မာတိကာသို့ ခုန်သွားရန်

တရုတ် - မြန်မာ စစ်ပွဲများ

ဝီကီပီးဒီးယား မှ
တရုတ် - မြန်မာ စစ်ပွဲများ (၁၇၆၅ - ၁၇၆၉)
စစ်ဆင်ရေးကြီး ၁၀ ရပ်၏ တစ်စိတ်တစ်ပိုင်း

Raising army for Ten Great Campaigns
ရက်စွဲဒီဇင်ဘာ ၁၇၆၅ – ၂၂ ဒီဇင်ဘာ ၁၇၆၉
နေရာယနေ့ ရှမ်းပြည်နယ်ကချင်ပြည်နယ်၊ အထက်မြန်မာပြည်၊ ယူနန်ပြည်နယ်
ရလဒ်

မြန်မာတို့အနိုင်ရရှိခြင်း

  • ကောင်းတုံ စစ်ပြေငြိမ်းရေး စာချုပ်
  • မြန်မာတို့၏ လွတ်လပ်ရေးကို ခိုင်မာစေခဲ့ခြင်း[]
  • ဆယမ်ထိုင်းတို့ မြန်မာထံမှ လွတ်လပ်ရေးရရှိခြင်း
  • ဂျိုဆွန်းကိုးရီးယားတို့ တရုတ်ထံမှ လွတ်လပ်သွားခြင်း
စစ်ရင်ဆိုင်သူများ
ချင်းမင်းဆက် ချင်အင်ပါယာ ကုန်းဘောင်ခေတ် ကုန်းဘောင်အင်ပါယာ
တပ်မှူးများနှင့် ခေါင်းဆောင်များ

ချင်းမင်းဆက် Qianlong Emperor
ချင်းမင်းဆက် Liu Zao
ချင်းမင်းဆက် Yang Yingju
ချင်းမင်းဆက် Ming Rui  (၁၇၆၈ တွင် ကျဆုံး)[]
ချင်းမင်းဆက် E'erdeng'e
ချင်းမင်းဆက် Aligui  (၁၇၆၈ တွင် ကျဆုံး)[]
ချင်းမင်းဆက် Fuhengတမ်းပလိတ်:DOW (၁၇၇၀ တွင် ကျဆုံး)[]
ချင်းမင်းဆက် Arigun  (၁၇၆၉ တွင် ကျဆုံး)

ချင်းမင်းဆက် Agui

ကုန်းဘောင်ခေတ် ဆင်ဖြူရှင်
ကုန်းဘောင်ခေတ် မဟာသီဟသူရ
ကုန်းဘောင်ခေတ် မဟာစည်သူ
ကုန်းဘောင်ခေတ် နေမျိုးစည်သူ
ကုန်းဘောင်ခေတ် ဗလမင်းထင်
ကုန်းဘောင်ခေတ် တိမ်ကြားမင်းခေါင်

ကုန်းဘောင်ခေတ် Pierre de Milard
ပါဝင်သည့် တပ်ဖွဲ့များ
Eight Banners Army
Green Standard Army
Mongols
Tai-Shan militias
Royal Siamese Army
ကုန်းဘောင်ခေတ် မြန်မာဘုရင့်တပ်မတော်
Bamar and Shan levies
စစ်အင်အား

First Invasion

3,500 Green Standard[]

Tai-shan militias (မသိရှိရ)


Second Invasion 25000Green Standard[]


Third Invasion

50000 Bannermen and Mongols[]

12,000 Green Standard

Tai-shan militias (မသိရှိရ)


Fourth Invasion

250,000 Bannermen and Mongols[]

Green Standard (မသိရှိရ)

Tai-shan militias (မသိရှိရ)

First invasion Total: 2500

  • 2,000 foot, 200 horse (Royal Burmese Army)[note ၁]
  • Shan militia at Kengtung garrison

Second invasion:
Total: 10000

  • 4,500 foot, 200 horse (RBA)[note ၁]
  • Kaungton garrison

Third invasion:
Total: ~30,000 foot, 2,000 cavalry[note ၂]


Fourth invasion:

Total: ~150000{refn| group=note|Burney 1840, pp. 180–181 and Harvey 1925, pp. 333–335. Burney citing Burmese sources gives the Chinese strength as 500,000-foot and 50,000 cavalry and states the Burmese strength to be 64,000-foot and 1200 cavalry. These numbers are certainly exaggerated. Per Harvey (pp. 333–335), the Burmese numbers should be reduced by an order of magnitude, which gives the Chinese strength as about 55,000 which is in line with the 60,000 figure from Chinese sources. Moreover, the Burmese figure of ~65,000 was also exaggerated though probably not by a factor of ten. Per Harvey's analysis, the most the Konbaung kings could have raised was 60,000, even that in early 19th century when they had a larger empire than Hsinbyushin's. Hsinbyushin could not have raised 60,000 since Burma had been at war since 1740 and many able men had already perished. The most he could have raised was no more than 40,000.}}
အသေအပျောက်

၇၀,၀၀၀ ကျော် သေဆုံး သို့ ပျောက်ဆုံး၊[]

၂,၅၀၀ ဖမ်းဆီးရမိ[]

