ကုန်းဘောင်မင်းဆက်

ဝီကီပီးဒီးယား မှ

ကုန်းဘောင်မင်းဆက်[ပြင်ဆင်ရန်]

ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

ခရစ် ၁၇၅၂ ခု၊ မတ်လ (၁၁) ရက်နေ့တွင် ညောင်ရမ်းမင်းဆက်၏နောက်ဆုံးမင်း မဟာဓမ္မရာဇာဓိပတိ ခရစ်(၁၇၃၃-၅၂) နှင့် မိဘုရားတို့ ဟံသာဝတီသို့ပါတော်မူပြီးနောက် မြန်မာတစ်နိုင်ငံလုံးသည် အစုအစည်းမဲ့သော အခြေအနေသို့ ရောက်ရှိခဲ့တော့သည်။ သို့ကလို အဘက်ဘက်မှ ယိုယွင်းပျက်စီးပြိုလဲနေသော နိုင်ငံတော်ကြီးကို တတိယအကြိမ် တလုံးတစည်းတည်း စုစည်းတည်ထောင် စုရုံးနိုင်ခဲ့သူမှာ မုဆိုးဖို (ရွှေဘို)မှ ရွာသူကြီး ဦးအောင်ဇေယျ (ခေါ်) အလောင်းမင်းတရားကြီး ဖြစ်သည်။ ပုဂံခေတ်တွင် အနော်ရထာမင်းမြတ်သည် ပထမဦးစွာ မြန်မာနိုင်ငံတော်ကို စည်းရုံးနိုင်ခဲ့သည့်အပြင် အိမ်နီးချင်းနိုင်ငံများကိုပါ သိမ်းသွင်းခဲ့၍ အရှေ့တောင်အာရှတွင် မြန်မာ့အာဏာဆက်သည် ကျယ်ပြန့်ခဲ့သည်။ အလားတူပင် ဒုတိယအကြိမ် ဘုရင့်နောင်မင်းတရားကြီးနှင့် တတိယအကြိမ် အလောင်းမင်းတရားတို့သည်လည်း ပထမအကြိမ် အနော်ရထာမင်းမြတ်ကဲ့သို့ပင် နိုင်ငံတော်ကြီးကို စည်းရုံးနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံတော်၏ အာဏာဆက်ကိုလည်း ကျယ်ပြန့်နိုင်ခဲ့ကြသည်။

အင်းဝနေပြည်တော် မပျက်မီကပင် မုဆိုးဖိုရွာတွင် ဦးအောင်ဇေယျသည် ရွာ၏ အကြီးအကဲပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဦးအောင်ဇေယျသည် ပုဂံမင်းမျိုး မိုးညင်းမင်းတရားအဆက် မုဆိုးဖိုရွာသားဖြစ်ပြီး သူ၏ ဆွေမျိုးစုတွင်အကြီးအကဲ ဩဇာအာဏာရှိသူ ဖြစ်သည်။ သတင်းထင်ပေါ်ခဲ့၍ အင်းဝပျက်ပြီးသောအခါ ၁၇၅၂ ခု၊ ဧပြီလ (၉)ရက်နေ့တွင် မုဆိုးဖိုမြို့သူကြီး ဦးအောင်းဇေယျထံသို့ မွန်အင်အားစု လာရောက် သစ္စာပေးသည်။ တစ်နေ့တည်းမှာပင် ကွေ့မင်းဂုဏ္ဏအိန်အဖွဲ့လည်း လာရောက် သစ္စာပေးသည်။ ယင်းသို့ သစ္စာပေးသည်ကို ဥပါယ်တံမျဉ်ဖြင့် ငြင်းပယ်၍ခရစ် ၁၇၅၂ ခု၊ ဧပြီလ (၁၇)ရက်နေ့ မြို့သူကြီး ဦးအောင်ဇေယျသည် အလောင်းမင်းတရားဘွဲ့ဖြင့် ကုန်းဘောင်မင်းဆက်၏ ပထမဆုံးဘုရင်အဖြစ် ခံယူခဲ့လေသည်။ သို့ကလို ကုန်းဘောင်းမင်းဆက်ကို မြန်မာသက်ကရာဇ် ၁၁၁၅ ခုနှစ် တွင် တည်ထောင်သည်ကို အမှတ်ရလွယ်ကူစေရန် ဥဩအော်မြည် ကုန်းဘောင်တည် ဟူ၍ မှတ်သားထားခဲ့ကြလေသည်။

ဘာကြောင့်ခေါ်[ပြင်ဆင်ရန်]

ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေဝဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အဝ(အင်းဝ), တိုင်အောင် သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်မြောက်မင်းဖြစ်သော ဟံသာဝတီပါမင်းတရားကြီးလက်ထက် ရတနာပူရ အဝနေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓာတ်မြတ်ဓာတ်ထူးဖြစ်သော ဂဗ္ဘေ ဓာတ်ရိုက်၍ ကုန်းဘောင် မြို့တော်ဟု သမုတ်လေသည်။

ဦးမောင်မောင်တင် (K.S.M.A.T.M) ပြုစုသော 'ရွှေနန်းသုံး ဝေါဟာရအဘိဓာန်' တွင် 'ကုန်းဘောင်မြို့'ခေါ်ဝေါ်ခြင်းအကြောင်းကား မုဆိုးဖိုမြို့အရှေ့ အလောင်းစည်သူမင်းတည်ထားခဲ့သော ကုန်းဘောင်ရိုး၊ တောင်မြောက်တန်းလျက်ရှိသော ကုန်းဘောင်ရိုးကိုစွဲ၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။ ကုန်းဘောင်ပြည်ကြီးဟူ၍လည်း ကျော်စောထင်ရှားခဲ့သည်။ အလောင်မင်းတရားကြီးမှသည် သီပေါမင်းတိုင်အောင် ဤကုန်းဘောင်မင်း ဦးအောင်ဇေယျမှ စတင် ပေါက်ဖွားခဲ့ခြင်း ဖြစ်၍ ' ကုန်းဘောင်ဆယ့်တစ်ဆက်' ဟူ၍ သုံးနှုန်းလေ့ရှိကြသည်။ ကုန်းဘောင်ဟုခေါ်ခြင်း အခြားအကြောင်းမှာ အလောင်းမင်းတရားကြီး၏ ဘိုးတော်ဘီတော်အနွယ်ကား မဟာသမ္မတမင်းမှစ၍ အာဒိစဝံသထိအနွယ်လာ သာကီဝင်မင်းတို့၏ အဆက်အနွယ်တော်ဖြစ်ပေသည်။ ထိုမင်းဆက်ကို ဟံသာဝတီမင်းကို ဖျက်ပြန်လေသောကြောင့် သကျနန်းရိုး သတိုးအနွယ်တော် ပျက်လေသည်။ ဟံသာဝတီမွန်မင်းတို့ကား ရေနှင့်တူ၏။ ထိုရေကိုဖြတ်သန်းလွှမ်းမိုး၍ အလောင်းမင်းတရားကြီး၏ ရွှေဘုန်းတော်ဖြင့် အထက်က သကျနန်းရိုး သတိုးအနွယ်တော်ကို ဆက်ပြန်သည်ဖြစ်၍ အလောင်းမင်းတရားကြီးကား 'ကုန်းဘောင်' နှင့်တူသဖြင့် မင်းတရားကြီး၏ သားတော်အစဉ် မြေးတော်အဆက်ကို'ကုန်းဘောင်မင်းဆက်' ဟု နောင်အခါ ထင်ရှားလာသည်။

ကုန်းဘောင်မင်းဆက် လင်္ကာ[ပြင်ဆင်ရန်]

ကုန်းဘောင်မင်းဆက်မှာ အလောင်းမင်းတရားကြီး နန်းတက်သော သက္ကရာဇ် ၁၁၁၅ခု (ခရစ် ၁၇၅၃ ခုနှစ်) မှ ကုန်းဘောင်မင်းဆက် (၁၁)ဆက် မြောက်ဖြစ်သော သီပေါမင်းတရား အင်္ဂလိပ်လက်သို့ပါတော်မူသော သက္ကရာဇ် ၁၂၄၇ ခု(ခရစ် ၁၈၈၅ ခု) အထိ နှစ်ပေါင်း (၁၃၂) နှစ်ကာလကို ကုန်းဘောင်ခေတ် ဟူ၍ ပိုင်ခြား သတ်မှတ်ခဲ့ကြသည်။ ကုန်းဘောင်မင်းဆက်တို့၏ နန်းတက်နှစ်နှင့် နန်းသက်ကို နောင်လာနောက်သားတို့ အလွယ်တကူမှတ်မိစေရန် ရည်ရွယ်၍ လင်္ကာဖြင့် မှတ်တမ်းတင်ထားလေသည်။

