုန်းပင်ကွင်းရွာ)
  6. ကာတွန်း ကျော်ဆန်း
  7. ထားဝယ် ကျော်မင်း
  8. သာဂရ ငစိုး
  9. နဂါးနီ ဦးထွန်းအေး
  10. သံအမတ်ကြီး ဦးသန်းလှ
  11. ရွှေဝယ်ဧ
  12. မဏ္ဍိုင် ဦးထွန်းဝင်း
  13. သူရ မချစ်ပို
  14. စာ‌ရေးဆရာ ခင်ဂွမ်းဂွိ
  15. စိုးမြတ်နန္ဒာ
  16. စာရေးဆရာ စိုးမှူး
  17. ရှိန်အောင်ဗိုလ်

...

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ, အတွဲ(၂), ပြည်သူ့အင်အားဦးစီးဌာန, May 2015, p. ၅၄ 
  2. ၂.၀ ၂.၁ ၂.၂ တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၃၇၂. 
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)