ယာ၊ ဦး

ဝီကီပီးဒီးယား မှ

တပေါင်းငယ်မှ ညှာကျင်-ချီ တပေါင်းလဖွဲ့ အဲချင်းရေးသူ ဦးယာကို မြန်မာနှစ် ၁၁၁၀ ခန့်(ခရစ်နှစ် ၁၇၄၈ ခန့်)တွင်ဖွားမြင်သည်။ စဉ့်ကူးမင်းနှင့် ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်တွင် အဲချင်းအရေးများသောကြောင့် အဲမောင်ယာဟုထင်ရှားသည်။မြန်မာနှစ် ၁၁၃၈-ခုနှစ် နန်းတက်သော စဉ့်ကူးမင်း လက်ထက်တွင် နေမျိုးမင်းလှကျော်သူဘွဲ့နှင့် မြောက်နန်းမိဖုရားကြီး မအူသူကြီးသမီး၏ အကြီးတော်အဖြစ်ဖြင့် ခန့်ထားချီးမြှင့်ခြင်းကို ခံရသည်။ ထိုမှစ၍ ရတုများ၊ အဲများကိုရေးသားသည့်အပြင် ညီတော်မင်းနန် ပျို့ကိုလည်း ရေးသားလေသည်။ စဉ့်ကူးမင်း လွန်သော် ၁၁၄၃-ခုနှစ် နန်းတက်သော ဘိုးတော်မင်းတရား လက်ထက်တွင် အမရပူရမြို့ဖွဲ့ ၁၂-ရာသီ လူးတားကို ရေးစပ်သီကုံး ပြီးသည်နောက်မှ ဘိုးတော်မင်းတရားကြီးက သားတော်ကြီး အိမ်ရှေ့မင်းထံ အမှုတော်ကို ဆက်လက်ထမ်းရွက်စေသည်။ နောက် ကွမ်းရေတော်ကိုင် ရာထူးဖြင့် ခန့်ထားခြင်းခံရသည်သာမက မုတ္တမမြို့ဝန်အဖြစ် သူကောင်းပြုခြင်းကိုလည်း ခံရသည်။ နောက်မကြာမီ ၁၁၄၇-ခုနှစ်တွင် အနိစ္စရောက်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)