တီးတိန်မြို့နယ်
တီးတိန်မြို့နယ် | |
---|---|
ချင်းပြည်နယ်ရှိ မြို့နယ် | |
တီးတိန်ခရိုင်အတွင်းတည်နေရာ (အနီ) | |
တီးတိန်မြို့နယ် တည်နေရာ | |
ကိုဩဒိနိတ်: 23°23′N 93°42′E / 23.383°N 93.700°Eကိုဩဒိနိတ်: 23°23′N 93°42′E / 23.383°N 93.700°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်း |
ခရိုင် | တီးတိန် |
မြို့နယ်ရုံးစိုက်ရာမြို့ | တီးတိန်မြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၈၇,၆၂၃[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
တီးတိန်မြို့နယ် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ တီးတိန်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ တီးတိန်မြို့ ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]တီးတိန်မြို့ မြို့မရပ်ကွက်ရှိ ဗန်ဆန်ဒိမ်အရပ်တွင်ရှိသော ရေကန်အား အဝေးမှကြည့်သောအခါ နေ့ဘက်တွင် နေရောင်ခြည်အလင်း၊ ညဘက်တွင် ပိုးစုန်းကြူးအလင်းတို့ကြောင့် နေ့ရောညပါ တလက်လက်တောက်ပပြီး ရောင်ပြန်ဟပ်နေသည်ကို အစွဲပြု၍ တလက်လက်တောက်ပနေသောရေပြည့်အိုင် တဲဒိမ်ဟု ခေါ်လာခဲ့ကြသည်။ တီးတိန်မြို့နယ်ကို ကိုလိုနီခေတ်အတွင်း ကမ်းဟောက်၊ ဆုတ်တဲ၊ စီယန်တိုက်နယ်ဟူ၍ တိုက်နယ် ၃ ခု ခွဲခြား အုပ်ချုပ်ခဲ့သည်။၁၉၇၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ မြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။[၂]တီးတိန်မြို့နယ်အတွင်းတွင် တီးတိန်မြို့နှင့် ခိုင်ကမ်းမြို့တို့ ပါဝင်သည်။
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၃၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီနှင့် ၉၄ ဒီဂရီ ၁၅ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင် ၄၂၊ တောင်မှမြောက်သို့ ၃၁ မိုင်ရှိပြီး ၉၄၉.၆၉ စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]
နယ်နိမိတ်
[ပြင်ဆင်ရန်]တီးတိန်မြို့နယ်၏ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နယ်နှင့် သာစည်မြို့နယ်၊ တောင်ဘက်တွင် ဖလမ်းမြို့နယ်၊အနောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် တွန်းဇံမြို့နယ်များ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ ၅၆၆၇ ပေအထက်တွင် တည်ရှိသည်။ ပေ ၃၀၀၀ နှင့် ၈၀၀၀ ကျော်မြင့်သည့် တောင်ကုန်းတောင်စွယ်များနှင့် ၎င်းတို့အကြားတွင် ဗွီပုံစံကဲ့သို့ မတ်စောက်သော ချိုင့်ဝှမ်းများ တည်ရှိသည်။ မဏိပူရမြစ်သည် မြောက်မှတောင်သို့ စီးဆင်းနေသည်။ အမြင့်ဆုံးတောင်ထိပ်မှာ ထွမ်းဝုမ် း(သို့) သီရိဥတ္တမတောင်ဖြစ်ပြီး ၈၈၇၁ ပေမြင့်သည်။
လူဦးရေ
