မာတိကာသို့ ခုန်သွားရန်

မြန်မာ့သမိုင်း အချိန်ဇယား

ဝီကီပီးဒီးယား မှ

ဤသည်မှာ မြန်မာ့သမိုင်းတစ်လျှောက် အဓိကဖြစ်ရပ်များကို ရက်စွဲများဖြင့် စုစည်းဖော်ပြထားသော အချိန်ဇယားဖြစ်သည်။ အဆိုပါအဖြစ်ရပ်များ၏ နောက်ခံအကြောင်းများအတွက် မြန်မာ့သမိုင်းကိုကြည့်ပါ။ မြန်မာနိုင်ငံ၏ အုပ်ချုပ်သူများ စာရင်းကိုလည်း ကြည့်ပါ။

ထောင်စုနှစ်များ: 2nd BCE–1st BCE1st–2nd3rd
ရာစုနှစ်များ: 15th BCE14th BCE13th BCE12th BCE11th BCE10th BCE9th BCE8th BCE7th BCE6th BCE5th BCE4th BCE3rd BCE2nd BCE1st BCE

၁၅ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၁၅၀၀ ဘီစီ ဧရာဝတီမြစ်ဝှမ်းရှိ ကြေးနီနှင့် ကြေးဝါလက်ရာများ၊ စပါးစိုက်ပျိုးခြင်း၊ ကြက်နှင့် ဝက်မွေးမြူခြင်းဆိုင်ရာများ၏ အစောဆုံးအထောက်အထားများ

၁၄ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

၁၃ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

၁၂ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

၁၁ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

၁၀ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

၉ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၈၅၀ ဘီစီ မှန်နန်းရာဇဝင်အရ အဘိရာဇာသည် တကောင်းပြည်ကိုတည်ထောင်ခဲ့

၈ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

၇ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

၆ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

၅ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၅၀၀ ဘီစီ ယနေ့ခေတ် မန္တလေးတောင်ဘက်ရှိ သံထည်လုပ်ငန်းများ အခြေချနေထိုင်မှု

၄ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

၃ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

၂ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

၁ ရာစု ဘီစီအီး[ပြင်ဆင်ရန်]

ဆယ်စုနှစ်များ: 1st2nd3rd4th5th6th7th8th9th10th11th12th13th14th15th16th17th18th19th20th21st

၁ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၇၀ ဟန်လင်းမြို့ဟောင်းတည်ရှိ

၂ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၁၀၇ ရာဇဝင်များအရ သမုဒ္ဒရာဇ်မင်းမှ ယုန်လွှတ်ကျွန်းအရပ်၌ ပုဂံပြည်တည်ထောင်ခဲ့
၂၀၀ ပျူတို့သည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့

၃ ရာစု[ပြင်ဆင်ရန်]

၄ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၃၄၄ ရာဇဝင်များအရ သေဉ်လည်ကြောင်မင်းမှ သီရိပစ္စယာသို့နန်းရွှေ့

၅ ရာစု[ပြင်ဆင်ရန်]

၆ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၅၁၆ ရာဇဝင်များအရ သိုက်တိုင်မင်းမှ တမ္ပဝတီသို့နန်းရွှေ့

၇ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၇ ရာစု မွန်လူမျိုးများ ဟာရိဘုဉ္ဇယျနှင့် ဒွါရဝတီအရပ်တို့မှ အောက်မြန်မာပြည့်သို့ပြောင်းရွှေ့
၆၄၀ ပုပ္ပါးစောရဟန်းမင်းမှ မြန်မာသက္ကရာဇ် ၅၆၂ မှ အကြွင်း ၂ နှစ်ထား၍ အနှစ် ၅၆၀ ဖြိုခဲ့

၈ ရာစု[ပြင်ဆင်ရန်]

၉ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၈၃၂ နန်ကျောက်ပြည်မှ ပျူမြို့ပြနိုင်ငံများကို တိုက်ခိုက်
၈၄၉ ပျဉ်ပြားမင်းမှ စတုတ္ထပုဂံကိုတည်ထောင်

၁၀ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၉၈၀ ခန့် ပုဂံမြို့ရိုး၏ အစောဆုံး အထောက်အထား

၁၁ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၁၀၀၄ ပုဂံပြည်မှ စုန့်မင်းဆက်တရုတ်ပြည်သို့ သံအမတ်စေလွှတ်
၁၀၃၅ အစောဆုံး မြန်မာအက္ခရာ အထောက်အထား
၁၀၄၄ ၁၁ ဩဂုတ် အနော်ရထာနန်းတက်
၁၀၅၀ အနော်ရထာမှ ပုဂံပြည်ကိုချဲ့ထွင်
၁၀၅၆ အနော်ရထာသည် ရှင်အရဟံကြောင့် ထေရဝါဒဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့
၁၀၅၇ ၁၇ မေ ပုဂံပြည်သည် သထုံကိုသိမ်းပိုက်
၁၀၇၁ အနော်ရထာသည် သီဟိုဠ်ကျွန်းတွင် ထေရဝါဒဗုဒ္ဓဘာသာကို ပြန်လည်ဖော်ဆောင်ရန်ကူညီခဲ့
၁၀၈၂–၁၀၈၄ ငရမန်ကန်း၏ အောက်မြန်မာပြည်၌ ပုန်ကန်မှု
၁၀၈၄ ၂၁ ဧပြီ ကျန်စစ်သားနန်းတက်
၁၀၉၀ ကျန်စစ်သားမင်း အာနန္ဒာဘုရားတည်ခဲ့