မြန်မာဘုရင့်လက်ရွေးစင်မြင်းတပ်မတော်အင်အား(၃၀၀၀)တပ်လုံးကျွတ် ရှမ်းဒေသတွင်းတပ်(၅၀၀-၂၀၀၀)

မြန်မာဘုရင့်တပ် ခန့်မှန်း(၁၀၀၀၀)ဝန်းကျင်
မရှိ

၁၇၆၄ မှ ၁၇၆၉ထိ ဖြစ်ပွားခဲ့သော တရုတ် ချင်အင်ပါယာ နှင့် မြန်မာ ကုန်းဘောင်အင်ပါယာ တို့အကြားဖြစ်ပွားခဲ့သော စစ်ပွဲများသည် အရှေ့အာရှသမိုင်း၏ နာမည်ကျော် စစ်ပွဲကြီးဖြစ်သည်။ အာရှရောက် ဥရောပကိုလိုနီ အရာရှိကြီးများကပင် မှတ်တမ်းတင်ထားခဲ့သော စစ်ပွဲဖြစ်သည်။

တရုတ်တို့ မြန်မာနိုင်ငံသို့ ချီတက်လာခြင်း

[ပြင်ဆင်ရန်]

ပထမ အချက်မှာ ကျိုင်းတုံနယ် အနီးတွင် တရုတ်နှင့် မြန်မာတို့ အချင်း ဖြစ်ပွားရာ၌ တရုတ်တစ်ဦး သေဆုံးရသည့် ကိစ္စ ဖြစ်၍၊ ဒုတိယ အချက်မှာ သာမန် ကူးသန်းရောင်းဝယ်ရေး အတွက် တပိန်မြစ်ကို ဖြတ်၍ တံတားခင်းရန် ပြောဆိုကြရာမှ အစပြုကာ အချင်းပွားသည့် ကိစ္စ ဖြစ်လေသည်။ တရုတ် မြန်မာ စစ်ပွဲ ဖြစ်ရသည့် အကြောင်းရင်း မူမှန်ကား ကုန်းဘောင် အရာရှိများက သိန္နီ၊ ဗန်းမော်နှင့် ကျိုင်းတုံ စော်ဘွားတို့ကို ရာထူးမှ နှုတ်သိမ်းသော အခါ ထိုရှမ်း စော်ဘွား သုံးဦးသည် ယူနန်သို့ ပြေးဝင် ခိုလှုံ၍ ယူနန် ဘုရင်ခံကို တံစိုးလက်ဆောင်များ ပေးကြသည်။ ယူနန်ဘုရင်ခံသည် စော်ဘွား သုံးဦးကို နယ်ပယ်များ ပြန်လည်ရအောင် တိုက်ပေးမည်ဟူ၍ ကတိပေးပြီးလျင် တရုတ် ဧကရာဇ် ချင်းလုံမင်းထံ အထက်တွင် ဖော်ပြပြီးသော အချင်းပွားမှုတို့ကို အကြောင်းပြ၍ မြန်မာတို့သည် နယ်စပ်ရှိ တရုတ် ပိုင်နက် နယ်ပယ်များကို ကျူးလွန်နေကြောင်း လျှောက်တင်သည်။ တရုတ်တို့ မြန်မာနိုင်ငံသို့ စစ်ချီလာခြင်းမှာ တရုတ်တို့၏ ဝါဒအရ နယ်စပ်ဒေသများတွင် လှုပ်ရှားမှု ကင်း၍ လုံခြုံ အေးချမ်းမှု ရှိမှသာလျင် တရုတ် ဧကရာဇ်သည် တရုတ်နိုင်ငံ အလုံးကို ကောင်းစွာ အုပ်ချုပ်နိုင်မည် ဖြစ်သဖြင့် နယ်စပ် ဒေသများကို များစွာ အရေးထား လိုခြင်းကြောင့် ဖြစ်လေသည်။ တရုတ်တို့သည် အနောက်ဘက် ပင်လယ်ထွက် ပေါက်ရလိုသည့် အတွက် လည်းကောင်း ထိုအချိန်က တရုတ် ဧကရာဇ်သည်လည်း တန်ခိုးအင်အား ပြည့်ဝလျက် ရှိကာ မိမိတို့ ဝါဒ အတိုင်း ဖြစ်စေရန် ဆောင်ရွက်နိုင်စွမ်း ရှိလေသည်။

