မြန်မာနိုင်ငံ၏ မြို့တော်များ စာရင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဤဆောင်းပါးသည် မြန်မာ့သမိုင်း
တစိတ်တဒေသဖြစ်သည်။
WikiProject Burma (Myanmar) peacock.svg
ခေတ်ဦးမြန်မာ့သမိုင်း
ပျူမြို့ပြနိုင်ငံများ ( ဘီစီ ၁၀၀ - အေဒီ ၈၄၀)
မွန်တိုင်းပြည်များ (၉ ရာစု - ၁၁ ရာစု၊ ၁၃ရာစု - ၁၆ ရာစု၊ ၁၈ ရာစု)
ပုဂံခေတ် (၈၄၉-၁၂၈၇ ပထမမြန်မာနိုင်ငံတော်)
အင်းဝခေတ် (၁၃၆၄-၁၅၅၅)
ပဲခူး (၁၂၈၇-၁၃၅၉၊ ၁၇၄၇-၁၇၅၇)
မြောက်ဦး (၁၄၃၄-၁၇၈၄)
တောင်ငူ-ဟံသာဝတီခေတ် (၁၄၈၆-၁၇၅၂ ဒုတိယမြန်မာနိုင်ငံတော်)
ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅ တတိယမြန်မာနိုင်ငံတော်)
အင်္ဂလိပ်မြန်မာစစ်ပွဲများ (၁၈၂၄-၁၈၂၆, ၁၈၅၂, ၁၈၈၅)
British Arakan (1824–1852)
British Tenasserim (1824–1852)
British Lower Burma (1852–1886)
British Upper Burma (1885–1886)
ကိုလိုနီခေတ် (၁၈၂၄–၁၉၄၂, ၁၉၄၅-၁၉၄၈)
တို့ဗမာအစည်းအရုံး (၁၈၈၆ နောက်ပိုင်း)
ဒေါက်တာဘမော်
ဗိုလ်ချုပ်အောင်ဆန်း
ဂျပန်ကိုလိုနီခေတ် (၁၉၄၂-၁၉၄၅)
လွတ်လပ်ရေးခေတ် (၁၉၄၈-၁၉၆၂)
ဦးနုနှင့် ဦးသန့်
မဆလခေတ် (၁၉၆၂-၁၉၈၉)
ဗိုလ်ချုပ်ကြီးနေဝင်း
ရှစ်လေးလုံးအရေးအခင်း (၁၉၈၈)
ဒေါ်အောင်ဆန်းစုကြည်
နအဖခေတ် (၁၉၈၉–၂၀၀၉)
ရွှေဝါရောင်တော်လှန်ရေး (၂၀၀၇)
နာဂစ်မုန်တိုင်း (၂၀၀၈)
ဒီမိုကရေစီအစိုးရခေတ် (၂၀၁၀–ယခုထိ)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၂၀၁၀-၂၀၁၆)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၀၁၆-ယခုထိ)
[ဤဇယားအားပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ လက်ရှိ မြို့တော်မှာ နေပြည်တော်မြို့ ဖြစ်သည်။ အောက်ပါတို့မှာ ၉ ရာစုနှစ်မှ လက်ရှိအချိန်အထိ မြန်မာ့သမိုင်းတလျောက် ထင်ရှားသော မြို့တော်များ စာရင်း ဖြစ်သည်။ စာရင်းအား ခေတ်အလိုက်၊ အချိန်အလိုက် စီစဉ်ထားပြီး နိုင်ငံတော်မြို့တော်များအား စာလုံးထူ ဖြင့် ပြသထားသည်။

မြို့တော်များစာရင်း[ပြင်ဆင်ရန်]

ဒေသ မြို့တော် ကာလ ကြာမြင့်ချိန် မှတ်စုများ
ပုဂံနေပြည်တော် ပုဂံ ၂၃ ဒီဇင်ဘာ ၈၄၉ – ၁၇ ဒီဇင်ဘာ ၁၂၉၇ ၄၄၇ နှစ်၊ ၃၅၉ ရက် [note ၁]