၁၂ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၁၁၀၂ "မရမ္မ" ဟူသောစကားလုံး မွန်ဘာသာတွင် ပထမဆုံးတွေ့ရှိမှု
၁၁၀၆ စုန့်မင်းဆက်တရုတ်ပြည်နှင့် သံတမန်ဆက်ဆံရေး
၁၁၁၃ သက္ကရာဇ်အခိုင်အမာပါရှိသော အစောဆုံးကျောက်စာဖြစ်သည့် မြစေတီကျောက်စာရေးထိုး
၁၁၁၈ ပုဂံပြည်မှ လက်ယာမင်းနန်ကို မြောက်ဘက်ရခိုင်ထီးနန်းသို့ ပြန်လည်ပေးအပ်
၁၁၄၄ အလောင်းစည်သူမင်း သဗ္ဗညုဘုရားတည်ခဲ့
၁၁၇၀ ပုဂံတွင်မြန်မာတို့၏ ခေါင်းဆောင်မှု- မွန်နှင့်ပျူဘာသာတို့ကို အစားထိုး၍ မြန်မာဘာသာသည် အဓိကဘာသာစကားဖြစ်လာ
၁၁၇၄ နရပတိစည်သူသည် မြန်မာဘုရင့်တပ်မတော်ကို တည်ထောင်
၁၁၈၀ သီဟိုဠ်ကျွန်းမှ ပုသိမ်သို့ ဝင်ရောက်စီးနင်းမှု
မြန်မာဗုဒ္ဓဘာသာဝင်များတွင်ဂိုဏ်းကွဲ၊ သံဃာအများစုသည် မဟာဝိဟာရကျောင်းသို့ ပြောင်းရွှေ့
၁၁၉၀ "မရမ္မ" ဟူသောစကားလုံး မြန်မာဘာသာတွင် ပထမဆုံးတွေ့ရှိမှု
၁၂၀၀ ဓမ္မသတ်ဥပဒေပြုစု

၁၃ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၁၂၁၀ ကျောက်ဆည်ရေလှောင်တမံ တည်ဆောက်ခဲ့
၁၂၁၁ ၁၈ ဩဂုတ် နရပတိစည်သူ နတ်ရွာစံ၊ ထီးလိုမင်းလိုမင်းနန်းတက်
၁၂၁၈ ထီးလိုမင်းလိုမင်းမှ ထီးလိုမင်းလိုဘုရားတည်ခဲ့
၁၂၃၅ ၁၉ ဇူလိုင် ကျစွာမင်းနန်းတက်
၁၂၅၆ ၆ မေ နရသီဟပတေ့မင်းနန်းတက်
၁၂၇၃ "မြန်" (緬/မြန်မာ) ဟူသောစကားလုံး တရုတ်ဘာသာတွင် ပထမဆုံးတွေ့ရှိမှု
၁၂၇၇ ဧပြီ မွန်ဂိုကျူးကျော်စစ်စတင်
၁၂၇၉ ၁၇ ဧပြီ သဝန်ကြီးနှင့် သဝန်ငယ်တို့ တောင်ငူမြို့ကိုတည်တောင်
၁၂၈၃ ၂၂ စက်တင်ဘာ ဒုတိယ မွန်ဂိုစစ်ဆင်ရေး စတင်
၁၂၈၅ ၁၁ ဇန်နဝါရီခန့် ဝါရီရူးမင်းမှ မုတ္တမမြို့ကိုသိမ်းပိုက်
၁၂၈၆ ၃ မတ် ပုဂံနှင့်မွန်ဂိုတို့က အပစ်အခတ်ရပ်စဲရေး သဘောတူ
ဇွန် ရှင်ဒိသာပါမောက် ဦးဆောင်သော မြန်မာသံအဖွဲ့သည် ပေကျင်းမြို့သို့ ထွက်ခွာခဲ့
၁၂၈၇ ဇန်နဝါရီ ပုဂံအင်ပါယာသည် မွန်ဂိုအင်ပါယာ၏ အုပ်စိုးမှုကို အသိအမှတ်ပြု
၃၀ ဇန်နဝါရီ ဝါရီရူးမင်းမှ ရာမညတိုင်းကို တည်ထောင်
၁ ဇူလိုင် နရသီဟပတေ့မင်းလုပ်ကြံခံရ
၁၂၈၉ ၃၀ မေ ကျော်စွာမင်းနန်းတက်
၁၂၉၃ ဝါရီရူးမင်းသည် သုခေါဒယပြည်၏ဘုရင်ခံအဖြစ် အသိအမှတ်ပြုခံရ
၁၂၉၆ ဝါရီရူးနှင့်တရဖျားတို့သည် ပုဂံပြည်၏ကျူးကျော်မှုကို တိုက်ထုတ်
၁၂၉၇ ၂၀ မတ် ကျော်စွာမင်းကို မွန်ဂိုဧကရာဇ်မှ မွန်ဂိုဘုရင်ခံအဖြစ် အသိအမှတ်ပြု
၁၇ ဒီဇင်ဘာ ကျော်စွာမင်းကိုဖြုတ်ချ၍ မြင်စိုင်းပြည်ကို တည်ထောင်ခဲ့
၁၂၉၈ ဇွန်/ဇူလိုင် ရာမညတိုင်းကို မွန်ဂို၏ ပဏ္ဏာဆက်နိုင်ငံအဖြစ် အသိအမှတ်ပြု
၁၂၉၉ ၈ မေ စောနစ်ကို မြင်စိုင်း၏ ရုပ်သေးပုဂံဘုရင်အဖြစ် ခန့်အပ်ခဲ့