[ပြင်ဆင်ရန်]တီးတိန်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာ၊ ကရင်၊ ရခိုင်၊ ကချင်၊ ရှမ်းနှင့် အခြားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၆၉% မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယနှင့် တရုတ်စသည့်လူမျိုးများဖြစ်သည်။
စီးပွားရေး
[ပြင်ဆင်ရန်]တီးတိန်မြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးအချက်အချာကျသောမြို့နယ် ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ပန်းသီး၊ လိမ္မော်နှင့် ကော်ဖီတို့ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးသို့ အဓိကတင်ပို့သည်။ မြို့နယ်အတွင်း နိုင်ငံပိုင် ပိုးချည်စက်ရုံ၁ရုံ တည်ရှိသည်။
ဈေးများ
[ပြင်ဆင်ရန်]- စကောလမ်းဈေး
- လွယ်ဘွာလ်းဈေး
- မြို့မဈေး
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]တီးတိန်မြို့နယ်သည် ကလေး-တီးတိန်-တွန်းဇန်-ကျီခါးကားလမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ တပ်မတော်ပိုင် ယာယီရဟတ်ယာဉ်ကွင်း ၂ ကွင်းရှိသည်။ ကလေးမြို့နှင့် ခရီးသည်တင်ယာဉ်လိုင်းများရှိသည်။
ပညာရေး
[ပြင်ဆင်ရန်]အခြေခံပညာ
[ပြင်ဆင်ရန်]အထက
[ပြင်ဆင်ရန်]- အထက ၁
- အထက ၂
- အထက ဆိုင်းဇန်
- အထက တွီးထန်
- အထက ထုတ်လိုင်
- အထက ဖူနွမ်း
- အထက လိုင်တွီး
- အထက ဟေလေး
- အထက ကျိန်ပီးကွက်
- အထက ခိုင်ကမ်း
- အထက ဒေါ်လွင်
- အထက မွာလ်ဘင်း
- အထက ဗန်းတဲ့
- အထက ကပ်တဲလ်
အထက(ခွဲ)/အလက
[ပြင်ဆင်ရန်]- အလက (ထ(ခွဲ)) တီးတိန်
- အလက (ထ(ခွဲ)) ဆွောင်းပီး
- အလက (ထ(ခွဲ)) ဇိုဇန်(အ)
- အလက (ထ(ခွဲ)) တုန်းဇန်
- အလက ဂမ်ငိုင်
- အလက ဂမ်လိုင်
- အလက ငင်းနှုန်း
- အလက ဆွောင်းဆန်
- အလက ဆွောင်းဇန်
- အလက ဇမ်တွီး
- အလက ဇိမ်ပီး
- အလက တက်လွီး
- အလက တွီးကျင့်လွီး
- အလက တွီးဆောက်
- အလက တွီးတော့
- အလက တွီးဗျဲလ်
- အလက တွီးလန့်
- အလက တာလ်ဟဲဥနွဲလ်
- အလက ထန်းဇန်
- အလက ထာလ်မွာလ်
- အလက ထိန်းလေး
- အလက ထေးဇန်
- အလက ဒိမ်ဇန်
- အလက ဒိမ်ပီး
- အလက ပတ်ဇန်
- အလက ပန်ဆပ်
- အလက ပိန်းပိ
- အလက ဖိုင်ယား
- အလက ဗာလ်ဗွမ်း
- အလက ဘွင်
- အလက ဘုတ်ဖီရ်
- အလက မွာလ်လုမ်း
- အလက မွီဇောလ်
- အလက လန်ဇန်
- အလက လမ်းဇန်
- အလက လိမ်ခိုင်
- အလက လိုင်ဘုန်
- အလက လိုင်လိုး
- အလက ဟိုင်မွာလ်
- အလက ခိုင်ကမ်း
အမက
[ပြင်ဆင်ရန်]မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၉၇ကျောင်းရှိသည်။
ကျန်းမာရေး
[ပြင်ဆင်ရန်]ဆေးရုံများ
[ပြင်ဆင်ရန်]- တီးတိန် ဆေးရုံ
- ထုတ်လိုင် တိုက်နယ်ဆေးရုံ
- လိုင်တွီး တိုက်နယ်ဆေးရုံ
- တွီးထန် တိုက်နယ်ဆေးရုံ
ကိုးကား
[ပြင်ဆင်ရန်]- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၁။
- ↑ ၂.၀ ၂.၁ တီးတိန်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
ဤ ချင်းပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |