ပြည်မင်းသားအရေးတော်ပုံ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာသမိုင်း ကုန်ဘောင်ရာဇဝင်တွင် လုပ်ရည် ကြံရည် ရှိ လျက် ကံ အကြောင်းမလှသဖြင့် မင်းအဖြစ်ကို မရသော မင်းသားများအနက် ပြည်မင်းသားနှင့်ကနောင်မင်းသားတို့မှာ သာယာဝတီမင်းမှ ဖွားတော်မူသော သားတော်များအနက် လက်ရုံး၇ည် နှင့်နှလုံးရည် ပြည့်ဝသော သားတော်များဖြစ်သည်အပြင် နန်းတွင်ပညာရှိ မှူးမတ် ပြည်သူများက ချစ်ခင်လေးစားသော မင်းသား ၂ပါးဖြစ်သည်။ သို့သော် ကံအကြောင်းမလှ သဖြင့် မင်းသား ၂ ပါးစလုံးမှာ မလိုသူများကြောင့် အချိန်မတိုင်ခင် ကံတော်ကုန် ကြရသည် မှာ နှမြောစရာကောင်းသလို မြန်မာပြည်အတွက် ကံဆိုးရခြင်းဖြစ်သည်။သာယာဝတီမင်း ထီးနန်းကို ပြည်မင်းသား ဆက်ခံနိုင်ပါက ဒုတိယ အ၈ၤလိပ်-မြန်မာ စစ်ပွဲသည် ဖြစ်လာနိုင်စရာ မရှိ ကြောင်း စာအုပ်အချိူ့တွင် သိမှီသူတို့က ရေးသားကြသည်။ပြည်မင်းသား အရေးတော်တွင် ထင်ရှားသော စစ်မှူး၊မြို့ဝန်၊မှူးမတ်တို့က ပြည်မင်းသားအား ကာကွယ်ပေးကြရာ အသက်ကိုပါ ပေးဆပ်လိုက်ရသဖြင့် တိုင်းပြည် အဖို့ လူစွမ်းအား ဆုံးရူံးပြန်သည်။ တကယ်တော့ ပြည်မင်းသား အရေးတော် ပုံ ဟာ ခမည်းတော် သာယာဝတီ မင်း၏ အချစ်ကြီး မူကြောင့် နောက်ဆက်တွဲ ပြသာနာ ဖြစ်သည်။ပြည်မင်းသားဟာ သာယာဝတီမင်းရဲ့ အားထားရသော သားတော်ကြီးဖြစ်သည်အပြင့် နန်းတွင်မှူးမတ် တို့က လေးစားကြည်ညိုကြပြီး သာယာဝတီ မင်းရဲ့အချစ်ဆုံးသားတော်လည်းဖြစ်သည်။ သာယာဝတီမင်း အမျက်တော်၇ှ ချိန် မှာတောင် ပြည်မင်းသားကို လွတ်တော် တက်ခွင့်သာ ပိတ်ပင်ပြီး စည်းစိမ်များကို ပေးသနားထိတောင် အချစ်တော်ပိုခဲ့သည်။ အများရှေ့မှာတောင် ပြည်မင်းသားအား အကိုကြီး ဟု ချစ်စနိုး ဖြစ်ခေါ်ခဲ့သည်။ပြည်မင်းသားအကြောင်းရေးပါက သာယာဝတီနှင့် ဘကြီးတော် အရေးတော်ပုံကို စရေး၇မည်။

နိဒါန်းစသော မိဘုရားခေါင်တင်မြှောက်ပွဲ

ဘိုးတော်ဘုရားတော် နတ်ရွှာစံသော အခါ အိမ်ရှေ့စံဘကြီၤးတော်မင်း(စစ်ကိုင်းမင်းသား)သည် ၇.၆.၁၉တွင် အမရပူရ ထီးနန်းကို သိမ်းပိုက်ပြီး နန်းသိမ်းပွဲခံယူတော်မူသည်။နန်းတက်စ ထုံးစံ အတိုင်း စော်ဘွားနှင့် လက်အောက်ခံနယ်စား၊မြို့စား သစ္စာတော်ပေး၊ချီးမြှင့်သင့်သူတို့ကိုဆုလဘာ်တော် ပေးသနားချီးမြှင့်ပေးသနားတော်မူလေသည်။အခွန်ကင်းလွင့် ခွင့် အမိန့်ပြန်တမ်းများ ထုတ်ပြန်တော်မူသည်။သို့သော် မကျေနပ်သူတို့က ဒုနဲ့ဒေး ။အထူးသဖြင့်ဆွေတော် မျိူးတော် အသိုင်းဝိုင်းက မကျေနပ်မူက ပိုကြီးထွားနေသည်။မဆိုင်သူတွေက မြို့စားရွှာစားတွေ ဖြစ်နေပြန်သည်။အထူးသဖြင့် စလင်းမြို့ ပေးသနားတော် မူသော မောင်အိုအား မဟာ တော်ဝင်မင်းသားတို့ အဆောင်ယောင်အတိုင်း ချီးမြှင့် မြှောက်စားမူက ပိုပြီး မကျေနပ်ဖြစ်ကြသည်။စလင်းမင်းသားမောင်အိုမှာ မိဘုရားမယ်နု၏(မိဘုရားခေါင်မဖြစ်သေး) မောင် ဖြစ်သည်။ထို့ကြောင့် သာမာန်ကျေးတောသားဘဝမှ ရွှေမင်းသားကြီး အဖြစ်ကို ရကြလေပီ။ဒါကို ဆွေးမျိူးတော် အပိုင်းက လုပ်ရက်တော် မူလေခြင်းဟု ပြောဆိုကြသည်။ဘကြီးတော်မှာ လည်း ဒီ အရေးထက် မိဘုရားခေါင် တင်မြှောက်ရေးကို တွေးပူနေသည်။နတ်ရွှာစံ မင်းတရားကြီး ချ မှတ်ထားသော နန်းတက်သောအခါ ပန်းတောင် မင်းသမီးကို မိဘုရားခေါင် တင်မြှောက်ပီး ညီ တော် သာယာဝတီမင်းသားကို အိမ်ရှေ့စံ ထား၇မည် အမိန့်ကို လည်း မလွန်ဆန်ရဲ့သလို မိမိ ချစ်သော မယ်နုလည်း မိဘုရားခေါင်ကြီး ဖြစ်စေလိုသည်။ပန်တောင်းမင်းသမီးမှာ အသက် ၁၂ နှစ် သာရှိသေးသည် အပြင် မိဘုရားတို့တက်အပ် သော အရည်းအချင်းဘည်းမရှိသေးပေ။ထို့ကြောင် နန်းကိုသာ စွန့်မည် အချစ်ကိုတော့မစွန့်နိုင်သော ဘုရားကြီးတော် ဘုရား ပြတ်သားမူကြောင့် ၈.