မြောင်လှမင်းသမီး
မြောင်လှမင်းသမီးသည် မင်းတုန်းမင်းနှင့် မိဖုရားငယ်ဖြစ်သော ကျောက်တလုံးရွာစားမိဖုရား သုသီရိဝဏ္ဏာတို့၏ တစ်ဦးတည်းသော သမီးတော်ဖြစ်ပြီး သက္ကရာဇ် ၁၂၂၆ခုနှစ်၊ တော်သလင်းလ (ခရစ်နှစ် ၁၈၈၄ခုနှစ်)တွင် မွေးဖွားသည်။ ၁၂၄၇ခုနှစ် (ခရစ်နှစ် ၁၈၈၅ခုနှစ်) ပါ တော်မူသောအခါ မြောင်လှမင်းသမီးသည် အသက် ၂၁နှစ်သာ ရှိသေးသည်။ ဗြိတိသျှအစိုးရက ပါတော်မူပြီး နှစ်လအကြာ ခရစ်နှစ် ၁၈၈၆ခုနှစ် ဇန်နဝါရီလ၁ရက်နေ့မှ စတင်ပြီး မယ်တော် မိဖုရားနှင့် သမီးတော်တို့ကို တတိယတန်းအနေဖြင့် သတ်မှတ်ကာ ထောက်ပံ့ကြေး တစ်လလျှင် (၅ဝိ)၊ အိမ် လခ (၃ဝိ) နှုန်းဖြင့် အထောက်အပံ့ပေးခဲ့သည်။ ထီးနန်းပျက်ပြီးသည့်နောက်တွင် နန်းတွင်းမှထွက်ခွာရပြီး ခိုကိုး ရာမဲ့ဘဝနှင့် အရပ်ထဲတွင် မလုပ်တတ်၊ မကိုင်တတ်၊ မနေတတ်ဖြစ်ပြီး ဘဝကို ဖြစ်သလို ရင်ဆိုင်ရသည်။ နောက်ဆုံး မင်းကွန်းသို့ သွားပြီး မယ်တော်နှင့် သမီးတော်နှစ်ပါးလုံး သီလရှင်ဘဝကူးပြောင်းပြီး တစ်သက်လုံး တရားဘာဝနာ ပွားများအားထုတ်နေထိုင်သွားသည်။ ၎င်းတို့နေထိုင်ခဲ့သော ချောင်ကို မင်းသမီးချောင်ဟု ယခု တိုင် အမည်တွင်နေပါသည်။ မယ်တော် ကျောက်တလုံးမိဖုရားသည် ပါတော်မူပြီး ၃နှစ်ခန့်အကြာတွင် ကံကုန် သွားသည်။ မြောင်လှမင်းသမီးမှာ ခရစ်နှစ် ၁၉၀၂ခုနှစ်၊ အောက်တိုဘာလ ၁၅ရက် နေ့စွဲဖြင့် ဗြိတိသျှအစိုးရထံ မှ ထောက်ပံကြေး (၅ဝိ) ကို (၂၅ိ) တိုးပြီး (၇၅ိ) ရရှိသည်။ မြောင်လှမင်းသမီးသည် သက္ကရာဇ် ၁၂၈၁ခု၊ တပေါင်းလ (ခရစ်နှစ် ၁၉၁၉ခုနှစ်)တွင် သက်တော် ၅၅ နှစ်၌ တုပ်ကွေးရောဂါဖြင့် ကံတော်ကုန်ရာ မင်းသမီးချောင်တွင်ပင် ဂူသွင်းထား သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်သန်းဆွေ (ထားဝယ်) ၏ ကုန်းဘောင်ရှင်းတမ်းမှ သမီးတော်သီလရှင်သုံးပါးရှင်းတမ်း
Lua error in မော်ဂျူး:Navbox at line 15: table index is nil.