အနောက်နန်းမတော် မမြလေး

ဝီကီပီးဒီးယား မှ
(နန်းမတော် မမြလေး မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အနောက်နန်းမတော် မမြလေး[ပြင်ဆင်ရန်]

အနောက်နန်းမတော် မမြလေးကို သက္ကရာဇ် ၁၁၇၁ ခုနှစ်တွင် မွေးဖွားသည်။ လှိုင်ထိပ်ခေါင်တင်၏မယ်တော်ဖြစ်သည်။ အိမ်ရှေ့စံမင်းသားဖြစ်သော သာယာဝတီမင်း(ရွှေဘိုမင်း(ခ)ကုန်းဘောင်မင်း)က သူ၏နောင်တော် ဘကြီးတော်(စစ်ကိုင်းမင်း)ထံကနေ ထီးနန်းသိမ်းပိုက်ယူလိုက်သော သက္ကရာဇ် ၁၁၉၉ ခုနှစ်မှာ တေးကဗျာလင်္ကာ နှင့် တူရိယာများကို ကျွမ်းကျင်သည့် မမြလေးကို သိရိမဟာရတနာ စန္ဒာဒေဝီဘွဲ့အပ်နှင်းပြီး အနောက်နန်းမတော် အဖြစ်တင်မြောက်ခဲ့ပါသည်။ မမြကလေး ကိုယ်တိုင်ကလဲ ပတ်ပျိုးကဗျာလင်္ကာ အရေးကောင်းသူအဖြစ် နာမည်ကြီးသည်။ အနောက်နန်းမိဖုရား မမြကလေး၏ "သိင်္ဂါရွှေရောင်ပတ်ပျိုး" သည် သိင်္ဂုတ္တရ ကုန်းတော်အမြင့်မှနေ၍ အရပ် လေးမျက်နှာသို့ ရှုမျှော်ရာ ၌ မျက်ဝါးထင်ထင် တွေ့မြင်နေရသော ရှုခင်းအထွေထွေ၊ ရေမြေ တောတောင်၊ လျှိုမြောင်ချပ်ကြားနှင့် မြစ်ချောင်းအင်းအိုင်များကို ရှုစား၍ စာဆိုပီပီ ကုံးသီဖွဲ့နွဲ့ ထားခဲ့ခြင်း ဖြစ်ကြောင်း ကို လစိမ်းရောင်စို တောင်ညိုမြမှိုင်း၊ သီတာခွေလို့သာ ရေပတ်လည်ဝိုင်း" ဆိုသော သီချင်း တစ်ပုဒ် နှင့်ပင် လုံလောက်စွာ သိရှိနိုင်ပါသည်။

အမရပူရ နန်းတော်တွင်း၌ ယခု ယာယီ ဥက္ကလာပ စံနန်းတော်တွင်းတွင် မြဝတီမင်းကြီး၊ ပြင်စည်မင်းသား ကြီး နှင့် အနောက်နန်း မိဖုရား မမြကလေးတို့၏ သီချင်းကဗျာ ဂီတ အဖွဲ့အနွဲ့ တို့ကို ဖတ်ရွတ် သီဆိုမှု ပြုကြ သော နန်းတွင်းသား၊ နန်းတွင်းသူတို့၏ နှုတ်ဖျားတွင် ပြည်မင်းသား၏ သီချင်းတစ်ပုဒ်ကလည်း ကြိုကြား ပေါ်ပေါက်ခဲ့ပြန်ပါသည်။

ပြည်မင်းသားသည် (သာယာဝတီ) ရွှေဘိုမင်းတရားကြီး၏ သားတော်ကြီးတစ်ပါး ဖြစ်ပါသည်။ ဥက္ကလာပ စုန်တော် မူခဲ့ရာတွင် ရေတပ်တော်ကြီး၏ ရှေ့တပ်ဦးစီး ဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်တော်မူ၍ ၎င်း၏ ညီတော် ပခန်းမင်းသား အား နောက်တပ် ဗိုလ်ချုပ်၊ ဗိုလ်မှူးခန့်အပ်ပါသည်။ ခမည်းတော် ရွှေဘို မင်းတရားကြီး သည် သားတော်ကြီး ပြည်မင်းအား အလွန် ချစ်မြတ်နိုးတော်မူလှ၍ ငယ်စဉ်ကစပြီး နာမည် ကို မခေါ်ဘဲ "အစ်ကိုကြီး" ဟုသာ ချစ်စနိုး ခေါ်တော်မူလေ့ရှိပါသည်။ ပြည်မင်းသားသည် ကဗျာ ဂီတ ဘက် ၌လည်း ဝါသနာထုံတော်မူပါသည်။ မင်းတို့၌ တတ်မြောက်ကျွမ်းကျင်ရာသော လက်ရုံးရည် ဘက်တွင် သာမက နှလုံး ရည်ဘက်မှာလည်း အလေးအနက် ပြည့်၀ ကုံလုံသော မင်းသားကြီး တစ်ပါး ဖြစ်ပါသည်။