တရုတ် မြန်မာ ပဋိပက္ခမှုကို အလျင်အမြန် ပေါ်ပေါက်စေသည့် ရာဇဝင် နောက်ကြောင်းပြန် အချက်ကား ကွေ့ရှမ်းများ ဖြစ်လေသည်။ အလောင်းဘုရား လက်ထက်တွင် ရှုံးနိမ့်ခဲ့သော ကွေ့ရှမ်းဂုဏ္ဏအိမ်၏ သား မယား ဆွေမျိုးတို့သည် တရုတ် မြန်မာ နယ်စပ်တွင် မကြေမချမ်းသော စိတ်ဖြင့် ဆူပူ လှုပ်ရှားလျက် ရှိကြသည်။ နယ်စပ် ဒေသများ၌ ငြိမ်ဝပ် ပိပြားစေရန် တရုတ်တို့ အားထုတ်သော်လည်း အောင်မြင်မှု မရခဲ့ချေ။ ထို့ကြောင့် အင်အား ကြီးမားသော စစ်တပ်ကြီး ပို့၍ မြန်မာပြည် အားသိမ်း ပိုက်ကာ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဟု တရုတ် ဧကရာဇ်က အမိန့် ရာဇသံ ထုတ်ပြန်လိုက်သည်။ ယူနန် စစ်တပ်ကြီးသည် စစ်ရေး ပြင်ဆင်နေသည့် အချိန်၌ မြန်မာမင်း ဆင်ဖြူရှင် ၁၇၆၅ ခုနှစ်တွင် စစ်ကဲကြီး တိမ်ကြားမင်းခေါင်ကို ကျိုင်းတုံ မြောက်ဘက်ရှိ နယ်များမှ အခွန် ဘဏ္ဍာများ ကောက်ခံရန် စေလွှတ်လိုက်သည်။ တိမ်ကြားမင်းခေါင်သည် အမှုတော်ကို ထမ်းရွက်ပြီး၍ အင်းဝသို့ ပြန်သောအခါ ကျိုင်းရုံးကြီး(ယခု-တရုတ်၊ယူနန်ပြည်နယ်)တွင် အရာရှိများကို ခန့်ထား ခဲ့လေသည်။ ထိုအရာရှိများကို ကျိုင်းရုံးကြီးနယ်သားများက လုပ်ကြံ လိုက်ပြီးလျှင် တရုတ်ဘက်သို့ အကာအကွယ် ပေးရန် ပြေးဝင် ခိုလှုံလေသည်။ တရုတ်တို့ကလည်း ကျိုင်းတုံကို ၎င်းတို့၏ ဩဇာ အာဏာ နာခံစေရန် လိုလား၍ ကျိုင်းတုံကို တိုက်ခိုက်ရန် စစ်ကြောင်း ချီတက်လေသည်။ တရုတ်တို့သည် ၁၇ခန့်ကပင် ရှမ်းပြည်ထောင်များကို တရုတ်ဩဇာခံအဖြစ် သွတ်သွင်းရန် စီမံကိန်း ချခဲ့ကြသည်။ နောက်ပိုင်းတွင် အနောက်ဘက်ပင်လယ်ထွက်ပေါက်ထိရရန် မြန်မာ၊မွန်၊ရခိုင်​ဒေသများထိပါ ကြံရွယ်ခဲ့ကြသည်ဟု ဆိုသည်။

တရုတ်တို့ကို တိုက်ခိုက် နှင်ထုတ်လိုက်ခြင်း

[ပြင်ဆင်ရန်]

ကျိုင်းတုံစော်ဘွားသည်လည်း တရုတ်စစ်တပ် ကျိုင်းတုံသို့ ချီလာနေပြီဖြစ်ကြောင်း ဆင်ဖြူရှင်မင်းထံ အကြောင်းကြား လျှောက်တင်သည်။ ကျိုင်းတုံသည် မြန်မာ့ လက်အောက်တွင် ရောက်နေပြီ ဖြစ်သည့် အတွက် အရေးကိစ္စများ ပေါ်ပေါက်လျှင် အဆင်သင့် ဖြစ်စေရန် စီမံထားသော ဆင်ဖြူရှင်သည် အင်အား တောင့်တင်းသော မြန်မာ စစ်တပ်ကို နေမျိုးစည်သူ ကွပ်ကဲစေ၍ ကျိုင်းတုံသို့ စေလွှတ်လိုက်သည်။ တရုတ်တို့ကို မြန်မာတို့က ကျိုင်းတုံနယ်မှ တိုက်ခိုက် နှင်ထုတ်နိုင်သည် သာမက တရုတ်တို့ နောက်သို့ ခြေရာထပ် လိုက်လံ တိုက်ခိုက်ရာ ပထမ တလော မြစ်ကမ်းပါးသို့ ရောက်သည်။ ထိုနောက်၊ မဲခေါင်မြစ် အရောက်တွင် တရုတ် စစ်မှူး ကျဆုံးလေသည်။ တရုတ်တို့ အဆိုအရ ထိုအချိန်တွင် ယူနန် ဘုရင်ခံသည် စိတ်ဓာတ် ပျက်ပြား လာပြီးလျင် တရုတ် ဧကရာဇ်ကို မည်သို့ တင်လျှောက် ရမည် မသိသောကြောင့် ကြောက်ရွံ့စိတ်ဖြင့် မိမိ အသက်ကို အဆုံး စီရင်လိုက်သည် ဟူ၏။

ဒုတိယ အကြိမ် တရုတ်တို့ ချီတက်ခြင်း

[ပြင်ဆင်ရန်]