၁၁.၁၈၁၉ ခုနှစ် နန်းသိမ်းပွဲတွင် မိဘုရားခေါင် အဖြစ် မိဘုရားမယ်နုကိုတင်မြှောက်ပီး မြို့ပတ်ကာ မင်းခမ်းမင်းနားနဲ့ ထွက်တော်မူတယ်။ဒါကလည်း မလိုသူတွေ ရှေ့မတိုးအောင် တားမြစ်လိုက်ခြင်းဘဲ။နောက်ပီး စလင်းမင်းသားမောင်အို ကို ချီးမြှောက်တာနဲ့ပက်သက်ပီး ညီတော်သာယာဝတီမင်းသား၊နှမတော်တောင်တွင်းမင်းသမီးနှင့် ဘထွေးတော် တောင်ငူစားတို့က ကန့်ကွက်တော်မူတာကို စလင်းစားနဲ့ ပက်သက်လို့ဘကြီးတော်က နောက်ထပ် ထပ်မတင်ရလို့ အမိန်ချမှတ်လိုက်တယ်။ဆွေမျိူးတော်များဘက်က လည်း အသဲနာနေကြတယ် ။သာမာန်ကျေးလတ်သူ မယ်နုကို တောင်ဝင်မင်းမျိူးတွေက ခစားရ မှာကို မလိုလားကြတာပေါ့။ဒါကြောင့်ဘထွေးတော်တောင်ငူစားနဲ့ယောက်ခမ ပြည်စားတို့ ပုန်ကန်ခြားနားဖို့ ပြင်ဆင်လာတယ်။ဘကြီးတော်လည်း သိသိချင်း အရေးယူတော် မူတယ်။တောင်ငူစား ဘထွေးတော်အား မင်းမျိူးတို့ထုံစံ အတိုင်း ရေချ ကွက်မျက်ေ လသည်။ပြည်စားကား ယောက်ဖမ ဖြစ်တာကြောင့် တကြိမ် ခွင့်လွှတ်လိုက်ပီး ရာထူးချ လိုက်သည်။(စစ်ကိုင်းမင် သားတော် ညောင်ရမ်းမင်းသားကား ပြညိစား၏ မြေးဖြစ်သည်။)ဆွေးမျိူးတော် အသိုင်းဝိုင်းမှာ ဘကြီးတော်ကို ကျိတ်ပီး အပြင်တင်နေရုံ မှ တပါး ဘာမှ မတက်နိုင်ပေ။နောက်ပီး ဘထွေးတော် တောင်ငူစားကား ဒီ အရေးမှာ အသက်ပေးသွားရ သည်ကို မကျေ နပ်ကြပေ။ နန်းမတော် မယ်နုကား ထို အချိန်မှ စပီး အာဏကို ချူပ်ကိုင်ပီး တစတစ နှင့် ရွှေဘိုနွယ်တို့နှင့်အပြိုင် အင်းအားတိုးချဲ့ အသုံးချ တော့သည်။မိမိတို့နှင့် သင့်မြတ်သူများကို မြို့စားရွှာစားပေးသာနား အတွင်းကြိတ် လူစုနေသည်။ဒါကို အိမ်ရှေ့ သာယာစတီ မင်းသားမှာ သိမြင်ပီး မိမိ အကို စစ်ကိုူင်းမင်း အား ထိန်းသိမ်း သင့် ကြောင်း လျောက်ထားမူရာ ဘုရင် မှာလည်း မယားဘက်ကို သိသိသာသာ ပ်ါနေသဖြင့် စိတ်မကောင်ဖြစ်နေရသည်။နောက် နန်းမတော် ဘုရားနှင့် စလင်းမင်းသားတို့က လူစုကာ ဆွေတော်မျိူးတော်များအပေါ် နိင်ထက် စီးနင်း ပြုလုပ်လာသည်က တကြောင်း သာယာဝတီမင်းသားက ရှေ့ရေးကို တွေးကာ ကြိုတင်ပြင်ဆင်လာရသည်။ ဆွေမျိူးတော်များက လည်း အိမ်ရှေ့စံ သာယာဝတီမင်းသား ခေါင်းဆောင်တင် မြှောက်ကာ အုပ်စုဖွဲ့ကာ ရန်စောင် နေ ကြသည်။ဘကြီးတော် မင်းကား အချိန်ရှိချိန် တွင် ဝါသနာကြီးလှ သော မြင်းစီး၊ဆင်ဖမ်း ခြင်းနှင့် သာ အချိန်ကုန်သည်က များသည်။တိုင်ရေးပြည် ရေးကို ညီတော် သာယာဝတီမင်းသားနှင့်မှူးမတ်တို့က စီမံ ခိုင်းထားသည်။ အကြံကြီးသူ နန်းမတော် မယ်နုကား အာဏာ ကို အသုံးချကာ မိမိလူများအား အစွမ်းကုန် ရာထူးပေးသနားပီး အချိန်အခါ ကောင်းကိုစောင့်နေသည်။ စလင်းမင်းသားမောင်အို မှာ ဘုရင် ယောက်ဖ အရှိန်ဝါ နှင့်မင်းဆွေ မင်းမျိူးတို့ အပေါ် အာဏာပြကာ လက်စောင်းထက်နေသဖြင့် မင်းဆွေမင်းမျိူးတို့ကာ မလူပ်ဝံ သာပေ။သို့သော် နန်းမတော်မယ်နုနှင့် စလင်းမင်းသားတို မှာ အိမ်ရှေ့စံသာယာဝတီ မင်းသာအပေါ်တော့ အာဏမပြရဲ့ပေ။သာယာဝတီ မင်းသားရဲ့ လက်ရုံးရည် နှင့်စွမ်းရည် ကို တော့ သိနှင့်အမ ျှ ချိူသာစွာ ဆက်ဆံပီး အချိူသတ်ထားသည်။ အတွင်းစိတ်မှာတော့ အပြုတ်တိုက်ရေးကို ဦးတည်နေသည်။စလင်းမင်းသားကလညိး တခြားမင်းဆွေ မင်းမျိူးတွေကို မလေးမစားလုပ်ရဲ သော်လည်း သာယာဝတီမင်းသားကိုတော့ လေးလေးစားပြုမူ၇သည်။ သို့သောါ မာန်ကတော့မချပေ။ သာယာဝတီ မင်းသားကလည်း သတိရှိရှိနှင့်ဆင်ခြင်နေပီ ကိုယ်ဘကိမလွန်အောင်ထိန်းထိန်း သိမ်း၂ အုပ်စီးတော်မူကာ စုစည်း ထားလေသည်။ မိမိအကိုတော်က အားမကိုးရသဖြင့် ကိုယ်ထူးကိုယ်ချွန် ရန်သာ ၇ှိတော့မဟုတ်ပေလား။သို့ကြောင့် ရွှေနန်းတော်အတွင်းမှာ နန်မးတော်မယ်နုတို့ အုပ်စုကား ဩဇာညောင်းလျက် ရှိပြီး ဆွေမျိူးတော် အုပ်စုကား အရှိန်ဝါ ကျဆင်းလျက် အာဏာချိန်ခွင်လျာကား တဖက်စောင်းနင်းဖြစ်နေသည်။နေပြည်တော်အနှ့ မှာ တဘောင်တွေ ပေါ်ပေါကလာတယ်။မြန်မာတို့ အတိတ် တဘောင် နှမိတ် တို့ကို လွန်စွာ ယုံကြည်တော်မူတာကြောင့် နားစွင့်ပီး ဘုရင့် ထံ လျောက်တင်ရတယ်။

မြို့တော် ပြောင်းချိန်[ပြင်ဆင်ရန်]

ကောင်းမြတ်တဲ့ အချိန်ခါ ၊ထိန်လျွှံ့သည် ရွှေဝ၊မယ်နှင့်မောင်တူစုံ ပြောင်းမယ်၊ကောင်းမြတ် ဌာန ဆိုတဲ့ တဘောင် ပေါ်လာတယ် ။မြို့ပြောင်းတဲ့ အနက်အဓိပါယ်ဘဲ၊မကြာပါ နမိတ်တွေပြလာ ခဲ့တယ်။ ၂၅.၄..၁၈၂၁ မှာ အမရပူရ တောင်ကုန်းတော် ရန်ကစပီး မီးလောင်တယ်၊ ရွှေနန်းတော် ပတ်လည်မှာ မီးလောင်တယ်။ အိမ်၊လွတ်တော်၊စွယ်တော်ကျောင်း၊ဗဟိုရ်ဝင်း၊မြောက်ဘက်တခါး မီးသင့်တယ်၊ဒါကြောင့် ပညာရှိတွေ က မြို့ပြောင်းဖို့အကြံပေးတယ်။ ဘကြီးတော် မင်းကလည်း စိတ်မြန်လက်မြန်ဘဲ မြို့ပြောင်းဖို့ သက်တော်ရှည် အမတ်ကြီး မဟာသီဟသူရ ကို ဒီ အရေး အပြီးလွှဲ လိုက်တယ်။၉.၆.၁၈၂၁ မှာ နန်းတက်မယ် မြေနေရာကိုကြည့်ရူကာ အုတ်ပန္ဒဒ်ချ တယ် ။နေရာ ကတော့ အင်း၀ နေပြည်တော်မှာ။၂၂.၁..၁၈၂၁ မှာ နန်းမတော် မယ်နုမှာ မယ်သဲ(နောင် ဆင်ဖြူမရှင် စုဖုရားလာဘ် မိခင်)ကို အမရပူရမှာ ဖွားမြင်တော်မူတယ်။၃.၃.၁၈၂၄ ခုနှစ်မှာ အင်းဝရွှေမြို့တော် ကို မင်းနှင့်ပြည်သူ ပြောင်းရွှေ့ စိုးစံတော်မူလေတယ်။ နန်းမတော် မယ်နု ၊စလင်းမင်းသားကြီးတို့က အလှူတန်းပြုလုပ်ခြင်းနှင့် အတူ သာယာဝတီမင်းသားကလည်း သားတော် သတိုးမင်းဖျားကို (နောင်ပြည်မင်းသား) အား နားထွင်းမင်္ဂလာ ပြု ရျှ် သိရိမဟာသုဓမ္မရာဇာ ဘွဲ့ချီးမြှင့်တော်မူတယ်။ထို့နောက် အခြေနေ ကား ငြိန်သက်လျက်ပင်ရှိလာသည်။ ၁၈၂၃ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ရှင်မဖြူ အရေး ခင်း ပေါ်ပေါက်လာတယ်။ တိုင်ရေး ပြည်ရေးမို့ အားလုံးက စိုးရိမ်စိတ်နဲ့ ဘကြီးတော် မင်းတရား ဆုံးဖြတ် ချက် စောင့်နေတယ်။နန်းညီလာခံ မှာ လည်း စစ်ရေး အတွက် အကြီးအကျယ်သဘောထားကွဲလွှဲကြတာကြောင့် ဘကြီးတော် အဖို့ စိတ်ကသိကအောက်ဖြစ်နေတယ်။ နန်းမတော် ဘုရားတို့ကား စစ်ကို တိုက်ချင်နေတယ် ။သာယာဝတီၤ မင်းနှင့် စစ်သူကြီးအချိူ့က စစ်ကို မတိုက်ချင်ကြသေဘူး။ မကြာသေးခင်က ကသည်းစော်ဘွားအရေးကို တိုက်ရာ မှာ အင်အားကလည်း မ၇ှိသေးကြောင့်စစ်ကို