ပြည်မင်းသားက စာဆိုတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ရသူ စာဆိုဖော်၊ ကဗျာဂီတ ညှိနှိုင်း ဆွေးနွေးဖော် တို့မှာ သက်ကြီးပိုင်းမှ မြဝတီဝန်ကြီး ဦးစ၊ ပြင်စည်မင်းသားကြီး စသည်တို့ ဖြစ်၍ ၎င်း နှင့် သက်တူရွယ်မျှထဲက ဆိုလျှင် မိထွေးတော် အနောက်နန်း မိဖုရား မမြကလေးတို့ ဖြစ်ကြပါသည်။

သို့သော် အနောက်နန်းမိဖုရား မမြကလေးမှာ ခမည်းတော် ရွှေဘိုမင်းကြီး၏ နန်းရမိဖုရားကြီးတစ်ပါးဖြစ်၍ ပြည်မင်း နှင့် အသက်အရွယ်ချင်း တူသော်လည်း မိထွေးတော် ဖြစ်နေသောကြောင့် လေးစားရပေသည်။ ထိုမျှ မက အနောက်ပိုင်းခေါ် မင်း၏မိဖုရား မောင်းမများတို့ နေထိုင် စံမြန်းကြရသော အနောက် မိန်းမပိုင်း မှာ အနောက်ပိုင်းဆိုင်ရာ အနောက်ဝန်မင်း အုပ်ချုပ်သည့် မိန်းမစိုး၊ သူငယ်တော်စသော အစောင့် အရှောက် အထိန်းအကွပ်တွေ စည်းကမ်းတွေ အလွန်ကြီးရသော နန်းတွင်း ထုံးစံအတိုင်း မင်းယောက်ျား ပိုင်း နှင့် ကူးလူးယှက်သွယ်မှု၊ ပေါင်းသင်းဆက်ဆံမှုကို ကတ္တားခြားထားသဖြင့် အရောတဝင် နီးစပ်ခင်မင် ဆက်သွယ်မှု ကို သာမန် အရပ်သူ အရပ်သားများကဲ့သို့ လွတ်လပ်ခွင့်မရရှိပေ။

သို့ကြောင့် စာပေရေးရာ၌ ဆွေးနွေး မေးမြန်းမှု အတုံ့အလှယ် ပြုလိုသလောက် ခရီးမရောက်ခဲ့ကြဘဲ "မြလေးမေ ရေးသော သီချင်းသစ်များကို မောင်မောင် ဖတ်ရှုလို၍ ကိုယ်လုပ်တော် ရှင်မွေးတွင်ပုရပိုက် ကလေး ခေတ္တ ငှားတော်မူလိုက်စေလိုပါသည်" ... ဆိုသော ဆက်သွယ်မှုမျိုးလောက်သာရှိပါသည်။ မြကလေး ကလည်း ပြည်မင်းသားအား ရွှေဘိုမင်းတရားကြီး၏ သားတော်ကြီးဖြစ်၍ မိမိနှင့် အသက် အရွယ် ချင်း တူသော်လည်း ပြည်မင်းအား လေးစားစွာနှင့် "ပြည်ကိုယ်တော်" ဟူ၍လည်းကောင်း၊ "မောင်မောင်" ဟူ၍ လည်းကောင်း တလေးတစား အရေးထားခေါ်ဝေးပြောဆိုလေ့ရှိပါသည်။