၁၄ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၁၃၀၁ ၁၅ ဇန်နဝါရီ ဒုတိယမွန်ဂိုကျူးကျော်စစ်စတင်
၆ ဧပြီ မြင်စိုင်းပြည်မှ မွန်ဂိုတပ်များဆုတ်ခွာ
၁၃၀၁ ၄ ဧပြီ မွန်ဂိုများ ယူနန်နယ်အထိဆုတ်ခွာ
၁၃၀၇ ၁၄ ဇန်နဝါရီခန့် ဝါရီရူးမင်းလုပ်ကြံခံရ၊ ခွန်လောမှနန်းတက်
၁၃၁၀ ၁၃ ဧပြီ အသင်္ခယာကွယ်လွန်
၁၃၁၁ ၁၀ ဧပြီ စောသင်မောင် မုတ္တမဘုရင်ဖြစ်လာ
၁၃၁၃ ၇ ဖေဖော်ဝါရီ သီဟသူမှ ပင်းယပြည်တည်ခဲ့
၁၃၁၅ ၁၅ မေ စစ်ကိုင်းပြည်ပေါ်ပေါက်
၁၃၁၆ ၂၆ မတ် အသင်္ခယာစောယွန်း စစ်ကိုင်းမြို့ကိုသိမ်းပိုက်
၁၃၂၃ ၂၈ စက်တင်ဘာ စောဇိတ် မုတ္တမဘုရင်ဖြစ်လာ
၁၃၂၇ ၅ ဖေဖော်ဝါရီ တရဖျားကြီး စစ်ကိုင်းဘုရင်ဖြစ်လာ
၁၃၃၀ မုတ္တမပြည်သည် သုခေါဒယပြည်ကို အနိုင်ယူခဲ့
၁၃၄၀ ၁ စက်တင်ဘာ ဥဇနာမင်း ပင်းယထီးနန်းစွန့်
၁၃၄၄ ၂၉ မတ် ငါးစီးရှင်ကျော်စွာ ပင်းယကိုအုပ်ချုပ်
၁၃၅၀ ၁၂ ဒီဇင်ဘာ လေးစီးရှင်ကျော်စွာ ပင်းယဘုရင်ဖြစ်လာ
၁၃၅၂ ၂၃ ဖေဖော်ဝါရီ မင်းပြောက် သီဟပတေ့ စစ်ကိုင်းဘုရင်ဖြစ်လာ
၁၃၅၆ အထက်မြန်မာပြည်သို့ ရှမ်းတို့၏စီးနင်းမှုစတင်
၁၃၅၉ ၁၉ မတ် လေးစီးရှင်ကျော်စွာနတ်ရွာစံ၊ နရသူမင်း နန်းတက်
၁၃၆၂ ဗညားဦးသည် ရွှေတိဂုံစေတီတော်ကို ဉာဏ်တော် ၆၆ ပေအထိ တိုးမြှင့်ခဲ့
၁၃၆၄ ဖေဖော်ဝါရီခန့် ဗြတ်ထဗမှ မုတ္တမထီးနန်းကိုလုယူခဲ့
ဧပြီ မိုင်းမောတပ်များ စစ်ကိုင်းမြို့ကိုသိမ်းပိုက်
မေ မိုင်းမောတပ်များ ပင်းယမြို့ကိုသိမ်းပိုက်
စက်တင်ဘာ သတိုးမင်းဖျား ပင်းယမြို့ကိုသိမ်းပိုက်
၁၃၆၅ ၂၆ ဖေဖော်ဝါရီ သတိုးမင်းဖျား အင်းဝပြည်ကိုတည်ထောင်
၁၃၆၇ ၅ စက်တင်ဘာ စွာစော်ကဲ အင်းဝဘုရင်ဖြစ်လာ
၁၃၆၈ စောမွန်နစ်ကွယ်လွန်၊ ပုဂံမင်းဆက်ပြီးဆုံး
၁၃၆၉ ဗြတ်ထဗမှ ဗညားဦးကို ပဲခူးအထိတိုက်ထုတ်
၁၃၇၀ ရှမ်းပြည်၏ကလေးမြို့သည် အင်းဝ၏ ပဏ္ဏာဆက်နိုင်ငံဖြစ်လာ
၁၃၇၃ ရခိုင်ပြည်မြောက်ပိုင်းက မြန်မာမှဘုရင်ခံကို တောင်းဆို
၁၃၈၃ ၂၈ အောက်တိုဘာ မဟာဒေဝီသည် ဟံသာဝတီ၏ ဘုရင်ခံဖြစ်လာ
၁၃၈၄ ၄ ဇန်နဝါရီ ရာဇာဓိရာဇ် ဟံသာဝတီပဲခူး၏ ဘုရင်ဖြစ်လာ
၁၃၈၅ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်စတင်
၁၃၈၉ ရာဇာဓိရာဇ်သည် မြန်မာပြည်အောက်ပိုင်းရှိ မွန်စကားပြောဒေသ သုံးခုလုံးကိုစုစည်းခဲ့
၁၄၀၀ ဧပြီ ဆင်ဖြူရှင်တရဖျား အင်းဝဘုရင်ဖြစ်လာ
၂၅ နိုဝင်ဘာ ပထမမင်းခေါင် အင်းဝဘုရင်ဖြစ်လာ

၁၅ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၁၄၀၆ အင်းဝသည် မိုးညှင်းမိုးကောင်းသီပေါစသော ရှမ်းပြည်များကို သိမ်းပိုက်
၁၄၁၅ ၁၃ မတ် မင်းရဲကျော်စွာအနိစ္စရောက်
၁၄၃၀ ၁၆ နိုဝင်ဘာ မင်းစောမွန်သည် မြောက်ဦးနေပြည်တော်ကို တည်ထောင်
၁၄၃၇ မြောက်ဦးပြည်သည် သံတွဲမြို့ကိုသိမ်းပိုက်
၁၄၃၈ မိုးညှင်းသတိုးမှ မြန်မာသက္ကရာဇ် ၈ဝဝ မှ ၇၉၈ နှစ် ဖြိုရာ မအောင်မြင်
၁၄၄၆ မင်မင်းဆက်တရုတ်ပြည် မြန်မာနယ်ကိုကျူးကျော်
၁၄၅၀ ဗညားကျန်းထောသည် ရွှေတိဂုံစေတီတော်ကို ဉာဏ်တော် ၃၀၂ ပေအထိ တိုးမြှင့်ခဲ့
ရှေးခေတ်မြန်မာစာပေ ထွန်းကားခဲ့
၁၄၅၉ မြောက်ဦးပြည်သည် စစ်တကောင်းကိုသိမ်းပိုက်
၁၄၈၀ အင်းဝပြည်အတွင်း ပုန်ကန်မှုများစတင်
၁၄၈၂ သတိုးမင်းစောသည် ပြည်နိုင်ငံတည်ထောင်
၁၄၈၅ မင်းကြီးညိုသည် တောင်ငူမြို့၏ အုပ်ချုပ်သူဖြစ်လာ