  1. အ-အာ-အောင်လား၊လောင်းဘုရား၊ ရွှေဘိုရှစ်နှစ်ထား (၁၁၁၄ ခုနှစ်တွင် အလောင်းမင်းတရား ဦးအောင်ဇေယျသည် နန်းတက်၍ ရွှေဘိုတွင် ရှစ်နှစ်နန်းစံသည်)
  2. အိမ်-အား- ကျားခေါ်၊ သားနောင်တော်၊သုံးနှစ်ရွှေဘိုပျော် (၁၁၂၂ ခုနှစ်တွင် သားဖြစ်သူနောင်တော်နန်းတက်၍ ရွှေဘိုတွင် ၃ နှစ် နန်းစံသည်)
  3. ဦး-အောင်-ချီ-မူ၊ ညီဆင်ဖြူ၊ ဆယ့်သုံးရွှေဘိုအင်းဝယူ (၁၁၂၅ ခုတွင် ညီတော်ဆင်ဖြူရှင် ရွှေဘိုနှင့်အင်းဝတစ်လှည့်စီ ၁၃ နှစ်နန်းစံသည်)
  4. အုံ-အူ-စား-ရူး၊ သားစဉ့်ကူး၊ ငါးနှစ် အင်းဝမြူး။ (၁၁၃၈ ခုတွင် သားတော် စဉ့်ကူးမင်း အင်းဝတွင်၅ နှစ်နန်းစံ သည်)
  5. အိမ်-ဦး၊ လှော်-ဆား၊ နောင်တော်သားရက်မောင်မောင် အင်းဝထား။(၁၁၄၃ ခုတွင် နောင်တော်ကြီးမင်း၏သား (ဖောင်းကားစားမောင်မောင် အင်းဝတွင် ၇ ရက် နန်းစံသည်)
  6. လောင်းဘုရားသားဘိုးတော်ကား ထိုနှစ်တောင်မြို့သွား( သုံးဆယ့်ရှစ်နှစ်)ထား။(၁၁၄၃ ခု တွင်အလောင်းဘုရား၏သား ဘိုးတော်မင်းသည် တောင်မြို့ (အမရပူရ) တွင် ၃၈ နှစ် နန်းစံသည်)
  7. အုံး-အား- ရေး- အီး၊မြေးဘကြီး၊ ဆယ့်ရှစ်အင်းဝမှီး။(၁၁၈၁ ခုနှစ် မြေးတော်ဘကြီးတော်မင်းသည် အင်းဝတွင် ၁၈ နှစ် နန်းစံသည်)
  8. အောင့်-အီး-ဟီ-ဟောင် ညီကုန်းဘောင်၊ ကိုးနှစ်မြို့ရှောင် (၁၁၉၉ ခုတွင် ညီတော်ကုန်းဘောင်မင်းသည် တောင်မြို့(အမရပူရ)တွင် ၉ နှစ် နန်းစံသည်)
  9. အခေါင်နားရန်၊ သားပုဂံ၊ ခြောက်နှစ်တောင်မြို့ခံ။ (၁၂၀၈ ခုတွင် သားတော် ပုဂံမင်းသည် တောင်မြို့(အမရပူရ)တွင် ၆ နှစ် နန်းစံသည်)
  10. အင်း-ကံ-အားလုံး၊ ညီမင်းတုန်း (ဆ- ဝီ) မန်းမြို့ကုန်း (၁၂၁၄ ခုတွင် ညီတော် မင်းတုန်းမင်းသည် မန္တလေးတွင် ၂၆ နှစ် နန်းစံသည်)
  11. အုတ်-ကုန်း-လူနှော၊ သားသီပေါ ခွန်နစ်မန်းမြို့ပျော်။ (၁၂၄၀ ပြည့်နှစ်တွင် သားတော်သီပေါမင်း မန္တလေးမြို့တွင် ၇ နှစ် နန်းစံသည်) အင်း-ကော-လိပ်-တက်၊ မန်းမြို့ပျက်၊ နန်းသက်ကုန်ခဲ့ပြီ။( ၁၂၄၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်ကုန်ခဲ့ပြီဖြစ်သည်။)

ကုန်းဘောင်မင်းဆက်တွင် မင်း (၁၁) ပါးရှိသည်။ ယင်းမင်းတို့၏ အမည်နှင့် အုပ်စိုးခဲ့သောကာလများကို အောက်တွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် နယ်ချဲ့၏လက်အောက်သို့ ထိုကုန်းဘောင်မင်းများမှ မင်းသုံးပါးလက်ထက်တွင်တစ်စတစ်စနှင့် တစ်နိုင်ငံလုံးကျရောက်ခဲ့ခြင်း ဖြစ်သည်။ (၇) ဆက်မြောက် စစ်ကိုင်းမင်း(ဘကြီးတော်) လက်ထက်တွင် ရခိုင်နှင့် တနင်္သာရီတို့ကျရောက်ခဲ့ပြီး (၉) ဆက်မြောက် ပုဂံမင်းလက်ထက်တွင် မြန်မာနိုင်ငံတစ်ဝက် အောက်ပိုင်းကျရောက်ခဲ့ပြန်သည်။ (၁၁)ဆက်မြောက် သီပေါမင်းလက်ထက်တွင်မူ တစ်နိုင်ငံလုံးကျရောက်ခဲ့တော့သည်။ ပုဂံခေတ် မင်းခွေးချေးလက်ထက်တွင် တရုတ်က မြန်မာနိုင်ငံကို ဝင်ရောက် ကျူးကျော်တိုက်ခိုက်ခဲ့ရာ ပုသိမ်မြို့အထိဆုတ်ခွာပြေးခဲ့ရသဖြင့် မင်းခွေးချေးကို 'တရုတ်ပြေးမင်း'ဟု ခေါ်ခဲ့သည်။ အင်းဝခေတ် မဟာဓမ္မရာဇာဓိပတိမင်းလက်ထက်တွင် မွန်တို့၏လက်အောက်သို့ကျရောက်ခဲ့သဖြင့် ထိုမင်းကို ဟံသာဝတီရောက်မင်းဟုခေါ်ခြင်း ဖြစ်သည်။

ပုဂံခေတ် တရုတ်ပြေးမင်းလက်ထက်တွင် မြန်မာနိုင်ငံတော် အထက်ပိုင်းသာလျှင် တရုတ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့သည်။ အင်းဝခေတ် ဟံသာဝတီရောက်မင်း လက်ထက်တွင်မူ တိုင်းရင်သား အချင်းချင်းဖြစ်သော မွန်တို့၏လက်အောက်သို့ ကျရောက်ခဲ့ခြင်းသာဖြစ်သည်။ ကုန်းဘောင်ခေတ် သီပေါမင်းလက်ထက်တွင် အဂင်လိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ခြင်းမှာ ယခင် ကုန်းဘောင်မင်းနှစ်ပါး (စစ်ကိုင်းမင်းနှင့်ပုဂံမင်း)၏ လက်ထက်တွင် ကျရောက်ခဲ့ပြီးဖြစ်သောမြန်မာနိုင်ငံ သုံးပုံနှစ်ပုံမှ လက်ကျန်တစ်ပုံပါသွားပြီး တစ်ပြည်လုံးအနေအထားနှင့် ကျရောက်ခဲ့ခြင်း ဖြစ်သည်။

အမည်ငါးမျိုး[ပြင်ဆင်ရန်]

ကုန်းဘောင်မင်းဆက် စတင်ရာ ရွှေဘိုမြို့ကို 'ငါးမည်ရပြည်ရွှေဘို'ဟု ခေါ်ဝေါ်ကြသည်။ ၎င်းငါးမည်မှာ(၁) ရန်ကြီးအောင်၊(၂) ကုန်းဘောင်၊ (၃) ရွှေဘို၊(၄) မုဆိုးဖို၊(၅) ရတနသိင်္ဃ ဟူ၍ ဖြစ်သည်။ မုဆိုးဖိုတွင် အလောင်းမင်းတရား မင်းအဖြစ်သို့ ရောက်ရှိပြီး ၁၁၁၅ ခုနှစ်တွင် မြို့နန်းတည်သောအခါတွင်မှရန်ကြီးအောင်၊ ကုန်းဘောင်၊ ရွှေဘို၊ မုဆိုးဖို၊ ရတနသိင်္ဃ ဟူသော ကျန်လေးမည်သည် 'မုဆိုးဖို' ဟူသော ပင်စည်ပင်ရင်းမှ ဝေဆာ၍ဖြာထွက်ခဲ့သော အကိုင်းအခက်များသာ ဖြစ်ကြသည်။ သို့ဖြစ်၍ ကုန်းဘောင်မင်းဆက်ကို မုဆိုးဆက်ဟုလည်း ခေါ်သည်။ ပင်ရင်းမူလဖြစ်သော 'မုဆိုးဖို' အကြောင်းကို 'ကုန်းဘောင်မင်းဆက် မဟာရာဇဝင်ကြီး' ပထမတွဲ စာမျက်နှာ (၆၇) တွင်- "ဘေးလောင်းတော် နရပတိစည်သူမင်းတရားကြီး တိုင်းခွင်လှည့်လည်တော်မူသောအခါ ဤအရပ်သို့ရောက်လျှင် ငပိုအမည်ရှိသော မုဆိုးအား ပိုမြေနယ်နိမိတ် အပိုင်းအခြား ပေးအပ်၍ ဗောင်းဝန်းတိုက်အရပ်တွင် ဗောင်းဝန်းတော်ကိုထားသည်" ဟုရှိသည်။ ထို့ကြောင့် မုဆိုးဖိုသည် ပုဂံနရပတိစည်သူမင်း (ဒုတိယစည်သူ) ၏ လက်ထက်မှစ၍ ပေါ်ထွန်းလာသည်ဟု ဆိုရမည်။