ဤတွင် တရုတ် ဧကရာဇ်သည် ယူနန် ဘုရင်ခံ အသစ် ခန့်အပ်လိုက်သည်။ ထို ယူနန် ဘုရင်ခံသစ်သည်လည်း မြန်မာတို့ကို စစ်ရှုံးခဲ့သဖြင့် တရုတ် သမိုင်းဆရာများက ၎င်းကို "စိတ်နေဘုံဖျားနှင့် အရည်အချင်း ပါမွှားရှိသူ" ဟု ရေးမှတ်ကြသည်။ ဘုရင်ခံသစ်သည် ပွဲဦးထွက်တွင် စစ်ပွဲငယ် ကလေးများ၌ မြန်မာတို့ကို နိုင်လိုက်သည့် အတွက် မြန်မာတို့ကို တရုတ် လက်အောက်သို့ အပြီးတိုင် သိမ်းသွင်းရန် သဘောပေါက် လာလေသည်။ သို့မှသာလျှင် မြန်မာတို့သည် တရုတ်တို့ကို နှောင့်ယှက်နိုင်မည် မဟုတ်တော့ဟု အထင်ရောက်လေသည်။ ဘုရင်ခံသစ်သည် တရုတ် ဧကရာဇ်ထံ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ရှမ်းများသည် တရုတ်တို့၏ ဩဇာခံရန် လွန်စွာ လိုလားနေကြောင်း ထိုကြောင့် မိမိအား ကျယ်ပြန့်သော အစီအစဉ်များ ပြုရန် အမိန့် ချပေးပါမည့် အကြောင်း လျှောက်ထား လေသည်။ တရုတ် ဧကရာဇ် ချင်းလုံ မြန်မာနိုင်ငံကို အလွယ်တကူ အောင်နိုင်လိမ့်မည်ဟု ယူဆမိသည်။ သို့သော် ယူနန် ဘုရင်ခံကို သတိ ဝိရိယနှင့် စီမံ ဆောင်ရွက်ရန် သတိပေးပြီးလျှင် မြန်မာနိုင်ငံသို့ စစ်ချီတက်ရန် ခွင့်ပြုလိုက်သည်။ ဧကရာဇ် အမိန့် ပြန်တမ်းများတွင် မြန်မာနိုင်ငံကို သိမ်းသွင်းပြီးလျှင် မြန်မာ့ နန်း၌ မိမိတို့ အလိုရှိသည့် နန်းလျာကို တင်၍ လက်အောက်ခံဘုရင်ထားရန် ရည်ရွယ်ချက် ရှိကြောင်း တွေ့မြင်ရလေသည်။

ရှေးယခင်က မြန်မာနှင့် တရုတ်နိုင်ငံ ကူးလူးဆက်ဆံကြရာ၌ ဗန်းမော်ကို ဖြတ်သန်းလေ့ ရှိကြသည်။ ဆင်ဖြူရှင်သည် တရုတ် တပ်ကြီး မရောက်မီလေးတွင် ဗလမင်းထင် ကွပ်ကဲစေ၍ အင်အား တောင့်တင်းသော မြန်မာ စစ်တပ်ကြီး တစ်တပ်ကို ဗန်းမော် တောင်ဘက်ရှိ မြန်မာ ခံတပ်ဖြစ်သော ကောင်းတုံသို့ စစ်ကူ လွှတ်လိုက်သည်။

ဗန်းမော်မြို့ကို မူကား မြန်မာတို့သည် တင်းကြပ်စွာ ထိန်းသိမ်းခြင်း မပြုသောကြောင့် တရုတ်တို့သည် လွယ်လင့်တကူ ဗန်းမော်ကို သိမ်းပိုက်နိုင်ကြသည်။ မြန်မာ ပြည်မတွင်းသို့ ဝင်ရောက် တိုက်ခိုက်နိုင်ရန်မူ တရုတ်တို့သည် ကောင်းတုံကို သိမ်းပိုက်ရ ပေလိမ့်မည်။ မြန်မာ ဘုရင်လည်း တရုတ်တို့ကို တွေ့ဆုံ တိုက်ခိုက်ရန် ဝန်ကြီး မဟာစည်သူ ကွပ်ကဲသည့် စစ်တပ်ကြီးကို ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ ချီတက်စေ၍ အခြား စစ်တပ်ကြီတစ်တပ်ကို ဧရာဝတီ မြစ်ကြောင်းမှ လှေများဖြင့် နေမျိုးစည်သူကို ကွပ်ကဲ၍ ချီတက်စေသည်။ ကောင်းတုံတွင် မြန်မာ စစ်တပ်ကြီးသည် အကြိမ်ကြိမ် ထိုးစစ် ဆင်လာသော တရုတ်တို့ကို စစ်ကူများ ရောက်လာသည့် တိုင်အောင် ခုခံ တိုက်ခိုက်ကြလေသည်။ နေမျိုးစည်သူ၏ စစ်တပ်ကြီးသည် ဦးစွာ ဗန်းမော်ကို ပြန်လည် သိမ်းပိုက်လိုက်သည်။ ဗန်းမော်မြို့တွင် တရုတ်တို့အတွက် စားနပ်ရိက္ခာ အပြည့် သိုလှောင်ထားသော်လည်း နာမကျန်း ဖြစ်နေသော တရုတ် စစ်သည်များနှင့် ရှမ်းတို့သာလျှင် အစောင့်အကြပ် ထားခဲ့သောကြောင့် မြန်မာတို့သည် ဗန်းမော်ကို အလွယ်တကူ ပြန်လည် သိမ်းပိုက် နိုင်ကြလေသည်။