ပြည်မင်းသား ကလည်း ရွယ်တူ ဖြစ်စေကာမူ မြကလေးဟူ၍ ရင်းရင်းနှီးနှီး မခေါ်ပိုင်၊ မိထွေး အမေကလေး နေရာ၌ ထားကာ "မြလေးမေ"ဟူ၍ "မေ"တစ်လုံး အလေးထား၍ ထည့်ခေါ်လေ့ ရှိပါသည် တဲ့။ ပြည်မင်းသား ထံမှ သူ သီကုံးထားသော ကဗျာဂီတများကို မြကလေးဖတ်ရှုစေရန် မကြာခဏ ကိုယ် လုပ်တော် ရှင်မွှေးအား စေလွှတ်ပေးပို့လေ့ရှိကြောင်း သိရှိခဲ့ရဖူးပါသည်။ ပြည်မင်းသား ရေးဖွဲ့သော သီချင်းများ အနက် အောက်ပါ ပတ်ပျိုးသီချင်းတစ်ပုဒ်ကို ထောက်ရှုခြင်းအားဖြင့်လည်း ပြည်မင်းသား၏ ပညာ ကို ရိုသေလေးစားခန့်ညားရန် တွေ့မြင်ရမည်ဖြစ်ပါသည်။

အနောက်နန်းမိဖုရား မြကလေးကလည်း အသက်အရွယ် ငယ်ငယ်၊ ချောချောလှလှ၊ ရွှေဘို မင်းတရားကြီး က သူ့ထက် "အသက်တစ်ပြန်ကြီးသူ" ဖြစ်သည်။ ရွှေဘိုမင်းတရားကြီး၏ သားတော် ကြီး ပြည်မင်းနှင့် မမြကလေး က သက်တူရွယ်တူ ဖြစ်နေရာ အနုပညာဂီတကဗျာ ဝါသနာထုံသူ နှလုံးသား ချင်းတူသူဖြစ်၍ ပြည်မင်း က မြကလေးအား ဖခမည်းတော်ကိုယ်စား သနားခြင်း၊ ညှာတာခြင်းများရှိပြီး ခမည်းတော်က မြကလေး အပေါ် ကြင်နာတော် မမူတော့သယောင် အခြေအနေတွင် တွေ့မြင် သိရှိရသော အခါ "အဖေ ကလည်း ဗျာ၊ သူ့ခမျာ သနားစရာကလေးပါ၊ ပစ်ပယ်မထားပါနဲ့" ဟု အရပ်သား သာမန်လူတန်း စား တို့လိုလည်း ပြောရဲမည် မဟုတ်လေတော့ စုတ်သပ်၍ သနားကြင်နာနေရုံမှတစ်ပါး အခြားမတတ်နိုင်ရှိခဲ့ ပါသည်။ စင်စစ် ရွှေဘိုမင်းတရားကြီးက အနောက်နန်းမိဖုရား မြကလေးကို မင်းသား ဘဝက ရန္တပိုစာချုပ်ကိစ္စနှင့် လာရင်း ဟင်္သာတမြို့ ရောက်စဉ်၌ တွေ့မြင် ကောက်ယူတော်မူခဲ့ပြီးလျှင် အလွန်ပင် ချစ်ခင်မြတ်နိုးတော်မူ ခဲ့ပါသည်။ မင်းမျိုးနွယ်အတွင်းမှ ကိုယ်လုပ်တော်ကြီးများကိုပင် နန်းရ၊ ဆောင်ရ မိဖုရားအရာ မပေးခဲ့ဘဲ သာမန် အရပ်သူ မြကလေးအား အနောက်နန်း မိဖုရားကြီးအရာမြှောက်၍ ရတနာအစုအပုံထက်၌ ဘိသိက် သွန်းခြင်း၊ "သီရိမဟာသုတ ရတနာဒေဝီ" အမည်နှင့် ရွှေဘွဲ့ချီတော်မူပြီး ရွှေလောင်းတိုက်ကို မြို့စား ပေး သနားတော်မူခဲ့သည်။ တောင်နန်းစံ မိဖုရားခေါင်ကြီးမှလွဲ၍ မြောက်နန်းမိဖုရား အလယ်နန်း မိဖုရားကြီးများ နှင့်အတူ အနောက်နန်း မိဖုရားကြီးအဖြစ် မြှောက်စားသနားတော်မူခဲ့ပါသည်။

ဘိုးတော်ဘုရားတို့ကဲ့သို့ မိဖုရားကိုယ်လုပ်တော် ငါးဆယ်ကျော် မရှိသူ ရွှေဘိုမင်းသည် မိဖုရားမများပါ။ မိဖုရား ခေါင်ကြီး နှင့် နန်းရ ဆောင်ရ မိဖုရား ကိုယ်လုပ်တော်တွေ စုစုပေါင်းမှ ၁၅ ဦးမျှသာရှိသူ ဖြစ် ပါသည်။