ဦးကုလား၏ 'မဟာရာဇဝင်တော်ကြီး' ပထမတွဲ စာမျက်နှာ (၂၆၉) တွင်မူ- "နန်းစဉ်စာရင်းချုပ်ကြီးတွင် စစ်မက်ရေးရာ ပေါ်ပေါက်လာပါက စစ်သားစုဆောင်းပေးရသော အင်အားသတ်မှတ်ချက်အလိုက် သုံးသိန်းပြုမြို့ မှသည် နှစ်ကျိပ်ပြုမြို့အထိ စာရင်းတွင် နှစ်ရာပြုမြို့ (၁၃)မြို့တွင် မုဆိုးဖိုမြို့ပါဝင်လျက်ရှိသည်" ကို တွေ့ရှိရလေသည်။ မည်သို့ပင်ဆိုစေ မုဆိုးဖိုအမည်သည် ရွှေဘိုမြို့၏ မူလအမည် ဖြစ်သည်။ ပုဂံခေတ်ကျောက်စာများတွင်မုဆိုးဖို ဟူ၍ တွေ့ရှိရသည်။ အချို့ကျောက်စာများတွင် မုဆိုးပို ဟူ၍လည်း တွေ့ရသေးသည်။ မုဆိုးငပိုအား မြေနယ်နိမိတ် အပိုင်းအခြားပေးအပ်ရာမှ မုဆိုးငပိုကို အစွဲပြု၍ မုဆိုးပိုမှ မုဆိုးဖို ဖြစ်လာသည်ဟု ဆိုသည်။ အဂင်လိပ်သံအမတ် ကပ်ပတိန် ဂျော့ဘေကာ၏ ရတနာသိဃင်ခရီးသွားမှတ်တမ်း၌ မုဆိုးဖိုကား အလောင်းမင်းတရားကြီးစိုးစံသော နေပြည်တော် ဖြစ်သည်။ အုတ်မြေသားတို့ဖြင့် လုပ်သော မြို့ရိုးဝိုင်းရံထားသည့် နန်းမြို့ဖြစ်သည်။ မြို့ရိုးသည် (၁၂) ပေထုရှိပြီး ပေ (၂၀)မြင့်၏။ မြေမြို့ရိုးတစ်ဖက်စီ ၌ အလျားသည် အလှမ်း တာတစ်ထောင်ရှိမည်ဟု ကျွန်ုပ် ခန့်မှန်းမိသည်။ စတုဂံတံတိုင်းခတ်နန်းမြို့ ဖြစ်သည်။ နန်းမြို့တွင်း ၌ အိမ်ထောင်စုလေးထောင်ခန့် ရှိသည်။ မြစ်ရိုးမှ အတွင်းဘက်(၁၂) မိုင်အကွာ ညီညာသောမြေပြင်တွင် တည်ထားသောနန်းမြို့ဖြစ်သည်။ သို့သော် သဲမြေ၊ ဆားမြေ အလွန်ပေါသည်။ နေရာအနှံ့အပြား ၌ မြေမည်းများကို တွေ့ရ၏။ ယင်းမြေမည်းကို ကျိုချက်လိုက်ပါက ဆားများစွာ ထွက်သည်။ အနီးအနားဒေသများမှ အနည်းငယ် လုပ်အားစုက်ထုတ်လိုက်ရုံမျှနှင့် ယမ်းစိမ်းအမျိုးကောင်းရသည်။ လူများများ၏ လုပ်အားကိုသုံးလျှင် ယမ်းစိမ်း အမြောက်အမြား ရနိုင်သည်" ဟူ၍ ဖော်ပြထားသည်။

"ရတနာသိင်္ဃ" ဟူ၍ မှည့်ခေါ်ရခြင်းအကြောင်း မှာ ရတနာများစုဝေးရာဆုံရာ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ မဟာအတုလယသဓမ်မရာဇာဂုရုဆရာတော်ကြီး၏ နန်းစဉ်ပုစ်ဆာအဖြေတွင် " သိင်္ဃ ဆိုသည် ဆုံသည့်ရပ်" ဟုဖြေဆိုခဲ့၏။ မြို့တော်တည်ပြီး နှစ်ပေါင်း (၇၉) နှစ်အကြာ စစ်ကိုင်းမင်း(ဘကြီးတော်) လက်ထက် သီရီမဟာနန္ဒသင်္ကြန်မတ်ကြီး ရေးသားပြုစုသော 'သာသနာဝံသစာတမ်း' အရ 'သိင်္ဃ' ဟူသော ပါဠိဘာသာဖြင့် (လျင်သော) အနက်ကို ဟောသဖြင့် ထိုမင်း၏စည်းစိမ်သည် (မရှည်)စသည်ဖြင့် သိင်္ဃဟုမသင့်၊ သိခင်ဖြစ်သင့်ကြောင်း စောဒကတက်ခဲ့၏။ မည်သို့ဆိုစေ သိင်္ဃကို စတုတ်ထအက်ခရာ (ဃ) ဖြင့် ရေးသားခြင်းသာလျှင် သမိုင်းကြောင်းအရ အမှန်အကန်ဆုံးဖြစ်သည်။ 'ရန်ကြီးအောင်မြို့'ဟု ခေါ်ဝေါ်ခြင်းအကြောင်းမှာ အေဒီ ၁၇၅၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့မှစ၍ အလောင်းမင်းတရားကြီး မင်းဧကရာဇ်အဖြစ်ယူတော်မူကာ ရန်သူအပေါင်းအား အောင်မြင်ရာဖြစ်သောကြောင့် ဆိုသည်။ 'ရွှေဘိုမြို့'ဟု ခေါ်ဝေါ်ခြင်းမှာ မုဆိုးဖိုအမည်ကို ကဏ်ဏသုခဖြစ်စေရန် ရွှေဖို၊ ရွှေပို ဟူ၍ တင်စားခေါ်ဆိုရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အထက်ဖော်ပြပါ မြို့အမည်ငါးမျိုးမှာ ထင်ရှားသော်လည်း လူသိနည်းသော အမည်တစ်မျိုးလည်း ရှိသေးသည်။ ယင်းမှာ ပါဠိဘာသာအားဖြင့် မှည့်ခေါ်ထားသော 'အယုဇ်ဈပူရ'ဖြစ်သည်။ အလောင်းမင်းတရားကြီး ထုတ်ပြန်ခဲ့သော အမိန့်တော်များတွင် 'အယုဇ်ဈပူရမည်သော ရတနာသိဃင်ကုန်းဘောင်ရွှေပြည်ကြီး' ဟူ၍ အမြဲသုံးစွဲသည်။ ကုန်းဘောင်မင်းဆက် မဟာရာဇဝင်တော်ကြီးနှင့် မင်းတုန်းမင်းတရားကြီးရေးထိုးခဲ့သော ကျောက်စာများတွင် အယုဇ်ဈပူရ ဟူသော အသုံးအနှုန်းကို တွေ့နိုင်သည်။ အယုဇ်ဈပူရ၏အဓိပ်ပာယ်မှာ "စစ်ထိုးခြင်းငှာ မတတ်ကောင်းသောပြည်" ဟူ၍ ဖြစ်သည်။ ကုန်းဘောင်မင်းဆက်သည် မြန်မာသမိုင်း၌ နောက်ဆုံးမင်းဆက်ဖြစ်၍ လည်းကောင်း၊ မင်းဆက်မများဘဲမှတ်သာရန်လွယ်ကူ၍ လည်းကောင်း ယခုတိုင် မြန်မာတိုင်းလိုပင် လက်ချိုးရေတွက် ပြသနိုင်သည်။ ကုန်းဘောင်မင်းဆက်(၁၁) ဆက်ကို အလွယ်တကူရေတွက်ရန် အောက်ပါတေးတပ်ကို ရေးဖွဲ့ ထားလေသည်။

ကုန်းဘောင်မင်းဆက်တေးထပ်[ပြင်ဆင်ရန်]

  1. ဦးအောင်ဇေယျအမှူးမြောက်ထူးတစ်ယောက်တင်မူ၊
  2. (ဦးလောက်) ပ ဘုရင်တစ်ဆူ၊
  3. ဆင်ဖြူရှင်စခန်း
  4. စဉ့်ကူးမင်းကောင်းစားမီ၊
  5. ဖောင်းကားညီလုတဲ့ ရွှေနန်း၊
  6. ဦးဝိုင်းပ ပထမခေါင်ပျော်၊
  7. မြနောင်တော်ရေဖျန်းအမရဆောင်ပေါ် ဗွေကြငှန်းမှာလ၊ရွှေစာတမ်းဖွဲ့ပြန်၊
  8. ကုန်းဘောင်ပျော်နေလိုဝင်း၊
  9. ရွှေမင်းသားမြတ်ပုဂံချမ်းအေးဖို့ ပန်း မွှေးပန်၊
  10. မန္တလေးစံတောင်လက်ရုံးရယ်နှင့်မင်းတုန်းမင်း
  11. သီပေါအရှင် ထီးနန်းနှင့်ပလ်လင် ဆယ့်တစ်ဆက်အုပ်စိုးတင့် မုဆိုးဘုရင်စခန်းမို့လေး။