မြင်စိုင်းနေပြည်တော် မြင်စိုင်းမက္ခရာ နှင့် ပင်လယ် ၁၇ ဒီဇင်ဘာ ၁၂၉၇ – ၁၃ ဧပြီ ၁၃၁၀ ၁၂ နှစ်၊ ၁၁၇ ရက် [note ၂]
ပင်လယ် ၁၃ ဧပြီ ၁၃၁၀ – ၇ ဖေဖော်ဝါရီ ၁၃၁၃ ၂ နှစ်၊ ၃၀၀ ရက်
ပင်းယနေပြည်တော် ပင်းယမြို့ ၇ ဖေဖော်ဝါရီ ၁၃၁၃ – ၂၆ ဖေဖော်ဝါရီ ၁၃၆၅ ၅၂ နှစ်၊ ၁၉ ရက် [note ၃]
စစ်ကိုင်းနေပြည်တော် စစ်ကိုင်းမြို့ ၁၅ မေ ၁၃၁၅ – ၂၆ ဖေဖော်ဝါရီ ၁၃၆၅ ၄၉ နှစ်၊ ၂၈၇ ရက် [note ၄]
အင်းဝနေပြည်တော် အင်းဝမြို့ ၂၆ ဖေဖော်ဝါရီ ၁၃၆၅ – ၂၂ ဇန်နဝါရီ ၁၅၅၅ ၁၈၉ နှစ်၊ ၃၃၀ ရက် [note ၅]
ဒုတိယ သရေခေတ္တရာ နေပြည်တော် ပြည်မြို့ နိုဝင်ဘာ ၁၄၈၂ ခန့် – ၁၉ မေ ၁၅၄၂ ၅၉ နှစ်၊ ၆ လကျော် [၁]
ဟံသာဝတီ ပဲခူး နေပြည်တော် မုတ္တမမြို့ ၄ ဧပြီ ၁၂၈၇ – ၁၃၆၃ ၇၆ နှစ်+ [note ၆]
ဒုန်ဝန်းမြို့ ၁၃၆၃ – ၁၃၆၉ ~၆ နှစ် [note ၇]
[၂]
ပဲခူးမြို့ ၁၃၆၉ – နိုဝင်ဘာ ၁၅၃၈ ခန့် ၁၆၉ နှစ်+ [note ၈]
ပဲခူးမြို့ ဇွန်နှောင်းပိုင်း ၁၅၅၀ – ၁၂ မတ် ၁၅၅၂ ၁ နှစ်၊ ၈ လ+ [note ၉]
မြောက်ဦးနေပြည်တော် လောင်းကြက်မြို့ ၁၈ ဧပြီ ၁၄၂၉ – ၁၆ နိုဝင်ဘာ ၁၄၃၀ ၁ နှစ်၊ ၂၁၂ ရက် [note ၁၀]
မြောက်ဦးမြို့ ၁၆ နိုဝင်ဘာ ၁၄၃၀ – ၂ ဇန်နဝါရီ ၁၇၈၅ ၃၅၄ နှစ်၊ ၄၇ ရက် [note ၁၁]
[၃]
တောင်ငူနေပြည်တော် တောင်ငူမြို့ ၁၆ အောက်တိုဘာ ၁၅၁၀ – ၁၅၃၉ ၂၈–၂၉ နှစ် [note ၁၂]
ပဲခူးမြို့ ၁၅၃၉ – ၃၀ ဧပြီ ၁၅၅၀ ~၁၁ နှစ် [၄]
တောင်ငူမြို့ ၁၁ ဇန်နဝါရီ ၁၅၅၁ – ၁၂ မတ် ၁၅၅၂ ၁ နှစ်၊ ၆၁ ရက် [note ၁၃]
ပဲခူးမြို့ ၁၂ မတ် ၁၅၅၂ – ၁၉ ဒီဇင်ဘာ ၁၅၉၉ ၄၇ နှစ်၊ ၂၈၂ ရက် [၅]
အင်းဝမြို့ ၁၉ ဒီဇင်ဘာ ၁၅၉၉ – ၁၄ မေ ၁၆၁၃ ၁၃ နှစ်၊ ၁၄၆ ရက် [note ၁၄]
ပဲခူးမြို့ ၁၄ မေ ၁၆၁၃ – ၂၅ ဇန်နဝါရီ ၁၆၃၅ ၂၁ နှစ်၊ ၂၅၆ ရက် [၆]
အင်းဝမြို့ ၂၅ ဇန်နဝါရီ ၁၆၃၅ – ၂၃ မတ် ၁၇၅၂ ၁၁၇ နှစ်၊ ၅၈ ရက် [၇]
ဟံသာဝတီ နေပြည်တော် ပဲခူးမြို့ နိုဝင်ဘာ ၁၇၄၀ – ၆ မေ ၁၇၅၇ ၁၆ နှစ်၊ ၆ လ [၈][၉]
ကုန်းဘောင်ခေတ် ရွှေဘိုမြို့ ၂၉ ဖေဖော်ဝါရီ ၁၇၅၂ – ၂၆ ဇူလိုင် ၁၇၆၀ ၈ နှစ်၊ ၁၄၈ ရက် [၁၀]
[၁၁]
စစ်ကိုင်းမြို့ ၂၆ ဇူလိုင် ၁၇၆၀ – ၂၃ ဇူလိုင် ၁၇၆၅ ၄ နှစ်၊ ၃၆၂ ရက် [၁၂]
အင်းဝမြို့ ၂၃ ဇူလိုင် ၁၇၆၅ – ၁၃ မေ ၁၇၈၃ ၁၇ နှစ်၊ ၂၉၄ ရက် [၁၃]
အမရပူရ ၁၃ မေ ၁၇၈၃ – ၂၂ နိုဝင်ဘာ ၁၈၂၁ ၃၈ နှစ်၊ ၁၉၃ ရက် [၁၄]
