မင်း၊ ဦး (စာဆိုတော်)

ဝီကီပီးဒီးယား မှ

စာဆို ဦးမင်း အကြောင်းကား – ရွှေတောင်ကြီးမြို့ စီရင်စု နမရန်းရွာ ၁၁၃၆-ခု ဖွား၊ စနေသား၊ ၎င်းရွာတွင် ရှင်သာမဏေပြု၍ တေးကဗျာ ဝါသနာထုံရင်း ရှိသည်နှင့်အညီ လေ့လာရေးသားသည်၊ လူထွက်သည်ကာလ ရွှေဘွားတော် အောက်ရောက်လျှင် အမရပူရမြို့တည် နန်းတည်ဘုရား ဘေးတော်ဘုရား လက်ထက် သားတော် ပုသိမ်မင်းမှာ စာဆိုအရာနှင့် ထမ်းရွက်သည်၊ ၁၁၇၅-ခု အသက် ၃၉-နှစ်တွင် ပုသိမ်မြို့ ဟိုင်းကြီးကျွန်း ဆားခွန်ကို စားရသည်၊ နောက် ဘကြီးတော် လက်ထက်တော် စာဆိုတော် အရာနှင့် နေအိမ် ဆုတော် လာဘ်တော် သနားတော်မူ၍ စာဆို မောင်ရေး, မောင်တလုပ်, မောင်အိ, မောင်အုန်း တို့နှင့်အတူ လေးချိုး, ရာသီဘွဲ့, မယ်ဘွဲ့, မောင်ဘွဲ့ များကို လည်း လစဉ် ရေးသား ဆက်သွင်းရသည်။

ခမည်းတော်ဘုရားလက်ထက် စစ်ကိုင်းမြို့ စံနန်းတော်တွင် ဘုန်းဘွဲ့ကို ဆက်ရာ ငွေတော် ၃ါ- သနားတော်မူသည်။ နောက် ကျောက်မြောင်းမြို့က ပြည်ကြီးမွန် ဖောင်တော်နှင့် အမရပူရမြို့သို့ ဝင်တော်မူရာ ဘုန်းဘွဲ့ကို ဆက်သည်တွင် ငွေတော် ၃ါ-နှင့် လှေလောင်း ၁- သနားတော်မူသည်။ နောက် အမရပူရမြို့ ရွှေနန်းတော်ကြီး မသိမ်းမီ အဂ္ဂိရတ် အကြောင်းအရာ ဘက်မနှုံးသာဘူးချီ, ဘုန်းတော်ဘွဲ့ လေးချိုးကို ဆက်သွင်းသည်တွင် မင်းထင်သက်ရှည်ဘွဲ့နှင့် ရွှေနန်းရိုး လမိုင်းလယ်တော် ပါယ် ၅ဝ ထွက်သင့် စပါးတော် ၁၀၀ဝ ကို သနားတော်မြတ် ခံရသည်။

နောက် ဇောင်းကလော ကုသိုလ်တော်ဘုရား ရေစက်သွန်းချတော်မူသည်။ နောက် ဥက္ကလာပမြို့သို့ ရွှေစက် ဖြန့်ချိတော်မူရာ ဘုန်းတော်ဘွဲ့ကို ဆက်သွင်းလျှင် လှေလောင်း ၁-နှင့် ငွေတော် ၃ါ သနားတော်မူသည်၊ ဝင်တော်မူသည်တွင်လည်း ဘုန်းတော်ဘွဲ့ကို ဆက်ရာ သာယာဝတီတွင် ငွေတော် ၃ါ သနားတော်မူသည်။ နောက် ဒေးဝန်းစံနန်းတော် ရေသဘင် ပွဲတော်မှာ လှေဘွဲ့, ဘုန်းတော်ဘွဲ့ ချီ-ဆက်ရာ ငွေတော် ၃ါ သနားတော်မြတ် ခံရသည်။ ဒေးဝန်းစံနန်းတော်က အမရပူရမြို့သို့ ဝင်တော်မူ၍ သားတော် ပုဂံမင်း လက်ထက် ၁၂၀၉-ခုနှစ်တွင် သေလွန်သည်။


ဦးမင်း(မြန်မာ ၁၁၃၆-၁၂ဝ၉)[ပြင်ဆင်ရန်]