ကုန်းဘောင်မင်းဆက်တစ်ခုလုံးကို ခြုံ၍ကြည့်လိုက်လျှင် ဝမ်းသာစရာ၊ အားရစရာအချက်များ လည်းပါဝင်သည်။ ဝမ်းသာစရာအကြောင်းများလည်း ပါဝင်သည်။ ကုန်းဘောင်းမင်းဆက် ၌ မင်း (၁၁)ပါးရှိရာ ထိုမင်းများတွင် စွမ်းရည်သတ္တိ၊ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော မင်းကောင်းမင်းမြတ်ပါဝင်သလို မင်းသာမန်၊ မင်းညံ့များလည်း ပါဝင်သည်။ ကုန်းဘောင်မင်းဆက် ၌ ထင်ရှား၍ မြန်မာတို့ ဂုဏ်ယူဝင့်ကြွားလောက်သော မင်းများမှာအလောင်းမင်းတရားကြီး၊ ဆင်ဖြူရှင်၊ ဗဒုံမင်း (ဘိုးတော်ဘုရား)နှင့်ပဉ္စမသင်္ဂါယနတင် မင်းတုန်းမင်းတရားကြီးတို့ ဖြစ်ကြသည်။ ကုန်းဘောင်ခေတ်တွင် မြန်မာနိုင်ငံကို အကျယ်ဆုံးအထိ တိုးချဲ့စည်းရုံးနိုင်ခဲ့သည်။ သာသနာရေးကို အထူးဂရုစိုက်၍ ပြုစုခဲ့ကြသည်။ ကုသိုလ်ကောင်းမှူများ ပြုလုပ်ခဲ့ကြသည့်အပြင် သားကြီးငါးကြီးစားသောက်မှု၊ အရက်သေစာသောက်စားမှုတို့ကို တားမြစ်ခဲ့သည်။

ယင်းခေတ်တွင် ရဟန်းပညာရှိ၊ လူပညာရှိ နှင့်စာဆိုတော်များ အများအပြား ပေါ်ထွန်းခဲ့သည်။ မဇ္ဈိမဒေသမှ ယူဆောင်လာသော ဆေးကျမ်း၊ ဓာတ်ကျမ်းများကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ မြင်ကွန်းတောင်ပေါ်ကျောင်းဆရာတော် ဓမ္မဝိလာသ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူဘွဲ့ခံ ဦးထွန်းညို၊ ရှင်တေဇောသာရ၊ အတွင်းဝန် ဝဏ္ဏဓမ္မကျော်ထင်၊ ခေမာစာရမထေရ်၊ အမတ်ရာဇဗလ၊ ကျုံးဝန်ဘုမ္မဇေယျသင်္ကြန်၊ အမတ်လက်ဝဲဘိနန္သူ၊ ကင်းဝန်မင်းကြီး၊ ယောအတွင်းဝန် အစရှိသော ဓမ္မသတ်ဆရာကြီးများ၊ ကျမ်းပြုပုဂ္ဂိုလ်ကြီးများ ပေါ်ထွန်းခဲ့သည်။ ဦးတိုး၊ ကျည်းကန်ရှင်ကြီး၊ ဝက်မစွတ်၊ နဝဒေး၊ မင်းကြီးကတော် ခင်ဆုံ၊ စာဆိုတော်ဦးမင်း၊ ဖိုးသူတော်ဦးမင်း၊ အနောက်နန်းမတော် မမြလေး၊ လှိုင်ထိပ်ခေါင်တင် အစရှိသော စာဆိုတော်များ၊ ဦးကြင်ဥ၊ ဦးပုည အစရှိသော ပြဇာတ်ရေးဆရာများ ပေါ်ထွန်းခဲ့သည်။ ကုန်းဘောင်ခေတ်တွင် တေးထပ်၊ လေးဆစ်သဖြန်၊ ဘောလယ်၊ ယိုးဒယား၊ ပတ်ပျိုး၊ သီချင်းကြီးများ စသည်တို့ မြန်မာစာပေတွင် သစ်ဆန်းပေါ်ထွက်လာသည်။