အင်းဝမြို့ ၂၂ နိုဝင်ဘာ ၁၈၂၁ – ၁၀ ဖေဖော်ဝါရီ ၁၈၄၂ ၂၀ နှစ်၊ ၈၀ ရက် [၁၅]
အမရပူရ ၁၀ ဖေဖော်ဝါရီ ၁၈၄၂ – ၂၃ မေ ၁၈၅၉ ၁၇ နှစ်၊ ၁၀၂ ရက် [၁၆]
မန္တလေးမြို့ ၂၃ မေ ၁၈၅၉ – ၂၉ နိုဝင်ဘာ ၁၈၈၅ ၂၆ နှစ်၊ ၁၉၀ ရက် [၁၇]
ဗြိတိသျှဘားမား မော်လမြိုင်မြို့ နှင့်
စစ်တွေမြို့
၂၄ ဖေဖော်ဝါရီ ၁၈၂၆ – ၂၀ ဒီဇင်ဘာ ၁၈၅၂ ၃၅ နှစ်၊ ၃၄၁ ရက် [note ၁၅]
မော်လမြိုင်မြို့
စစ်တွေမြို့
ရန်ကုန်မြို့
၂၀ ဒီဇင်ဘာ ၁၈၅၂ – ၃၁ ဇန်နဝါရီ ၁၈၆၂ ၉ နှစ်၊ ၄၂ ရက် [note ၁၆]
ရန်ကုန်မြို့ ၃၁ ဇန်နဝါရီ ၁၈၆၂ – ၇ မတ် ၁၉၄၂ ၈၀ နှစ်၊ ၃၅ ရက် [note ၁၇]
ရန်ကုန်မြို့ ၃ မေ ၁၉၄၅ – ၄ ဇန်နဝါရီ ၁၉၄၈ ၂ နှစ်၊ ၂၄၆ ရက်
ဂျပန်ခေတ် ရန်ကုန်မြို့ ၇ မတ် ၁၉၄၂ – ၃ မေ ၁၉၄၅ ၃ နှစ်၊ ၅၇ ရက်
မြန်မာနိုင်ငံ ရန်ကုန်မြို့ ၄ ဇန်နဝါရီ ၁၉၄၈ – ၆ နိုဝင်ဘာ ၂၀၀၅ ၅၇ နှစ်၊ ၃၀၆ ရက်
နေပြည်တော်မြို့ ၆ နိုဝင်ဘာ ၂၀၀၅ – လက်ရှိ ၁၁ နှစ်၊ ၁၉၈ ရက်

မှတ်စုများ[ပြင်ဆင်ရန်]

  1. ဇာတာတော်ပုံ ရာဇဝင် (၁၉၆၀၊ စာ ၄၁) အရ မြို့တည်ရက်စွဲ (မြန်မာသက္ကရာဇ် ၂၁၁ ပြာသိုလဆန်း ၆ ရက်) ကို တည်ထောင်နှစ်အဖြစ် ပေးထားသည်။ စာမျက်နှာ ၅၃ တွင် ဖော်ပြချက်အရ အရိမဒ္ဒနာပူရမြို့ကို မြန်မာသက္ကရာဇ် ၁၁၂ ခု တန်ခူးလဆန်း ၁၅ ရက် တနင်္ဂနွေနေ့တွင် တည်ထောင်ပြီး ပျူခေတ် မြန်မာသက္ကရာဇ် ၃၁၂ ခု ပြာသိုလဆန်း ၁ ရက် ကြာသပတေးနေ့တွင် နန်းတော်ကို သီရိပစ္စယာသို့ ရွှေ့ပြောင်းခဲ့သည်။ မှန်နန်းမဟာရာဇဝင်ကြီး (အတွဲ ၁၊ ၂၀၀၃ ခုနှစ်ထုတ်၊ စာ ၁၈၅–၁၈၈) တွင် ပုဂံတည်ထောင်နှစ်ကို CE ၁၀၇ ဟု ဖော်ပြထားသည်။ စကောလားရှစ်စာတမ်းအရ ပုဂံသည် ၉ ရာစု အလယ်မှ နှောင်းပိုင်းတွင် တည်ထောင်ခဲ့ပြီး အစောဆုံး ၁၀ ရာစုနှောင်းပိုင်းတွင်မှ အခြေတည်ခဲ့သည်ဟု ဆိုသည်။ (အောင်-သွင် ၂၀၀၅၊ စာ ၁၈၅): ရေဒီယိုကာဘွန်ဖြင့် စစ်ဆေးချက်များအရ ပုဂံတွင် အစောဆုံး လူနေထိုင်မှုသည် CE ၆၅၉ ခန့်တွင် ဖြစ်ပြီး (အောင်-သွင် ၂၀၀၅၊ စာ ၃၈): ပုဂံရှိ တံတိုင်းများ၏ သက်တမ်းမှာ ရေဒီယိုကာဘွန်စစ်ဆေးချက်အရ CE ၉၈၀ ထက် မစောဘဲ CE ၁၀၂၀ ဝန်းကျင်ခန့် ဖြစ်နိုင်ချေရှိသည်။ ထို့ကြောင့် ဇာတာတော်ပုံ ရာဇဝင်တွင် ဖော်ပြထားသည့် ပျူခတ်ရက်စွဲများမှာ မြန်မာခေတ်ရက်စွဲများ ဖြစ်ဟန်တူသည်။ ယင်းသို့ဆိုပါက ပုဂံသည် ၇၅၁ ခုနှစ် မတ်လ ၁၆ ရက် (မြန်မာသက္ကရာဇ် ၁၁၂ နှောင်းတန်ခူးလဆန်း ၁၅ ရက်)တွင် တည်ထောင်ခဲ့ပြီး နန်းတော်ကို သီရိပစ္စယာသို့ ပြောင်းရွှေ့ချိန်မှာ ၉၅၀ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် (မြန်မာသက္ကရာဇ် ၃၁၂ ခု ပြာသိုလဆန်း ၁ ရက်) ဖြစ်သည်။