ဦးမင်းသည် ကုန်းဘောင်ခေတ် ဒုတိယပိုင်းတွင် ပေါ် ပေါက်သော ကဗျာစာဆိုတော်တစ်ဦး ဖြစ်သည်။ ဦးမင်းနှင့် အမည်တူ ဖိုးသူတော်ဦးမင်းမှာ အပြိုင်စာဆိုဘက် ဖြစ်သော ကြောင့် ဖိုးသူတော်ဦးမင်းမှ ခွဲခြားနိုင်ရန် လူဦးမင်း သို့မဟုတ် စာဆိုတော်ဦးမင်းဟု တွင်သည်။


စာဆိုတော် လူဦးမင်းသည် ဘိုးတော်ဘုရား၊ ဘကြီး တော်၊ ရွှေဘိုမင်းနှင့် ပုဂံမင်းတို့လက်ထက်များတွင် ခစား ထမ်းရွက်သည်။ ဦးမင်းသည် များစွာသောဆုလာဘ်တို့ကို ရရှိ၍ ဘုရင်၏မြောက်စားခြင်း ခံရသည်ကိုထောက်သော် ကဗျာလင်္ကာ ဖွဲ့နွဲ့ရာတွင် ထူးချွန်သောပုဂ္ဂိုလ် ဖြစ်တန်ရာသည်။ စာဆိုတော် ဦးမင်းသည် ကဗျာအများအပြား ဖွဲ့စပ်သီကုံးခဲ့လေသည်။ ယင်း တို့အနက် ဘုန်းတော်ဖွဲ့များနှင့် ဆယ့်နှစ်ရာသီဖွဲ့ လေးချိုးကြီး တို့သည် ထူးခြားကောင်းမွန်၍ မြန်မာစာပေတွင် မှတ်တမ်းတင် ထိုက်သောစာများ ဖြစ်ကြသည်။ စာဆိုတော် ဦးမင်းသည် ဆယ့်နှစ်ရာသီဖွဲ့ လေးချိုးကြီးကို တစ်ရာသီလျှင် တစ်ပိုဒ်ကျစီ ခွဲ၍ ၁၂ ပိုဒ် ပြည့်အောင် စပ်ဆိုသည့်အပြင် နွေဖွဲ့၊ ဆောင်းဖွဲ့၊ မိုးဖွဲ့၊ ဘုန်းတော်ဖွဲ့ လေးချိုးကြီးတို့ကို အများအပြားပင် စပ်ဆို လေသည်။