၁၆ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၁၅၀၁ ၇ ဧပြီ ရွှေနန်းကြော့ရှင် နရပတိအင်ဝဘုရင်ဖြစ်လာ
၁၅၀၂ အင်းဝသည် ကျောက်ဆည်နှင့်တောင်ငူကို ခွဲထုတ်၊ ရွှေဘိုခရိုင်ကို မိုးညှင်းသို့ပေးအပ်
၁၅၁၀ ၁၆ အောက်တိုဘာ တောင်ငူသည် အင်းဝပြည်မှ လွတ်လပ်ရေးကြေညာ
၁၅၂၇ ၁၃ မတ် ရှမ်းပြည်မှ အင်းဝကိုသိမ်းပိုက်၊ သိုဟန်ဘွားကို ဘုရင်အဖြစ်ခန့်အပ်
၁၅၃၀ ၂၄ နိုဝင်ဘာ တပင်ရွှေထီး တောင်ငူဘုရင်ဖြစ်လာ
၁၅၃၄ နိုဝင်ဘာခန့် တောင်ငူ–ဟံသာဝတီ စစ်ပွဲစတင်
၁၅၃၈ နိုဝင်ဘာခန့် တောင်ငူတပ်များ ပဲခူးကိုသိမ်းပိုက်၊ တောင်ငူ–အင်းဝ စစ်ပွဲစတင်
၁၅၃၉ ၃၁ မတ်ခန့် ပဲခူးမြို့ကို တောင်ငူ၏ မြို့တော်အဖြစ်သတ်မှတ်
၁၅၄၁ မေ တောင်ငူတပ်များ မုတ္တမမြို့ကိုသိမ်းပိုက်
၁၅၄၅ ၁၂ အောက်တိုဘာ တောင်ငူ–မြောက်ဦး စစ်ပွဲစတင်
၁၅၄၇ ၃၀ ဇန်နဝါရီ မင်းဗာဘုရင်နှင့်တပင်ရွှေထီးတို့ တိုက်ခိုက်ရေးရပ်ဆဲ
၁၅၄၇ နိုဝင်ဘာ မြန်မာသည် ယိုးဒယားကို ပထမအကြိမ်ကျူးကျော်ခဲ့
၁၅၄၉ ဖေဖော်ဝါရီ မြန်မာနှင့်ယိုးဒယားတို့ အပစ်အခတ်ရပ်စဲရေး သဘောတူ
၁၅၅၀ ၃၀ ဧပြီ တပင်ရွှေထီးလုပ်ကြံခံရ
၁၅၅၁ ၁၁ ဇန်နဝါရီ ဘုရင့်နောင်တောင်ငူဘုရင်ဖြစ်လာ
၁၅၅၅ ၂၂ ဇန်နဝါရီ ဘုရင့်နောင်သည် အင်းဝနှင့် အထက်မြန်မာပြည်ကို သိမ်းပိုက်
၁၅၅၇ ဇန်နဝါရီ–မတ် ဘုရင့်နောင်သည် ရှမ်းပြည်ကိုသိမ်းပိုက်၊ ပုပ္ပားတောင်ရှိ တိရိစ္ဆာန်ပူဇော်ပွဲနဲ့ ရှမ်းရိုးမရှိ လူသားပူဇော်ပွဲများကိုပိတ်ပင်
၁၅၅၈ ၂ ဧပြီ ဘုရင့်နောင်သည် လန်းနပြည်ကိုသိမ်းပိုက်
၁၅၆၃ ဧပြီ ဘုရင့်နောင်သည် ကျိုင်းတုံနှင့် ရှမ်းတရုတ်ပြည်တို့ကိုသိမ်းပိုက်
၁၅၆၄ ၁၈ ဖေဖော်ဝါရီ ယိုးဒယား–မြန်မာ စစ်ပွဲ (၁၅၆၃–၁၅၆၄)အပြီး အယုဒ္ဓယသည် မြန်မာ၏ဩဇာခံနိုင်ငံဖြစ်လာ
၁၅၆၅ ၂ ဇန်နဝါရီ မြန်မာတပ်များ လင်းဇင်းပြည်မြို့တော် ဗီယင်ကျန်းမြို့ကိုသိမ်းပိုက်
၁၅၆၈ ၁၂ မေ ပဲခူးသည် ယိုးဒယားပုန်ကန်မှုကို လေ့လာ
၁၅၆၉ ၂ ဩဂုတ် ယိုးဒယား–မြန်မာ စစ်ပွဲ (၁၅၆၈–၁၅၆၉)အပြီး ယိုးဒယားကို မြန်မာတို့ ဆက်လက်အုပ်ချုပ်နိုင်
၁၅၇၄ ၆ ဒီဇင်ဘာ မြန်မာတပ်များ ဗီယင်ကျန်းမြို့ကိုသိမ်းပိုက်
၁၅၈၁ ၁၀ အောက်တိုဘာ ဘုရင့်နောင်နတ်ရွာစံ၊ နန္ဒဘုရင်နန်းတက်
၁၅၈၄ ၃ မေ ယိုးဒယားက လွတ်လပ်ရေးကြေငြာ
၁၅၈၄–၉၅ ယိုးဒယား–မြန်မာ စစ်ပွဲ (၁၅၈၄–၁၅၉၃) တွင် မြန်မာတို့ အရေးနိမ့်၊ ယိုးဒယားတို့ မော်လမြိုင်အထိ အုပ်ချုပ်နိုင်ခဲ့
၁၅၉၇ တစ်တိုင်းပြည်လုံး ပုန်ကန်မှုစတင်
၁၅၉၉ ပထမတောင်ငူအင်ပါယာကျဆုံး။ ယိုဒယားသည် မုတ္တမအထိ တနင်္သာရီကမ်းရိုးတန်းတစ်ခုလုံး သိမ်းပိုက်။ ရခိုင်တို့သည် မြစ်ဝကျွန်းပေါ် ဆိပ်ကမ်းများကို သိမ်းပိုက်၊ ပေါ်တူဂီလူမျိုးစစ်သား ဒီဘရစ်တိုအား သန်လျင်မြို့စားအဖြစ် ခန့်အပ်
၁၆၀၀ ညောင်ရမ်းမင်းသည် တောင်ငူပြည်ကို ပြန်လည်တည်ဆောက်