တရုတ်တို့ကို တွန်းလှန်လိုက်ခြင်း

[ပြင်ဆင်ရန်]
မြန်မာဘုရင့်တပ်မတော် အလံ

ဗန်းမော်မြို့ကို သိမ်းပိုက်ပြီးနောက် တရုတ် စစ်တပ်ကို နှစ်ဘက်ညှပ်၍ တိုက်ခိုက်ရန် ရက်သတ်မှတ်၍ ကောင်းတုံခံတပ်မှ မြန်မာတို့က ရှေ့မှ ထွက်တိုက်ကာ နေမျိုးစည်သူ တပ်က တရုတ်တို့ကို နောက်ကြောင်းမှ တိုက်ခိုက်ရန် အစီအစဉ် ပြုကြသည်။ တရုတ်တို့က ၎င်းတို့သည် မြန်မာတို့၏ ထောင်ချောက်တွင်းသို့ ကျရောက်၍ သွေးထွက်သံယို များစွာဖြင့် ကျဆုံးကြသည်ဟု မှတ်တမ်းများတွင် ဝန်ခံထားသည်။ တရုတ် စစ်မှူး ချိုဟန်ပိုင်သည့်ကင်းကျန်သော စားနပ် ရိက္ခာများကို ဖျက်ဆီးပြီးလျင် တပ်ပြန်ဆုတ် လေသည်။ ထိုအချိန်တွင် ဧရာဝတီ အနောက်ဘက် ကမ်းခြေမှ ချီတက် လာသော မြန်မာ တပ်ကြီးသည် ဧရာဝတီမြစ်ကို ဝိုင်းမော်တွင် ဖြတ်ပြီးနောက် ဆီမာ မြောက်ဘက် ယောယင် တောင်တန်းများ အနီးတွင် စခန်းချ နေသော တရုတ် စစ်တပ်ကို အောင်နိုင် ကြလေသည်။ မြန်မာတို့သည် တရုတ် စစ်တပ်ကို ဖိနင်း တိုက်ခိုက်ရင်း နေမျိုးစည်သူ၏ တပ်နှင့် ပူးပေါင်းပြီးလျင် ဆက်လက်၍ စန္ဒားတိုင်အောင် ချီတက်ကြသည်။ ထိုနေရာတွင် မဟာသီဟသူရ၏ စစ်တပ်ကြီးနှင့် ပူးပေါင်း မိကြပြန်သည်။ နယ်စပ်ရှိ တရုတ်တို့၏ ခံတပ်များကို မြန်မာ စစ်တပ်ကြီးသည် သိမ်းပိုက်ပြီးလျင် ရှမ်း တရုတ်နယ် ရှစ်နယ်ကိုလည်း ရရှိကြသည်။ ယန်ချန်နှင့် တိန်ရွှေ တိုင်အောင် လမ်းတလျှောက်မှ ရွာများကို ဖျက်ဆီးကြသည်။ တရုတ်အင်ပါယာ ပိုင်နက်တွင်း၍ မြို့၊ရွာများကိုပါ တက်၍ သိမ်းပိုက်လေသည်။ တရုတ် မှတ်တမ်းတွင် ယူနန် ဘုရင်ခံသည် ထိုအချိန်၌ ကြောက်ရွံ့ တုန်လှုပ်ခြင်းကြောင့် နာမကျန်း ဖြစ်တော့သည်ဟု ဆိုသည်။ တရုတ် ဧကရာဇ် ချင်းလုံသည် သမားတော် တဦးကို စေလွှတ်၍ ဟန်ဆောင်ခြင်း ဟုတ် မဟုတ် နှင့် အခြေအနေ အရပ်ရပ် အားလုံးကို လျှို့ဝှက် အစီရင်ခံစာ တင်ရန် စေလွှတ်လိုက်သည်။ ယူနန် ဘုရင်ခံသည် ကြောက်ရွံ့ လှသောကြောင့် လိမ်လည် လှည့်ဖျား၍ ဧကရာဇ်ထံ အစီရင်ခံသည်။ ဗန်းမော်တွင် မြန်မာစစ်သည် တစ်သောင်း ကျဆုံးသောကြောင့် နေမျိုးစည်သူ ကိုယ်တိုင် လာရောက်၍ အညံ့ခံပါမည်ဟု စကား ကမ်းလှမ်းလာကြောင်း ဗန်းမော် မြို့သူ မြို့သားတို့သည် တရုတ်တို့ ထုံးစံကို လိုက်၍ ကျစ်ဆံမြီးများပင် ထားကြပြီ ဖြစ်ကြောင်း၊ သို့သော် မြန်မာတို့နှင့် စစ်ပြေငြိမ်း၍ ဗန်းမော်ကို အပ်နှင်းပြီးလျှင် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများကို အစီအစဉ် ပြုရန်သင့်ကြောင်း မဟုတ်မမှန် ရေးသား စီရင်ခံလိုက်သည်။ သို့ရာတွင် အစီရင် ခံစာကို ဖတ်ပြီးသည်နှင့် တပြိုင်နက်တည်း ဧကရာဇ်သည် အဖြစ်မှန်ကို သိမြင်လေသည်။ အကယ်၍ မြန်မာတို့သာ နေရာတကာတွင် စစ်ရေး ရှုံးနိမ့်သည် မှန်လျှင် တရုတ်-မြန်မာ စစ်ပွဲသည် တရုတ်ပိုင်နက်တွင်းထိ ရောက်လာရန် အကြောင်း မရှိသည်ကို သဘောပေါက် သဖြင့် ယူနန် ဘုရင်ခံကို ပီကင်းသို့ လာရန် ဆင့်ခေါ်လိုက်သည်။ ပီကင်းရောက်သော အခါ ယူနန် ဘုရင်ခံကို မိမိကိုယ် မိမိ အဆုံးစီရင် စေခိုင်း၍ အပြစ်ပေးလေသည်။

