မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

လယ်ယာစိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိက လုပ်ငန်းကြီးတစ်ခုဖြစ်သကဲ့သို့ နိုင်ငံ၏ ၆၀ ရာခိုင်နှုန်းသော GDP သည် လယ်ယာစိုက်ပျိုးရေးတွင် မှီတည်လျက်ရှိပြီး အလုပ်သမားအင်အား၏ ၆၅ ရာနှုန်းခန့်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ၁၉ဝ၁ ခုနှစ်တွင် ဆန်စပါးစိုက်ပျိုးသော လယ်ဧကပေါင်း ရှစ်သန်းခွဲခန့်သာ ရှိသော်လည်း ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ နှစ်ပေါင်း လေးဆယ်အတွင်း (၁၉၄၁ ခုနှစ်အထိ)တွင် လယ်ဧကပေါင်း ဆယ့်နှစ်သန်းခွဲခန့်အထိ တိုးချဲ့ စိုက်ပျိုးလုပ်ကိုင်နိုင်ခဲ့ချေသည်။ ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ဘေး စစ်ဒဏ်ခံရသည့် အလျောက် ကျွဲ၊နွား များစွာကို ဂျပန်စစ်တပ်များက သတ်ဖြတ် စားသုံးကြသဖြင့် စစ်ကြီးမဖြစ်ခင် ၁၉၄၁ ခုနှစ် ဆန်စပါး ဧရိယာ ဧကပေါင်းကို မှီရန် ၁၉၆၁ ခုနှစ်တွင် လယ်ဧကပေါင်း တစ်သန်းခန့် လိုနေသေးသည်ကို သိရ၏။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ၊ သုံးနှစ်တွက် (၁၉၃၈န္ထ၁၉၄ဝ ခုနှစ်) ပျမ်းမျှခြင်း ဧကပေါင်း ဆယ့်ခုနှစ်သန်းကျော်ခန့် ကောက်ပဲသီးနှံအမျိုးစုံ စိုက်ပျိုးလုပ်ကိုင်သည့်အနက် ဆန်စပါး ဧရိယာဧကပေါင်း ပျမ်းမျှခြင်း ဆယ့်နှစ်သန်းကျော်ခန့် စိုက်ပျိုးသဖြင့် စပါးသည်အရေးကြီးဆုံး အပင်ဖြစ်ကြောင်းမှာ သိသာထင်ရှားသည်။ ထိုကြောင့်ပင် ယင်းအသီးအနှံကို မြန်မာ့ သွေးခဲန္ထကျောက်မျက်ရွဲ ဟု ကုန်သည်များက ခေါ်ဝေါ် သမုတ်ကြပေသည်။

မြန်မာနိုင်ငံ ရာသီဥတု[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် မုတ်သုန်လေရာသီခွင်တွင် ပါဝင်၏။ နွေဥတု၌ပူအိုက်၍ မိုးဥတုတွင်စွတ်စိုးပြီးလျှင် ဆောင်ဥတု၌ ခြောက်သွေ့အေး၍ဥတုသုံးပါးရှိလေသည်။ မြန်မာနိုင်ငံ၏ ရာသီဥတုကို သာမန်အားဖြင့်သုံးပိုင်းပိုင်းထားသည်။ ပိုင်းထားပုံမှာ တပေါင်းလပြည့်ကျော်တစ်ရက်နေ့မှ ဝါဆို လပြည့်ကျော် တစ်ရက်နေ့အထိ နွေဥတု၊ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့အထိ မိုးဥတု၊ တန်ဆောင်မုန်း၊ လပြည့်ကျော်တစ်ရက်နေ့မှတပေါင်း လပြည့်ကျော် တစ်ရက်နေ့အထိ ဆောင်းဥတုဟူ၍ ဥတုသုံးပါး အပြားရှိသည်။ နွေ၊ မိုး၊ ဆောင်း ဟူ၍ ဥတုသုံးပါးရှိရာ၊ ဆောင်းဥတု၌ နေသည် ဒက္ခိဏယဉ်စွန်းတန်းပေါ် ကျရောက် နေ၍နေနှင့် ကွာဝေးသဖြင့် မြန်မာနိုင်ငံတွင်အေးမြလာချေသည်။ တောင်ဘက်ပိုင်းသည် နေနှင့် နီး၍ ၇၅ံ ကျော် ပူနွေး၍ မြောက်ဘက်ပိုင်း သည် ၆၅ံ ထက်ပင်လျော့လေသည်။ နွေဥတုတွင် နေသည် မြန်မာနိုင်ငံပေါ်သို့ တိုက်ရိုက်ရောက်ရှိ၍ ပူပြင်းလာ၏။ မိုးရွာသော လတို့တွင် အပူချိန်လျော့ပြီးလျှင် မိုးမရွာသော လတို့၌ အပူချိန် တိုးလာ၏။ တနင်္သာရီ ကမ်းရိုးတန်းသည် ပင်လယ်နှင့်နီးသော ဒေသဖြစ်၍ မိုးများစွာ ရွာသဖြင့် အပူချိန် လျော့ပါးသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ (မြေလတ်ပိုင်း) သည် မြေနိမ့်သော အရပ်ဖြစ်၍ အနောက်ရိုးမတောင်၏ မိုးရိပ်ကျနေသောကြောင့် မိုးပါးပြီးလျှင် ပင်လယ်နှင့် ဝေးကွာ သောကြောင့် ပူပြင်း၏။ မိုးရွာခြင်းနှင့် စပ်လျဉ်း၍ သာမန်အားဖြင့် အောက်ပါ အရပ်ဒေသ သုံးပိုင်း ပိုင်းခြားရာသည်။ (က) မြန်မာနိုင်ငံတွင် အနောက်ဘက် ပင်လယ် ကမ်းခြေအရပ်များနှင့် မြောက်ဘက်တောင်ကုန်း အရပ်များသည် မုတ်သုန် ရာသီလေ ရာသီခွင်အတွင်း ကျရောက်နေသဖြင့် မိုးအသည်းအထန်ဆုံးရွာသည်။ တနင်္သာရီတိုင်း၊ချင်းတောင် တန်း၊ ကချင်တောင်တန်းနှင့် တရုတ်နိုင်ငံ နယ်စပ်ရှိ တောင်တန်း များ၌ တစ်နှစ်လျှင် ပျမ်းမျှမိုးရေ လက်မ ၂ဝဝ ခန့်အထိ ရွာသွန်းသည်။ (ခ) ဧရာဝတီမြစ်ဝှမ်း အလယ်ပိုင်း၌ မိုးအနည်းဆုံး ရွာသည်။ ထိုဒေသမှာ ပြည်မြို့မြောက်ဘက်မှ ရွှေဘိုနယ် အထိဖြစ်သော မိုးပါးရေရှား ရပ်ဝန်းဖြစ်၍ တစ်နှစ်လျှင် မိုးရေချိန်လက်မ ၂၅ မှ ၄ဝ မျှသာ ရွာသွန်းသည်။ (ဂ) ရှမ်းကုန်းပြင်မြင့် နယ်များနှင့် ချင်းတွင်းမြစ်၊ သံလွင်မြစ်တို့၏ အကြားရှိ မြန်မာနိုင်ငံ အထက်ပိုင်းတို့၌ မိုးရေချိန်လက်မ ၄ဝ မှ ၈ဝ အထိ အသင့်အတင့်ရွာသွန်း၏။ ဤသုံးပိုင်း သုံးဒေသတို့ကို ဆင်ခြင် သုံးသပ်ခြင်း အားဖြင့် မြန်မာနိုင်ငံ၌ စိုက်ပျိုးပင်များ အနှံ့အပြား စိုက်ပျိုးနိုင်သည်မှာ သိသာ ထင်ရှားသည်။

အဖိုးတန်သော စိုက်ပျိုးပင်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် ရှေးအထက်ကျော်ကာရီကပင် အာရှအရှေ့ တောင်ပိုင်းတွင် အထူးထင်ရှား ကျော်စောသော မြန်မာ့ အဖိုးအနန္တထိုက်တန်သည့် ကျောက်မျက်ရတနာဟူ၍ လည်းကောင်း၊ ရတနာပင်များနှင့် ပြည့်နှက်နေသော ရတနာနိုင်ငံဟူ၍ လည်းကောင်း၊ ဆူးအက်တူးမြောင်းမှသည် အရှေ့ဘက် ကာလကတ္တားမြို့အထိ အာရှတိုက်တောင်ပိုင်း တစ်လျှောက်၌ တည်ရှိသော အရပ်ဒေသတို့မှာ များသောအားဖြင့် မိုးပါးရေရှား၍ ညံ့ဖျင်းသော မြေဩဇာနှင့် ခြောက်သွေ့သော လယ်ယာ များသာရှိကြရာ၊ မြန်မာနိုင်ငံသည်သာလျှင် ဗျိုင်းငှက် တို့အလယ်၊ တင့်တယ်သော ဟင်္သာပမာ၊ ကျက်သရေမင်္ဂလာ၊ ဝေဆာလှပ၊ သာယာစည်ပင်၊ ဝပြောသောအသွင်ကိုဆောင်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်ဟူ၍ လည်းကောင်း သိုးဆောင်း လူမျိုး များက အမွမ်းတင်ကာ ရေးသားကြလေသည်။ ထိုသို့ရေးသား ဖော်ပြကြသည်မှာ အကြောင်းမဲ့ ရေးသားသည်မဟုတ်ချေ။ ကမ္ဘာ ပေါ်တွင် ဆန်းစပါးသည် အရေးအကြီးဆုံးသော အာဟာရ သီးအနှံတစ်ခုဖြစ်၏။ ၉၅ ရာနှုန်းမျှသော ကမ္ဘာ့ဆန်စပါး တို့ကို အာရှတိုက်မှ ရရှိသည်။ အာရှတိုက်၌ ဆန်စပါးစိုက်ပျိုးရရှိသော တိုင်းနိုင်ငံတို့အနက် မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာ စစ်ကြီး မဖြစ်မီက နှစ်စဉ်ဆန်တန်ချိန်ပေါင်း ခုနစ်သန်းခန့် ထွက်လျက်၊ တန်ချိန်ပေါင်း သုံးသန်းခွဲခန့်၊ ကမ္ဘာ့ဆန်ရောင်း ဝယ်ရေးလုပ်ငန်း ၏ ၄၆ ရာနှုန်းမျှကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်သဖြင့် မြန်မာနိုင်ငံ၏ အရေးပါ အရာရောက်ပုံကို ခန့်မှန်းနိုင်ပေသည်။

စိုက်ပျိုးသီးနှံများ ပျံ့နှံ့ပုံ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် အချို့အရပ်ဒေသ၌ လူနေအိမ်ခြေ ရွာစဉ်တို့သည် အလွန်ပြည့်ကျပ်လျက် နီးကပ်စွာ တည်ရှိ နေကြ ပြီးလျှင်၊ အချို့ဒေသ၌မူ လူနေသူနေ မတွေ့ရှိရဘဲ မိုင်ပေါင်းများစွာ နေရာလွတ်ကွက်လပ်များ ဖြစ်နေကြသည်ကို တွေ့ရ၏။ ဤသည်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံ၌ လူတို့သည် အစိပ်အကျဲ မညီမမျှပဲ ရှိနေသည်မှာ ထင်ရှား၏။ လူနေအိမ်ခြေ အစိပ်အကျဲသည် နေရာဒေသကို လိုက်၍ ဖြစ်တတ်ချေသည်။ တောတောင်လျှိုမြောင် ချိုင့်ကြီးချောက် ကြီးများ ထူထပ်သော အရပ်တို့၌ လူနေအိမ်ခြေကျဲ၍ လုပ်ခင်းကိုင်ခင်း ကောင်းသော အရပ်ဒေသတို့၌ အိမ်ခြေ စိပ်သည်ကို တွေ့ရ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် အောက်ပါ အရပ်ဒေသတို့၌ လူအများဆုံး နေထိုင်ကြသည်ကို တွေ့ရသည်။ (က) ချိုင့်ဝှမ်းသော အရပ်။ (ခ) နုံးတင်မြေနုအရပ်။ (ဂ) မိုကောင်းအရပ်နှင့် မိုးပါလျက်ဆည်ရေသောက်အရပ်။ (ဃ) စိုက်ပျိုးပင် အများဆုံးအရပ်။ တစ်နည်းအားဖြင့်ဆိုသော် မြစ်ဝကျွန်းပေါ်အရပ်၊ မြစ်ဝှမ်းအရပ် ဒေသများ၊ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံ ဝန်းကျင်အရပ်၊ စစ်တွေမြို့ အနီးအနားတစ်ဝိုက်၊ မော်လမြိုင်မြို့ပတ်ဝန်းကျင် ဒေသတို့၌ လူဦးရေ အထူထပ်ဆုံးဖြစ်သည်။ ထိုနည်းအတူ လူဦးရေအထူအပါး အစိပ်အကျဲကို လိုက်၍ ကောက်ပဲသီးနှံ ပျံ့နှံ့ခြင်း အစိပ်အကျဲကိုလည်း တွေ့ရသည်။ အကြောင်းကို စုံစမ်းသော် အထက်ဖော်ပြပါ နေရာအရပ်များသည် လယ်ယာ ကိုင်းကျွန်း ဥယျဉ်နှင့် ခြံများ လုပ်ကိုင်သည့် ရပ်ကွက်များ ဖြစ်ကြောင်းကို သိရသည်။ ထိုအရပ်များရှိ အချို့မြို့ကြီးများ တွင်လည်း ဤကောက်ပဲ သီးနှံများကို ကြိတ်ခွဲ ပြုပြင်သော ကြိတ်စက်များ၊ ဆီဆုံများ အစရှိသည်တို့ဖြင့် စိုက်ပျိုးကုန်စည် များကို ပြင်ဆင်၍ ရောင်းဝယ်ဖောက်ကား ကြသည်ကို တွေ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ပွားမီနှစ်များက မြန်မာပြည်၌ ချင်းတောင်တန်းဒေသများနှင့် ရှမ်းပြည်နယ်များကို ချန်လှပ်၍ ကောက်ပဲသီးနှံ စိုက်ပျိုးသော မြေဧရိယာဧကပေါင်းမှာ တစ်ဆယ့်ရှစ်သန်းခွဲခန့်ရှိသည်။ ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီ ၁၉၃၈ ခုနှစ်မှ ၁၉၄ဝ ပြည့်နှစ်အထိ သုံးနှစ်ပျမ်းမျှစိုက်ပျိုးသော ဧကပေါင်းနှင့် စစ်ကြီးအပြီးတွင် ၁၉၄၈ ခုနှစ်မှ ၁၉၅ဝ ပြည့်နှစ် အထိ သုံးနှစ် ပျမ်းမျှ စိုက်ပျိုးသော ဧကများကို သိသာစွာ နှိုင်းရှည့်နိုင်ရန်အလို့ငှာ အောက်တွင် ဇယားဖြင့် ဖော်ပြထားသည်။ အမှတ် ၁၉၄၇န္ထ၄၈မှ ၁၉၃၇-၃၈မှ စိုက်ပျိုးသီးနှံစဉ် ၁၉၄၉-၅ဝ ၁၉၃၉-၄ဝ ဧကပေါင်း ဧကပေါင်း ၁ ဆန်စပါး ၉၃၅၉၃၆ဝ ၁၂၄၃၂၅၁၄ ၂ နှမ်း ၁ဒ၃၆၁၉၈၅ ၁၃၈၆၅၆၈ ၃ မြေပဲ ၇ဝ၁၄၂ဝ ၈၃၁၈၈၅ ၄ ဆန်ပြောင်း ၅၇၈၉၉ဝ ၄၇၃၂၁၅ ၅ ဟင်းသီးဟင်းရွက်(ပဲသီး တောင့်နှင့် ကြက်သွန်ပါ) ၄၄၂၃၁ဝ ၅၃၄၃၈၉ ၆ ဥယျာဉ်ထွက် အထွေထွေ ၄၆၄၈၂၂ ၄၃၆၄၆၂ ရ ဝါ ၂၁၆၄ဝ၅ ၄၃၈၂၉၆ ၈ ဖူးစားပြောင်း ၁၉၄၌၃၂၅ ၂၁ဝ၈၄၈ ၉ ကုလားပဲ ၂၅၅၉ဝဝ ၂၃၉၂၆၄ ၁ဝ အထွေထွေ ကောက်မျိုးများ ၁၄၂၆၅၂ ၂ဝ၆၆၂၂ ၁၁ ပဲကြီး ၁၃၃၃၇၅ ၁၅၁၁၅၉ ၁၂ ပဲဖြူကလေး ၃၂၇၆၃ ၁၂၁၆ဝ၇ ၁၃ ပဲကျား ၁၃၅၈၁၅ ၉၇၆ဝ၄ ၁၄ ငရုတ် ၉၅၆၃ဝ ၁ဝ၂၁ဝ၇ ၁၅ ဆေး ၁၂၆၁၆ဝ ၁ဝ၈၃၅၇ ၁၆ ကြံ ၄၈၉၅၃ ၆၁၄၂၇ ၁ရ ဂျုံ ၄၂၄၂၃ ၂၃၈၈ဝ ၁၈ ကွမ်းသီး ၂၅ဝ၆ဝ ၂၈၇၉၈ ၁၉ ထန်း ၆၁၃၅၅ ၄ဝ၆ဝဝ ၂ဝ အုန်း ၇၉၁ဝ ၈၉၂၅ စုစုပေါင်း ၁၃၈၂၉၂၆ဝ ၁၈၇ဝ၁၂၉ဝ ဖော်ပြပါဇယားကို ကြည့်ရှုနှိုင်းယှဉ်သော် ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက သုံးနှစ် ပျမ်းမျှ စိုက်ပျိုး ဧကပေါင်းမှာ ၁၈ သန်း ခုနှစ်သိန်းခန့်ရှိ၍ စစ်ပြီးမှ သုံးနှစ်ပျမ်းမျှ စိုက်ပျိုးဧကပေါင်းမှာ ၁၃ သန်း ရှစ်သိန်းမျှသာ ရှိပြီးလျှင် ဧကပေါင်း လေးသန်း ကိုးသိန်းခန့် ကွာခြား နေသေးသည်ကို တွေ့ရချေမည်။ ၁၉၅၇န္ထ၅၈ မှ ၁၉၅၉န္ထ၆ဝ သုံးနှစ် ပျမ်းမျှ စိုက်ပျိုးဧက ပေါင်းမှာ ၁၆ သန်းခန့်သာရှိသဖြင့် မြန်မာနိုင်ငံတွင် စိုက်ပင်သီးနှံများ၏ ဧကပေါင်း နှစ်သန်း ခုနှစ်သိန်းခန့် တိုးချဲ့စိုက်ပျိုး လုပ်ကိုင်မှသာလျှင် ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီ စိုက်ပျိုးဧကပေါင်းကို မှီနိုင်မည်။ အထက်တွင်လည်း ၁၉၆၁ ခုနှစ်အထိ စစ်မဖြစ်ခင် ဧကပေါင်းမှီရန် ဆန်စပါး စိုက်ပျိုးသော လက်ဧကပေါင်း တစ်သန်းခန့် လိုနေသေး သည်ကို ဖော်ပြပြီးဖြစ်သည်။ လယ်ဧက ၁ဝဝ (တစ်ရာ)လျှင် စပါးထွက်တန်ချိန် ၆ဝ နှုန်းနှင့် တွက်ချက်လျှင် ဧက ၁ဝဝဝဝဝဝ(တသန်းမှ) စပါးတန်ချိန် ၆ဝဝဝဝဝ (ခြောက်သိန်း)ခန့်ရသည်။ ဤစပါးတန်ချိန် ခြောက်သိန်းကို နိုင်ငံခြားများသို့ မရောင်းချနိုင်သည်မှာ အလွန် ဝမ်းနည်းဖွယ် ကောင်းလေသည်။ အထပ်ပါ ဇယားတွင် အရေးအကြီးဆုံးသော စိုက်ပျိုးပင်များကိုသာ ဖော်ပြထားသည်။ ထိုအပြင်လွှတ်ထားသော မြေများအပြင် စိုက်ပျိုး လုပ်ကိုင်နိုင်သော မြေဧကပေါင်း သန်း ၂ဝ ကျော်ခန့် ၁၉၆၁ ခုနှစ်တွင် ရှိသေးသည်ကို မှတ်သားရသည်။ စိုက်ပျိုးလုပ်ကိုင်သော အသီးအနှံအပင်များသည် မြေနှင့် မိုး ရေချိန်ပေါ်မှာ တည်သည်ဟုလည်း ဆိုနိုင်သည့်အပြင် ရာသီဥတု အခြေကိုလိုက်၍ အရပ်ဒေသအမျိုးမျိုး၌ ဖြစ်ထွန်းနိုင်သည်ကို အထူးဂရုပြုရာသည်။ သို့ဖြစ်၍ စိုက်ပျိုးသီးနှံများ၏ပျံ့နှံ့ခြင်းသည် မြေနှင့် မိုရေးချိန်လည်း အနည်းဆုံး ၂၅ လက်မမှ အများဆုံး လက်မ ၂ဝဝ အထိရှိသဖြင့် မြေနှင့် မိုးအလိုက် သင့်လျော်သော ကောက်ပဲသီးနှံ အမျိုးစုံ စိုက်ပျိုးနိုင်သည်မှာ သိသာ ထင်ရှားသည်။

တိုးချဲ့စိုက်ပျိုးရန် အပင်များ[ပြင်ဆင်ရန်]

လူမှု ဖူလုံးရေးအတွက် တိုးချဲ့စိုက်ပျိုးရန် အပင်များမှာ (၁)ဂွမ်းမွေးရှည် ဝါပင် (၂) ဂုံလျော်ပင် (၃) ဆီထွက် အစေ့ရအပင်များ (နှမ်း၊ မြေပဲ၊ မုန်ညင်းနှင့် အုန်းပင်များ) (၄) ဂျုံစပါး (၅) ကြက်သွန် (၆) ငရုတ်နှင့် (၇) ကွမ်းသီးသည် အရေးအကြီးဆုံးဖြစ်သည်။ ဤဖော်ပြပါ အပင်ခုနှစ်မျိုးနှင့်တကွ အခြားလိုအပ်သော အပင်များကို တိုးချဲ့စိုက်ပျိုးရန် နိုင်ငံအစိုးရက အထူးတစ်လည် ကြိုးပမ်းအားထုတ်လျက် ရှိသည်။ ယင်းတိုးချဲ့ စိုက်ပျိုးရန် အပင်ခုနှစ်မျိုးသည် အလွန်အရေးပါအရာရောက် သဖြင့်၊ ယင်းအပင်များ၏ အကျိုးအကြောင်း သိသင့်သိထိုက် သမျှကို (အတိုချုံး၍) ရေးသား ဖော်ပြရန် လိုပေသည်။