၁၇ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၁၆၀၃ သန်လျင်၌ ဒီဘရစ်တိုသည် ရခိုင်ပြည်မှလွတ်လပ်ရေးကြေညာ၊ ရခိုင်တို့၏ တိုက်ခိုက်မှုများကို တွန်းလှန်ခဲ့
၁၆၀၉ ပေါ်တူဂီကြေးစား ဆေဘက်စတီရန် ဂွန်စာလေစ် တီဘောင် (Sebastian Gonzales Tibao) သည် ရခိုင်မြောက်ဘက်စွန်းရှိ ရွှန်ဒစ်ပ်ကျွန်းကို သိမ်းပိုက်
၁၆၁၃ ၂၉ မတ် အနောက်ဖက်လွန်မင်းသည် ပေါ်တူဂီလက်အောက် သန်လျင်မြို့ကိုသိမ်းပိုက်
၁၆၁၄ ဒီဇင်ဘာ အနောက်ဖက်လွန်မင်းသည် ထားဝယ်အထိ တနင်္သာရီကမ်းရိုးတန်းနှင့် လန်းနပြည်ကို ပြန်လည်သိမ်းပိုက်ခဲ့
၁၆၁၇ မင်းခမောင်းမှ ရွှန်ဒစ်ပ်ကျွန်းကို ပြန်လည်သိမ်းယူ၊ ဒါကာမြို့ကို ဝင်ရောက်စီးနင်း
၁၆၁၉ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီမှ ပဲခူးသို့ ကိုယ်စားလှယ်တစ်ဦးစေလွှတ်
၁၆၂၅ ရခိုင်များ ဒါကာမြို့ကိုသိမ်းယူ
၁၆၂၇ အင်္ဂလိပ်နှင့် ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီများသည် မြန်မာနိုင်ငံရှိ ရုံးခွဲများဖွင့်လှစ်
၁၆၃၅ မြို့တော်ကို ပဲခူးမှ အင်းဝသို့ ပြောင်းရွှေ့ခဲ့
၁၆၃၈ သာလွန်မင်းမှ ဝင်ငွေဆိုင်ရာကို စစ်မေးခဲ့
၁၆၆၀ ရခိုင်များ ဒင်္ဂါးငွေစသုံး
၁၆၅၈ မင်မင်းဆက်တရုတ်ပြည်ဧကရာဇ် ယုန်လီဧကရာဇ်စစ်ကိုင်းတွင်ခိုလှုံခဲ့
၁၆၅၉–၁၆၆၁ မင်တပ်များ နီးစပ်ရာရှမ်းပြည်ဒေသကို သိမ်းပိုက်ပြီး အင်းဝကိုတိုက်ခိုက်
၁၆၆၂ ၁၅ ဇန်နဝါရီ ယုန်လီဧကရာဇ်သည် မန်ချူးချင်းတပ်ဖွဲ့များသို့ လက်နက်ချ
လန်းနပြည်နှင့် တနင်္သာရီတို့ကို ယိုးဒယားကျူးကျော်မှု
၁၆၆၆ ဇန်နဝါရီ မဂိုအင်ပါယာ ရခိုင်တို့ကိုအနိုင်ရ၊ စစ်တကောင်းကိုသိမ်းပိုက်
၁၆၇၇ အင်္ဂလိပ်နှင့် ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီများသည် မြန်မာနိုင်ငံရှိ ရုံးခွဲများကိုပိတ်ခဲ့ကြ
၁၆၈၃ ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီသည် ရခိုင်ပြည်တွင် ၎င်း၏ရုံးခွဲကိုပိတ်ခဲ့
၁၆၈၈ ပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီ သန်လျင်၌ ရုံးခွဲဖွင့်လှစ်

၁၈ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၁၇၀၉ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ သန်လျင်၌ ရုံးခွဲဖွင့်လှစ်
၁၇၂၄ ကသည်းများ အထက်မြန်မာပြည်ကို ဝင်ရောက်စီးနင်း
၁၇၂၇ အောက်တိုဘာ လန်နပြည်၏ပုန်ကန်မှု၊ အင်းဝ၏တိုက်ခိုက်မှု (၁၇၂၇–၁၇၂၈) နှင့် (၁၇၃၁–၁၇၃၂) တို့ကို အနိုင်ယူခဲ့
၁၇၃၅ မန်ချူးတရုတ်က ရှမ်းပြည်မြောက်ပိုင်းကိုသိမ်းယူ
၁၇၄၀ ၂၉ နိုဝင်ဘာ မွန်တို့သည် မြန်မာနိုင်ငံအောက်ပိုင်းမှ ခွဲထွက်၍ ဟံသာဝတီနိုင်ငံကို ပြန်လည်တည်ထောင်ခဲ့
ဟံသာဝတီသည် အင်းဝကို သိမ်းပိုက်ကာ တောင်ငူမင်းဆက်ကို ချုပ်ငြိမ်းစေခဲ့။ ယိုးဒယားများ တနင်္သာရီအထိတိုးချဲ့လာ
၁၇၅၂ ၂၉ ဖေဖော်ဝါရီ အလောင်းမင်းတရား ကုန်းဘောင်ပြည်ကိုတည်ထောင်
၂၃ မတ် တောင်ငူမင်းဆက်ပြီးဆုံး
၂၀ ဧပြီ ကုန်းဘောင်–ဟံသာဝတီ စစ်ပွဲစတင်
၁၇၅၃ ၂၆ ဧပြီ အင်္ဂလိပ်တို့က နဂရစ်အငူကို သိမ်းပိုက်
၁၇၅၅ ၅ မေ အလောင်းမင်းတရား ဒဂုံကိုသိမ်းပိုက်
၁၇၅၆ ၂၆ ဇူလိုင် အလောင်းမင်းတရားသည် ပြင်သစ်မှထောက်ပံ့ထားသော သန်လျင်ကိုသိမ်းပိုက်
အလောင်းမင်းတရားသည် မဏိပူရသို့ တိုက်ခိုက်ရန်စေလွှတ်
၁၇၅၇ ၆ မေ ပဲခူးမြို့သိမ်းပိုက်ခံရ၊ ဟံသာဝတီနေပြည်တော်သစ်ပြီးဆုံး
၁၇၅၈ နိုဝင်ဘာ မဏိပူရကို ကုန်းဘောင်တပ်များ သိမ်းပိုက်၊ ရှမ်းပြည်မြောက်ဘက်တွင် မြန်မာတို့၏ အုပ်ချုပ်ရေးအာဏာစက် ပြန်လည်သက်ရောက်စေခဲ့
၁၇၅၉ ၆ အောက်တိုဘာ အင်္ဂလိပ်တို့နဂရစ်မှဆုတ်ခွာ
၁၇၆၀ မေ ယိုးဒယား–မြန်မာ စစ်ပွဲ (၁၇၅၉–၁၇၆၀) အပြီး မြန်မာတို့ တနင်္သာရီကမ်းရိုးတန်းကိုပြန်ရရှိ
၁၇၆၃ ဇန်နဝါရီ လန်နပြည်၏ပုန်ကန်မှု အဆုံးသတ်
၁၇၆၅ ဇန်နဝါရီ–မတ် ဗီယင်ကျန်းဘုရင့်နိုင်ငံနှင့် လွမ်ပရာဘွမ်ဘုရင့်နိုင်ငံတို့ကို မြန်မာတပ်များသိမ်းပိုက်
မတ် ဆင်ဖြူရှင်မင်း မဏိပူရတွင် ပုန်ကန်မှုကို ဖြိုခွင်း
၂၃ ဇူလိုင် မြို့တော်ကို အင်းဝသို့ ပြောင်းရွှေ့ခဲ့
၂၃ ဩဂုတ် ယိုးဒယား–မြန်မာ စစ်ပွဲ (၁၇၆၅–၁၇၆၇) စတင်
ဒီဇင်ဘာ မန်ချူးတရုတ်ကျူးကျော်မှု
၁၇၆၇ ၇ ဧပြီ မြန်မာတပ်က အယုဒ္ဓယကို ဖြုတ်ချ၊ အယုဒ္ဓယမင်းဆက်ပြီးဆုံး
၁၇၆၈ ဇန်နဝါရီ–မတ် မြန်မာတပ်များ ယိုးဒယားမှဆုတ်ခွာပြီး တရုတ်ဘက်သို့တပ်စွဲ၊ ယိုးဒယားသည် တနင်္သာရီမှလွဲ၍ ၎င်း၏နယ်မြေအားလုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့
၁၇၆၉ ၂၂ ဒီဇင်ဘာ တရုတ်မြန်မာစစ်ပွဲပြီးဆုံး
၁၇၇၀ ဇန်နဝါရီ မဏိပူရတွင် ပုန်ကန်မှုကို ဖြိုခွင်း
၁၇၇၅ ၁၅ ဇန်နဝါရီ လန်နပြည်ပုန်ကန်၍ ယိုးဒယားထံအကူအညီတောင်း
ဧပြီ ဆင်ဖြူရှင်မင်း ရွှေတိဂုံစေတီ၏ ဉာဏ်တော်ကို လက်ရှိအမြင့်အထိ မြှင့်တင်ခဲ့
နိုဝင်ဘာ မြန်မာတို့ကယိုးဒယားကိုကျူးကျော်၊ စစ်ရှုံးသဖြင့် လန်နပြည်သည် ယိုးဒယား၏နယ်မြေဖြစ်လာ
၁၇၇၉ ဒီဇင်ဘာ လာအိုနိုင်ငံများ (ဗီယင်ကျန်းနှင့် လွမ်ပရာဘွမ်) ထိုင်းဘက်သို့ဩဇာခံ
၁၇၈၃ ၁၃ မေ မြို့တော်ကို အမရပူရသို့ ပြောင်းရွှေ့ခဲ့
၁၇၈၅ ၂ ဇန်နဝါရီ ကုန်းဘောင်တပ်များ မြောက်ဦးကို သိမ်းပိုက်
ဘိုးတော်ဘုရားထိုင်းနိုင်ငံကိုကျူးကျော်မှု မအောင်မြင်
၁၇၈၈ ယိုးဒယား၏ တနင်္သာရီကိုကျူးကျော်မှုကို ကာကွယ်နိုင်ခဲ့
၁၇၉၀ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့
၁၇၉၂ ဒုတိယအကြိမ် ယိုးဒယား၏ တနင်္သာရီကျူးကျော်မှုကို ကာကွယ်နိုင်ခဲ့
၁၇၉၇ လန်နပြည်နှင့် လွမ်ပရာဘွမ်ကို မြန်မာကျူးကျော်မှု မအောင်မြင်