    (သန်းထွန်း၊ ၁၉၅၉၊ စာ ၁၁၉–၁၂၀): ကျောက်စာရေးထိုးချက်များအရ ကျော်စွာဘုရင်သည် ၁၂၉၇ ခုနှစ် ဒီဇင်ဘာ ၁၇ ရက် (မြန်မာသက္ကရာဇ် ၆၅၉ ခု ပြာသိုလဆန်း ၁၃ ရက်) တွင် နန်းချခံခဲ့ရသည်။ တရုတ်မှတ်တမ်းများအရ နန်းကျခြင်းသည် ၁၂၉၈ ဇွန်-ဇူလိုင် တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
  2. (မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၆၉) တွင် မက္ခရာကို အုပ်ချုပ်သူ ရာဇသင်္ကြန် သည် မင်းပြုပြီးနောက် ငါးနှစ်အကြာတွင် ကွယ်လွန်ခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော် (သန်းထွန်း ၁၉၅၉၊ စာ ၁၂၃) တွင် ကျောက်စာကိုးကားချက်အရ ရာဇသင်္ကြန်နှင့် သီဟသူ ညီအစ်ကိုနှစ်ဦးသည် အစ်ကိုကြီးဖြစ်သူ အသင်္ခယာ ကွယ်လွန်သည့် ၁၃၁၀ ခုနှစ် ဧပြီ ၁၃ ရက်နောက်ပိုင်းထိ သက်ရှိထင်ရှားရှိနေခဲ့ကြောင်း ဖော်ပြထားသည်။
  3. (မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၇၀) တွင် မြန်မာသက္ကရာဇ် ၆၇၄ ခု တပေါင်းလဆန်း ၁၅ ရက် ဟု ဖော်ပြထားပြီး ခရစ်နှစ်ပြောင်းပါက ၁၃၁၃ ဖေဖော်ဝါရီ ၁၀ ရက် စနေနေ့ ဖြစ်သည်။ သို့သော် လဆန်း ၁၅ ရက်ဆိုသည်မှာ စာစီအမှား ဖြစ်ဟန်တူပြီး လပြည့်နေ့အစား လဆန်း ၁၅ ရက်ဟု သုံးလေ့မရှိပေ။ ဖြစ်နိုင်သည့် ရက်စွဲမှာ တပေါင်းလဆန်း ၁၂ ရက်ဖြစ်နိုင်ပြီး ခရစ်နှစ် ၁၃၁၃ ဖေဖော်ဝါရီ ၇ ရက် ဗုဒ္ဓဟူးနေ့ အမှန် ဖြစ်သည်။ မြန်မာဂဏန်း ၂ နှင့် ၅ တို့သည် ဆင်တူပြီး ကူးယူရေးသားရာတွင် မှားယွင်းနိုင်သည်။
  4. (မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၇၅): အသင်္ခယာ စောယွန်း သည် မြန်မာသက္ကရာဇ် ၆၇၇ နယုန်လဆန်း ၁၂ ရက်နေ့ (၁၃၁၅ ခု မေလ ၁၅ ရက်) တွင် စစ်ကိုင်းကို စတင်စိုးစံသည်။
