အမျိုးသားညီညွတ်ရေး အစိုးရ
အမျိုးသားညီညွတ်ရေး အစိုးရ National Unity Government | |
---|---|
![]() အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ | |
လက်ရှိ | |
![]() ![]() အစိုးရခေါင်းဆောင်များ | |
ဖွဲ့စည်းရက်စွဲ | ၁၆ ဧပြီ ၂၀၂၁ |
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ | |
နိုင်ငံတော်ခေါင်းဆောင် | ဦးဝင်းမြင့်၊ဦးဒူဝါလရှီးလ, နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ဒုသမ္မတ |
ကိုယ်စားပြု | ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ |
အစိုးရခေါင်းဆောင် | ဒေါ်အောင်ဆန်းစုကြည်, ဦးမန်းဝင်းခိုင်သန်း, ပြည်ထောင်စုဝန်ကြီးချုပ် |
ဝန်ကြီး ဦးရေ | ၂၈ ဦး |
အဖွဲ့ဝင် ပါတီ | |
အတိုက်အခံ အစိုးရ | အိမ်စောင့်အစိုးရ |
အတိုက်အခံ ခေါင်းဆောင် | မင်းအောင်လှိုင် |
သမိုင်း | |
ပြီးခဲ့သော ရွေးကောက်ပွဲ | ၂၀၂၀ ရွေးကောက်ပွဲ |
ယခင် |
![]() |
ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တစိတ်တဒေသ ဖြစ်သည် |
|
မကြာမီက ရွေးကောက်ပွဲများ |
ပြည်ပရောက်အစိုးရအဖွဲ့ |
အခြားအကြောင်းအရာများ |
အမျိုးသားညီညွတ်ရေး အစိုးရ သည် ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်က ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) က ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ အတည်ပြု ဖွဲ့စည်းလိုက်သော ကြားကာလ ညီညွတ်ရေး အစိုးရဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်၆ဦးကို နိုင်ငံပေါင်း၅နိုင်ငံတွင်ခန့်အပ်ထားသည်။ [၁][၂][၃][၄]
အစိုးရအဖွဲ့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်များ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများမှ ထင်ရှားသူများ ပါဝင်သည်။ စစ်အစိုးရကမူ အမျိုးသားညီညွတ်ရေး အစိုးရကို တရားမဝင်ဟု ပြောဆိုခဲ့သည်သည်။[၅]
နိုင်ငံတကာအနေဖြင့် ၎င်းတို့အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြရန် NUG က တောင်းဆိုထားပြီး၊[၆] ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးလွင်ကိုလတ်ကလည်း မကြာမီကာလအတွင်း ကမ္ဘာ့နိုင်ငံကြီးအချို့၏ အသိအမှတ်ပြုမှုကို မျှော်လင့်ထားကြောင်း ပြောကြားသည်။[၇] နိုင်ငံတကာကုန်သွယ်ရေးသမဂ္ဂ အကျိုးတူပူးပေါင်းအဖွဲ့က နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂအနေဖြင့် NUG ကို အသိအမှတ်ပြုကြရန် နှိုးဆော်ထားသကဲ့သို့၊[၈] အာဆီယံဒေသတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဧပြီလ ၂၄ရက်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်အစိုးရကိုယ်စားလှယ်ထက် NUG ကိုသာ ဖိတ်ခေါ်သင့်ကြောင်း တိုက်တွန်းသည်။[၉]
အောက်တိုဘာလ ၅ ရက်တွင် ပြင်သစ်နိုင်ငံ အထက်လွှတ်တော်က အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။အောက်တိုဘာ ၇ ရက်တွင်လည်း ဥရောပ ပါလီမန်က အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်များကို ချက်သမ္မတနိုင်ငံ အပါအဝင် တောင်ကိုရီးယားနိုင်ငံ စသည့်နိုင်ငံများတွင် ထားရှိပြီးဖြစ်သည်။
အမျိုးသားညီညွတ်ရေး အစိုးရသစ်နှင့်အတူ ပြည်သူ့အသံ ရုပ်သံလိုင်း (Public Voice TV) ကိုလည်း ထုတ်လွှင့်ခဲ့သည်။[၁၀] ၂၀၂၁ မေလ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။[၁၁] မေလ ၈ ရက်နေ့တွင် စစ်ကောင်စီမှ ထိုတပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု ထုတ်ပြန်ကြေညာခဲ့သည်။[၁၂][၁၃]
အရေးပေါ်အခြေအနေ ကြေညာခြင်း[ပြင်ဆင်ရန်]
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်ပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကြေညာခဲ့သည်။ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းရန်လိုအပ်လာသော အခြေအနေ အရပ်ရပ်ကြောင့် ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံးအား အရေးပေါ်အခြေအနေအဖြစ် စက်တင်ဘာလ ၇ ရက်နေ့မှ ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် စက်တင်ဘာလ ၇ ရက်နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း နှင့် အလုပ်ဆင်းရန် မလိုအပ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ထုတ်ပြန်ကြေညာခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရကပြည်သူ့ခုခံတွန်းလှန်စစ်စတင်ကြောင်းကြေညာပြီးသည်နှင့်တစ်ပြိုင်နက်မြန်မာနိုင်ငံတစ်ဝှမ်းစစ်ရေးလှုပ်ရှားမှုများအရှိန်အဟုန်မြင့်မားလာသည်။ [၁၄][၁၅]
အစိုးရအဖွဲ့[ပြင်ဆင်ရန်]
ခေါင်းဆောင်များ[ပြင်ဆင်ရန်]
အမည် | ရာထူး |
---|---|
ဦးဝင်းမြင့် | နိုင်ငံတော်သမ္မတ |
ဒေါ်အောင်ဆန်းစုကြည် | နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် |
ဒူဝါလရှီးလ | နိုင်ငံတော်ဒုတိယသမ္မတ (ယာယီသမ္မတ) |
မန်းဝင်းခိုင်သန်း | ပြည်ထောင်စု ဝန်ကြီးချုပ် |
ပြည်ထောင်စုဝန်ကြီးများ[ပြင်ဆင်ရန်]