၁၉ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၁၈၀၂ သီဟိုဠ်ဘုန်းကြီးများသည် အမရပူရသို့ ခန့်အပ်မှုအတွက်ရောက်ရှိ
၁၈၀၃ ယိုးဒယား၏ ကျိုင်းတုံကိုကျူးကျော်မှု မအောင်မြင်
၁၈၀၉ မြန်မာ၏ဖူးခက်ကိုကျူးကျော်မှု မအောင်မြင်
၁၈၁၄ ဖေဖော်ဝါရီ မြန်မာနိုင်ငံသည် မဏိပူရကိုသိမ်းပိုက်
၁၈၁၇ အာသံသည် မြန်မာနိုင်ငံသို့ ပဏ္ဏာဆက်ဒေသဖြစ်လာ
၁၈၁၉ အာသံနှင့်မဏိပူရရှိပုန်ကန်မှုများကို မြန်မာတို့ရှင်းလင်း
၁၈၂၂ ၃ ဇွန် အာသံရှိနောက်ထပ်ပုန်ကန်မှုများကို မြန်မာတို့ရှင်းလင်း၊ အာသံနယ်ကို မြန်မာ၏ပြည်နယ်အဖြစ်သတ်မှတ်
၁၈၂၄ ၅ မတ် ပထမ အင်္ဂလိပ် - မြန်မာစစ်စတင်
၁၈၂၆ ၂၄ ဖေဖော်ဝါရီ ပထမ အင်္ဂလိပ် - မြန်မာစစ်ပြီးဆုံး၊ ရခိုင်၊ အာသံ၊ မဏိပူရနှင့် တနင်္သာရီဒေသများကို လွဲလိုက်ရ
၁၈၄၉ ယိုးဒယား၏ ကျိုင်းတုံကိုကျူးကျော်မှုကို ကာကွယ်နိုင်ခဲ့
၁၈၅၂ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ၊ ဗြိတိသျှတို့ မြန်မာပြည်အောက်ပိုင်းကိုရရှိ
၁၈၅၃ ဗြိတိသျှတို့သည် ရန်ကုန်ကိုတိုးချဲ့
၁၈၅၉ ၂၃ မေ မင်းတုန်းမင်းသည် မြို့တော်ကို မန္တလေးသို့ ပြောင်းရွှေ့ခဲ့
၁၈၆၆ ပြုပြင်ပြောင်းလဲရေးတွင် ဦးဆောင်သူ ကနောင်မင်းသား လုပ်ကြံခံရ
၁၈၇၁ ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း
၁၈၇၅ မတ် မင်းတုန်းမင်းသည် ကရင်နီပြည်နယ်များကို မြန်မာမှခွဲထုတ်
၁၈၇၈ ရန်ကုန်ကောလိပ်တည်ထောင်
၁၈၈၅ ၂၉ နိုဝင်ဘာ တတိယ အင်္ဂလိပ် - မြန်မာစစ်၊ မြန်မာဘုရင်စနစ်ချုပ်ငြိမ်း
၁၈၈၆ ၁ ဇန်နဝါရီ မြန်မာနိုင်ငံသည် ဗြိတိသျှပိုင်ကိုလိုနီဖြစ်ကြောင်းကြေငြာ
ဖေဖော်ဝါရီ မြန်မာနိုင်ငံကို အိန္ဒိယ၏ပြည်နယ်အဖြစ်သတ်မှတ်
မြန်မာပြည်အနှံ့ လက်နက်စွဲကိုင်တော်လှန်မှုများစတင်လာ