စာဆိုတော် လူဦးမင်းသည် ရွှေတောင်မြို့ စီရင်စု နွားမရန်ရွာတွင် သက္ကရာဇ် ၁၁၃၆ ခုနှစ်၌ ဖွားမြင်သည်။ ထို ရွာတွင် ရှင်သာမဏေပြုကာ တေးကဗျာ ဝါသနာထုံရင်းရှိသည် ဖြစ်၍ လေ့လာရေးသားသည်။ ထိုနောက် လူထွက်၍ အမရပူရ မြို့တည် နန်းတည် ဘိုးတော်မင်းတရားထံသို့ ဝင်ရောက်ခိုလှုံရာ သားတော် ပုသိမ်မင်းထံတွင် စာဆိုအရာနှင့် ထမ်းရွက်စေသည်။ ၁၁၇၅ ခုနှစ် အသက် ၃၉ နှစ်တွင် ပုသိမ်မြို့ ဟိုင်းကြီးကျွန်း ဆားခွန်ကိုစားရသည်။ ထိုနောက် စိန္တကျော်ထင်ဘွဲ့နှင့် ကန်ပြင် ရွာကို စားရပြန်သည်။ ထိုနောက် ဘကြီးတော်လက်ထက် စာဆိုတော်အရာနှင့် နေအိမ်ဆုလာဘ်များ သနားတော်မူခြင်းခံရ ၍ စာဆိုတော် မောင်ရေး၊ မောင်တလုပ်၊ မောင်အိ၊ မောင်ဖုန်း တို့နှင့်အတူ လေးချိုး၊ ရာသီဖွဲ့၊ မယ်ဖွဲ့၊ မောင်ဖွဲ့၊ ဘုန်းတော်ဖွဲ့ များကို လစဉ် ရေးသားဆက်သွင်းရသည်။ ထိုနောက် ရွှေဘို မင်းတရားလက်ထက် စစ်ကိုင်းမြို့ စံနန်းတော်တွင် ဘုန်းတော်ဖွဲ့ ကိုဆက်သရာ ငွေတော် ၃ ပိဿာ သနားတော်မူသည်။ ထို နောက် ကျောက်မြောင်းမြို့က ပြည်ကြီးမွန် ဖောင်တော်ဖြင့် အမရပူရမြို့သို့ ဝင်တော်မူရာ ဘုန်းတော်ဖွဲ့ကို ဆက်သပြန်သည် တွင် ငွေတော် ၃ ပိဿာနှင့် လှေလောင်းတစ်စင်း သနားတော် မူခြင်းခံရသည်။ ထိုနောက် အမရပူမြို့ ရွှေနန်းတော်ကြီးကို မသိမ်းမီ အဂ္ဂိရတ်အကြောင်းအရာ ဘလက်မနှုန်းသာဘူး ချီ ဘုန်းတော်ဖွဲ့လေးချိုးကို ဆက်သသည်တွင် မင်းထင် သက်ရှည် ဘွဲ့နှင့် ရွှေနန်းရိုး လမိုင်းလယ်တော်ပယ် ၅ဝ ထွက်သင့်စပါး ၁,ဝဝဝ ကို သနားတော်မြတ်ခံရသည်။ ထိုနောက် ဥက္ကလာပမြို့ သို့ ရွှေစက်တော်ဖြန့်ချိရာတွင် ဘုန်းတော်ဖွဲ့ကို ဆက်သွင်းပြန် သဖြင့် လှေလောင်းတစ်စင်းနှင့် ငွေတော်သုံးပိဿာ သနားတော် မူခြင်းခံရပြန်သည်။ ဝင်တော်မူသည်တွင်လည်း ဘုန်းတော်ဖွဲ့ကို ဆက်သွင်းရာ သာယာဝတီမြို့တွင် ငွေသုံးပိဿာ သနားတော်မူ သည်။ ထိုနောက် ဒေးဝန်းစံနန်းတော် ရေသဘင်ပွဲတော်တွင် လှေဖွဲ့နှင့် ဘုန်းတော်ဖွဲ့များကို ဆက်သပြန်ရာ ဆုတော်ငွေ သုံး ပိဿာ ထပ်မံရရှိပြန်သည်။ ထိုနောက် သားတော် ပုဂံမင်း လက်ထက် သက္ကရာဇ် ၁၂ဝ၉ ခုနှစ်တွင် ကွယ်လွန်သည်။ စာဆိုတော် ဦးမင်း၏ ကဗျာလင်္ကာ အဖွဲ့အနွဲ့များကို အမည်တူ စာဆိုပြိုင်ဘက် ဖိုးသူတော်ဦးမင်း၏ ကဗျာလင်္ကာ များနှင့် နှိုင်းရှည့်လေ့ ရှိပေသည်။ သို့နှိုင်းရှည့်ကြည့်ရာ၌ လေးချိုးကြီးများ အဖွဲ့အနွဲ့တွင် စာဆိုတော်ဦးမင်းနှင့် ဖိုးသူ တော် ဦးမင်းတို့သည် တစ်မျိုးတစ်ဖုံစီ ကောင်းကြပေသည်။ ဘုန်းတော်ဖွဲ့တွင် စာဆိုတော်လူဦးမင်းက ဖိုးသူတော်ဦးမင်း ထက် သာဟန်ရှိသည်။ ထိုကြောင့်ပင် ဘုရင်မင်းမြတ်၏မြေ|ာက် စားခြင်းကိုခံရသည်။ ဖိုးသူတော်ဦးမင်းကဲ့သို့ သာမညအကြောင်း အရာများဖြင့်သာ ဘုန်းတော်ကိုမဖွဲ့ဘဲ ခမ်းနားကြီးကျယ်သော အသိုင်းအဝိုင်း ဥပမာ ဥပမေယျတို့ဖြင့် တန်ဆာဆင်၍ ဖွဲ့တတ် သောကြောင့် ဖိုးသူတော်ဦးမင်းထက် ခမ်းနားနက်နဲသည်။ ထို့ပြင် စာဆိုတော်ဦးမင်း၏ အဖွဲ့အနွဲ့များသည် ပို၍တည်ကြည် ခမ်းနား၏။ ဩကာသ လောကကြီးကိုလည်း စိတ်ဝင်စားကာ စိတ်ကူးထဲ ပေါ်ပေါက်လာသမျှသော အကြောင်းအရာတို့ဖြင့် တင်းမတိမ်သေးဘဲ ရှေးရှေးဆရာကြီးများ၏ အဖွဲ့အနွဲ့များမှ လည်း ကောက်နုတ်အတုယူ၍ မိမိကဗျာများကို ခြယ်လှယ် တတ်၏။