ရှောင်၇ှားသင့်ကြောင်း အကြံ ပေးကြတယ်။နောက်ဆုံးတော့ ချစ်တဲ့မယားနန်းမတော် မယ်နုစကား ဖယ်ရှား တော် မမူဘဲ အင်္ဂလိပ်နှင့်မြန်မာ တို့၁၈၂၄ စက်တင်ဘာ ၅ရက်နေ့မှာ စစ်ပွဲကို ဆင်နွှဲကြတယ်။သာယာဝတီမင်းကား တိုင်းပြည် အရေး သင်းတို့ လုပ်တာ နဲ့ ဒုက္ခရောက် မှာကို ရင်လေးပေမယ် ဘာမှ မလုပ်နိုင်ပေ။ နောက်ဆုံး စစ်ပွဲမှာ အိမ်ရှေမင်း့သာယာဝတီမင်းသား ကိုယ်တိုင် စစ်ချီထွက် တိုက်ကြတယ်။ သို့ သော် လက်နက်ချင်းကွာ ခြားတာကြောင့် မြန်မာ တို့ အရူံးပေးရပီး နာမည် စစ်သူကြီး မဟာဗန္ဒူလ ကိုယ်တိုင် ကျ ဆုံးတဲ့ အထိ အဆုံးရူံး ကြီးမားခဲ့တယ်။ရန္တပို စာချူပ် ချူပ်ပီး ရခိုင်နှင့် တင်္နသာ ရီ ကိုပါပေးလိုက်ရသည်။စစ်ရူံးသောကြောင့်လျော်ကြေးငွေ ကျပ်ဒင်္ဂါးပြား ၃ကုဋေ ပေး၇န်ရှိရာ ၄ ဆိုင်း ခွဲပီး လျော်ရသည်။ ငွေမလောက်သဖြင့်နန်းမတော် မိဘုရားပိုင် နန်းစဉ်ရတနာတို့ကို ရောင်းချသည် အထိ ဆိုးရွှားခဲ့သည်။ဒီစစ်ပွဲကြောင့်ရွှေနန်းတော် အတွင်းမှာ စိတ်ဝမ်းပိုကွဲကြသည်။သည်အထဲမယားနှင့်ညီတော် အရေးကလဲ မပြီးပြတ်သေးဘဲ တစခန်းထ လာသည်။ ဘကြီးတော် မင်းတရားလည်း ဒီစိတ်နှင့် အိပ်ယာထဲ လဲလေတော့သဖြင့် နန်းတွင်းရေးကို နန်းမတော် မယ်နု နှင့် စလင်းမင်းသားကြီးတို့မှာပိုမို ချူပ်ကိုင်လေသည်။စစ်ရူံးရာတွင် သူကြောင့်ကိုယ်ကြောင့်ဟူ၇ျ် ပြစ်တင်ရာမှာ မီးတောက်လာအသွင်ကို ဖန်တီးလာသည်။ ဘကြီးတော် မှာ အပြင်သို့ မထွက်တော့ဘဲ အတွင်းတော် မှာ စံနေသည်။နန်းမတော် မယ်နု ကား သူ့မောင် စလင်းစား မောင်အို ကိုနန်းရအောငိ ကြံစည် ရာ မှ သာယာဝတီမင်းသား၏ ပုန်ကန်မူ စတင် ဖြစ်ပေါ်လာခဲ့သည်။ စစ်ရူံးသည့်အကြောင်းပြကာ သာယာဝတီ မင်းသား၏ ဘက်တော်သားများ ကို ၇ှင်းထုတ်နေရာ မှ စတင် ဖြစ်လာသည်။ သာယာဝတီ မင်းသားကား အကို ဖြစ်သူ စစ်ကိုင်းမင်း အပါ် ချစ်ခင် လှ သဖြင့် ပုန်ကန်မူ အပြုဘဲ အဖြစ်အပျက်များ သိအောင် သွားရောက် လျောက်တင်သော်လည်း ဘကြီးတော်မင်း က ထွက်ရျ် ပင် မတွေ့ပေ။ ထို့ကြောင် သာယာဝတီ မင်းသားကား ဖြစ်နိုင်သည့် လမ်းကို မျော်လင့်နေသည် မှာ သဘာဝကျ သည်။ တဖက် တွင်လည်း နန်းမတော် မယ်နုတို့က ပြသာနာအား သာယာဝတီ မင်းသားအပေါ်ဦးတည် လာတာကြောင့် ရွှေးစရာ တလမ်းသာ ဖြစ်လာတော့သည်။မိမိမှာ ဖ ခမည်းတော် မရှိတည်က အကိုတော် စစ်ကိုင်းမင်းသားအား အဖလို အားကိုးထားခဲ့သည်။ သို့သော် စစ်ကိုင်းမင်းသားမှာ မိဘုရားခေါင်မယ်နု၏ ထိန်းချူပ်မူကို ရောက်နေသဖြင့် သာယာဝတီ မင်းသား မှာမဆုံးဖြတ်လို့ လို့မရသော အခြေနေဖြစ်လာသဖြင့် နောက်ဆုံးအကြီမ် တွေ့ဆုံရျ် အဖြစ်အပျက် များကို ရှင်းပြရန်ကြိုးပမ်းပြန်သည်။နန်းမတော် မယ်နု ၏ အရီးတော် သူ ပေါင်းတည် စား မယ်ပု မှ တဆင့် ဘကြီးတော် မင်းထံ လျောက် တင်စေရာ ဘကြီးကတော် က အတွေ့မခံသောကြောင့် နောက်ဆုံး ပုန်ကန်ရေး လမ်းစဉ်ကို ရွေးချယ်လိုက်ရသည်။ပုန်ကန်မူ ပြု ရန် အကြံပေးရာတွင် သားတော်ကြီး(နောင် ပြည်မင်းသား)နှင့် ယင်းတောဝန်ကြီး တို့က အလျင်အမြန် ပြုလုပ်သင့်ကြောင်း အကြံပေးမူကို နောက်ဆုံးသာယာဝတီ မင်းသားက လက်ခံလိုက်သည်။သို့သော် ကိုယ်ဘက်မလွန်စေရန် အား လုံး ကို ကြိုတင်မှာ ထားပီး အသင့်ရှိစေသည်။ နန်းမတော် မယ်နုနှင့်စလင်းမင်းသားကြီး မောင်အို တို့ကလည်း အခြေနေချက်ကောင်းအားကြည့်ရျ် သူပြုတ်ကိုယ်ပြုတ် ချရန် စောင့်နေကြသည်။ မကြာပါ ပုဂံမင်းသမီး အရေးခင်းက စလာသည်။မြို့တော်မှာ ဓားပြမူ ဖြစ်ရာ မင်္သကာသူ ပုံဂံ မင်းသမီး၏ စရေး ငရေး ကို တောင်ခံ ရာမှ ဖြစ်ပွားလာသည်။ငရေးကို တောင်းခံရာတွင် ပုဂံ မင်းသမီးက မပေးနိင်ကြောင်း ပြောရာ အိမ်တော်ထဲ ဝင် ဖမ်းသဖြင့်ပုဂံ မင်းသမီးမှာ သာယာဝတီ မင်းသား ထံသို့ထွက်ပြေးရသည်။အမှန် ငရေးမှာ သာမာန်ကိစ္စကြောင့် အိမ်တော်မှာ မရှိသဖြင့် မပေးနိုင်ကြောင်းပြောခြင်းကို စလင်းမင်းသားကြီးက ဖမ်းခိုင်းရာမှ ဖြစ်လာခြင်းပင်။ သာယာဝတီ မင်းသားထံ တောင်းရာတွင် နှမတော် ပုဂံ မင်းသမီးအား မပေးနိုငိကြောင်း ငရေး အား ဖမ်းလိုက မရှိကြောင်း ငြင်းလွတ်လိုက်သည်။ဒါကို ချက်ကောင်းစောင့်နေသူပီပီ ဘကြီးတော်မင်းထံ သာယာဝတီးမင်းသားက မပေးနိုင်ကြောင်းလျောက်တင်ရာမှ ဗြဲတိုက်သံတော်ဆင့်သိရကျော်ထင်နော်ရထာကို လွတ်ပီး ပေးခိုင်တယ်။ သာယာဝင်္တမင်သားက မင်းအမိန့် ဟာ မင်းအမိန့်ဘဲ မ၇ှိတဲ့သူကိုမပေးနိုင်ကြောင်းပြောကြားလိုက်တယ်။ဒါကို စလင်း အိမ်တော်တွင်း ဝင်ရှာဖို့ခွင့်ပြုမိန့်တောင်းရာ နောက်ဆုံး သာယာဝတီမင်းသား အိမ်တော်ထဲ ထိ ဝင်ရှာ မင်းမိန့် ထုတ်ပြန်လိုက်သည်။ ဘကြီးတော်မင်းလည်း အမှန်ကို လည်းမမြင် မယားပြောသမျှနားထောင်၇ျ် ညီအ၇င်းကိုပင် ရန်သူလို သဘောထားခဲ့သည်။စလင်း မင်းသားကြီးက ဘူရင့် မင်းတရား၏ အမိန့်ဟူရျ် သာယာဝတီမင်းသား၊ပုဂံမင်းသမီးတို့၏ အိမ်တော်ဝန်၊အတွင်းဝန်၊စရေးကြီးတို ကို ခေါ်ယူရျ် လူအားလုံးစုံမှ ဖမ်းချူပ်လိုက်သည်။ အစက အားလုံး အံအားသင့်သွားပြီး နောက်မှ စလင်းမင်းသားကြီး လက်ချက်မှန်းသိသွားသသည်။ယောက်ဖ ဘုရင်ကို ခုတုန်းလုပ်၇ျ် ပြသာနာရျာခြင်းပင်။နှမတော် ပုဂံတော် မင်းသမီးကား ဒီအရေးတွက် စိတ်သောက ရောက်နေရပြန်သည်။သူကစပီး ယှက်နွယ်လာသည့် ပြဿနာ ပင် မဟုတ်လား။မိမိနှင့်သာယာဝတီမင်းသားမှာ ရာဇဝတ်ဘေး မှာ နီးလာသည်ကို အလိုလို သိနေသည်။စလင်းမင်းသားကြီးက ဖမ်းထားတဲ့သူ အားလုံးနှင့် ငရေးနှင့်လှဲလယ်မည်ဖြစ်ကြောင်း သာယာဝတီ မင်းသားထံကို အကြောင်းကြားလိုက်သည်။ဒါဟာ သက်သက် ရန်ရှာ တာဖြစ်ကြောင်း သိလိုက်သည်။နေုပြည်တော်မှာ ဓားပြတိုက်တာ ငရေး ဆိုရင် ငရေးကိုသာလျင် ဖမ်းသင့် သည်။အခုတော့ မိမိကို ဦးတည် တာြ့ဖစ်သည်။ အိမ်ရှေ့သာယာဝတီ မင်းသားလည်း မိမိကို တခါ တည်း ဖမ်းတော့မည်ဖြစ်ကြောင်း အထောက်တော ်များမှ တဆင့် ကြားသိထားပီးဖြစ်တာကြောင့် ကြိုတင် ပြင်ဆင် ထားပီးဖြစ်သည်။မြို့လတ်ဝန်ကြီးနှင့်မြောက်ဒဝယ်ဗိုလ် တို့က အမူထမ်း ၂၀၀နှင့် သာယာဝတီ မင်းသား၊ပုဂံမင်းသမီး အိမ်တော် သို့ချီတက်သွားကြသည်။ သာယာဝတီ မင်းသားလည်း အစောင့်များကို အအုပ် အစည်း မပျက်စေဘဲ ရှိစေသည်။ဇတ်လမ်းကား စကြလေပီ။မြောက်ဒဝယ်ဗိုလ် ၏ ရှေ့ပြေးတပ်အဖြစ် သွေးသောက်ငခိုက ရဲဖက် ငါးဦးနှင့် အိမ်တော် ဝင်း သို့ အရင်ရောက်လာသည်။ မင်းတရား အမိန့် ဆိုေ တာ့ ဘယ်သူကိုမှ လူမထင် တော့ ဆောင့်ကြွားကြွား လာသည့် မှာ အမှန်ပင်။အရင်က သာယာဝတီ မင်းသားဟေ့ဆိုရင် ဒူးတုန်အောင်ကြောက်နေရသည်။အခု သူတို့လုပ်ချင်ရာကို လုပ်မယ်ပေါ့၊ဒါကို