ဒိုင်းခင်ခင်
![]() | ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ဒိုင်းခင်ခင် | |
---|---|
![]() | |
မွေးဖွား | ခင်ခင်ကြီး c. 1863 ကုန်းဘောင် |
ကွယ်လွန် | ဧပြီ ၁၈၈၂ |
အခြား အမည်များ | ဆွဲရ |
ကျော်ကြားမှုအရင်းခံ | စုဖုရားလတ်၏ အပျိုတော် |
ဒိုင်းခင်ခင် (၁၈၆၃ ဝန်းကျင် - ၁၈၈၂) သည် သီပေါမင်းလက်ထက် စုဖုရားလတ်အောက်ရှိ အပျိုတော်ဖြစ်ပြီး သီပေါမင်းနှင့် နောက်တိုးသံယောဇဉ်ပြဿနာကြောင့် လူသိများခဲ့သည်။
ငယ်ဘဝ[ပြင်ဆင်ရန်]
ကနီမြို့စားနှင့် မြို့စားကတော်တို့မှ ၁၈၆၃-ခု ဝန်းကျင်၌ မွေးဖွားသည်။ အမွေးခက်သဖြင့် ဆွဲရ ဟု ငယ်မည်တွင်သည်။ [၁] အမည်ရင်းမှာ ခင်ခင်ကြီး ဖြစ်သည်။
နောင်သော် သားသမီးမထွန်းကားသော ဒိုင်းအတွင်းဝန် ဦးဘိုကြီးနှင့် ဝန်ကတော်တို့က မွေးစားသဖြင့် ဒိုင်းခင်ခင်ဟူ၍ အမည်တွင်လာသည်။ ကနီမြို့စားမှာ ဝန်ကတော်၏မောင် တော်စပ်သည်။ [၂]
အပျိုတော်ဘဝ[ပြင်ဆင်ရန်]
သီပေါမင်း လက်ထက်၌ ပြိုင်ဘက်ဖြစ်လာနိုင်သော မင်းညီမင်းသားအားလုံးကို သုတ်သင်ပြီးနောက် ဇာတာတက်စေရန် သီရိပဝေသနာ ရာဇဘိသေက ထပ်ရန် ကြံသည်။ နဝရတ်ခြယ် ရွှေဖလားကိုင်ရန် အပျိုတော်ရွေးရာ မောင်မောင်တုတ်က ဒိုင်းခင်ခင်ကို စာရင်းသွင်းသဖြင့် ဖလားကိုင်ရပြီး စုဖုရားလတ်၏ အပျိုတော်ဖြစ်လာသည်။ [၃]
ငယ်သူငယ်ချင်း မောင်ဖေငယ်က ဒိုင်းခင်ခင်အားလည်းကောင်း၊ မောင်မောင်တုတ်က သီပေါမင်းအားလည်းကောင်း ဘေးတီးရာ စုံမက်သွားကြသည်။ စုဖုရားလတ်မှာ ဒုတိယကိုယ်ဝန်ဆောင်စဉ်ဖြစ်၍ သီပေါမင်းနှင့် လက်လှမ်းမီခဲ့သည်။ မီးဖွားပြီးနောက် တောင်ဥယျာဉ် ပန်းခုံတော်၌ လူပျိုတော်အသွင် ဝတ်ဆင်ကာ သီပေါမင်းနှင့် ချိန်းတွေ့နေသော ဒိုင်းခင်ခင်ကို စုဖုရားလတ်မိ၍ ရိုက်နှက်ကာ ထောင်သွင်းချသည်။ [၄]
ဘဝနိဂုံး[ပြင်ဆင်ရန်]
၁၈၈၂-ခု၊ ဧပြီလတွင် နန်းဝတ်နန်းစားချွတ်၍ ဒူးထောက်၊ ဦးမော့ကာ လည်မြိုအား ဝါးစိမ်းတုတ်နှင့် ရိုက်လျက် အဆုံးစီရင်ခံရသည်။ မွေးစားမိဘများဖြစ်သည့် ဒိုင်းဝန်နှင့် ကတော်တို့သည်လည်း အဆစ်ပါ အဆုံးစီရင်ခံရသည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Prince Damrongrāchānuphāp (1991) "Journey through Burma in 1936". River Books.
- ↑ စိမ့် (ပညာရေး)။ "ဒိုင်းခင်ခင်"။ ယဉ်ကျေးမှု စာပေတိုက်၊ ရန်ကုန်။ ၁၉၇၆။
- ↑ ဒဂုန် ခင်ခင်လေး (၂၀၀၄) "ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး"။ တော်ဝင်မြို့မ စာအုပ်တိုက်၊ ရန်ကုန်။
- ↑ မြကေတု (၁၉၆၆) "နန်းဓလေ့ မှတ်တမ်းများ"