၂၀ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၁၉၀၆ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းတည်ထောင်
၁၉၂၀ ၅ ဒီဇင်ဘာ ပထမကျောင်းသားသပိတ်
၁၉၂၁ ဒိုင်အာခီစနစ်စတင်
၁၉၂၂ ၂၁ နိုဝင်ဘာ နိုင်ငံ၏ ပထမဆုံး‌ရွေးကောက်ပွဲကျင်းပ
၁၉၃၀ မေ တို့ဗမာအစည်းအရုံးတည်ထောင်
၂၂ ဒီဇင်ဘာ တောင်သူလယ်သမားအရေးတော်ပုံ
၁၉၃၆ ဒုတိယကျောင်းသားသပိတ်
၁၉၃၇ မြန်မာနိုင်ငံကို အိန္ဒိယမှခွဲထုတ်
၁၉၃၈ ၁၃၀၀ ပြည့် အရေးတော်ပုံ
၁၉၄၁ ၂၆ ဒီဇင်ဘာ ဗမာ့လွတ်လပ်ရေးတပ်မတော်ဖွဲ့စည်း
၁၉၄၂ ဂျပန်တို့သိမ်းပိုက်မှု
၁၉၄၃ ၁ ဩဂုတ် ဂျပန်လက်အောက်ခံ ဗမာနိုင်ငံတော် လွတ်လပ်ရေးကြေညာ
၁၉၄၅ ၂၇ မတ် ဂျပန်တို့ကိုတော်လှန်
မေ ဗြိတိသျှတို့ ပြန်လည်အုပ်ချုပ်
၁၉၄၇ ၁၂ ဖေဖော်ဝါရီ တောင်တန်းနှင့်ပြည်မ ညီညွတ်စေသည့် ပင်လုံစာချုပ်ကိုချုပ်ဆို
၁၉ ဇူလိုင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းအပါတို့ လုပ်ကြံခံရ
၂၄ စက်တင်ဘာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် အတည်ပြုပြဋ္ဌာန်း
၁၉၄၈ ၄ ဇန်နဝါရီ မြန်မာနိုင်ငံသည် ယူနိုက်တက်ကင်းဒမ်းထံမှ လွတ်လပ်ရေးရရှိခဲ့
၁၉ ဧပြီ မြန်မာနိုင်ငံ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာ
၁၉၄၉ ပြည်တွင်းစစ်စတင်
၁၉၅၀ မြန်မာနယ်အတွင်း ကူမင်တန်တပ်များရောက်ရှိလာ
၁၉၅၈ တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်နေဝင်းခေါင်းဆောင်သည့် အိမ်စောင့်အစိုးရဖွဲ့စည်း
၁၉၆၀ ၁၉၆၀ ရွေးကောက်ပွဲတွင် ဦးနုခေါင်းဆောင်သည့် ပါတီအနိုင်ရ
၁၉၆၁ ဦးသန့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်လာ။ ၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် ရန်ကုန်၌ကျင်းပ
၁၉၆၂ ၂ မတ် တပ်မတော်မှ နိုင်ငံ‌တော်မတည်ငြိမ်ဟုဆိုကာ အာဏာသိမ်းယူ
၇ ဇူလိုင် ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံ
၁၉၆၉ ၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် ရန်ကုန်၌ကျင်းပ
၁၉၇၄ ၃ ဇန်နဝါရီ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် အတည်ပြု
ဒီဇင်ဘာ ဦးသန့်ဈာပန အရေးအခင်း
၁၉၈၅ ငွေစက္ကူများရုပ်သိမ်းလာခြင်း
၁၉၈၈ ရှစ်လေးလုံးအရေးအခင်း၊ စစ်တပ်မှအာဏာသိမ်း
၁၉၈၉ ၁၈ ဇွန် စစ်အစိုးရမှ နိုင်ငံ၏အင်္ဂလိပ်အမည် "Burma" မှ "Myanmar" သို့ ပြောင်းလဲ
၁၉၉၀ ၂၇ မေ ရွေးကောက်ပွဲကျင်းပ၊ ရလဒ်ကိုအသိအမှတ်မပြု
အနောက်နိုင်ငံများနှင့် ဂျပန်တို့သည် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု စတင်ခဲ့
ဒီဇင်ဘာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရဖွဲ့စည်း
၁၉၉၁ ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်လ်ငြိမ်းချမ်းရေးဆုချီးမြှင့်
၁၉၉၇ ၂၃ ဇူလိုင် မြန်မာနိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်လာ
၁၇ နိုဝင်ဘာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဖွဲ့စည်း

၂၁ ရာစု[ပြင်ဆင်ရန်]