သည်တော့ ဟိုမိန်းမတွေဆီ သွားနေရတာကြောင့် မြလေးအတွက် ရက်မရခြင်း မဟုတ်ဘဲ အသက်အရွယ် တော် ကလည်း ထောက်လာပြီဖြစ်လို့ လောကီစည်းစိမ် ချိုးနှိမ် ခြိုးခြံပြီး တိုင်းရေး ပြည်ရေး၊ သာသနာ တော် အရေး ၌ အလေးသာ၍ နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု တစ်နည်းတစ်ဟန် ကြံဖန် သုံးသပ် ကြည့်မည် ဆို လျှင်လည်း ဖြစ်နိုင်ပါသေးသည်။ နောက်တစ်ချက် ဆွေးနွေး၍ အတွေးနယ်ချဲ့ဖို့ ကိစ္စတွေကဖြင့် မြကလေး၏ ဘဝမှာ နာကြည်းစရာတွေ တကယ် ပေါ်ပေါက်လာရခြင်းပင်ဖြစ်ပါသည်။

ရွှေဘိုမင်းတရားကြီးသည် အသက် ၃၀ အရွယ် သာယာဝတီမင်းသားဘဝက အနောက်နန်း မိဖုရား မမြကလေး အား ၁၁၈၈ ခုနှစ်တွင် သိမ်းပိုက်တော်မူပါသည်။ ၁၁၇၁ ခုနှစ်တွင် မွေးဖွားသူ မြကလေးသည် သာယာဝတီမင်း ကောက်ယူတော်မူစဉ်အခါက အသက် ၁၇ နှစ်မျှသာရှိပါသေးသည်။ သာယာဝတီမင်း သည် ဘကြီးတော် လက်ထက် သာယာဝတီ မင်းသားအဖြစ်နှင့် လွှတ်တက်မင်းသားကြီး အစီးအနင်း အဆောင် အရွက် ထက် လွန်ကဲ၍ အိမ်ရှေ့မင်းတို့ တာဝန်နီးနီး နိုင်ငံတာဝန် ထမ်းရွက်နေစဉ် ဖြစ်ပါသည်။

မမြကြုတ်ခေါ် မြကလေးသည် သာယာဝတီ မင်းသား၏ ကြင်ရာတော်ဘဝ၌ ပထမ သားဦးရတနာတစ်ပါး ထွန်းကား ပါသည်။ ၎င်းသားတော်သည် ငယ်စဉ်အခါကပင် ကွယ်လွန်အနိစ္စ ရောက်သွားပါသည်။ ထိုနောက် ၁၁၉၅ ခုနှစ်၊ မမြကလေး အသက် ၂၄ နှစ် အရောက်၊ သာယာဝတီမင်း၏ ကြင်ရာတော်အဖြစ် ၇ နှစ် မြောက် တွင် သမီးတော် လှိုင်မြို့စားကို ဖွားမြင်တော်မူပါသည်။

သမီးတော် ပုခက်တွင်းအရွယ်။ ထိုစဉ်က "အဖွားကြီး" ဟု ခမည်းတော်က ချစ်စနိုးခေါ်ခဲ့သော လှိုင်မြို့စား မင်းသမီး ၄ နှစ် အရွယ်သို့ ရောက်သောအခါ သာယာဝတီမင်းသည် ထီးနန်းရရှိပြီး ဘုရင်အဖြစ် ရောက်ခဲ့ ပါသည်။ ဘုရင် ဖြစ်သောအခါ အသက် ၅၀ ရှိနေပါပြီ။ ရွှေဘိုမင်းတရားဟုလည်း ခေါ်ပါသည်။ စာဆိုတော် များကမူ "ရွှေဘို ဘုန်းပွင့်ဘုရား" ဟုလည်း ခေါ်ဝေါ်သုံးနှုန်း ရေးသားလေ့ရှိကြပါသည်။ မမြကလေး အသက် ၁၈ နှစ်တွင် ရွှေဘိုမင်း အထွတ်အမြတ်ရောက်၍ အနောက်နန်း မိဖုရားအဖြစ် ရောက် သောအခါ (အရပ်သားပြော ပြောရလျှင်) အိမ်ထောင်သက် (၁၁)နှစ် ရှိခဲ့လေပြီ။ ရွှေဘိုမင်း အသက် ၄၀ အရွယ်တွင် မြကလေး အသက် ၁၇ နှစ် နှင့် အတူတကွ နေခဲ့ရသော ကာလ အပိုင်း အခြား သည်လည်း မနည်း တော့ပါ။ (၁၁)နှစ်ကာလ ကြာလေပြီ။