ကုန်းဘောင်ခေတ် ဂီတစာဆိုတော်များအနက် မင်းလက်ဝဲနော်ရထာဘွဲ့ခံ ဦးနေ၊ ဦးလွန်းပြေ၊ စာဆိုတော် ဦးမြတ်လှ၊ အမတ်မင်းသိဂင်ရ၊ စာဆိုတော် မယ်လုပ်၊ဇေယျပတေ့အမတ်၊ ရွှေလိုက်စာရေးဦးမင်းအောင်၊ ငယ်တိုးအတွင်းဝန် ဦးကျီစိုး၊ မြဝတီမင်းကြီး ဦးစ၊ ပခန်းမင်းသားကြီး၊ သံတော်ဆင့် ဦးအောင်ပန်း၊ မင်းသားမောင်ကုတ်တေး၊ ဆိုင်းဆရာကြီး ဦးယား၊ စာဆိုဦးတရုတ်၊ မြင်စိုင်းမင်းသား၊ မြစ်ဝိုင်းမင်းသမီး၊ ပြင်စည်မင်းသား၊သာယာဝတီဦးဝိုင်း၊ ဦးကျောက်ခဲ၊ ဆောမြို့စား မင်းဦးစီး၊ စုံနံ့သာမြိုင်ဦးကြော့၊ စာရေးတော်ကြီး ဦးမောင်ကလေး၊ တဘက်ဆွဲရွစား ဦးမြတ်ရစ်၊ မောင်မောင်ဘ၊ မောင်မောင်ဘေ၊ ဆရာမွှန်းကြီး၊ တောင်သမန်လယ်စား ဦးဖေငယ်၊ ဒေဝဣန်ဒာ မောင်မောင်ကြီး၊ ဦးတေနောင်၊ ကန်နီစစ်ကဲ မင်းထင်ရာဇာ၊ မင်းကျော်ရာဇာ၊ နားခံတော်ဝေါကြီးမှူးဦးချုံ၊ စင်တော်ကြီးမင်းသား ဦးသာပြော စသည်တို့ မှာ ထင်ရှားလေသည်။ ကုန်းဘောင်ခေတ်၏ ပညာရေးနှင့် စပ်လျဉ်း၍ မြန်မာစာပေ သာမက ပြင်သစ်စာပေ၊ အဂင်လိပ်စာပေများကိုလည်း လေ့လာလိုက်စားကြသည်။ မန်တလေးမြို့တွင် အဂင်လိပစာသင်ကျောင်းပင် ပေါ်ပေါက်ခဲ့သည်။ ကုန်းဘောင်ခေတ်တွင် စစ်မှုထမ်းများကို ဘောင်းဘီများဝတ်ဆင်၍ အီတလီလူမျိုး၊ ပြင်သစ်လူမျိုးဆရာများနှင့် ကြပ်မတ် သင်ကြားစေသည်။ ရှေးအခါက မင်းမှုထမ်းကိစ်စအတွက် ခြေလျင်တော်၊ လှေလျင်တော် များကိုသာ အသုံးပြုသော်လည်း ၁၂၃၅ ခု (၁၈၇၃ ခုနှစ်)မှစ၍ ကြေးနန်းရုံတော်များ ပေါ်လာသည်။ မင်းတုန်းမင်းလက် ထက် ၌ စက်မှုလက်မှုလုပ်ငန်းများကို သင်ကြားရန် နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ စေလွှတ်သည်။ နေပြည်တော်တွင် ရက်ကန်းရုံတော်ကြီး၊ ဆန်ကြိတ်ရုံများ၊ လက်နက်လုပ်စက်ရုံ၊ လွှစက်ရုံ၊ သကြားစက်ရုံ၊ ဖန်ချက်ရုံ၊ မဲနယ်စက်ရုံ၊ ဒဂငါ်းစက်ရုံ စသည်ဖြင့် စက်မှုလက်မှုရုံပေါင်း (၅၀) ကျော်တို့ကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ထို့အပြင်မန်တလေး ရတနာပုံနန်းမြို့ အတွင်း ၌ စာပုံနှိပ်စက်မှ ရိုက်နှိပ်ထုတ်ဝေသော 'ရတနာပုံနေပြည်တော်သတင်းစာ 'အမည်ဖြင့် သတင်းစာပင် ပေါ်ပေါက်နေလေပြီ။ ကုန်းဘောင်ခေတ်တွင် ယဉ်ကျေးမှုဘက် ၌လည်း တိုးတက်လာသည်ကို တွေ့ရသည်။ ယဉ်ကျေးမှုဟုဆိုရာ ၌ အလှအပကို ဖန်တီးသမျှ ပညာရပ်များသာမက လူတို့၏အတွင်းစိတ်ကို လှပစေရန် ပြုပြင်ဖန်တီးပေးသော ကိုးကွယ်ယုံကြည်မှုများလည်း အကျုံးဝင်လေသည်။ ကုန်းဘောင်ခေတ်တွင် အရေးပါသော ဘာသာကြီးသုံးခုမှာ ဗုဒ်ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ်စလာမ်ဘာသာတို့ ဖြစ်သည်။ ဗုဒ်ဓသာသနာသည် မင်းနှင့်ပြည်သူအများစု ကိုးကွယ်သောဘာသာဖြစ်ပြီး ထေရဝါဒဗုဒ်ဓဘာသာမှာ အင်အားအကောင်းဆုံး ဖြစ်သည်။ သို့သော် ဂါထာမန်တရား၊ လက်ဖွဲ့၊ အင်းအိုင်၊ခါးလှည့်၊ယတြာ အစရှိသော မဟာယန ဗုဒ်ဓဘာသာအလေ့အထများကိုလည်း လက်ခံလျက်ရှိကြောင်း တွေ့ရ၏။ ဗုဒ်ဓဘာသာတွင် အတင်ဂိုဏ်းနှင့် အရုံဂိုဏ်း ကွဲပြားမှုသည် ညောင်ရမ်းခေတ်မှစတင်ပြီး ကုန်းဘောင်ခေတ်အထိ ရှိနေခဲ့၏။ သကင်န်းကို ပခုံးတစ်ဖက်မှာ တင်သွင်းလိုသော ရဟန်းသံဃာများက အတင်ဂိုဏ်းတွင် ပါဝင်ပြီး သကင်န်းကို လုံလုံခြုံခြုံရုံပြီးသွားမှသာလျှင် ဝိနည်းတော်နှင့်ညီသည်ဟုယူဆသော ရဟန်းများက အရုံဂိုဏ်းဝင်များ ဖြစ်ကြ၏။ ညောင်ရမ်းခေတ်ဘုရင်များက ၎င်းင်းပြဿနာများကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ နောင်တော်ကြီး (ဒီပဲယင်းမင်း) မင်းလက်ထက်တွင်လည်း အတင်ဂိုဏ်းကိုပင် အသိအမှတ်ပြုခဲ့၏။ ဆင်ဖြူရှင် (မြေဒူးမင်း) မင်းမှာလည်း စစ်မက်များတိုက်ခိုက်နေရသဖြင့် ၎င်းင်းပြဿနာ မဖြေရှင်းနိုင်ခဲ့ပေ။ စဉ့်ကူးမင်းလက်ထက်တွင် ဂိုဏ်းနှစ်ခုမှပုဂ်ဂိုလ်များကို အချေအတင်ပြောစေခဲ့သော်လည်း ဘုရင်က ပြတ်ပြတ်သားသား အဆုံးအဖြတ်မပေးနိုင်ခဲ့ပေ။ ဗဒုံမင်း (ဘိုးတော်ဘုရား)လက်ထက်တွင် နှစ်ဖက်ပုဂ်ဂိုလ်များ အချေအတင်ပြောစေသောအခါ အရုံဂိုဏ်းက ပိုင်နိုင်စွာ ပြောဆိုနိုင်သဖြင့် အရုံဂိုဏ်းကို မှန်ကန်သောဂိုဏ်းအဖြစ် အသိအမှတ်ပြုခဲ့၏။ ဗဒုံမင်းသည် ပြတ်သား၍ အတွေးအခေါ်အယူအဆကောင်းသူ ဖြစ်သည်။ ၎င်းင်းလက်ထက်မှာပင် သာသနာပြုရာထူး ပေါ်ပေါက်ခဲ့သည်။ မင်းတုန်းမင်းသည် ၎င်းင်းလက်ထက်တွင် ဗုဒ်ဓသာသနာကို တည်တံ့ခိုင်မြဲသန့်ရှင်းစေရန် ရည်ရွယ်သောအားဖြင့် ပဉ်စမသဂငါ်ယနာ တင်ခဲ့၏။ ခရစ်ယာန်သာသနာသည် ပေါ်တူဂီများနှင့် အတူ (၁၅) ရာစုမှစ၍ ရောက်လာခဲ့သည်ဟု ယူဆရန်ရှိသည်။ ပေါ်တူဂီတို့သည် လက်နက်အသစ်များ ကိုင်တွယ်တတ်သဖြင့် ဘုရင်တို့က မြှောက်စားခဲ့ကြ၏။ တောင်ငူခေတ်တွင် ရိုမင်ကတ်သလစ် သာသနာဝင်ဂိုဏ်းမှ သာသနာပြုများ အောက်မြန်မာနိုင်ငံသို့ ရောက်လာခဲ့ကြ၏။ ၎င်းင်းတိုမှာ သိပ်ပံပညာ၊ ဆေးပညာကျွမ်းကျင်သူများ ဖြစ်သောကြောင့် သာသနာပြုရာတွင် အခွင့်သာကြလေသည်။ ညောင်ရမ်းခေတ်တွင် ငစင်ကာ အုပ်ချုပ်နေသော သန်လျင်သိမ်းပိုက်ပြီးနောက် ခရစ်ဘာသာဝင်များကို စစ်ကိုင်းခရိုင်၊ ချောင်းဦး၊ ဒီပဲယင်းမြို့၊ မုံရွာ၊ အမြင့်၊ နဘက် စသည့် ရွာ(၁၆) ရွာတွင် နေရာချထားပေးခဲ့ကာ မိမိတို့အစုနှင့် နေထိုင်ကြပြီးသာသနာပြုပုဂ်ဂိုလ်များလည်း မကြာခဏရောက်ကြ၏။ လွတ်လပ်စွာကိုးကွယ်ခွင့်၊ကျမ်းစာလေ့လာခွင့်များ ရရှိခဲ့ကြ၏။ ကုန်းဘောင်ခေတ်ဦးပိုင်း ဟံသာဝတီကို အလောင်းမင်းတရား အောင်မြင်သောအချိန်တွင် မွန်တို့ဘက်မှဘက်မှ ပါဝင်ကူညီခဲ့သော ပြင်သစ်များကို အထက်မြန်မာနိုင်ငံ နဘက်၊ ချောင်းဦး စသောရွာများ အပါအဝင် (၁၂)ရွာ၌ နေရာချပေးခဲ့၏။ သာသနာပြုပုဂ်ဂိုလ်များက လက်တင်ဘာသာသင်ကြားပေးပြီး ပညာထူးချွန်သူများကို ရောမသို့ ပညာသင်ရန် စေလွှတ်ခဲ့လေသည်။ ၁၈၁၃ ခုတွင် နှစ်ခြင်းဂိုဏ်းမှ ဆရာယုဒသန် (ဒေါက်တာဂျပ်ဆင်) ရောက်လာပြီး သာသနာပြုလုပ်ငန်း စတင်ခဲ့၏။ ၎င်းင်းကိုယ်တိုင် မြန်မာစာပေကိုလေ့လာ၍ 'မြန်မာ- အဂင်လိပ်အဘိဓာန်'ကို ပြုစုခဲ့၏။ ၎င်းင်းဂိုဏ်းမှ သာသနာပြုပုဂ်ဂိုလ်များသည် အိမ်ထောင်ပြုခွင့်ရှိသဖြင့် ဇနီးပါလာသောကြောင့် သာသနာပြုလုပ်ငန်း ပိုမိုအောင်မြင်သည်ဟု ဆိုနိုင်ပေသည်။ ဇနီးများက မပြည့်စုံသော ကလေးသူငယ်များကို ကျွေးမွေးပြုစု၍ ပညာပေးခြင်း စသော လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လေ့ရှိကြ၏။ အောက်မြန်မာနိုင်ငံတွင် သာသနာပြုကျောင်းများ စတင်ဖွင့်လှစ်လာခဲ့ပြီး မင်းတုန်းမင်းလက်ထက်တွင် အဂင်လိကန်ဂိုဏ်းမှ သာသနာပြု ဒေါက်တာမတ် (ဆရာမှတ်ကြီး) ကို မန်တလေးသို့ ခေါ်ယူ၍ မြေနေရာနှင့် ငွေကြေး ထောက်ပံ့ခဲ့၏။ သာသနာပြုခွင့်၊ ကျောင်းဖွင့်ခွင့်ပေး၏။ အဓိကရည်ရွယ်ချက်မှာ သားတော်များကို အဂင်လိပ်စာသင်ကြားနိုင်ရေးပင် ဖြစ်သည်။ အစ်စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာထက်စော၍ မြန်မာနိုင်ငံသို့ ရောက်ရှိသည်ဟု ဆိုနိုင်သည်။ ပုဂံကျောက်စာအချို့တွင် ' ပန်သိယ်'၊' ပသည်' ဟု ရေးသားထားသဖြင့် ပုဂံခေတ်ကပင် အစ်စလာမ်ဘာသာဝင်များ ရှိလိမ့်မည်ဟု ဆိုနိုင်လေသည်။ ကုန်းဘောင်ခေတ် ရောက်သောအခါ မွတ်စလင်အများအပြား ရှိနေလေပြီ။ မဏိပူရမှလာသော မွတ်စလင်များကို' အက်ကပတ် ' ဟု ခေါ်ပြီး မြန်မာမွတ်စလင်များကို ' ဇေတပါဒီ ' ဟု ခေါ်လေ့ ရှိသည်။ စစ်မှုရေးရာနှင့် ကုန်သွယ်မှုတွင် ထူးချွန်သူများ ဖြစ်၏။ အက်ကပတ်မြင်းအစုသည် လွန်စွာ ထင်ရှားသော မြင်းမှုထမ်းများ ဖြစ်လေသည်။ အလောင်းဘုရားလက်ထက်မှ စ၍ မွတ်စလင်များ တိုးတက်လာရာ ဘိုးတော်ဘုရားလက်ထက်တွင် မွတ်စလင်စစ်မှုထမ်းများကို