  5. (မဟာရာဇဝင် အတွဲ ၂၊ ၂၀၀၆၊ စာ ၂၂၁) အရ ခရစ်နှစ် ၁၅၅၅ ဇန်နဝါရီ ၂၂ (မြန်မာသက္ကရာဇ် ၉၁၆ တပေါင်းလဆန်း ၂ ရက် အင်္ဂါနေ့)တွင် အင်းဝသည် တောင်ငူတပ်များလက်အောက်သို့ ကျရောက်ခဲ့သည်။ အင်းဝသည် မင်းဆက်ပြောင်းမှု နှစ်ကြိမ် ကြုံခဲ့သည်။ (မဟာရာဇဝင် အတွဲ ၂၊ ၂၀၀၆၊ စာ ၆၂) အရ သတိုးဆက်သည် မိုးညှင်းသတိုး ဦးဆောင်သော တပ်များလက်အောက်သို့ ၁၄၂၆ ခုနှစ် မေလ ၂၀ ရက် (မြန်မာသက္ကရာဇ် ၇၈၈ နယုန်လဆန်း ၁၄ ရက်) တွင် ကျရောက်ခဲ့သည်။ (မဟာရာဇဝင် အတွဲ ၂၊ ၂၀၀၆၊ စာ ၁၁၃) အရ မိုးညှင်းဆက်သည် ၁၅၂၇ ခုနှစ် မတ်လ ၁၄ ရက် (မြန်မာသက္ကရာဇ် ၈၈၈ နှောင်းတန်ခူးလဆန်း ၁၂ ရက်) တွင် မိုးညှင်းစလုံ၏ ရှမ်းတပ်များအောက်သို့ ကျရောက်ခဲ့သည်။
  6. (နိုင်ပန်းလှ၊ ၂၀၀၄၊ စာ ၂၅–၂၆) တွင် ဝါရီရူးမင်းသည် မြန်မာသက္ကရာဇ် ၆၄၈ ခု တန်ခူးလဆုတ် ၆ ရက် ကြာသပတေးနေ့ (၁၂၈၆ ခုနှစ် မတ်လ ၁၆ ရက်) တွင် လွတ်လပ်ရေး ကြေညာခဲ့သည်ဟု မွန်မှတ်တမ်းများအရ ဆိုသည်။ သို့သော် မြန်မာသက္ကရာဇ် ၆၄၈ သည် စာစီအမှားဖြစ်ဟန်တူသည်။ မွန်မှတ်တမ်းများတွင် ဝါရီရူးသည် ၁၂၅၃ မတ်လ ၂၀ တွင် မွေးဖွားခဲ့ပြီး အသက် ၃၄ နှစ် (၃၅ နှစ်မြောက်) တွင် အာဏာရလာသည်ဟု ဆိုသည့်အတွက် ဖြစ်နိုင်သည့် ရက်စွဲမှာ မြန်မာသက္ကရာဇ် ၆၄၉ ခုနှစ် တန်ခူးလဆုတ် ၆ ရက် ဖြစ်သည်။ ထို့အပြင် မြန်မာမှတ်တမ်းများက ၆၄၉ ခုနှစ် တပို့တွဲလပြည့် (၁၂၈၈ ခုနှစ် ဇန်နဝါရီ ၁၈ ရက်) ဟု ဖော်ပြထားသဖြင့် နိုင်ပန်းလှအနေဖြင့် နန်းတက်ရက်စွဲအား မှန်းဆထားဟန်တူသည်။
  7. (ဖယ်ယာ၊ ၁၉၆၇၊ စာ ၆၆) တွင် စောဇိတ်ဘုရင်သည် မြန်မာသက္ကရာဇ် ၆၈၅ သီတင်းကျွတ် (၁၃၂၃ စက်တင်ဘာ ၂ မှ ၁၃၂၃ စက်တင်ဘာ ၃၀) တွင် အာဏာရလာပြီးနော် မြို့တော်ကို ပဲခူးသို့ ရွှေ့ပြောင်းခဲ့သည်ဟု ဆိုသည်။ (နိုင်ပန်းလှ၊ ၂၀၀၄၊ စာ ၃၉–၄၁) တွင် စောဇိတ်သည် ပဲခူးကို ဦးစွာ ပြန်လည်ရယူသည်ဟု ဖော်ပြထားပြီး ရွှေ့ပြောင်းခြင်းအကြောင်းအား မဖော်ပြထားပေ။ နိုင်ပန်းလှအဆိုအရ စောဇိတ်၏ အရိုက်အရာဆက်ခံသူသည် ၁၃၃၀ တွင် မုတ္တမထီးနန်းမှ ဆင်းသက်လာသည်ဟု ဆိုသည်။ ဒုန်ဝန်းသို့ ရွှေ့ပြောင်းခြင်းအတွက် (နိုင်ပန်းလှ၊ ၂၀၀၄၊ စာ ၅၇–၅၉) တွင် မွန်မှတ်တမ်းများကို ကိုးကား၍ ၁၃၆၃ ဟု ဖော်ပြထားကာ မြန်မာမှတ်တမ်းများက ၁၀ နှစ်စောကာ ၁၃၅၃ ဟု ဖော်ပြထားသည်။
