တကောင်းခေတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
တကောင်း နေပြည်တော်
Kingdom of Tagaung
၁ ရာစုခန့် – ၁၀၅၀ ခုနှစ်များခန့် Flag

Tagaung Kingdom တည်နေရာ
မြို့တော် တကောင်းမြို့
ဘာသာစကား ပျူဗမာ
အစိုးရစနစ် သက်ဦးဆံပိုင်
ခေတ်ကာလ Classical Antiquity
 - တည်ထောင် ၁ ရာစုခန့်

တကောင်း နေပြည်တော် သည် ပျူမြို့ပြနိုင်ငံ တစ်ခုဖြစ်ခဲ့သည်။ ပထမဆုံး မြန်မာ့သက်ဦးဆံပိုင် မင်းနေပြည်တော် တည်ရှိခဲ့မှုကို ကုန်းဘောင်ခေတ် ၁၈၃၂ ခုနှစ်တွင် မှန်နန်း ရာဇဝင် တွင် စတင်ဖော်ပြခဲ့သည်။ မှန်နန်းရာဇဝင်တွင် သာကီဝင်မင်းမျိုးသော အဘိရာဇာသည် ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမှီ နှစ်ပေါင်း သုံးရာကျော်က အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကာ တကောင်းမြို့ကို တည်ထောင်ခဲ့သည်ဟု ဆိုသည်။[၁]

သမိုင်းကြောင်း

တကောင်းကို အဘိရာဇာမင်းက စတင်တည်ထောင်ပြီး မင်း ( ၃၃ ) ဆက်မြောက် ဘိန္နက မင်းလက်ထက်တွင် ပထမ တကောင်း ပျက်စီးခဲ့သည်။ တကောင်းကို ဒုတိယ အကြိမ် ပြန်လည်ထူထောင်သူကား ဓဇရာဇာမင်း ဖြစ်သည်။ ဓဇရာဇာမင်းသည် ဘိန္နက ၏ မိဖုရား နာကဆိန်နှင့် စုံဖက်၍ ဆက်လက် စိုးစံသည်။ ထိုမင်းမှ စ၍ မင်းပေါင်း ( ၁၇ ) ဆက် စိုးစံခဲ့သည် ဟု ဆိုသည်။ ထို့ကြောင့် တကောင်းတွင် မင်းပေါင်း ( ၅၀ ) စိုးစံခဲ့ဖူးလေသည်။

သာကီဝင်မင်း အဘိရာဇာ၌ သားတော်နှစ်ပါးရှိသည်။ သားငယ်ဖြစ်သော ကံရာဇာငယ်သည် တကောင်းထီးနန်းကို ဆက်ခံလာသောအခါ၊ သားကြီးကံရာဇာကြီးမှာ အလုံးအရင်းနှင့် တကောင်းမှ ဧရာဝတီမြစ်ကို စုန်ခဲ့၍၊ ချင်းတွင်းမြစ်ကို ဆန်တက်ကာ၊ ကလေးကျေးတောင်ညိုအရပ်၌ ရာဇဂြိုဟ် အမည်ပေး၍ ခြောက်လ ဗိုလ်ဝင်ခံသည်။ ထိုနောက် ကစ္ပနဒီမြစ် အရှေ့ဘက်၌ ကျောက်ပန်းတောင်းမြို့ကို တည်ထောင်စိုးစံသည်။ ထိုကမှ ရခိုင်ပြည်တွင် မင်းဆက်ပြတ်နေသော ဓညဝတီမြို့ဟောင်းကို သိမ်းယူ၍ အုပ်ချုပ်သည်။ အဘိရာဇာမင်းမှစ၍ ရေတွက်သော်၊ ၃၃ ပါးမြောက် ဘိန္နကမင်းလက်ထက်တွင် တရုတ်တို့ ဝင်ရောက်နှောင့်ယှက်သဖြင့် တကောင်းပြည်ပျက်သည်။ ဘန္နိကမင်းနတ်ရွာစံသောအခါ၊ မိဖုရားနာဂဆိန်သည် နောက်လိုက်ဗိုလ်ပါတို့နှင့် ကျန်ရစ်၏။ တကောင်းကို ဒုတိယအကြိမ် တည်ထောင်သူကား အိန္ဒိယပြည်မြောက်ပိုင်းမှ ဓဇရာဇာဆိုသူ သာကီဝင်မင်းဖြစ်၍၊ ထိုမင်းသည် ဘန္နမင်း၏မိဖုရား နာဂဆိန်နှင့်ဆုံဖက်၍ စိုးစံသည်။ ထိုမင်းမှစ၍ မင်းပေါင်း ၁၇ ပါး တစ်ကောင်းတွင် စိုးစံကြသည်။ ထိုသို့ဖြင့် တကောင်းတွင် မင်းပေါင်း ၅ဝ စိုးစံခဲ့ဘူးလေသည်။