တတိယအကြိမ် တရုတ်တို့ မြန်မာနိုင်ငံသို့ ချီတက် တိုက်ခိုက်ခြင်း

[ပြင်ဆင်ရန်]
မန်ချူးတရုတ်စစ်သည်များ

ယူနန် ဘုရင်ခံ ရာထူးကို တရုတ်ဧကရာဇ် ချင်းလုံ၏ သားမက်ဖြစ်သည့်ထူးချွန်သော မန်ချူး စစ်ဗိုလ်ချုပ်ကြီး တစ်ဦး ဟူ၍ အသိအမှတ် ပြုခံရသော၊ မင်းယွီ(Mingrui) အား ခန့်အပ်၍ စစ်သည် ၂၇,၀၀ဝ ပါဝင်သော တရုတ် စစ်တပ်ကြီးကို အုပ်ချုပ်စေသည်။ စစ်တပ်တစ်ဝက်မှာ ဗန်းမော်နှင့် ကောင်းတုံသို့ ချီတက်ပြီးလျင် အင်းဝတွင် မင်းယွီ၏ တပ်နှင့် ပူးပေါင်းရန် ဖြစ်သည်။ မင်းယွီ ကိုယ်တိုင်မူ အခြား စစ်တပ် တဝက်ကို အုပ်ချုပ်၍ နန်းခမ်း နယ်စပ် တဘက်ရှိ ဝမ်တန်မှ ရှစ်ရက် အတွင်း သိန္နီအရောက် ချီတက်လေသည်။

မန်ချူးတရုတ်ဧကရာဇ် ချင်းလုံ (Qianlong Emperor)

သိန္နီရှိ မြန်မာ အရာရှိများနှင့် သိန္နီစော်ဘွားတို့မှာ ခုခံရန် လူသူအင်အားမရှိ၍ ထွက်ပြေး တိမ်းရှောင် ကြသောအခါ တရုတ်တို့ထံ၌ ခိုလှုံသော စော်ဘွား ငအောင်ထွန်းကို တရုတ်တို့က သိန္နီ စော်ဘွား ခန့်အပ်သည်။ ထိုနောက် ထိုးစစ်ဆင်ရန် ချီတက်သွားသော မင်းယွီ နှင့် စစ်သည် ၁၂,၀၀ဝ အတွက် ရိက္ခာထောက် တပ်ကို စောင့်ရှောက် ကာကွယ်ရန် ထိပ်တန်း အရာရှိ တာဆင်ဂါးကို တရုတ် စစ်သည် ၅,၀၀ဝ နှင့် ထားခဲ့လေသည်။ မင်းကြီး မဟာစည်သူ ကွပ်ကဲသော မြန်မာ တပ်ကြီးသည် တရုတ်တို့ စစ်ဦးကို ဆီးကြို တိုက်ခိုက်ရန် အင်းဝ နေပြည်တော်မှ ထွက်ခဲ့လေသည်။ မင်းကြီး မဟာ သီဟသူရ ကွပ်ကဲသော စစ်တပ်ကြီးသည် ရွှေစာရံမှ မြစ်ငယ်မြစ်ကို ဆန်တက်ပြီးလျှင် တရုတ်တပ်ကို သိန္နီနှင့် အဆက်ဖြတ်ရန် ကြိုးစားလေသည်။ သိန္နီမှ စေလွှတ်သော တရုတ် ရိက္ခာထောက် တပ်ကို ဖြတ်တောက်ပြီးလျှင် တရုတ်တို့ကို နောက်ကြောင်းမှ ဝင်၍ တိုက်ခိုက်ရန် စီစဉ်ထားသည်။ နေမျိုးစည်သူ ကွပ်ကဲသော တတိယ မြန်မာ့ စစ်ကြောင်းသည် တရုတ် စစ်မှူး အာတင်ဂျီး ကွပ်ကဲသော တပ်ကို ဆီး၍ တိုက်ခိုက်ရန် ချီတက်လေသည်။

