မာတိကာသို့ ခုန်သွားရန်

ညောင်ရမ်းခေတ်

ဝီကီပီးဒီးယား မှ
ညောင်ရမ်းခေတ်
အင်းဝဒုတိယနေပြည်တော်
သမိုင်းဝင် နေပြည်တော်နှင့် ခေတ်
Nyaungyan Period
အစိုးရ
  အမျိုးအစားသက်ဦးဆံပိုင်ဘုရင်စနစ်
  ပထမဆုံးမင်းညောင်ရမ်းမင်းတရားကြီး (၁၅၉၇–၁၆၀၅)
  ထင်ရှားသောမင်းနောက်တော်ဟံ (၁၆၀၅–၁၆၂၈)
  ထင်ရှားသောမင်းသာလွန်မင်း (၁၆၂၉–၁၆၄၈)
  နောက်ဆုံးမင်းမဟာဓမ္မရာဇာဓိပတိ (၁၇၃၃–၁၇၅၂)
လူဦးရေ
  ယခင်ခေတ်တောင်ငူ-ဟံသာဝတီခေတ်
  နောက်ဆက်တွဲခေတ်ကုန်းဘောင်ခေတ်

ညောင်ရမ်းခေတ် (ခရစ် ၁၅၉၇ မှ ၁၇၅၂) သည် ပထမအင်းဝခေတ် ပျက်သုန်းပြီးနောက်ပိုင်း တောချုံအဖြစ် ၄ နှစ်မျှ ဖြစ်နေခဲ့သော အင်းဝမြို့ကို (၁၆) ရာစုနှောင်းပိုင်း ကာလတွင် ဒုတိယအကြိမ် ပြန်လည်တည်ထောင်ခဲ့ရာမှ စတင်ပေါ်ပေါက်လာသော ခေတ်ဖြစ်သည်။ ထိုသို့ ပြန်လည်ထူထောင်ခဲ့သော မင်းမှာ ညောင်ရမ်းမင်းတရားကြီး ဖြစ်သည်။

ညောင်ရမ်းခေတ်သည် မြန်မာနိုင်ငံအတွက် လေးခုမြောက် ပဒေသရာဇ်ခေတ် ဖြစ်သည်။ တပင်ရွှေထီးဘုရင့်နောင်တို့ ထူထောင်သည့် တောင်ငူ-ဟံသာဝတီခေတ် ပြိုလဲအပြီးတွင် တစ်နယ်တစ်မင်း စစ်ပြိုင်ပြုနေကြသည့် ပဒေသရာဇ်များကြားမှ ညောင်ရမ်းစား ညောင်ရမ်းမင်းတရားကြီး (ရှင်သစ္စာ) နှင့် သားတော်များက အင်အားကြီးမားလာကာ ညောင်ရမ်းမင်းဆက်ကို တည်ထောင်ကြခြင်းဖြင့် ညောင်ရမ်းခေတ်ဟူ၍ ပေါ်ပေါက်လာသည်။ ညောင်ရမ်းမင်းဆက်မှ ဘုရင်များသည် အင်းဝကို နန်းစိုက်ရာ မြို့တော်အဖြစ် ပြန်လည်အသုံးပြုခဲ့ကြသဖြင့် ဒုတိယအင်းဝခေတ် ဟုလည်း ခေါ်ကြသေးသည်။

ညောင်ရမ်းခေတ်မှာ ထူးခြားစွာပင် စာဆိုတော်များ၊ ပညာရှိများ ပေါ်ထွန်းလာသည့်အတွက် မြန်မာ့ယဉ်ကျေးမှု တိုးတက်ရေးတွင် အရေးပါသည့် ခေတ်ကာလအဖြစ် သတ်မှတ်ကြသည်။ ညောင်ရမ်းခေတ်တွင် ကြုံတွေ့ခဲ့ရသည့် အဓိကပြဿနာမှာ ရာသီဥတု ဖောက်ပြန်မှုနှင့် နောက်ပိုင်းကာလ နန်းတွင်းအရှုပ်တော်ပုံများ ဖြစ်သည်ဟု သမိုင်းပညာရှင်များက သုံးသပ်ကြသည်။ ညောင်ရမ်းခေတ်တွင် ညောင်ရမ်းမင်းဆက် (၁၁) ဆက် စိုးစံခဲ့ပြီး မြို့သက်နှစ်ပေါင်း ၁၅၃ နှစ်မျှ ကြာမြင့်ခဲ့သည်။[]