  8. တောင်ငူတပ်များလက်အောက် ပဲခူးကျရောက်သည့် ရက်ကို ရာဇဝင်ကျမ်းများက မြန်မာသက္ကရာဇ် ၉၀၀ (၃၀ မတ် ၁၅၃၈ မှ ၂၉ မတ် ၁၅၃၉) ဟုသာ ဖော်ပြထားသည်။ (Harvey 1925: 368) က ထိုရက်ကို ၁၅၃၉ ခုနှစ်အဖြစ် ပြန်ဆိုထားသည်။ အင်းဝနှင့် အစောပိုင်း တောင်ငူခေတ်များအတွက် မြန်မာပြက္ခဒိန်အား အနောက်တိုင်းပြက္ခဒိန်သို့ ပြောင်းလဲရာတွင် (Harvey 1925) အနေဖြင့် ၆၃၉ ကိုသာ ပေါင်းထည့်ခဲ့သဖြင့် မတိကျပေ။ (မြန်မာပြက္ခဒိန်သည် ခရစ်ပြက္ခဒိန်နှင့် ခွလျက် ဖြစ်သည်။ ၁၆ ရာစုနှစ်တွင် မြန်မာခုနှစ် ၇၅% ကျော်ခန့်သည် ၆၃၈ ပေါင်းထည့်ရုံဖြင့် ရောက်ရှိခရစ်နှစ်ကို ရရှိနိုင်သည်။ စာအုပ်သည် နောက်ပိုင်းအချိန်များအား ၆၃၈ ပေါင်းထည့်ကာ ပြောင်းလဲထားသည်။) မည်သို့ဆိုစေကာမူ မြန်မာသမိုင်းစာအုပ်အများစုသည် (Harvey 1925) ၏ ခုနှစ်ကို ယူကြသည်။ (ဒေါက်တာသန်းထွန်း၏ စာအုပ်များမှာ ခြွင်းချက် ဖြစ်သည်။) ရာဇဝင်ကျမ်းများတွင် ပဲခူးကျဆုံးနှစ်ကို ၁၅၃၈–၁၅၃၉ ခြောက်သွေ့ရာသီ (၁၅၃၈ ခုနှစ် နိုဝင်ဘာ/ဒီဇင်ဘာလ ခန့်) ဟု တိကျစွာ ဖော်ပြထားသော်လည်း အနောက်တိုင်းသမိုင်းစာအုပ်များတွင် ပဲခူးကျသည့်နှစ်ကို ၁၅၃၉ ဟုဖော်ပြကြသည်။
  9. (မဟာရာဇဝင် အတွဲ ၂၊ ၂၀၀၆၊ စာ ၁၉၇): ၁၅၅၀ ခုနှစ် ဧပြီ ၃၀ တွင် တပင်ရွှေထီး လုပ်ကြံခံရပြီး တစ်လခွဲခန့်အကြာတွင် သမိန်စောထွတ် သည် ပဲခူးကို သိမ်းယူခဲ့သည်။ ရွှေစည်းခုံဘုရား ခေါင်းလောင်းစာ အရ (မဟာရာဇဝင် အတွဲ ၂၊ ၂၀၀၆၊ စာ ၃၃၉) တွင် ဘုရင့်နောင်သည် ပဲခူးကို ၁၅၅၂ ခုနှစ် မတ်လ ၁၂ ရက်နေ့ (မြန်မာသက္ကရာဇ် ၉၁၃ နှောင်းတန်ခူးလဆုတ် ၃ ရက်၊ စနေနေ့) တွင် သိမ်းယူခဲ့သည်ဟု ဖော်ပြထားသည်။
  10. ရခိုင် ရာဇဝင်သစ် (စန္ဒမာလာ လင်္ကာရ၊ အတွဲ ၂၊ ၁၉၉၉၊ စာ ၁၁) တွင် မင်းစောမွန်သည် လောင်းကြက်မြို့ကို မြန်မာသက္ကရာဇ် ၇၉၁ ကဆုန်လဆုတ် ၁ ရက်၊ ကြာသပတေးနေ့တွင် သိမ်းယူခဲ့သည်ဟု ဖော်ပြထားပြီး ခရစ်နှစ်ပြောင်းပါက ၁၄၂၉ ဧပြီ ၁၈ ရက်၊ တနင်္လာနေ့ ဖြစ်သည်။
  11. မြောက်ဦးတည်ထောင်ရက်စွဲကို အမျိုးမျိုး ကွဲပြားစွာ တွေ့ရသည်။ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၉၊ ၁၉၆၄၊ စာ ၄၂၅) တွင် မြန်မာသက္ကရာဇ် ၇၉၂ နတ်တော်လဆန်း ၁ ရက်၊ တနင်္ဂနွေနေ့ (၁၆ နိုဝင်ဘာ ၁၄၃၀) ဟု ဖော်ပြထားသည်။ သို့သော် (Harvey 1925: 139) တွင် ၁၄၃၃ ဟုလည်းကောင်း၊ (စန္ဒာမာလာ လင်္ကာရ၊ အတွဲ ၂၊ ၁၉၉၉၊ စာ ၁၃) တွင် မြန်မာသက္ကရာဇ် ၇၉၂ တော်သလင်းလဆန်း ၁ ရက်၊ တနင်္ဂနွေနေ့ (၂၀ ဩဂုတ် ၁၄၃၀) ဟူ၍လည်းကောင်း ဖော်ပြထားသည်။