သာယာဝတီမင်းသား၏ အိမ်တော်ပါဝန်မှူး နေမျိူးဗနွူကျော် က အကျိုးနှင့်အကြောင်း ကောင်းကောင်းမွန်မွန် ပြောပြတယ်။တဦးနှင့်တဦး ကောင်းကောင်း မွန်မွန် ဆက်ဆံ ဖို့ အထူးသဖြင့်သာယာဝတီ မင်းသားကြီးကို ဂရုပြုဖို့ကောင်းတယ်ပေါ့။ဒါကို ငခို တို့က ဟားတိုက်ပီးရယ်တယ် ။သည်တော့ ဗနွူကျော် လည်း ဓားလွတ်ကို ဆွဲပြီး ပိုင်း လိုက်တော့ရာ ငခို အဖို့ အံအားသင့်ချိန်တောင်မရလိုက်ဘူး အသက်ပါထွက်သွားတော့တယ်။ မည်သူ ထင်မည် နည်း မင်းအမိန့်ကို ဖီ ဆန် မည်ဟု မင်းတရား၏ အမိန့်တော်ကြောင့် အားလုံး ပြားပြားဝပ်မည် ဟုသာ ထင်နေကြသည်။နောက်ပါ ရဲမက် ၅ ဦးလည်း ပြေးသူကပြေး လဲသူက လဲ နှင့် အိမ်တော်ဝင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်ချိန်တွင် မြို့လတ်ဝန်မင်းလည်း အိမ်တော်တော်ရှေ့အရောက် မှာ မြင်းကို အလျင်မြန်နှင်ရျ် ပြန်လည် ဆုတ်ခွာသည်။ သည်တွင် အရည် ်အချင်းမရှိသည့် လူတွေသာ များသည် ဘကြီးတော် နှင့်မိဘုရားခေါင် မယိနုတို့ကား အနုတ်လက္ခာပြနေသည်။ သာယာဝတီ မင်းသားနှင့်စစ်ကိုင်းမင်သား(ဘကြီးတော်မင်း) တွင် သာယာဝတီ မင်းသားသည် လုပ်ရည် ကြံရည် ၊သတ္တိ ဗျတ္တီ တွင် မက လာကဝတ် ဓမ္မသတ်တို့မှာ နှံစပ်ကျွမ်းကျင်သော မင်းသားတပါးဖြစ်သည်။စစ်ကိုင်းမင်းသား(ဘကြီးတော်မင်း) မှာ အနေအေးပီး ဘာသာရေးနှင့်သာမွေ့လျော်သော အနေမေးသော မင်းတပါးဟု မှတ်ယူရမည်။အရေးတော် ပုံမစမှီကလ ကတည်းက ထောက်တော်တို့အား နေရာ အနှံ မှာ စေလွတ်ထားသည်။ဒါကို နားနှငိ့မက မျက်စိဖွင့်ထားသည်။ မိမိ ကို အပြစ်ကြီးအောင် စလင်းမင်းသားကြီးနှင့်ကင်းဝန် ဦးကြွယ်ဝ၊ကျီးဝန် ဦးပါရောက်၊မြို့လတ်ဝန် မောင်ရေးနှင့်တလံဗိုလ် တို့အပေါင်းပါ များပင်ဖြစ်သည်။ သာယာဝတီမင်း လောကီ နက္ခ ဗေဒကြွမ်းကျင်သော သမီးတောိ တပါး၇ှိသသည်။ ထိုမင်းသမီး (နောင်စင်္ကြာဒေဝီ မင်းတုန်းမင်း မိဘုရားခေါင်ကြီး) အခါတော် ပေးချိန် တွင် တင်္နသာရီ တခါးမှ ထွက်တော်မူသည်။အရင်ဦးဆုံး မြစ်ဆိပ်သို့ချီတက် ပီး မစ်ဆိပ်တွင် သာယာဝတီမြို့မှ ဆက်သသော ရွှေတုံးတော် လှေကို စိး၇ျ် ဗညားဆိပ်ကမ်းမှ တဆင့် ရွှေဘို ကို သိမ်းပိုက်၇ျ် ပုန်ကန် ခြားနားခြင်းကို ပြု တော် မူသည်။သာယာဝတီ တွင် သာ၊သမီးနှင့်ကျေးကျွန်တော် များနောက်လိုက် ၇၀၀ရှိသည် မှတ်တမ်းများ အရသိရသည်။ သယာဝတီ မင်းသားသည် ရှေ့က အပြင်းနှင် ပီး ရွှေဘို သို့ ထွက်ခွာ ကြသည်။နောက်သား တော်ကြီး သတိုးမင်းဖျား (နောင်ပြည်မင်းသား)က နောက်က ခုံခံရန် အတွက် နောက်ချန် တပ်အဖြစ်လိုက်ပါသည်။ ရွှေဘို သည် အလောင်းမင်းတရား၏ အောင်မြေပင် မဟုတ်လား။ရွှေဘို မှာ ပင် ဗိုလ် ဝင် ခံ သည် အနီး နား စီ၇င် စု ၄၆ ရွှာက အလိုလျောက် ခို ဝင် ကြသည် အတွက် သာ ယာဝတီ မင်းသား မှာ ပိုမို အင်အားတောင့်တင်းလာသည်။နောက် ငရွှေဦး ဆိုသူအား မဟာမင်းလှ မင်းခေါင် ဘွဲ့ချီးမြှင့်ပီး သားတော် သတိုးမင်းဖျားနှင့်အတူ ရဲမက် နှစ်ထောင် မြင်း တစ်ရာ နှင့် ဗွက်စုရွှာ မှာ တပ်ချ နေစေလေသည်။ကင်းဝန်မင်းတပ်စုနှင့် ရတနာင်္သခ မြို့မှာ ခရီး ၃တိုင် အကွာ မှာ ဆုံမိ ပီး ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ကြသည်။ကင်းဝန် တပ်တွင်စစ်သည် အနည်းဆုံး ၄ထောင်၊ သေနတ်တွင် မက အမြှောက်ပါ ပါကြောင်း သတိုးမင်းထင်သည် သိသညိ အမျှ အနီးကပ် တိုက်ပွဲ အသွင် ပြောင်းလဲ တိုက်ပွဲ ဝင်ကြရာ စစ်ဆင်ရေး နည်းပရိယ် ကောင်းသော သာယာဝတီ မင်းသားတပ်က ပထမဆုံး အောင်ပွဲ ရလိုက်သည်။င်္ကျတိုက်ပွဲ တွင် သိတိုးမင်းထင် ကို သာယာဝတီ မင်းသားက ပိုမို အထင်ကြီးစေခဲ့သည် ။ သေနတ် အများပြားနှင့် အေ့မြှာက် များပင် သိမ်းဆည်းရမိသညိ အထိ အောင်မြင်ခဲ့သည်။ထို့နောက် ကျောက်မြောင်း မြို့ကို ထပ်မံ တိုက်ခိုက် သိမ်းပိုက်မိသဖြင့် အောင်ပွဲ မှာ ပိုမို ပီပြင်လာသည်။ နေပြည်တော် တပ်များမှာ အရူံးနှင့်သာ ရင် ဆိုင်နေရသဖြင့် စစ်ကိုင်းမြို့မှာ တပ်စွဲ ထားသည်။ ဘုရားကြီးတော် မင်းလည်း ကြာလျင် တိုင်းပြည် သွေးချောင်းစီးပီး နွားကွဲ လျင် ကျားဆွဲ လိမ့်မည် မိန့်ကာ နေပြည်တော်သို့ရောက်နေ သော အင်္ဂလိပ်သံအမတ် ဘာနေးအားကြားဝင် စေ့စပ်စေသည်။ သာယာဝတီ မင်းသား လည်း ငါသည် အကိုတော်ကို ပုန်ကန် မဟုတ် စလင်းမင်းသားနှင့် နန်းမတော် ဘုရားတို့ လုပ်ကြံမူကို ပုန်ကန်ခြင်းဖြစ် သည်။ဒီပြသာနာ ကြားထဲ မင်းတို့ ဝငိ မပါနဲ့ဟု ခပ်ပြတ်ပြတ် မိန့်တော် မူသည်။ထို့နောက် လူသူ လက်နက် စုဆောင်းကာ နောက် တပ်ကူအဖြစ် သားတော်ငယ် သတိုးမင်းစော ကို စေလွတ်ပြီး တပ်သုံးတပ်ခွဲ ကာ စစ်ကိုင်းမြီု့လုပ်ကြံရာ ၅ရက် အတွင်း အောင်မြင်တော် မူသည်။ ရတနာပူရအင်း၀ နှင့်ကား နီးကပ်နေသည်။ထို့နောက် သိတိုးမင်းဖျားတပ်က ရွှေကြက်ယက် ကမ်းသို့ကူးရျ် အနောက်မှ ဝိုင်းလေ သည်။ သတိုးမင်းစော လည်း အင်းဝကမ်းသို့ ကူးကာ မြို့ဝန်းရံ လိုက်လေသည်။အင်းဝမြို့ကား ပိတ်မိလေသည်။ ဘကြီးတော် မင်းလည်း ဒီတခါ တော့ ပြတ်သားရပေမည် မဟုတ်က စက်မက်ကြာ လေ ပြည်သူတွေ ဒုက္ခရောက်လေ မဟုတ်လား။ မင်ကောင်းမင်းမြတ် ဟူသသည်ကား ပြည်သူ တို့အရေးကို ဦးစားပေးရမှာ မင်းကျင့် မင်းတို့ ဝတ် ပင်။ရွှေနန်ေးတာ် ညီလာခံ ကား တိတ်ဆိတ် လေပီ။ နန်းမတော် ဖုရားမှာ မလှောင်မရီ သော အကြည့်ဖြင့်ရှေ့တည် တည့်သို့ ကြည့်နေလေသည်။ဘကြီးတော် လည်း နာမကျန်းဖြစ်သည်ကြားက အားယူကာ အမိန့်ကို ချမှတ်လေသည်။ညီတော် အလိုရှိသော မင်းသားစာရင်းတို့ကို အရင်ပေးပီးမှ ရွှေမြို့တော်ကို ပေးမည် ပီူရင် နန်းသိမ်းပွဲခံ ပေါ့ အမိန့်ချလိုက်သည်။ သတိုးမင်းဖျား လည်း အင်း၀ ရွှေနန်းကို သိမ်းယူတော် မူရန် စစ်ကိုင်းမြို့သို့ အရင် ကြွချီဖို့ ပင့်ဖတ့်တယ်။ သာယာဝတီမင်းသားလည်း စစ်ကိုင်းသို့ ကြွချီကာ အလို ရှိသော လူစာရင်းပေးလိုက်တယ်။စလင်းမင်းသား၊ပင်းတလဲစား ဆောမြို့စား အတွင်းဝန် ၊ဝန်ထောက်မင်းကြီးမဟာစည်သူ၊မြို့လတ်ဝန်ကြီး မင်းလှမင်းခေါင်ကျော်၊ကင်းဝန်မင်းကြီး မဟာ မင်းလှ ကျော်စွာ၊ ကျီဝန် မဟာ သီဟသူတို့ကို ပေးအပ်စေသည်။ ဆော မြို့စားဟာ ဒီအရေးမှာ မပါတာကြောင့် ပြန် လွတ်လိုက်တယ်။စလင်းစားနှင့် တိုင်ပင်သူ မဟုတ်သောကြောင့် ဖြစ်သည်။ နန်တော် အတွင်ဒမှာ ရှိ တဲ့ လကိနက် ဘဏ္ဏ တို့ကို စာရင်း တွ လွှဲပြောင်းပေးရတယ်။ နောက်တနေ့မှာ တပ်အားလုံးတကွ သားတော် နှစ်ပါး ခြံရံ လျက် အင်းဝသို့ကူးလာ မြီု့သိမ်းပွဲ ခံ ယူလေသည်။ အကိုတော် ဘကြီးတော် မင်းနှင့် မင်းဆွေမင်းမျိူးများက ကြိုဆိုကြသည်။ ဘကြီးတော် မင်းလည်း