စာဆိုရှင်များ

[ပြင်ဆင်ရန်]

ညောင်ရမ်းခေတ်တွင် ထင်ရှားသော စာဆိုတော်ကြီးများနှင့် ကျမ်းပြုပညာရှင်များစွာ ပေါ်ထွန်းခဲ့သည်။ ၎င်းတို့အနက် ထင်ရှားသူအချို့မှာ-

စာပေထွန်းကားမှု

[ပြင်ဆင်ရန်]

ညောင်ရမ်းခေတ်တွင် စကားပြေဝတ္ထု၊ ရာဇဝင်၊ ဓမ္မသတ်နှင့် ပြဇာတ်အရေးအသားများ အထူးထွန်းကားခဲ့ပြီး၊ ကဗျာကဏ္ဍတွင် ပျို့၊ တျာချင်း၊ အိုင်ချင်း၊ တေးသီချင်း၊ လူးတားနှင့် ရတုများ ထိုးထိုးခြားခြား တိုးတက်ခဲ့သည်။

ဝတ္ထုစကားပြေနှင့် ရာဇဝင်ကျမ်းများ

  • မဏိကုဏ္ဍဝတ္ထု: ဝရာဘိသင်္ဃနာထ ဆရာတော်၏ မဏိကုဏ္ဍဝတ္ထုသည် ဘုရားလောင်း သုတသောမမင်း၏ ဇာတ်လမ်းကို မဏ္ဍိုင်ပြုကာ (၅၅၀) ဇာတ်ဝတ္ထုများ ထည့်သွင်းရေးဖွဲ့ထားသော ဝတ္ထုစကားပြေဖြစ်သည်။
  • ယသဝဍ္ဎနဝတ္ထု: တောင်ဖီလာဆရာတော် ရေးသားခဲ့သော ယသဝဍ္ဎနဝတ္ထုသည် ကြီးပွားကြောင်း တရားများကို သာဓကများထားကာ ရေးသားခဲ့သော ဝတ္ထုဖြစ်သည်။
  • ရတနာကရဝတ္ထု: သဒ္ဓမ္မလင်္ကာရ ဆရာတော်ကလည်း ဓမ္မပဒကျမ်းကိုမှီ၍ ရတနာကရဝတ္ထုကို ရေးသားခဲ့သည်။
  • မဟာရာဇဝင်ကြီး: ညောင်ရမ်းခေတ် ဝတ္ထုစကားပြေများအကြား၌ ဦးကုလား၏ မဟာရာဇဝင်ကျမ်းကြီး ပေါ်ထွန်းခဲ့သည်။ ဤကျမ်းတွင် သရေခေတ္တရာရာဇဝင်၊ ပုဂံရာဇဝင်၊ ပင်းယရာဇဝင်၊ အင်းဝရာဇဝင်၊ တောင်ငူရာဇဝင် စသည့် အကြောင်းအရာနှင့် မင်းဆက်တို့၏ အကြောင်းအရာများကို ပြည့်စုံပေါ်လွင်အောင် ပထမဆုံး စနစ်တကျ ပြုစုရေးသားနိုင်ခဲ့သော ရာဇဝင်ကျမ်းကြီး ဖြစ်သည်။

ကျေးလက်ကဗျာကဏ္ဍ ညောင်ရမ်းခေတ်တွင် အိုင်ချင်းကဗျာများ လည်း ထွန်းကားခဲ့သည်။ အိုင်ချင်းကဗျာများသည် နန်းသုံးကဗျာများကဲ့သို့ မဟုတ်ဘဲ ကျေးလက်ပြည်သူတို့၏ လူမှုဘဝနှင့် ဖော်ရွေသော သဘာဝအလှတရားများကို အရိုးခံအတိုင်း ပေါ်လွင်အောင် ရေးဖွဲ့ထားခြင်း ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဗိုလ်ရှိတ်(ရတနာပူရ) ရေး အင်းဝနန်းစံ မင်းများနှင့် သမိုင်းဝင်နေရာများ၊ ၂၀၁၆-ခုနှစ်၊ ဇူလိုင်လ၊ စာ-၁၂၅
  2. ဦးသိန်းလှိုင် (အဖွဲ့ဝင်၊ မြန်မာသမိုင်းအဖွဲ့) (၂၀၁၈)။ ညောင်ရမ်းခေတ်။ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန။
ကိုးကား အမှား - <ref> tag with name "theinhlaing" defined in <references> is not used in prior text.