ညောင်ရမ်း၊ မိတ်ထီလာ၊ ရမည်းသင်း၊ ပင်းတလဲ၊ တဘက်ဆွဲ၊ မြေဒူး၊ ဒီပဲရင်း စသော ဒေသများ၌ နေမြေ၊ စားမြေပေးသည့် အပြင် အခွန်လွတ်ခွင့်လည်း ပေးခဲ့၏။ မွတ်စလင်တို့၏ ကုလားပျိုသေနတ်အစုမှာ ထင်ရှား၍ ဘုရင်၏ ယုံကြည်မှုခံယူရသူများဖြစ်သောကြောင့် နန်းတော်စောင့်တပ်၊ ကိုယ်ရံတော်တပ်များအဖြစ် အမှုထမ်းခဲ့ကြရ၏။ ၎င်းင်းတို့အတွက် ဗလီဆောက်လုပ်ရာတွင် ဘုရင်ကိုယ်တိုင် ရွှေပန်နက်စိုက်ပေးခဲ့ကြောင်း သိရပေသည်။ ဘိုးတော်ဘုရားလက်ထက်တွင် အိန်ဒိယသို့ သတင်းထောက်လှမ်းရန် စေလွှတ်ခံရသူများမှာလည်း မွတ်စလင်များပင် ဖြစ်ကြပြီးအထင်ရှားဆုံးမှာ ဦးရွှေတုတ် ဖြစ်၏။ မင်းတုန်းမင်းလက်ထက်တွင် ကြွယ်ဝသော မွတ်စလင်များကို ဘုရင်က သူဌေးဘွဲ့ပေးအပ်ခဲ့၏။ ဘုရင်က သဘေငာ်ဝယ်ယူအသုံးပြုသောအခါတွင် ဘုရင့်သဘေငာ်ကပ်ပိန်အဖြစ် အမှုထမ်းသော ဦးမြနှင့် လက်နက်ရုံ ကြီးကြပ်သူဦးပွင့်တို့မှာ မွတ်စလင်များပင် ဖြစ်သည်။ အထက်ပါ ဘာသာကြီးသုံးခုအပြင် ရှေးအခါက စ၍ အမြစ်တွယ်လာခဲ့သော နတ်နဂါးကိုးကွယ်မှုနှင့် ဗြဟ်မဏအယူဝါဒများလည်း ကုန်းဘောင်ခေတ်တွင် ဆက်လက် ရှင်သန်လျက်ပင် ရှိပေသည်။ ကုန်းဘောင်ခေတ်တွင် ဘာသာယုံကြည်ကိုးကွယ်မှုများ တိုးတက်ထွန်းကားခဲ့သလို ရုပ်ပိုင်းဆိုင်ရာ ဗိသုကာ၊ပန်းချီ၊ပန်းပု အစရှိသည့် အနုပညာရပ်များ နယ်ပယ်၌ လည်း ထွန်းကားခဲ့သည်ကို တွေ့ရလေသည်။ ဗိသုကာပညာရပ်နှင့် နှီးနွယ်နေသော ပန်းရန်၊ ပန်းတော့၊ ပန်းပွတ်၊ ပန်းပု၊ ပန်းချီ ပညာရပ်များ များစွာတိုးတက် ထွန်းကားလာခဲ့သည်။ ကုန်းဘောင်ခေတ်ပန်းချီပညာနှင့် ပတ်သက်၍ ရွှေရေးပန်းချီ၊ ယွန်းထိုးပန်းချီ၊ဆေးရေးပန်းချီ ဟူ၍ သုံးမျိုးသုံးစား ခွဲခြားနိုင်လေသည်။ ယွန်းထိုးပန်းချီမှာ ပုဂံခေတ်မှခတ်ခဲ့သော ပညာရပ် ဖြစ်သည်။ ယွန်းထည်ပေါ်တွင် ကညစ်ဖြင့်ရေးခြစ်ပြီး ဆေးရောင်သွင်းသော အတတ်ပညာ ဖြစ်၏။ ကုန်းဘောင်ခေတ်တွင် လူသုံးပစ်စည်းအဖြစ် ယွန်းထည်များကို ကျယ်ပြန့်စွာ သုံးစွဲခဲ့ကြသည်။ အဆင့်အတန်းအမြင့်ဆုံး ပင်မပန်းချီပညာရပ်မှာ ဆေးရေးပန်းချီ ဖြစ်သည်။ ၎င်းင်းပညာသည် ကမ်ဘာသုံးပန်း ချီပညာဖြစ်ပြီး ပုဂံခေတ်မှစ၍ အဆင့်အတန်းမြင့်ခဲ့လေသည်။ မြန်မာ- ဆေးရေးပန်းချီသည် ကနုတ်(ကြာခွေ၊ ကြာလိပ်၊ ကြာရိုး၊ ကြာစွယ်၊ ကြာရွက်၊ကြာဖူး စသည်တို့ပုံကို အခွေအလိပ်များအဖြစ် ရေးဆွဲခြင်းပြီး ခြူးပန်းခြူးနွယ်ဟူ၍လည်း သိရှိကြ၏။ )' နရီ ' (မိန်းမရုပ်ရေးဆွဲခြင်းကို ဆိုလိုသော်လည်း နောက်ပိုင်းတွင် လူရုပ်အမျိုးမျိုးရေးဆွဲခြင်း ပါဝင်လာ၏။)' ကပီ ' (မျောက်ရုပ် ဟု အဓိပ်ပာယ်ရှိသော်လည်း ဘီလူး၊ ဂဠုန်၊ နဂါး စသော အရုပ်များကို ကနုတ်ပန်းများနှင့် ရောနှောရေးဆွဲခြင်း ဖြစ်သည်။) ' ဂဇာ ' (ဆင်၊ မြင်းစသော တိရစ်ဆာန်များကို ကနုတ်ပန်း စသော အဆင်တန်ဆာမပါ ရိုးရိုးရေးဆွဲခြင်း ဖြစ်သည်။) ကုန်းဘောင်ခေတ်ဦး ပန်းချီလက်ရာများတွင် အနီးအဝေး၊ အလင်းအမှောင် မှန်ကန်မှုမရှိ၊ ဆေးရောင်အမျိုးအစားလည်း နည်းပါးသော်လည်း ခေတ်နှောင်းပိုင်းတွင် အဆင့်အတန်းမြင့်မားလာပြီး အနီးအဝေး၊ အလင်းအမှောင်၊ ဆေးရောင်များ ကောင်းမွန်လာသည်ကို တွေ့ရလေသည်။ ကုန်းဘောင်ခေတ်တွင် ဆေးရေးပန်းချီအမှုထမ်းများကို ပန်းချီတော်အဖြစ် ခန့်ထား၍ အဆောက်အအုံများအပြင် မိဘုရား၊သားတော်၊ သမီးတော်များ ဗဟုသုတပွားများစေရေးအတွက် လေ့လာကြည့်ရှုမှတ်သားရန် ငါးရာ့ငါးဆယ် နိပါတ်ရုပ်စုံများ၊ နန်းဓလေ့မှတ်တမ်းများကို ပုရပိုက်ဖြူများတွင် ဆေးရောင်စုံဖြင့် ရေးဆွဲစေခဲ့သည်။ ကုန်းဘောင်ခေတ် မြန်မာ့ပန်းချီ၏ ထူးခြားချက်မှာ အမြင်မှန်ရေးဆွဲနည်း ဖြစ်၏။ သက်ရှိ၊ သက်မဲ့အရာဝတ်ထုများ ရေးဆွဲးရာတွင် အိမ်နံရံစသည်တို့ကို ဖောက်ထွင်းမြင်ရပုံ ရေးဆွဲခြင်းပင် ဖြစ်သည်။ အသုံးပြုသောဆေးများမှာ အနီရောင်အတွက် ဟသင်ပြဒါး၊ အဝါအတွက် ဆေးဒန်း၊ အပြာအတွက် ဒုတ်ထာနှင့် မဲနယ်၊ အနက်အတွက်ကျပ်ခိုး၊ အဖြူအတွက် မြေဖြူနှင့်ထုံး တို့ဖြစ်သည်။ အစိမ်းရောင်ရရှိရန် ဆေးဒန်းနှင့် ဟသင်ပြဒါးရော၍သော်လည်းကောင်း၊ သစ်ရွက်ရည်ကိုသော်လည်းကောင်း သုံးလေ့ရှိ၏။ ၎င်းင်းပင်ရင်းဆေးရောင်များကို ရောစပ်ပြီး ပုစွန်ဆီ၊ဂဠုန်အန်ဖတ် (အညိုပုတ်) စသော အရောင်များရအောင် လုပ်ဆောင်လေ့ရှိကြ၏။ ဆီဆေးဖြင့်ရေးဆွဲရာတွင် ဆေးကို ပိုက်ဆံဆီနှင့် ရောနှောပြီး ရေးဆေးဖြင့် ရေးဆွဲသည့်အခါ တမာစေးနှင့် ရောလေ့ရှိ၏။ ပုံကြမ်းရေးဆွဲရန် မီးသွေး တောင့်ငယ်များရရှိရေးအတွက် သင့်လျော်သောအရွယ် ထင်းချောင်းငယ်များကို မီးဖုတ်ယူကြရ၏။ စုတ်တံကိုနွား၏နားအတွင်းမှ အမွေးနုများဖြင့် ပြုလုပ်ကြပေသည်။ ကုန်းဘောင်ခေတ်တွင် ကြေးထည်ဖြင့် ပြုလုပ်သော ပန်းတဉ်းလုပ်ငန်း၊ ကျောက်ဆစ်ပညာဖြစ်သော ပန်းတမော့လုပ်ငန်း၊ မှန်စီရွှေချလုပ်ငန်း၊ ပန်းပုလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ ပိုးထည်လုပ်ငန်း၊ ရွှေချည်ထိုးလုပ်ငန်း၊မျက်ပါးခတ်လုပ်ငန်းများလည်း ထွန်းကားခဲ့လေသည်။ ကုန်းဘောင်ခေတ်အတွင်း အခွန်တော်များစွာ ရစေသောလုပ်ငန်းမှာ မျက်ပါးခတ်လုပ်ငန်း ဖြစ်သည်။ ရွှေကိုပါးလွှာအောင်ခတ်၍ရွှေဆိုင်းများ လုပ်သော လုပ်ငန်းဖြစ်လေသည်။ ဤအကြောင်းအရာများကား မြန်မာတို့ခေတ်ကို အမီလိုက်လာပုံ၊တိုးတက်လာပုံကို ပြသသဖြင့် ဂုဏ်ယူဖွယ်ရာများ ဖြစ်တော့သည်။ ကုန်းဘောင်ခေတ်တွင် ဝမ်းနည်းစရာအဖြစ်အပျက်များကား နောင်တော်ကို ညီတော်များက ပုန်ကန်ခြင်း၊ ခမည်းတော်,ဘထွေးတော်များကို သားတော်၊တူတော်များက ပုန်ကန်ခြင်းများနှင့် နန်းတော်ထဲတွင် သူဘက်ငါ့ဘက် ဟူ၍ တကွဲကွဲအပြားပြား ဖြစ်နေကြခြင်းများ ဖြစ်သည်။ ကုန်းဘောင်မင်းများသည် မြို့တော်များ မကြာခဏ ရွေ့ပြောင်းခဲ့သည်။ သို့ရာတွင် ရန်ကုန်မြို့ကဲ့သို့ပင်လယ်ဆိပ်ကမ်းတွင် မြို့တော်မပြုလုပ်ခဲ့သဖြင့် ထွန်းကားနေသော စက်မှုလက်မှု တိုးတက်မှုများနှင့် အဆက်အသွယ်မရရှိခဲ့ပေ။ ထိုသို့မရရှိခဲ့ခြင်းပင်လျှင် မြန်မာနိုင်ငံ ဆုံးရှုံးရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်ဟု သမိုင်းဆရာတို့က ဆိုကြသည်။ မည်သို့ဆိုစေကာမူ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် မြန်မာ့မြေပေါ်၌ အဂင်လိပ်နှင့်ပြင်သစ်တို့ အပြိုင်အဆိုင် ဖြစ်နေကြသည်။ မြန်မာဘုရင်က ပြင်သစ်တို့အား အထူးအခွင့်အရေးများပေးပြီးလျှင် မဟာမိတ်စာချုပ်များ၊စီးပွားရေးစာချုပ်များ ချုပ်ဆိုသည်ကို အဂင်လိပ်တို့က အထူးမခံမရပ်ဖြစ်ကြသည်။ မြန်မာနိုင်ငံ အထက်ပိုင်းကို ပြင်သစ်တို့ သိမ်းပိုက်ခြင်း သို့မဟုတ် ဩဇာလွှမ်းမိုးခြင်းများ ပြုလုပ်မည်ကို စိုးရိမ်မကင်းဖြစ်ကြသဖြင့် အဂင်လိပ်တို့က မြန်မာနိုင်ငံအထက်ပိုင်းကို ပြင်သစ်တို့ထက် အလျင်အမြန် လက်ဦးမှုရရှိအောင် သိမ်းယူလိုက်ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် အနောက်လက်နက်နိုင်ငံကြီးများ စားခွက်လုမှုကြောင့် မြန်မာနိုင်ငံသည် ထီးသုဉ်း၊နန်းသုဉ်း၊မင်းသုဉ်းပြီးနောက် တစ်မျိုးသားလုံး ကျွန်ဘဝကရောက်ကာ မြန်မာဘုရင် သီပေါမင်းတရားသည် အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ပါတော်မူခဲ့ရပေသည်။ ထိုအချိန်မှစ၍ မြန်မာ့သမိုင်း ၌ မြန်မာနိုင်ငံတော်ကြီးကို တပေါင်းတစည်းတည်းဖြစ်အောင် ထူထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ ကုန်းဘောင်မင်းဆက်သည် (၁၁)ဆက်မြောက် သီပေါမင်းလက်ထက်တွင် စုံးစုံးမြုပ်ကာ မြန်မာ့သမိုင်းတွင် တိမ်မြုပ်ပျောက်ကွယ် သွားခဲ့ရပေသည်။