'ကွန့်ကွန့်သာ လှိုင်းတော့တယ်၊ မြန်တိုင်းဒီပါမှာ၊ တ ညီလာ နောင်ခြွေမဲ့၊ အောင်ဘေရိန် ဆော်ရွန်းပေတဲ့၊ မော်ကွန်း စံတည်မှာ၊ ဖန်တခြည်နေနှုန်းပေသည့်၊ ရွှေဘုန်းဂုဏ်။။ ရေနတ်ကယ်လှေရံ၊ ဂဠုန်ပျံနှင့်၊ ဆဒ္ဒန်နာဂ၊ ပဏ္ဏာသလို့၊ သူရစစ်အောင်၊ စံစိုးထောင်လို့၊ မိုးခေါင်ညွန့်မြစ်၊ ကွမ်းကသစ် နှင့်၊ ခေတ္တသရေ၊ ဗျာဒိတ်ချွေသည်။ ရွှေပြည်ဇေယျံ၊ မွန်နက် သန်ကို၊ ခွန်ခံရေးပိုင်၊ ကကျွေးသာ ဆိုင်တော့တယ်၊ ပွားလှိုင် ပျံ့ဇေယျာမှာ၊ ဧကရာဖန်ကိုယ်ပွားပေမို့၊ ထွတ်ဖျား တိုင်အောင် မြှင့်သော်လဲ့၊ ချီးခွင့်မကုန်။။ မူအခြည်ဝယ်၊ ရစ်လည်ရံဝိုက်၊ ခုနစ်တိုက်ထက် မကိုဋ်ကယ် ကိန်းပျော်၊ ဓာတ်ဆံတော်နှင့်၊ မမြော်နှိုင်းရာ၊ နန္ဒဝါလဲ၊ မာလာဂနိုင်၊ သီးပွင့်ဆိုင်၍၊ ဖြီးခိုင်စွာ လှ၊ ဝါသဝဘို့၊ နာဂစက်လည်၊ အောင်ချက်ကယ်တည်ခဲ့တဲ့ ပြည်ရန်လုံကို၊ ရှစ်စုံနောင်စိုးမဲ့ မုဒ္ဓါဘိ'။ စသော ဘုန်းတော်ဖွဲ့၏ ပထမသုံးချိုးသည် ဥပမာ ဥပမေယျတို့ဖြင့် ကောင်းစွာ ဖွဲ့နွဲ့ထားကြောင်း တွေ့ရပေသည်။ သို့သော် မြောက်ပင့်လွန်းအားကြီးသဖြင့် အတိဝုတ္တဒေါသပင် သင့်လုမတတ်ရှိ၏။

'ဧကရာဖန် ကိုယ်ပွားပေမို့၊ ထွတ်ဖျားတိုင်အောင် မြှင့် သော်လဲ့၊ ချီးခွင့်မကုန်' ဟူ၍ တစပ်ဆိုထားသောကြောင့် စာဆို တော်လူဦးမင်းသည် အမြောက်သမားကြီးပင်တည်းဟု အံ့ဩ တွေးဆဖွယ်ဖြစ်၏။

ရာသီဖွဲ့များတွင်လည်း စာဆိုတော် လူဦးမင်း၏ အဖွဲ့ အနွဲ့များသည် ပိုမိုပြောင်မြောက်လှ၍ စုံလင်ကာ လွမ်းစရာ ကောင်း၏။