တကောင်းပြည်ကို သင်းတွဲပြည်ဟုလည်းခေါ်ကြသေး၏။ တကောင်းကို စတင်တည်ထောင်သည့်အချိန်က မြန်မာနိုင်ငံ အထက်ပိုင်း၌ ပျူလူမျိုး၊ အနောက်ဘက်၌ ကမ်းယံလူမျိုး၊ မြောက်ဘက်၌ သက်လူမျိုးဧရာဝတီသံလွင်စစ်တောင်းမြစ်ဝှမ်းတို့၌ မွန်လူမျိုးများ နေထိုင်ကြသည်ဟု သမိုင်းဆရာတို့က ယူဆသည်။ ထိုအခါက ပြည်မြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်ဟုလည်း မှတ်ယူကြသည်။


တကောင်းပြည်ကြီး၌ အဘိရာဇာ- သကျသာကီဝင်မင်းကြီးမှစ၍-

သားတော် - ကံရာဇာငယ်

သားတော် - ဇမ္ဗူဒီပရာဇာ

သားတော် - သင်္ဃသရာဇာ

သားတော် - ဝိပ္ပန္နရာဇာ

သားတော် - ဒေဝတရာဇာ

သားတော် - မုနိကရာဇာ

သားတော် - နာဂရာဇာ

သားတော် - ဣန္ဒရာဇာ

သားတော် - သမုတိရာဇာ

သားတော် - ဒေဝရာဇာ

သားတော် - မဟိန္ဒရာဇာ

သားတော် - ဝိမလိရာဇာ

သားတော် - သီဟနုရာဇာ

သားတော် - မင်္ဂနရာဇာ

သားတော် - ကလိင်္ဂရာဇာ

သားတော် - သင်းတွဲရာဇာ

သားတော် - သီဟဠရာဇာ

သားတော် - ဟံသရာဇာ

သားတော် - ဝရရာဇာ

သားတော် - အလောင်းရာဇာ

သားတော် - ကောလကရာဇာ

သားတော် - သူရိယရာဇာ

သားတော် - သင်ကြီးရာဇာ

သားတော် - တိုင်းချစ်ရာဇာ

သားတော် - မဓုရာဇာ

သားတော် - မင်းလှကြီးရာဇာ

သားတော် - သံသုသီဟရာဇာ

သားတော် - ဓနင်္ဂရာဇာ

သားတော် - ဟိန္ဒရာဇာ

သားတော် - မောရိယရာဇာ

သားတော် - ဘိန္နကရာဇာ

၃၃-ယောက်သောမင်းတို့ တကောင်းပြည်၌ အစဥ◌်အတိုင်း မင်းပြုခဲ့ကြပါသည်။

ဒုတိယအကြိမ် တကောင်းကို ပြန်လည်ထူထောင်သော မင်း ( ၁၇ )ဆက်မှာ-

၁။ သတိုးဇမ္ဗုဒီပဓဇရာဇာမင်း

၂။ သတိုးတိုင်းရမင်း

၃။ သတိုးရထားရမင်း

၄။ သတိုးတံခွန်ရမင်း

၅။ သတိုးလှံပျံရမင်း

၆။ သတိုးရွှေမင်း

၇။ သတိုးဂဠုန်ရမင်း

၈။ သတိုးနဂါးရမင်း

၉။ သတိုးနဂါးနိုင်မင်း

၁၀။ သတိုးရဟောလာမင်း

၁၁။ သတိုးပေါင်ရှည်မင်း

၁၂။ သတိုးကျောက်ရှည်မင်း

၁၃။ သတိုးဆင်လောက်မင်း

၁၄။ သတိုးဆင်ထိန်းမင်း

၁၅။ သတိုးတိုင်းချစ်မင်း

၁၆။ သတိုးမင်းကြီးမင်း

၁၇။ သတိုးမဟာရာဇာမင်း


ကိုးကား[ပြင်ဆင်ရန်]

  1. မှန်နန်း အတွဲ ၁ (၂၀၀၃): ၁၅၃–၁၅၄