ကုန်းဘောင်မင်း ၁၁-ဆက် အကျဉ်း[ပြင်ဆင်ရန်]

အလောင်းမင်းတရား[ပြင်ဆင်ရန်]

(၁)ရွှေချက်သိုစေတီဒါယကာ အလောင်းမင်းတရားကြီးဟူသော ဘွဲ့တံဆိပ် နာမံတော်နှင့် ၁၁၁၄-ခုနှစ်နန်းတက် နန်းစည်းစိမ်ရှစ်နှစ်စံ၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၆-နှစ်၌ နတ်ရွာစံတော်မူသည်။ (အချို့ကား အိမ်နိမ့် ၃၇-နှစ်)

နောင်တော်ကြီးမင်း[ပြင်ဆင်ရန်]

(၂) အလောင်းမင်းတရားကြီး၏သားတော် စစ်ကိုင်းမင်း (နောင်တော်ကြီးမင်းဟုလည်းခေါ်) မဟာနန္ဒကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီး သိရီပဝရဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် ၁၁၂၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၃-နှစ်စံ၊ အိမ်နိမ့် ၂၆-နှစ်စံ၊ နံတော်အင်္ဂါသား၊ သက်တော် ၂၉-နှစ်၌ နတ်ရွာစံသည်၊ ငယ်အမည်မှာ မောင်လောက် ဖြစ်သည်။ ၎င်းလက်ထက်တွင် အလောင်းမင်းတရား၏ရဲဘက်တော်ဟောင်း မင်းခေါင်နော်ရထာ၏ပုန်ကန်မှု နှင့် ဘထွေးတော် တောင်ငူဘုရင်ခံ မင်းရဲသိင်္ခသူတို့၏ ပုန်ကန်မှု ကဲ့သို့သော ပုန်ကန်မှုများကို အောင်မြင်စွာနှိမ်နင်းနိုင်သည်။ ထူးခြားမှုအနေဖြင့် ပုန်ကန်သူများအား သေဒဏ်မပေးဘဲ နေမြဲစားမြဲအတိုင်းသာ စားစေသဖြင့် စိတ်နှလုံးကြီးမြတ်သော မင်းအဖြစ် နှောင်းဆရာတို့သတ်မှတ်ထားသည်။

ဆင်ဖြူရှင်မင်း[ပြင်ဆင်ရန်]

(၃)ညီတော် ဆင်ဖြူရှင်ခေါ် နိဗ္ဗာန်ဆိပ်ဦးစေတီတော် ဒါယကာ၊ တတိယ အဝမြို့တည်၊ ဆင်ဖြူရှင်မင်းတရား၊ သီရိပဝရ သုဓမ္မ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၂၅-ခုနှစ်၌နန်းတက်၍ နန်းစည်းစိမ် ၁၃-နှစ်၊ အိမ်နိမ့် ၂၇-နှစ်၊ နံတော် တနင်္ဂနွေသား၊ သက်တော်၄၀-နှစ်၌ နတ်ရွာစံ၊ (အချို့ကား နန်းစည်းစိမ် ၁၂-နှစ် ဟူသေး၏၊) အလောင်းမင်းတရားကြီး၏ဒုတိယသားတော်၊ငယ်မည် ဦးရွ။ အခြားလူသိများသည့် အမည်မှာ မြေဒူးမင်း ဖြစ်သည်။

စဉ့်ကူးမင်း[ပြင်ဆင်ရန်]

(၄)သားတော် စဉ့်ကူးမင်း၊ မိုးထိကျောင်းဒါယကာ ၁၁၃၈-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၆-နှစ်စံ၊ အိမ်နိမ့် ၂၀-နှစ်စံ၊ နံတော် တနင်္လာသား၊ သက်တော် ၂၆-နှစ်၌ နတ်ရွာစံ၊ ဆင်ဖြူရှင်မင်းတရား၏ဒုတိယသားတော်၊ ငယ်မည် မောင်ရဲလှ။

ဖောင်းကားစား မောင်မောင်[ပြင်ဆင်ရန်]