'မိန်တြင်းပေမို့၊ တိမ်နှင်းပြန့်ဘုံဝယ်၊ ရဂုံမှာ အရွှေဖက် လို့၊ လေရွက်ကျင် ခွေလျက်ပေတဲ့၊ နွေရက်ဝယ်၊ ငှက်ကျေးငယ် သိုက်ဝင်၊ စရိုက်ကယ်ရွှင်သည်၊ ပင်စည် ပုရစ်၊ ကျန်ရွက်ရော် သစ်ရင်လ၊ မြမြစ်ကယ်ရင်ဘောင်၊ ကြူငွေသောင်မှာ၊ ယခေါင် စဉ်ရှည်၊ သဲစေတီတည်မြဲမို့၊ ရှစ်မည်က မြူချီလျှင်၊ သရဖီ ရွှေလိုဝင်းလို့၊ အင်ကြင်းသန္တာညွန့်တို့ ဖူးညွန့်ကိုက်လှယ်။။ ကိန္နရီငယ် သိင်္ဂီလှော်ခုတ်၊ တောင်လက်ယာချုပ်ပေတဲ့၊ နတ်ရုပ် ကယ်ဆင်းအင်၊ ကြငှန်းရှင်လဲ၊ နောင်တွင်စိတ်ဖန်၊ ဖြေပရန်ကို၊ ရွှေဉာဏ်ခွဲဝက်၊ ခြေရေးတော်ခက်ကယ်နှင့်၊ ကျောက်စက်ကယ် တမ်းခွန်၊ စိမ့်စမ်းသွန်လို့၊ အဝှန်ရောင်ညီး၊ ပလောင်မီးလဲ၊ တောင်ကြီးငယ်သုတ်သင်၊ လုပ်ငန်းယာပြင်ကြတယ်၊ သဘင် ကျယ်ကို၊ လွမ်းနယ်ပုံပိုင်းလို့တာမကျုံး။။ သံချိုငယ်မြည်ပြော၊ ကျော်ဥဩလည်း၊ ဖော်နှောငယ်မယ်မောင်၊ ငှက်ဖိုးခေါင်လဲ၊ နောင်တခြည်ခြည်၊ ဗျာတော်စည်အောင်၊ သံရှည်ရင့်ရူ၊ မြိုင်မြင့် ငူက၊ လွမ်းကြူငြိမ့်ကြေ၊ လိမ့်ပစေသားနှင့်၊ ထွေတလာလာ တြင်းသံသာတော့တယ်၊ နွေအာဒိဂိမှာန်ကို၊ နိဗ္ဗာန်ပိုင် ရှင်တော် စောတွင်မှ၊ ဟောခဲ့သာဆုံး။'


ဟူ၍ဖွဲ့ဆိုရာတွင် စာဆိုတော်ဦးမင်းသည် ရာသီ အခြေ အနေကို သာမညရိုးရိုးဖော်မပြဘဲ၊ ထိုအခြေအနေ၏ လွမ်းစရာ ကောင်းအောင် ဖန်တီးပုံတို့ကို ထင်ရှားအောင်ဖွဲ့ဆိုသည်။ ထို ကြောင့် စာဆိုကောင်းတစ်ယောက်ဟု ချီးမွမ်းသင့်ပေသည်။ ဖိုးသူတော်ဦးမင်း၏ စာများသည် ဆေးတစ်မျိုးတည်းဖြင့် ခြယ် လှယ်ထားသော တောတောင်အရုပ်ကားနှင့်တူလျက် ကွက်ကွက် ကွင်းကွင်းပေါ်၏။ စိတ်ဓာတ်ကို များစွာမထိခိုက်လှပေ။ ဦးမင်း ၏ စာများမှာမူကား ဆေးရောင်စုံတို့ဖြင့် ခြယ်လှယ်ထားအပ် သော တော၊ တောင်အရုပ်ကားနှင့်တူ၏။ ကွက်ကွက်ကွင်းကွင်း လည်းပေါ်သည်။ စိမ်းစိုသော မြက်ခင်းနှင့် မှိုင်းညို့သော တိမ်တောင်တိမ်လိပ်မျာကို မြင်ရခြင်းဖြင့် စိတ်တွင် ထိခိုက်၍ ပိုမိုလွမ်းဆွတ်ဖွယ် ဖြစ်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)