ဂုတ်ထိပ် အရပ်တွင် မဟာစည်သူ၏ တပ်နှင့် မင်းယွီ၏ တပ်တို့ တွေ့ဆုံ၍ တိုက်ပွဲတွင် မြန်မာတို့ မရှုမလှ အရေး ရှုံးနိမ့်ကြသည်။ တိုက်ပွဲမှ တိမ်းရှောင် နိုင်သူတို့သည် ထူထပ်လှသော ကိုင်းတောကြီးများ အတွင်းသို့ ခိုလှုံကြပြီးလျှင် နေပြည်တော်သို့ သတင်း ပေးပို့ကြသည်။ ဤအဖြစ်ကို ဆင်ဖြူရှင်သည် တည်ငြိမ် ရင့်ကျက်စွာ ရင်ဆိုင်သည်ကို တွေ့ရသည်။ နိုင်ငံအလုံး၏ ကံကြမ္မာသည် ဆင်ဖြူရှင်၏ ပြုမူချက်ပေါ်တွင် တည်နေသည်။ မြန်မာဘုရင်သည် ခေါင်ချုပ် ဖြစ်လေရာ တစ်ချက်တိမ်းလျှင် တနိုင်ငံလုံး တုန်လှုပ် ချောက်ချား၍ အစည်းပြေလျှက် မြန်မာ၊ရှမ်း၊မွန်၊ဇင်းမယ်၊အယုဒ္ဓယ၊မဏိပူရနယ်တို့သည် တရုတ်လက်အောက်ခံ အဖြစ်သို့ လွယ်လင့်တကူ ကျရောက် သွားနိုင်ဖွယ် အကြောင်း ရှိသည်။ သို့သော် ဆင်ဖြူရှင်သည် ကြံ့ခိုင်သော စိတ်ဓာတ်ဖြင့် စစ်တပ်များကို ပြန်လည် စုစည်းခဲ့သည်။ ဆင်ဖြူရှင်သည်လည်း ကြံ့ခိုင်သော နှလုံးရည်ဖြင့် တရုတ်တပ်ကြီး နီးကပ်လာခြင်းကို ကြောက်ရွံ့ တုန်လှုပ်သည့် အမူအရာ တစိုးတစိမျှ မပြခဲ့ချေ။ ဤအချက်သည်ပင် မင်းယွီ၏ တရုတ် စစ်တပ်ကြီး အင်းဝ နေပြည်တော် အနီးသို့ ချဉ်းကပ်ခြင်း မပြုနိုင်ရန် ဖန်တီးသကဲ့သို့ ဖြစ်လေသည်။ မြန်မာ စစ်တပ်များသည် ပြန်လည်၍ အင်အား ဖြည့်ပြီးလျှင် တရုတ်တို့ကို တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။ မဟာသီဟသူရနှင့် တိမ်ကြားမင်းခေါင်တို့ ကွပ်ကဲသော မြန်မာ တပ်ကြီးသည် တရုတ်စစ်တပ် အချင်းချင်း မဆက်မိအောင် အဆက်အသွယ် ဖြတ်ပြီးလျှင် ရိက္ခာထောက် တပ်များကိုလည်း ဟန့်တား ဖြတ်တောက်ထားကြသည်။

မင်းယွီ၏ စစ်တပ်ကြီးသည် ရှေ့သို့ တိုး၍သာ ချီတက်လျက် ရှိသဖြင့် ရိက္ခာများ အရေးတကြီး လို၍ နေလေသည်။ သို့ရာတွင် မင်းယွီ၏ တပ်ကို ရိက္ခာများ အရောက်ပို့ရန် အပြင်း ချီတက် ထိုးဖောက်လာသော တရုတ် ရိက္ခာထောက် တပ်များသည် မြန်မာတို့၏ ဖိနှိပ်မှုကို မခံရပ်နိုင်ပဲ သီပေါသို့ ဆုတ်၍ ထိုမှ တဆင့် လားရှိုးသို့၊ ထိုမှ တဆင့် သိန္နီ တိုင်အောင် ဆုတ်ခွာ ကြလေသည်။ ထိုအချိန်တွင် အခြားစစ်မှူး၊ စစ်ကဲတို့က နေပြည်တော်သို့ ပြန်လည် ချီတက်ပြီးလျင် အကာအကွယ် ပေးလိုကြသည်။ သို့သော် မင်းကြီး မဟာသီဟသူရက နောက်ထပ် တရုတ် စစ်ကူနှင့် ရိက္ခာတပ် မရောက်ရန်သာလျှင် အဓိက အရေးထားရမည်ဟု မိန့်ဆို၍ အင်းဝနေပြည်တော်သို့ ပြန်လည် တပ်ခေါက်ရန် အစီအစဉ်ကို တားမြစ် လိုက်သည်။ မဟာသီဟသူရ၏ ဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက်ရန် နေမျိုးစည်သူသည် ကောင်းတုံ၌ အခြေအနေ အေးချမ်းပြီ ဖြစ်သဖြင့် မဟာသီဟသူရ စစ်တပ်ကြီးနှင့် လာရောက် ပူးပေါင်းလေသည်။ မြန်မာတပ် နှစ်တပ် ပေါင်း၍ သိန္နီကို အပြင်းတိုက်သောအခါ တရုတ် စစ်မှူးကြီး တာဆင်ဂါး သည် စိုးရိမ် ထိတ်လန့်မှု ပြင်းပြသဖြင့် မိမိလည်မျိုကို ဓားဖြင့် လှီး၍ အဆုံး စီရင်လိုက်လေသည်။