စဉ် | ဝန်ကြီးဌာန | အမည် | သက်တမ်း | ||
---|---|---|---|---|---|
စတင် | ကုန်ဆုံး | သက်တမ်း | |||
၁ | နိုင်ငံခြားရေးဝန်ကြီးဌာန | ဒေါ်ဇင်မာအောင် | ၁၆ ဧပြီ ၂၀၂၁ | လက်ရှိ | ၄၂၀
|
၂ | ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန | ဦးလွင်ကိုလတ် | |||
၃ | ကာကွယ်ရေးဝန်ကြီးဌာန | ဦးရည်မွန် | |||
၄ | ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန | ဒေါက်တာလျန်မှုန်းဆာခေါင်း | |||
၅ | စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန | ဦးတင်ထွန်းနိုင် | |||
၆ | လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန | ဒေါက်တာဝင်းမြတ်အေး | |||
၇ | အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန | ဒေါက်တာဆာဆာ | |||
၈ | ပညာရေးဝန်ကြီးဌာန | ဒေါက်တာဇော်ဝေစိုး | |||
၉ | ကျန်းမာရေးဝန်ကြီးဌာန | ||||
၁၀ | သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန | ဒေါက်တာတူးခေါင် | |||
၁၁ | အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန | နော်ဆူဇန်နာလှလှစိုး | |||
၁၂ | အလုပ်သမား ဝန်ကြီးဌာန | နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ | |||
၁၃ | တရားရေး ဝန်ကြီးဌာန | ဦးသိန်းဦး | |||
၁၄ | ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန | ဦးထင်လင်းအောင် | |||
၁၅ | လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန | ဦးစိုးသူရထွန်း | |||
၁၆ | စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | ဒေါ်ခင်မမမျိုး | ၂၅ ဩဂုတ် ၂၀၂၁ | လက်ရှိ |
ဒုတိယဝန်ကြီးများ[ပြင်ဆင်ရန်]
စဉ် | အမည် | ဝန်ကြီးဌာန |
---|---|---|
၁ | ဦးမိုးဇော်ဦး | နိုင်ငံခြားရေး ဝန်ကြီးဌာန |
၂ | ခူးထဲဘူး | ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန |
၃ | နိုင်ကောင်းရွက် | ကာကွယ်ရေးဝန်ကြီးဌာန |
၄ | ဦးချစ်ထွန်း | ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန |
၅ | မိုင်းဝင်းထူး | |
၆ | မင်းဇေယျာဦး | စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန |
၇ | နော်ထူးဖော | လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန |
၈ | ဂျာထွယ်ပန် | ပညာရေးဝန်ကြီးဌာန |
၉ | ဒေါက်တာရွှေပုံ | ကျန်းမာရေးဝန်ကြီးဌာန |
၁၀ | ခွန်းဘီထူး | သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန |
၁၁ | ဒေါ်အိသဉ္ဇာမောင် | အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန |
၁၂ | ဦးကျော်နီ(ခ) ဦးကျော်ကျော် | အလုပ်သမား ဝန်ကြီးဌာန |
၁၃ | တရားရေးဝန်ကြီးဌာန | |
၁၄ | ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန | |
၁၅ | ဦးမော်ထွန်းအောင် | လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန |
အခြားဖတ်ရန်[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ "အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့စည်းကြောင်း CRPH ကြေညာ"၊ 16 ဧပြီ 2021။
- ↑ "အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းကြောင်း CRPH ကြေညာ"၊ Radio Free Asia။
- ↑ "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း" (in my)၊ Committee Representing Pyidaungsu Hluttaw၊ 16 April 2021။
- ↑ Opponents of Myanmar's junta set up national unity government (2021-04-16)။
- ↑ Myanmar activists hold 'blue shirt' protests; report says junta chief to attend summit (2021-04-21)။
- ↑ Myanmar unity government says it must be part of any ASEAN bid to end crisis (2021-04-18)။
- ↑ Some countries will officially recognise Myanmar's shadow government in the coming days, says new minister (in en)။
- ↑ Myanmar: National unity government must be recognised (in en)။
- ↑ Myanmar's National Unity Government must be invited to this week's ASEAN Special Summit, MPs say (in en-US) (2021-04-20)။
- ↑ ပြည်သူ့အသံ ရုပ်သံ (Public Voice Television) ကို စတင်ထုတ်လွှင့်။ PVTV။
- ↑ Sebastian Strangio။ "Can Myanmar’s New ‘People’s Defense Force’ Succeed?"၊ The Diplomat၊ 6 May 2021။
- ↑ "Myanmar junta designates shadow government as 'terrorist' group"၊ Deutsche Welle၊ 8 May 2021။
- ↑ CRPH ၊ NUG ၊ PDF နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများအား အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန် (in my)။
- ↑ စက်တင်ဘာ ၇ ရက်မှစ၍ အရေးပေါ်အခြေအနေသတ်မှတ်ကြောင်း NUG အစိုးရကြေညာ (in en) (7 စက်တင်ဘာ 2021)။
- ↑ တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ အလုပ်မဆင်းရန် NUG အရေးပေါ်အခြေအနေ ကြေညာ (in en)။