  12. (မှန်နန်း အတွဲ ၂၊ ၂၀၀၃၊ စာ ၁၇၉): မင်းကြီးညိုသည် မြန်မာသက္ကရာဇ် ၈၇၂ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ အင်္ဂါနေ့ ( ၁၅၁၀ အောက်တိုဘာ ၁၆) တွင် အင်းဝမှ လွတ်လပ်ရေး ကြေညာခဲ့သည်။ (မှန်နန်း အတွဲ ၂၊ ၂၀၀၃၊ စာ ၁၉၆): တပင်ရွှေထီးသည် မြို့တော်ကို ပဲခူးသို့ မြန်မာသက္ကရာဇ် ၉၀၁ (၃၀ မတ် ၁၅၃၉ မှ ၂၉ မတ် ၁၅၄၀) တွင် ပြောင်းရွှေ့ခဲ့သည်။
  13. (မဟာရာဇဝင် ၂၀၀၆၊ စာ ၂၀၁): ဘုရင့်နောင်သည် တောင်ငူကို ၁၅၅၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် (မြန်မာသက္ကရာဇ် ၉၁၂ တပို့တွဲလဆန်း ၅ ရက် တနင်္ဂနွေနေ့) တွင် သိမ်းယူခဲ့သည်။ (မဟာရာဇဝင်၊ အတွဲ ၂၊ ၂၀၀၆၊ စာ ၃၃၉): ဘုရင့်နောင်သည် ပဲခူးကို သိမ်းယူပြီး မြို့တော်ကို ၁၅၅၂ ခုနှစ် မတ်လ ၁၂ ရက် (မြန်မာသက္ကရာဇ် ၉၁၃ နှောင်းတန်ခူးလဆုတ် ၃ ရက် တနင်္ဂနွေနေ့) တွင် ရွှေ့ပြောင်းခဲ့သည်။
  14. (မှန်နန်း အတွဲ ၃၊ ၂၀၀၃၊ စာ ၁၇၂–၁၇၃): မြန်မာရာဇဝင်များတွင် အနောက်ဖက်လွန်မင်းသည် မြို့တော်ကို ပဲခူးသို့ ရွှေ့ပြောင်းခဲ့ကြောင်း မဖော်ပြထားပေ။ သို့သော် အနောက်ဖက်လွန်မင်းသည် ပဲခူးသို့ ၁၆၁၃ ခုနှစ် မေလ အစောပိုင်းတွင် ရောက်ရှိလာခဲ့ပြီး ၁၆၁၃ ခုနှစ် မေလ ၁၄ ရက်နေ့ (မြန်မာသက္ကရာဇ် ၉၇၅ ကဆုန်လဆုတ် ၁၀ ရက်) တွင် ယာယီနန်းတော်တွင် စိုးစံခဲ့သည်။ ယင်းနောက်တွင် အင်းဝသို့ ပြန်လည်မသွားတော့ပေ။
  15. မော်လမြိုင်မြို့သည် ဗြိတိသျှအိန္ဒိယ၊ တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်ပြီး စစ်တွေသည် ဗြိတိသျှအိန္ဒိယ၊ ရခိုင်တိုင်း၏ မြို့တော် ဖြစ်သည်။ စတင်ရက်စွဲမှာ ရန္တပိုစာချုပ် ချုပ်ဆိုသည့် ရက်စွဲ ဖြစ်သည်။ ရခိုင်၊ တနင်္သာရီနှင့် ပဲခူးတို့ကို ၁၈၆၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဗြိတိသျှအိန္ဒိယလက်အောက်တွင် ဗြိတိသျှဘားမားအဖြစ် ပေါင်းစည်းခဲ့သည်။
  16. ဒုတိယ အင်္ဂလိပ်-မြန်မာစစ်အပြီးတွင် ရန်ကုန်မြို့သည် ပဲခူးတိုင်း၏ မြို့တော် ဖြစ်လာခဲ့သည်။