နန်တော် မြောက်စမုဒ်က ဆင်းပီး ဝေါယာဉ်ဖြင့်နန်းမြို့တော် အနောက်တခါးက ထွက်တော် မူသည်။ ဘကြီးတော်နှင့်အတူ နှမတောိ တောင်တွင်းကြီးမင်းသမီး၊ပုဂံ မင်းသမီး၊ရမည်းသင်းမင်းသမီး နှင့် မိဘုရားမယ်နု နှင့် မိထ္ထီလာမိဘုရားနှင့်ကိုယ်လုပ်တော် များလည်းပါဝင်သည်။ မဟာသကျ သီဟ ဘုရားအနီးက စံအိမ်တော်သို့ သားတော်ကြီး သတိုးမင်းဖျား ကိုယ်တိုင် ပို့ဆောင်တော် မူတယ်။သည် လို အားဖြင့် ဘကြီးတော် နှင့် နန်းမတော် မယ်နုတို့မှာ အိမ့်နိမ့်စံ ဘဝသို့ရောက်သွားသည်။နန်းမတော်မယ်နု မှာ အလိုရမက်ကြီးလွန်းသည် ရွှေနန်းပုလ္လင်ကို သူမောင့် မောင်အို အားရအောင်ကြံစည် ရာမှာ နန်းပုလ္လင် နီးကပ်သူ ညောင်ရမ်း မင်းသားက်ု ဝေးအောင်လုပ်ပြစ်ခဲ့သည်။စလင်းမင်းသားနှင့် အပေါင်းပါ တို့ကို အချူပ်ထောင်ထဲ့ ထည့်ထားရျ် မိဘုရားမယ်နု ၏ အင်အားကို ချိူးနှိမ့်လိုက်သည်။

နန်းသိမ်းပွဲ့ နှင့် ဘိသိက်ခံပွဲ[ပြင်ဆင်ရန်]

သာယာဝတီမင်းကို မြန်မာသက္ကရာဇ် ၁၂၀၂ နှခုနစ် တွင် နန်ူတက်တော်မူသာ်။ ရွှေဘို ကို အဖြေ ပြု အောင်မြင်သောကြောင့် ရွှေဘို မင်းဟုလည်း ခေါ်ဆိုပြန် သည်။သယာဝတီမင်းလည်း နန်းတက်စ ထုံစံ အတိုင်း ချိးမြှင့်မြှောက်စားမူပြုသသည်။သားတော်ကြီး သတိုင်းမငိးဖျား ပြည် မြို့ကို ပေးသနားသဖြင့် ပြည် မင်းသားဟု ခေါ်ဆိုကြသည်။ သတိုးမင်းစော ကို လည်း ပခန်းမြို့ကို ပေးသနားတော် မူသည်။(သိတိုးမင်းဖျားနှင့်သတိုး မင်းစော သည် မြောက်နန်းမိဘုရားမှ မွေးဖွားသော သားတော် နှစ်ပါးဖြစ်သည်၊အခါတော်ပေးသော သမီးတော် အား စကြာၤဒေဝီ ဘွဲ့ နှင့် တပင်တိုင် မင်းသမီးဘွဲ့အပြင် တခြားသူရဲ့ အသက်ကို ကယ်စေနိုင်သော ဆု ကို အထူးချီးမြှောက်တော်မူသည်။(စင်္ကြာဒေဝီ မင်းသမီးသည် ထင်ရှားသော မင်းသမီး၊မင်းသား၊အမတ်ကို တို့ကို မိမိပေးသနားဆု ကို အသုံးပြု ကာ ကယ်တင်ခဲ့သည် ။မင်သမီး သည် ပုဂံ မင်းသား(ပုဂံမင်း) နှမတော် ဖြစ်ပြီး မိဘုရာေးခါင်မှ မွေးဖွားသော သားတော် ၊သမီးတော် များဖြစ်သည်။သားတော် ရွှေတောင်စားကိုလည်း ပုဂံ မြို့ကို ပေးသနားတော် မူတယ်။ မိဘုရား မမြကြုပ်ကို တော့ အနောက်နန်းကို ပေးကာ ရွှေလောင်းတိုက်မြို့ ကို ပေးသနားတော် မူတယ်။(အနောက်နန်း၊အလယ်နန်းနှင့်မြောက်နန်းတို့ကို တော်ဝင် မင်းသမီး မျိူရိူးကို ပေးသနားရသည်ဖြစ်ရာ သာယာဝတီ မင်းသသည် သာမာန်ကျေးလကသူ မမြလေးကို ပေသနားသဖြင့် မည်မျှ အချစ်တော် ပို သည ်ကို သိ ရှိ နိုင်သည်။ဒါ ကြောင့် အနောက်နန်းမိဘုရား မမြလေး ဟု ကျော်ကြားသည်။မမြလေးမှာ စာပေ ၊ဂီတ ဝါသနာမွေ့ လျော်သူဖြစ်သဖြင့် သာယာဝတီ မင်းခတ်က မျေှှာ်တော်ယောင် ပတ်ပျိူး အများစု ကို ရေးဖွဲ့ခဲ့သည်။ ထို့ပြင် ပြင်စည်မင်းသား၊ပြည် မင်းသားတို့၏ သီချင်း သံ များမှာ လည်း ရွှေနန်းတော် တခွင် ပျံ လွင့် လျက် ရှိသည်။ပြည်မင်းသားနှင့်မိဘုရား မမြလေးမှာ ဂီတ ဝါသနာ ပါသူများပီပီ စာလွှာများနှင့်သီချင်းများကို အပြန်အလှန် ပေးပို့ကြသည်။ပြည်မင်းသား ပြသာနာကား ဒီနေရာ မှ စသည် ဟု ဆိုရပေမည်။ သာယာဝတီ မင်း နန်းတက်ချိန်တွင် သက်တော် ကား ၅၀ ကျော် နေပီ ဖြစ်ပြီး အနောက်နန်း မိဘုရား မမြလေးမှာ အသက် ၃၀ ပင် မပြည့် သေးသဖြင့် အချစ်အရွယ် မမျှ ဟု ဆိုရမည်