လှိုင်မင်းသမီးကလေးကို ဖွားမြင်ပြီးခဲ့သော နောက်ပိုင်း၌ မိဖုရားမြကလေးသည် တတိယမြောက် သားတော် ၂ ပါး အမြွှာ ညီနောင်ကို ဖွားမြင်ပြန်ပါသည်။ သို့သော် ထိုသားတော် အမြွှာ နှစ်ယောက်မှာ အသက် မရှည်၊ ငယ်စဉ်ကပဲ ကွယ်လွန် အနိစ္စ ရောက်သွားကြပါသည်။သက္ကရာဇ် ၁၂၀ရ ခုနှစ်မှာ သားတော်ပြည်မင်းသားအရေးတော်ပုံမှာ ပါဝင်တယ်လို့ ထင်မြင်ယူဆသောကြောင့် ယောအတွင်းဝန် ဦးဘိုးလှိုင်၏ အဖ ယင်းတော်ဝန်ကြီးနှင့် မမြလေးတို့ကို ကွပ်မျက်လိုက်ကြပါသည်။

နန်းမတော်မမြလေး ထပ်ဆင့်တည်ထားသည့် အမရပူရမှ နဂါးရုံဘုရား

ရေးစပ်ခဲ့သော သီချင်းကြီးများ[ပြင်ဆင်ရန်]

  1. ချစ်သမျှကို (ပတ်ပျိုး)
  2. ရွှေဖီဇင်ဂေါ် (ပတ်ပျိုး)
  3. စိန်ချယ်ခြူးသန်း (ပတ်ပျိုး) မွန်သံသီချင်း၊
  4. သိင်္ဂါရွှေရောင် (ပတ်ပျိုး)
  5. နဝရတ်ကယ်ရောင်စုံ (ပတ်ပျိုး)
  6. ပြာပြာညိုရောင်မှိုင်းတလဲ့လဲ့ (ပတ်ပျိုး)
  7. ရှိစုံရွက်ကြာ (ပတ်ပျိုး)

ကောင်းမှု စေတီများ[ပြင်ဆင်ရန်]

ရေလည်ကုသိနာရုံ ဆုတောင်းပြည့်မြတ်စွာဘုရား[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၁၂၀၅၊ ခရစ်နှစ် ၁၈၄၃-ခုနှစ် သူမကွယ်လွန်ခင် (၂)နှစ်အလိုက တည်ခဲ့သည်။ (ရှေးစာအရ အနောက်နန်းမတော်မမြလေးဟု ဆိုသော်လည်း ထိုဘုရားတွင် မမြတ်လေးဟု ရေးထိုးထားပါသည်။) စစ်ကိုင်း-မန္တလေးလမ်း ကနေလာမယ်ဆိုရင် ကန်တော်ကြီးအရှေ့ဘက်အဝင်လမ်းကနေ အနောက်တည့်တည့် ဝင်လာလိုက်မယ်ဆိုရင် ဇီဝိတ ဒါန သံဃာဆေးရုံကိုကျော်လိုက်ရင် ဒီမမြလေးဘုရားကိုရောက်ပါသည်။ ဘုရားအရှေ့ဘက်တွင် ပြည်ကြီးမွန်ဖောင်တော်ရှိပါသည်။ စောင်းတန်းတက်တက်ခြင်း အတွင်းလှိုဏ်ထဲကိုရောက်သွားမှာဖြစ်ပါသည်။ ဆင်းတုတော်ထားရှိရာနေရာသည် သိပ်မကျယ်ပြန့်ပါ။ ဘုရားပုရဝုဏ်၏ မြောက်ဘက်တွင် ကြီးမားသော ညောင်ပင်ကြီးရှိပါသည်။ မြောက်ဘက်ခြမ်းတွင် အနောက်နန်းမတော်မမြလေး ကုသိုလ်လို့ စာတမ်းထိုးထားသည့် ဇရပ်ကြီးတစ်ဆောင်ရှိပါသည်။ အနောက်ဘက်မှာ နတ်နန်းတစ်ခုနှင့် ရုပ်ထုတစ်ခု။ ကျိုက်ထီးရိုးပုံစံ စေတီငယ်တစ်ဆူ။ ဘုရားတောင်ဘက်ခြမ်းမှာ မမြလေး၏ ပုံစံငယ်ရုပ်ထုနှင့် နတ်နန်းတစ်ခု တည်ရှိလေသည်။

ကိုးကား[ပြင်ဆင်ရန်]