  17. ရန်ကုန်မြို့သည် ၁၈၆၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဗြိတိသျှအိန္ဒိယ၏ မြန်မာစီရင်စုအတွက် မြို့တော် ဖြစ်လာခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. (မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၂၁၃): မြန်မာသက္ကရာဇ် ၉၀၄ နယုန်လဆန်း ၅ ရက် = ၁၅၄၂ ခုနှစ် မေလ ၁၉ ရက်
  2. Harvey 1925: 368
  3. (မောင်မောင်တင်၊ အတွဲ ၂၊ ၂၀၀၄၊ စာ ၂-၂၅): မြန်မာသက္ကရာဇ် ၁၁၄၆ ပြာသိုလဆုတ် ၈ ရက်၊ တနင်္ဂနွေနေ့ = ၂ ဇန်နဝါရီ ၁၇၈၅
  4. (မှန်နန်း အတွဲ ၂၊ ၂၀၀၃၊ စာ ၂၅၇): မြန်မာသက္ကရာဇ် ၉၁၂ ကဆုန်လဆုတ် ၁ ရက် ဗုဒ္ဓဟူးနေ့= ၃၀ ဧပြီ ၁၅၅၀
  5. (မှန်နန်း အတွဲ ၃၊ ၂၀၀၃၊ စာ ၁၀၂): မြန်မာသက္ကရာဇ် ၉၆၁ ပြာသိုလဆန်း ၄ ရက် တနင်္ဂနွေ = ၁၉ ဒီဇင်ဘာ ၁၅၉၉
  6. (မှန်နန်း အတွဲ ၃၊ ၂၀၀၃၊ စာ ၂၂၃): မြန်မာသက္ကရာဇ် ၉၉၆ တပို့တွဲ လဆန်း ၇ ရက် = ၂၅ ဇန်နဝါရီ ၁၆၃၅
  7. (မှန်နန်း အတွဲ ၃၊ ၂၀၀၃၊ စာ ၃၉၂): မြန်မာသက္ကရာဇ် ၁၁၁၃ နှောင်းတန်ခူးလဆန်း ၈ ရက် = ၂၃ မတ် ၁၇၅၂
  8. (ဇာတာ ၁၉၆၀၊ စာ ၄၄): မြန်မာသက္ကရာဇ် ၁၁၀၂ နတ်တော်လ= ၁၉ နိုဝင်ဘာ ၁၇၄၀ မှ ၁၇ ဒီဇင်ဘာ ၁၇၄၀
  9. (မောင်မောင်တင်၊ အတွဲ ၁၊ ၂၀၀၄၊ စာ ၁၂၈): မြန်မာသက္ကရာဇ် ၁၁၁၉ ကဆုန်လဆုတ် ၄ ရက် = ၆ မေ ၁၇၅၇
  10. (မောင်မောင်တင်၊ အတွဲ ၁၊ ၂၀၀၄၊ စာ ၅၂): မြန်မာသက္ကရာဇ် ၁၁၁၃ တပေါင်းလပြည့် = ၂၉ ဖေဖော်ဝါရီ ၁၇၅၂
  11. Buyers: King Naungdawgyi
  12. (မောင်မောင်တင်၊ အတွဲ ၁၊ ၂၀၀၄၊ စာ ၂၇၈): မြန်မာသက္ကရာဇ် ၁၁၂၇ ဝါခေါင်လဆန်း ၇ ရက် အင်္ဂါနေ့ = ၂၃ ဇူလိုင် ၁၇၆၅
  13. (မောင်မောင်တင်၊ အတွဲ ၁၊ ၂၀၀၄၊ စာ ၃၉၅): မြန်မာသက္ကရာဇ် ၁၁၄၅ နယုန်လဆန်း ၁၃ ရက် အင်္ဂါနေ့ = ၁၃ မေ ၁၇၈၃
  14. (မောင်မောင်တင်၊ အတွဲ ၁၊ ၂၀၀၄၊ စာ ၂၂၃): မြန်မာသက္ကရာဇ် ၁၁၈၃ သီတင်းကျွတ်လဆုတ် ၁၃ ရက် ကြာသပတေး = ၂၂ နိုဝင်ဘာ ၁၈၂၁
  15. (မောင်မောင်တင်၊ အတွဲ ၃၊ ၂၀၀၄၊ စာ ၃၃): မြန်မာသက္ကရာဇ် ၁၂၀၃ တပေါင်းလဆန်း ၁ ရက် = ၁၀ ဖေဖော်ဝါရီ ၁၈၄၂
  16. (မောင်မောင်တင်၊ အတွဲ ၁၊ ၂၀၀၄၊ စာ ၁၉၃): မြန်မာသက္ကရာဇ် ၁၂၂၁ ကဆုန်လဆုတ် ၇ ရက် တနင်္လာနေ့ = ၂၃ မေ ၁၈၅၉
  17. ထင်အောင်၊ ၁၉၆၇၊ စာ ၂၆၃

ကျမ်းပြုစာစုများ[ပြင်ဆင်ရန်]