(၅)ဖောင်းကားမင်း ၁၁၄၃-ခုနှစ် နန်းတက်၍ နန်းစည်းစိမ် ၇-ရက်စံရသည်၊ အိမ်နိမ့် ၁၈-နှစ်စံ၊ နံတော် ကြာသပတေးသား၊ သက်တော် ၁၈-နှစ်၌ ကံတော်ကုန်၊ နောင်တော်ကြီးဘုရား၏ သားတော် ငယ်မည် မောင်မောင်။ဖောင်းကားစား မောင်မောင် ဟုအသိများသည်။

ဗဒုံမင်း[ပြင်ဆင်ရန်]

(၆)ဗဒုံမင်း(ခေါ်) ဘိုးတော်ဦးဝိုင်း (ခေါ်) ဆင်ဖြူများရှင်မင်းတရားကြီး (ခေါ်) ဘိုးတော်ဘုရား (ခေါ်) အောင်မြေလောကစေတီဒါယကာ အမရပူရ ပဌမမြို့တည် နန်းတည် မင်းတရားကြီး သိရီပဝရဝိဇယာနန္တ ယသတြိ ဘဝနာဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၁၄၃-ခုနှစ်နန်းတက်တော်မူ၍ နန်းစည်းစိမ် ၃၇-နှစ်၊ အိမ်နိမ့် ၃၈-နှစ်စံ၊ နံတော် တနင်းလာသား၊ သက်တော်၇၅-နှစ်၌ ကံတော်ကုန်၊ အလောင်းမင်းတရားကြီး၏ ဆဋ္ဌမမြောက်သားတော်၊ ငယ်မည် ဦးဝိုင်းဟူ၏။၎င်းလက်ထက်တွင် အောက်ပြည်အရပ်မှ မွန်တို့ သူပုန်ထသဖြင့် နှိမ်နှင်းရသေးသည်ဟုဆိုသည်။

ဘကြီးတော်[ပြင်ဆင်ရန်]

(၇)ဘကြီးတော်မင်း(ဖန်နန်းရှင်) မှန်နန်းရှင်ဘုရားခေါ် မဟာဝိဇယရံသီ စေတီဒါယကာ စတုတ္ထအဝမြို့တည် နန်းတည်မင်းတရားကြီး သိရီ တြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဘွဲ့ တံဆိပ်တော်ဖြင့် ၁၁၈၁-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၁၈-နှစ် (၁၉-နှစ်ဟုလည်း မူကွဲရှိသည်၊) အိမ်နိမ့်စံ ၃၄-နှစ်၊ နံတော် သောကြာသား၊ သက်တော် ၆၁-နှစ်၌ နတ်ရွာစံသည်ငယ်မည် မောင်စိန်။ မှတ်ချက်။ ။ နန်းကျပြီးနောက် ၈-နှစ်ကြာမှ နတ်ရွာစံသည် ဟူ၏။

သာယာဝတီမင်း[ပြင်ဆင်ရန်]

(၈)ညီတော် သာယာဝတီမင်း၊ ကုန်းဘောင်မင်းဟုလည်းကောင်း၊ရွှေဘိုမင်းဟုလည်းကောင်း ဟူ၏၊ လောကမဏိစူဠစေတီ ဒါယကာအမရပူရ ဒုတိယ မြို့တည် နန်းတည်မင်းတရားကြီး သိရီပဝရာဒိတျ လောကာဓိပတိ ဝိဇယမဟာဓမ္မရာဇာဓိရာဇာ-ဟူသော ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၁၉၉-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၉-နှစ်စံ၊ အိမ်နိမ့်၅၀-နှစ်စံ၊ နံတော် ဗုဒ္ဓဟူးသား၊ သက်တော် ၅၉-နှစ်၌ ကံတော်ကုန်သည်၊ ဘကြီးတော် (ဖန်နန်းရှင်) မှန်နန်းရှင်ဘုရား စစ်ကိုင်းမင်း ၏ ညီတော်၊ ငယ်မည် မောင်ခင်ဟူ၏။

ပုဂံမင်း[ပြင်ဆင်ရန်]

(၉)သားတော် ပုဂံမင်းခေါ် မဟာလောကရံသီစေတီ ဒါယကာ၊ သိရီသုဓမ္မ တိလောကပဝရ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့် ၁၂၀၈-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ် ၆-နှစ်စံ၊အိမ်နိမ့် ၃၅-နှစ်စံ၊ နံတော် သောကြာသား၊ သက်တော် ၄၁-နှစ်၌ နတ်ရွာစံသည်၊ ကုန်းဘောင်မင်းတရားကြီး၏သားတော်၊ ငယ်မည် မောင်ထောင်၊ ပုဂံမြို့စားဟူ၏။

မင်းတုန်းမင်း[ပြင်ဆင်ရန်]

(၁၀) ပုဂံမင်း၏ညီတော် မင်းတုန်းမင်းခေါ် မဟာလောကမာရဇိန်စေတီဒါယကာ မန္တလေးရတနာပုံ မြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင်ဘဝရှင်မင်းတရားကြီး သိရီပဝရ ဝိဇယာနန္တ ယသပဏ္ဍိတ တြိဘာဝနာဓိတျာဓိပတိ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တံဆိပ်တော်ဖြင့် ၁၂၁၄-ခုနှစ် နန်းတက်တော်မူ၍ နန်းစည်းစိမ်၂၆-နှစ်၊ အိမ်နိမ့်စံ ၃၈-နှစ်၊ နံတော် အင်္ဂါသား၊ သက်တော် ၆၄-နှစ်၌ နတ်ရွာစံသည်၊ ငယ်မည်မောင်လွင်ဟူ၏။

သီပေါမင်း[ပြင်ဆင်ရန်]

(၁၁) သားတော် သီပေါမင်း မာန်အောင်ရတနာစေတီ ဒါယိကာ မန္တလေး ရတနာပုံ ဒုတိယနန်းစံ၊ သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဘွဲ့တံဆိပ်နာမံတော်ဖြင့်၁၂၄၀-ခုနှစ်၌ နန်းတက်စံမြန်း၍ နန်းစည်းစိမ် ၇-နှစ်၊ နံတော် စနေသား၊ ငယ်မည် မောင်ရေစက်ဖြစ်လေသည်၊ ၁၂၄၇-ခုနှစ်၌ ဗြိတိသျှကိုလိုနီကုလားဖြူတို့က မင်းနှစ်ပါးအားဖမ်းယူလျက် မိမိတို့တိုင်းပြည်ကြီး ကိုသိမ်းပိုက်ကြီးစိုးကာ မြန်မာလူမျိုးတို့အား ကျွန်သဘောက်ဘဝထား၍ အမျိုးဘာသာ သာသနာကို ဖျက်ကြလေတော့သည်။

သုံးသပ်ချက်[ပြင်ဆင်ရန်]

ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ အလောင်းမင်းတရား မှသည်နောက်ဆုံး သီပေါမင်းအထိ မင်းဆက် ၁၁ ဆက်တိတိရှိသည်။ ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။ နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုပ်ဆောင်ရွက်သည်မရှိပဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။ သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး ၎င်းတို့မှာ ဘိုးတော်ဘုရား နှင့်မင်းတုန်းမင်းတို့ဖြစ်ကြသည်။ ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီး တည်ဆောင်ရန်ကြိုးပမ်းမှု နှင့် သာဿနာရေးဆိုင်ရာ အငြင်းအခုန်နှင့် ပြဿနာများကို ဖြေရှင်းရန်အားထုတ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသံဂါယနာတင်ခြင်းနှင့် ထိုမှတဆင့် ပိဋကပ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ပြီး ပူဇော်ခြင်းတို့ဖြင့် ကျော်ကြားရသည်။ ထိုမင်းဆက်သည် အခြားမြန်မာမင်းဆက်များ နီးတူ ကုန်းတွင်းပိတ်သဘာဝမှ ပင်လယ်ထွက်ပေါက်ရသည့် အခွင့်အရေးကို အသုံးမချနိုင်သကဲ့သို့ ပဒေသရာဇ် ပီသစွာပင် ထီးနန်းတည်မြဲရေးကို သာအဓိကထားကာ ကျူးကျော်လာသည် အင်္ဂလိပ်တို့ရန်ကို တွန်းလှန်ကာကွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အချိန်နှောင်းခဲ့သဖြင့် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ရန်သူနယ်ချဲ့အင်္ဂလိပ်တို့၏ အပြီးတိုင်သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။

ကုန်းဘောင်အိမ်တော်အကြီးအကဲများ[ပြင်ဆင်ရန်]

သီပေါ‌‌မင်းမြတ် နတ်ရွာစံပြီး၍ အသျှင်နန်းမတာ်စုဘုရားလတ် မြန်မာပြည်သို့ ကြွရောက်လာခဲ့ရာတွင် ကုန်း‌ေဘာင်အိမ်တော်အကြီးအကဲများသည် ဘုရင်စနစ်ချုပ်ငြိမ်းသည့်တိုင် ကျန်ရှိနသးရာ သမီးတော် အသျှင်ထိပ်စုမြတ်ဘုရားလတ်မှစပြီး ‌ေတွက်ထားသည်။

ကိုးကား[ပြင်ဆင်ရန်]