(၁) ဝါ[ပြင်ဆင်ရန်]

၁၉၃၇-၃၈ ခုနှစ်မှ ၁၉၃၉-၄ဝ ပြည့်နှစ်အထိ၊ စစ်မဖြစ်မီသုံးနှစ် ပျမ်းမျှဝါစိုက်ပျိုးသော ဧကပေါင်း လေးသိန်းခွဲခန့် ရှိသော်လည်း ယခုအထိ (၁၉၆၁-၆၂ခုနှစ်) ဝါ စိုက်ပျိုးဧကပေါင်း လေးသိန်း ခန့်သာရှိသေးသဖြင့် ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီစံချိန် ဧရိယာ အကျယ်အဝန်းကို မမှီသေးသည်ကို တွေ့ရပေသည်။ ၁၉၃၅-၃၆ ခုနှစ်မှ ၁၉၃၉-၄ဝ ပြည့်နှစ်အထိ ငါးနှစ်တာမျှသော အချိန်အတွင်း တွင် မြန်မာပြည်သည် ဝါနှင့်စပ်သော ကုန်ပစ္စည်းများကို ပြည်ပသို့ ထွက်ကုန်အဖြစ် တင်ပို့ ရောင်းချသည့်အတွက် နှစ်စဉ် ပျမ်းမျှခြင်း ငွေကျပ်ပေါင်း ၁ဝ၆၆၇ဝဝဝိ (တစ်ကုဋေခြောက်သိန်းခွဲခန့်)မျှ ရရှိလေသည်။ ဝါနှင့် စပ်သောကုန်ပစ္စည်း (ဝါထွက်ပစ္စည်း) ဆိုရာ၌ ဝါ၊ဂွမ်း၊ ဝါစေ့၊ ဝါဆီနှင့် ဝါစေ့ဘက်များ ပါဝင်သည်။ ဝါတွင် ချည်မျှင် (ဝါဂွမ်းမွေး) ရှည်မျိုး၊ ချည်မျှင်တိုမျိုးဟူ၍ ဂွမ်းမွေး အတိုအရှည်အလိုက် နှစ်မျိုးနှစ်စား ခွဲခြား သတ်မှတ် ခေါ်ဝေါ်ရာတွင်၊ ချည်မျှင်ရှည်မျိုးမှာ တစ်လက်မ၏ လေးပုံ သုံးပုံကျော် ရှည်လျက်၊ ချည်မျှင်တိုမျိုးမှာ တစ်လက်မ၏ လေးပုံ သုံးပုံအောက်ရှည်သည်။ ချည်မျှင်ရှည်မျိုး ဖူလုံသော စိုက်ပျိုးဧယာ တိုးချဲ့ရန်အတွက် အစိုးရလယ်ယာ ဌာနနှင့် မြေကျေးရှင်းခေါ် လယ်ယာနှင့် ကျေးလက်တိုးတက်ကြီးပွားရေးအဖွဲ့က ယခုအခါတွင် အထူးတစ်လည် ကြိုးပမ်းလျက် နေချေသည်။ အထက်ဖော်ပြပါ ဝါနှင့် စပ်သော စိုက်ပျိုးကုန် ပစ္စည်းများကို မြောက်မြားစွာ ရောင်းချရခြင်းမှာ (က) ချည်မျှင်စက်သာရှိ၍ အထည်စက်မရှိခြင်း၊ (ခ) အထည်စက် တည်လောက်အောင် ချည်မျှင်ရှည်ဝါ မလုံ လောက်ခြင်း၊ (ဂ)ပြည်တွင်း စမ်းသပ်မှုကြောင့် ရသောမျိုးကောင်း မျိုးသန့်၊ မလှိုင် ဝါမျိုးသန့် တိုးချဲ့၍ မစိုက်နိုင်သေးခြင်း၊ ) ကမ္ဘောဒီးယားခေါ် ကမ္ဘောဇ သင်္ဘောဝါမှ အပ၊ ယခုစမ်းသပ်မှု အောင်မြင်သော ရုရှားချည်မျှင်ရှည်ဝါကဲ့သို့ နိုင်ငံခြားဝါများ စမ်းသပ်ခွင့် ရသင့်ရထိုက်သလောက် မရခဲ့ခြင်းစသော အကြောင်း အမျိုးမျိုးတို့ကြောင့် နိုင်ငံခြားသို့ ဝါထွက်ပစ္စည်းများကို တင်ပို့ရခြင်း ဖြစ်ပေသည်။ ဤသည်တို့ကား ချည်မျှင်ရှည်ဝါတိုးချဲ့စိုက်ပျိုးရန် လိုလားချက်များဖြစ်ချေသည်။


(၂)ဂုံလျော်ပင်[ပြင်ဆင်ရန်]