ခုနှစ် ရက်စွဲ ဖြစ်ရပ်
၂၀၀၃ ဖေဖော်ဝါရီ ဘဏ်လုပ်ငန်း အကျပ်အတည်းဖြစ်ပွား
၂၀၀၅ ၇ မေ ရန်ကုန်၌ဗုံးပေါက်ကွဲ၊ ၁၁ ဦး သေဆုံးပြီး ၁၆၂ ဦး ဒဏ်ရာရရှိခဲ့
၆ နိုဝင်ဘာ မြို့တော်ကို နေပြည်တော်မြို့သို့ ‌ပြောင်းရွှေ့ခဲ့
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး
၂၀၀၈ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု
၂ မေ နာဂစ်မုန်တိုင်းဖြစ်ပွား၊ လူပေါင်း ၁၄၀၀၀၀ နီးပါး သေဆုံးပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ပျက်ဆီးခဲ့ရ
၂၀၀၉ ၂၇–၃၀ ဩဂုတ် ၂၀၀၉ ကိုးကန့်ဖြစ်ရပ်
၂၀၁၀ ၁၅ ဧပြီ ၂၀၁၀ ဧပြီ ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲခြင်း
၂၁ အောက်တိုဘာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်လာ
နိုဝင်ဘာ ၂၀၁၀ ရွေးကောက်ပွဲကျင်းပ၊ တပ်မတော်၏ကြံ့ဖွံ့ပါတီအနိုင်ရ
နိုဝင်ဘာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ်မြောက်
၂၀၁၁ ၃၁ ဇန်နဝါရီ ပြည်ထောင်စုလွှတ်တော် ပထမသက်တမ်းစတင်
၂၄ မတ် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ငလျင်လှုပ်ခတ်
၃၀ မတ် ဦးသိန်းစိန် မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာ
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများစတင်
၂၀၁၂ ဥရောပသမဂ္ဂနှင့်အမေရိကန်တို့က ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့
၁၃ ဇန်နဝါရီ မင်းကိုနိုင်အပါအဝင် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများပြန်လွတ်လာ
၁ ဧပြီ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရ
၂ မေ အောင်ဆန်းစုကြည်သည် လွှတ်တော်အမတ်ဖြစ်လာ
ဇွန်–အောက်တိုဘာ ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်ပွား
၉ နိုဝင်ဘာ မီးရထားပျက်ကျမှုဖြစ်ပွား
နိုဝင်ဘာ လက်ပံတောင်း ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြမှုအပေါ် အစိုးရကဖိနှိပ်
၂၀၁၃ မတ်–အောက်တိုဘာ မွတ်စလင်ဆန့်ကျင်ရေးအဓိကရုဏ်းဖြစ်ပွား
၁၁–၁၇ အောက်တိုဘာ အောက်တိုဘာ ၂၀၁၃ မြန်မာနိုင်ငံ ဗုံးခွဲမှု
၁၁–၂၂ ဒီဇင်ဘာ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
၂၀၁၄ ၁၄–၂၀ ဇန်နဝါရီ ၇ ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
မတ်–ဧပြီ မြန်မာနိုင်ငံအနှံ့ သန်းခေါင်စာရင်းကောက်ယူ (လူဦးရေ ၅၁,၄၈၆,၂၅၃)
၁၂–၁၃ နိုဝင်ဘာ နဝမအကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး
၂၀၁၅ ဖေဖော်ဝါရီ–ဇွန် ၂၀၁၅ ကိုးကန့်စစ်ပွဲ
မတ် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြမှုအပေါ် အစိုးရကဖိနှိပ်
ဇူလိုင်–စက်တင်ဘာ ရေကြီးမှုဖြစ်ပွား
၁၅ အောက်တိုဘာ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ချုပ်ဆို
၁၀ နိုဝင်ဘာ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရ
၂၂ နိုဝင်ဘာ ဖားကန့် စွန့်ပစ်မြေစာပုံ ပြိုကျမှုဖြစ်ပွား
၂၀၁၆ ၁ ဖေဖော်ဝါရီ ပြည်သူ့လွှတ်တော်ဒုတိယသက်တမ်းစတင်
၃ ဖေဖော်ဝါရီ အမျိုးသားလွှတ်တော်ဒုတိယသက်တမ်းစတင်
၈ ဖေဖော်ဝါရီ ပြည်ထောင်စုလွှတ်တော်ဒုတိယသက်တမ်းစတင်
၈ ဖေဖော်ဝါရီ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များဒုတိယသက်တမ်းစတင်
၃၀ မတ် ဦးထင်ကျော် မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာ
၆ ဧပြီ အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ
၂၀၁၇ ဩဂုတ် မြန်မာစစ်တပ်မှ ရခိုင်ရှိလူနည်းစုများကို စတင်သတ်ဖြတ်
၂၀၁၈ မတ် သမ္မတဦးထင်ကျော် ရာထူးမှနုတ်ထွက်၊ ဦးဝင်းမြင့် ရွေးချယ်ခံရ
၂၀၂၀ ၂၃ မတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု
နိုဝင်ဘာ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရ
၂၀၂၁ ၁ ဖေဖော်ဝါရီ တပ်မတော်မှ မဲစာရင်းလိမ်သည်ဟုဆိုကာ အာဏာသိမ်းယူ၊ နိုင်ငံတော်အ‌ရေးပေါ်အခြေအနေကြေညာ
၂ ဖေဖော်ဝါရီ တပ်မတော်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း၊ အာဏာသိမ်းယူမှုကို ဆန့်ကျင်ဆန္ဒပြ
၅ ဖေဖော်ဝါရီ ရွေးကောက်ခံ လွှတ်တော်အမတ်များက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဖွဲ့စည်း
၁၆ ဧပြီ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်း
၅ မေ စစ်အစိုးရကို တန်ပြန်တိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်း
၁ ဩဂုတ် စစ်အစိုးရသည် အိမ်စောင့်အစိုးရကိုဖွဲ့စည်း
၇ စက်တင်ဘာ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်သူ့ခုခံတော်လှန်စစ်ကြေညာ

ရင်းမြစ်များ[ပြင်ဆင်ရန်]

  • Aung-Thwin၊ Michael (2005)။ The mists of Rāmañña: The Legend that was Lower Burma (illustrated ed.)။ Honolulu: University of Hawai'i Press။ ISBN 9780824828868
  • Charney၊ Michael W. (2006)။ Powerful Learning: Buddhist Literati and the Throne in Burma's Last Dynasty, 1752–1885။ Ann Arbor: University of Michigan။
  • Hall၊ D.G.E. (1960)။ Burma (3rd ed.)။ Hutchinson University Library။ ISBN 978-1-4067-3503-1
  • Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
  • Htin Aung၊ Maung (1967)။ A History of Burma။ New York and London: Cambridge University Press။
  • Kala၊ U (1720)။ Maha Yazawin Gyi1–3 (2006, 4th printing ed.)။ Yangon: Ya-Pyei Publishing။
  • Kyaw Thet (1962)။ History of Burma။ Yangon: Yangon University Press။
  • Myat Soe, ed. (1964)။ Myanma Swezon Kyan9 (1 ed.)။ Yangon: Sarpay Beikman
  • Myint-U၊ Thant (2006)။ The River of Lost Footsteps—Histories of Burma။ Farrar, Straus and Giroux။ ISBN 978-0-374-16342-6
  • Pan Hla၊ Nai (1968)။ Razadarit Ayedawbon (8th printing, 2004 ed.)။ Yangon: Armanthit Sarpay။
  • Royal Historical Commission of Burma (1832)။ Hmannan Yazawin1–3 (2003 ed.)။ Yangon: Ministry of Information, Myanmar။
  • Than Tun (December 1959). "History of Burma: A.D. 1300–1400". Journal of Burma Research Society XLII.