ဂုံလျော်ပင်ကို ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက ထွန်းကားစွာ မစိုက်ပျိုးခဲ့ဘူးချေ။ မြန်မာနိုင်ငံ အစိုးရသည် ၁၉၅၃ ခုနှစ်က စမ်းသပ် စိုက်ပျိုးလုပ်ကိုင်လာရာ၊ ၁၉၆ဝန္ထ၆၁ ခုနှစ်အထိ ဂုံလျော်ပင် ဧကပေါင်းတစ်သောင်းခြောက်ထောင်ခန့် တိုးတက် လာပြီး သကာလ၊ ဂုံနီအိတ်စက်ကြီး တည်ထောင်လုပ်ကိုင် နေသည်မှာ အလွန် ဝမ်းသာဖွယ် တစ်ရပ်ဖြစ်ပေသည်။ မြန်မာ နိုင်ငံ၌ လူအများ သိကြသော ပိုက်ဆန်လျော်ပင်နှင့် ဂုံလျော်ပင် သည်လုံးဝမတူဘဲ ကွဲပြားခြားနားလေသည်။ ဂုံပင်(ဂုံလျော်ပင်)မှ ရသောလျှော်ကို ကြိုးများ၊ ဂုံအိတ်များ၊ ဖယောင်းပုဆိုးဖျာများ၊ ကော်ဇောများစသည်တို့ လုပ်ရန် အလွန် အသုံးဝင်လေသည်။ ဤအပင်ကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဗင်္ဂလားနယ်နှင့် အရှေ့ပါကစ္စတန် နိုင်ငံ၌ မြောက်မြားစွာ စိုက်ပျိုးသည်။ ဤနိုင်ငံများမှ မြန်မာနိုင်ငံသို့ များစွာတင်ပို့ ရောင်းချရလေသည်။ မြန်မာနိုင်ငံ၌ ဂုံပင်နှင့် စပ်လျဉ်း၍ မည်မျှ အသုံးများသည်ကို သိသာနိုင်ရန် အောက်ပါဇယားကို ထည့်သွင်းဖော်ပြထားသည်။ ထိုဇယားပါစာရင်းမှာ ၁၉၃၈-၄၁ ခုနှစ်အထိ သုံးနှစ်ပျမ်းမျှဂုံနှင့် ဂုံထွက်ပစ္စည်းများကို မြန်မာပြည်သို့ သွင်းကုန်အဖြစ် တင်သွင်း ခြင်းကို ပြလေသည်။ အမျိုးအစား အရေအတွက်နှင့်အချိန် ကျပ်ငွေတန်ဖိုး ၁။ ဂုံလျော်(ကုန်းရိုင်း) ၈၁၃၈၇ ပေါင် ၆၉၁၁ ၂။ ဂုံကျစ်ချည်၊ရက်ချည် ၂၃၄၄၇ ပေါင် ၁၅၂၆ ၃။ ဂုံမှလုပ်သောပစ္စည်းများ (က) ဖျင်ကြမ်း ၅၆၂၃ဝ၈ ကိုက် ၂၃၂၈၄ဝ (ခ) ဂုံနီဖျင် ၁၆ဝ၃၁ဝ၄ ကိုက် ၂၁၅၉၁၃ (ဂ) အခြားအမျိုးများ ၁၃၈၄၃၂ ပေါင် ၄၂၇၇၄ ၄။ ဂုံလျော်-ကြိုးကြီး ကြိုးကလေး ၃၆၄၂၉၈၇ ပေါင် ၆ဝ၂၄၉၅ ၅။ ဂုံနီအိတ် ၅၄၅၇၂၄၇၉ အိတ် - စုစုပေါင်း ၁၇၄၄၇၆၂၃ အထက်တွင် ဖော်ပြပါစာရင်းမှာ စစ်မဖြစ်မီက သုံးနှစ်တွက် ပျမ်းမျှခြင်း စာရင်းဖြစ်သည်။ ထိုစဉ်ကတန်ဖိုးငွေနှင့် ပင်သိန်း ပေါင်းများစွာ ဂုံနှင့် ဂုံထွက်ပစ္စည်းများအတွက် ကုန်ကျခဲ့လေပြီ။ ဤငွေယိုပေါက်ကြီးကို တစ်စတစ်စ ပိတ်ပင်လာနိုင်သည်မှာ နှစ်ထောင်းအားရ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ဆန်စပါးလုပ်ငန်းနှင့် အခြားစိုက်ပျိုးကုန်စည်များအတွက် ဂုံအိတ်နှင့် ဂုံအိတ်ကြိုး မသုံးလျှင် မဖြစ်သလောက်ပင် ဖြစ်ချေသည်။ ထိုမျှ အရေးပါ အရာရောက်သော ဂုံလျှော်ကို ရနိုင်ရန် ရည်သန်လျက် မြန်မာနိုင်ငံတွင် ယခုအခါ ဂုံပင် များကို တိုးချဲ့စိုက်ပျိုးရန် အထူးပင် လိုလားအပ်ပေသည်။

(၃)ဆီထွက်ပင်များ(နှမ်း၊ မြေပဲ)[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ လူအများ နေ့စဉ် စားသုံးကြသည့် အစာအာဟာရတို့တွင် နှမ်းဆီနှင့် မြေပဲဆီသည် အလွန်ပင် အရေး ကြီးသော စားသုံးကုန် ပစ္စည်းများ ဖြစ်ပေသည်။ နှမ်းပင်ကို ရှေးပဝေဏီကပင် စိုက်ပျိုးခဲ့ကြ သော်လည်း၊ မြေပဲပင်ကိုမှု မြန်မာတောင်သူယာသမားတို့သည် လွန်ခဲ့ သည့်နှစ်ပေါင်း ခြောက်ဆယ်ခန့်ကမှ စတင်တီထွင်စိုက်ပျိုးသော ဆီထွက်သစ်စေ့ရ အဖိုးတန်ပင်ဖြစ်သည်။ ၁၉ဝ၃ခုနှစ်တွင် မြေပဲ စိုက်သောဧကပေါင်း ၃၌၈၆၆ စတင်၍ စိုက်ပျိုးသော်လည်း ခုနှစ်နှစ် အကြာ ၁၉ဝ၉ ခုနှစ်တွင် မြေပဲဧကပေါင်းနှစ်သိန်းခွဲခန့် (၂၄၈၄၉၇) အထိ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သည်ကို စိုက်ပျိုးရေးသမိုင်းတွင် မှတ်တမ်း တင်စရာ ဖြစ်ချေသည်။ မြေပဲစတင် စိုက်ပျိုးသော ၁၉ဝ၃ ခုနှစ်၌ နှမ်းဧကပေါင်း ကိုးသိန်းခုနှစ်သောင်းခန့် (၉၆၈၅ဝ၅) စိုက်ပျိုး၏။ ၁၉ဝ၃ ခုနှစ်က ပခုက္ကူခရိုင်တွင် မြေပဲစတင်စိုက်ပျိုးသောအခါ အလွန်ခဲယဉ်းစွာ ဟောပြော တိုက်တွန်းမှသာ တောင်သူယာသမား များသည် အစိုးရကို ကြောက်ရွံ့သဖြင့် စိုက်ကြလေသည်။ နှမ်း စိုက်ပျိုးလုပ်ကိုင်မှုသည် အလောင်းအစားပြုလုပ်ရသကဲ့သို့ အလွန် စိတ်မချရသော အပင်ဖြစ်သည်။ နှမ်းစိုက်ပျိုးသည့်နေ့မှစ၍ ရိတ်သိမ်း ပြီးသည်အထိ မိုးလေဝသကို စိတ်မချနိုင်ချေ။ သို့ဖြစ်သောကြောင့် ရာသီဥတုအတွက် ပိုမိုစိတ်ချရ၍ အထွက်သင့်တင့်သည့်အပြင် မလွတ်စတမ်း ရနိုင်သော မြေပဲပင်ကို တီထွင်စိုက်ပျိုးရခြင်းဖြစ်သည်။ ပခုက္ကူခရိုင်တွင် ၁၉ဝ၃ ခုနှစ်က မြေပဲ ၇၁ ဧက စိုက်ပျိုး၍ ၁၉ဝ၇ ခုနှစ်အထိ ငါးနှစ်ကြာ သောအခါ မြေပဲဧကပေါင်း ၁၆၈ မျှသာ စိုက်ပျိုးကြ၏။ ထိုနှစ်တွင် မြင်းခြံခရိုင်မှာ မြေပဲဧကပေါင်း ၃၁၃၃၇ စိုက်၍ မကွေးခရိုင်တွင် မြေပဲဧကပေါင်း ၄၂ဒ၅၄၂ အထိ တိုးချဲ့ စိုက်ပျိုးလေသည်။ ထိုအခါ ခရိုင်ဝန် ( အရေးပိုင် ) မစ္စတာစီအက် (ဖ) ရန့်သည် တစ်ရွာဝင် တစ်ရွာထွက် နေပူပြင်းလှသော နွေရာသီတွင် လိုက်လံဟောပြော ကြီးကြပ်လျက် စိုက်ပျိုးလုပ်ကိုင် စေရာ နောင်နှစ်နှစ်ကြာသောအခါ ( ၁၉ဝ၉ ) ခုနှစ် ပုခုက္ကူခရိုင်အား ယာသမားတို့သည် မြေပဲဧကပေါင်း ၈၅၃၁၉ အထိတိုးချဲ့ စိုက်ပျိုး ကြသဖြင့် မြင်းခြံနှင့် မကွေးခရိုင်ထက်ပင် ဧကပေါင်းနှစ်ဆမှ သုံးဆ အထိ ပိုမိုစိုက်ကြလေသည်။ များမကြာ မီနှစ်အတွင်း အရေးပိုင် မစ္စတာ ဂရန့်ကို ……မြေပဲဘုရားဟု ခေါ်ဝေါ်သမုတ်ကြသည့်အပြင်၊ ……ကုလားမြေပဲ၊ မယားရွှေဆွဲ ဟူသော အတိတ်တဘောင်သည် ပေါ်လာသည်ဟုအဆိုရှိ၏။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီအတွင်း (၁၉၄၁ ခုနှစ်) နှမ်းဆီ၊ မြေပဲဆီနှင့် ထောပတ် (သစ်စေ့ဆီထောပတ်ဟု အပါအဝင်) မြန်မာနိုင်ငံတွင် မည်မျှ လိုသည်ကို ငွေတန်ဖိုးနှင့်တကွ အောက်ပါ ဇယားတွင် ဖော်ပြမည်။ မျိုအစား တန်ချိန် ကျပ်ငွေတန်ဖိုး ၁။ မြန်မာနိုင်ငံထွက်နှမ်းဆီ ၂၅ဝဝဝ ၉၃ဝဝဝဝဝ ၂။ နိုင်ငံခြားမှဝယ်သောနှမ်းစေ့ ၁၅၅၉ ၂၅၄ဝဝဝ ၃။ မြန်မာနိုင်ငံထွက်မြေပဲဆီ ၅ဝဝဝဝ ၁၂၄ဝဝဝဝဝ ၄။ နိုင်ငံခြားမှဝယ်သောမြေပဲဆီ ၂ဝဝဝဝ ၅၂ဝဝဝဝဝ ၅။ ဃီးထောပတ်နှင့် ထောပတ်တု (က) နို့မှရသော ဃီးထောပတ် ၇ဝဝ ၁ဝဝဝဝဝဝ (ခ) ထောပတ်တု ၁ဒဝဝဝ ၇၅ဝဝဝဝ စုစုပေါင်း ၉၈၂၅၉ ၂၈၉ဝ၄ဝဝဝ မြေပဲကို ၁၉ဝ၃ ခုနှစ်တွင် ၃၈၆၆ ဧကမှတစ်စတစ်စတိုးချဲ့ စိုက်ပျိုးလာရာ ၁၉၅၉ ခုနှစ်တွင် မြေပဲဧကပေါင်း ၉၇၁၈၆ဝ အထိ (ကိုးသိန်း ခုနစ်သောင်းကျော်) တိုးချဲ့ စိုက်ပျိုးသော်လည်း စားသုံးဆီ ဖူလုံအောင် မရသေးချေ။ ဒုတိယကမ္ဘာစစ် မဖြစ်မီက အောက်ပါ ဇယားတွင် ဖော်ပြသော တိုင်းလေးတိုင်းနှင့် ကချင် ပြည်နယ်၌ မြေပဲဧရိယာမဆို သလောက်စိုက်ခဲ့သည်မှ ၁၉၅၉ ခုနှစ်အထိ မြေပဲ ဧကပေါင်း မြောက်မြားစွာ စိုက်ပျိုးလာကြသည်မှာ အလွန်အံ့ဩဖွယ် ကောင်းပေသည်။ အမှတ် တိုင်းနှင့် ၁၉၄၁ ခုနှစ် ၁၉၅၉ ခုနှစ် စဉ် ပြည်နယ်အမည် မြေပဲဧက မြေပဲဧက ၁။ ရခိုင်တိုင်း ၂ဝ၉ ၁ဝ၁၉ ၂။ ပဲခူးတိုင်း ၂၃၂၉ ၆ဝ၆၇၅ ၃။ ဧရာဝတီတိုင်း ၉၂၅၆ ၄၁၂၉၂ ၄။ တနင်္သာရီတိုင်း ၃၇၅၃ ၈၂၇၅ ၅။ ကချင်ပြည်နယ် ၄ဝ၆၉ ၇၁၇၈ စုစုပေါင်း ၁၉၆၁၆ ၁၁၈၄၃၉ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက (၁၉၄၁ ခုနှစ်)နှမ်း ဧကပေါင်း ၁၃ သိန်းခန့် စိုက်ပျိုးလုပ်ကိုင်၍၊ ၁၉၅၉ ခုနှစ်တွင် ၁၄ သိန်းခန့် စိုက်ပျိုးသဖြင့် ဧကပေါင်း တစ်သိန်းခန့် နှမ်းဧရိယာအကျယ်အဝန်း ပိုမိုစိုက်ပျိုးသော်လည်း၊ နှမ်းဆီ မဖူလုံသေးသည်ကို တွေ့ရသည်။ ဤအထက်ပါ ဇယားများ ကြည့်ခြင်းအားဖြင့် နှမ်းနှင့်မြေပဲ တိုးချဲ့ စိုက်ပျိုးရန် လိုပေသေးသည်မှာ သိသာထင်ရှားသည်။

(၄)ဂျုံစပါး[ပြင်ဆင်ရန်]

ဂျုံစပါး(ဂျုံ)သည် အလွန်ခွန်အားဖြစ်စေသော ကောက်မျိုးတစ်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံ လွင်ပြင်အရပ်ဒေသတို့၌ ဂျုံစိုက်သောနေရာ တို့မှာ ရွှေဘိုခရိုင်တောင်ပိုင်းမှ စစ်ကိုင်းမြို့အထိ ကျယ်ပြန့်သော မူးမြစ်ဝှမ်းတစ်လျှောက် မြေနိမ့်လွင်ပြင်ကွင်းနှင့် ထိုမှ ဧရာဝတီမြစ်ကို ကျော်လျက် တစ်ဘက်ကမ်းရှိ ကျောက်ဆည်ခရိုင် ပန်းလောင်းချောင်း အထိ တည်ရှိသော လွင်ပြင်ကွင်းတို့ဖြစ်ကြ၏။ ထိုအပြင် စစ်ကိုင်း အနောက်ဘက်၌လည်းကောင်း၊ အောက်ချင်းတွင်း(မုံရွာ) ခရိုင်၌ လည်းကောင်း အနည်းအကျဉ်း စိုက်ပျိုးကြသေးသည်။ ယခုအခါ ဒုတိယကမ္ဘာစစ်ကြီးအပြီး၌ ဟင်္သာတ၊ မင်းဘူး၊ မန္တလေး၊ မိတ္တီလာ၊ မြင်းခြံနှင့် ရမည်းသင်းခရိုင်များတွင် သိသာထူးခြားစွာ ဂျုံကို တိုးချဲ့ စိုက်ပျိုးလာကြလေသည်။ အထက်ပါ အရပ်များတွင် များသောအား ဖြင့် တမာခေါက် ဂျုံ (ဂျုံမာ)မျိုးကို စိုက်ပျိုးလုပ်ကိုင်ကြ၏။ စစ်မဖြစ်မီ ၁၉၄၁ ခုနှစ်က ဂျုံမာ (ထမချောက်ဂျုံ) ဧကပေါင်း ၁၅ဝဝဝ (တစ်သောင်းခွဲ) ခန့် စိုက်ပျိုး၍ တစ်ဧကလျှင် ပေါင်ချိန် ၄၅ဝ ခန့်ထွက်သည်။ ရှမ်းပြည်နယ်တွင် ပေ ၃ဝဝဝ မှ ၄ဝဝဝ အထိ မြင့်သော ကုန်းပြင်မြင့်ဒေသတို့၌ သမပိုင်းရာသီဥတုနှင့် သင့်လျော်သော ဂျုံမျိုးကို စိုက်ပျိုးကြ၏။ ထိုဂျုံမျိုးမှာ ဥရောပ၊ ဩစတြေးလီးယားနှင့် အမေရိကန်တိုက်တို့၌ စိုက်ပျိုးသော နူးညံ့သည့် ဂျုံမျိုးနှင့်အတူတူပင်ဖြစ်လေသည်။ ယင်းဂျုံနူးညံ့ခေါ် ဂျုံပျော့မျိုးသည် တစ်ဧကလျှင် ပေါင်ချိန် ၇၅ဝ ခန့်ထွက်၏။ ရှမ်းပြည်နယ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက ဧကပေါင်း ၁ဝ,ဝဝဝ ခန့် စိုက်ပျိုးလေသည်။ စစ်မဖြစ်မီ ဂျုံနှင့် ဂျုံထွက်ပစ္စည်း၏ စီးပွားရောင်းဝယ်ရေး အခြေအနေ သည် အောက်ပါအတိုင်းပင် ဖြစ်ချေသည်။ ၁၉၄၁ ခုနှစ် စာရင်းဇယား အမျိုးအစား တန်ချိန် ကျပ်ငွေတန်ဖိုး ၁။ မြန်မာနိုင်ငံထွက်ဂျုံစေ့ ၆ဝဝဝ ၆ဝဝဝဝဝ ၂။ နိုင်ငံခြားမှဝယ်ယူသော ဂျုံစေ့(သွင်းကုန်) ၃၂၅ဝ ၃၅ဝဝဝဝ ၃။ ဂျုံမှုန့်(သွင်းကုန်) ၃ဝ'ဝဝဝ ၃'၈ဝဝဝဝဝ စုစုပေါင်း ၃၉ဝဝဝ ၃၇၅ဝဝဝဝ ဂျုံစေ့(နိုင်ငံထွက်နှင့် နိုင်ငံခြား)မှ အာဋာမှုန့်ခေါ် ဂျုံမှုန့်ရာနှုန်း ၉ဝ[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)