ဤတွင် မြန်မာတို့အဖို့ တစ်ရန် အေးကာ မင်းယွီဘက်သို့ ဦးလှည့် နိုင်လေတော့သည်။ ထိုအချိန်၌ မင်းယွီသည် အင်းဝ နေပြည်တော်ကို မိမိ တစ်ဦးတည်းနှင့် တိုက်ခိုက်နိုင်မည် မဟုတ်ဟု ယူဆပြီးလျှင် အင်းဝမြို့တော်သို့ ချီတက်ခြင်း မပြုတော့ဘဲ စစ်တပ်ကြီးကို ဆုတ်ခွာ ခဲ့လေသည်။ မင်းယွီသည် မိမိ၏ ရိက္ခာထောက် တပ်များကို ဖြတ်တောက်ခဲ့သော မြန်မာ တပ်ကြီးသည် မိမိ စစ်နောက်ကြောင်းဘက်တွင် ရောက်နေကြောင်း သိသဖြင့် လာလမ်း အတိုင်း လှည့်၍ မပြန်ဘဲ မြောက်ဘက် တူရူသို့ ဆုတ်ခွာခဲ့သည်။ ဤ လမ်းကို ရွေးချယ်ခြင်းမှာ စားနပ်ရိက္ခာ ရလို ရငြား သဘောဖြင့် လည်းကောင်း၊ မြောက်ဘက်မှ ချီလာမည့် တရုတ် စစ်တပ်ကြီးနှင့် ဆက်မိစေရန် သဘောဖြင့် လည်းကောင်း၊ ရွေးချယ်ခြင်း ဖြစ်နိုင်လေသည်။ သို့ရာတွင် မင်းယွီသည် မြန်မာ စစ်တပ်ပေါင်း များစွာကို ရင်ဆိုင် တွေ့ရလေတော့သည်။ မဟာ စည်သူသည် မိမိ၏ စစ်တပ်ကြီးကို ပြန်လည် စုရုံးပြီးလျှင် မဟာသီဟသူရ တပ်များနှင့် ပေါင်းပြီးနောက် တောင်တန်းများကို ကျော်ဖြတ်ကာ မင်းယွီ၏ တပ်ကို အမှီ လိုက်လေသည်။ မင်းယွီ၏ တပ်ကြီးကို မောင်းလန်မှ မင်းယုသို့ အလှည့်တွင် ဝိုင်းမိလေသည်။

တရုတ်တို့ အရေးနိမ့် ပြန်ခြင်း

[ပြင်ဆင်ရန်]

မြန်မာတို့သည် တရုတ်တပ်ကြီးကို ထွက်ပေါက် မရှိအောင် ကျပ်တည်းစွာ ပိတ်ဆို့ ဝန်းဝိုင်းထားကြရာ မြန်မာနိုင်ငံမှ တရုတ် စစ်တပ်ကြီးသည် ပြန်လည် ဆုတ်ခွာရန် တရုတ် ဧကရာဇ်၏ မိန့်ကြားချက်ကိုပင် မင်းယွီထံပေးရန် တရုတ် တမန်တို့သည် မစွမ်းနိုင် ဖြစ်ကြလေသည်။ မင်းယွီသည် ၎င်း၏ စစ်သည်များကို အစွမ်းကုန် ကြိုးစား၍ မြန်မာ တပ်အား ထိုးဖောက်ရန် အမိန့်ပေးပြီးလျှင် ၎င်းကိုယ်တိုင်မှာ စိတ်ပျက် အားလျော့သဖြင့် ကျစ်ဆံမြီးကို ဖြတ်၍ ချင်းလုံမင်း၏ သစ္စာ ခိုင်မြဲကြောင်း အထိမ်းအမှတ် အဖြစ် ပေးပို့စေပြီးလျှင် ကြိုးဆွဲချ၍ အဆုံးစီရင် လိုက်လေသည်။ မြန်မာ့ တပ်မတော်လည်း တရုတ်တို့ ဆုတ်ခွာသည်ကို မြင်လေသော် အရှင့်တာဝန် ကျေ့ပွန်ပြီဟု ဆိုကာ ဖမ်းဆီးရမိသော သုံ့ပန်းများ၊ လက်နက်များနှင့်အတူ နေပြည်တော်သို့ ပြန်လည် ချီတက်ကြရာ ၁၇၆၈ ခုနှစ်၊ မတ်လတွင် အင်းဝသို့ ဆိုက်ရောက်ကြသည်ဟု မြန်မာတို့၏ အမှတ်အသားတွင် တွေ့ရလေသည်။

တရုတ် ဧကရာဇ် ချင်းလုံသည် တရုတ်တို့ အရေးနိမ့်ရသည့် အဖြစ်ကို လွန်စွာ မျက်မာန် ရှတော်မူသည်။ မြောက်ကြောင်းချီ စစ်မှူး၏ လစ်ဟင်းမှုကြောင့် ဖြစ်သည်ဟု အပြစ်ပုံချ လေတော့သည်။ ကောင်းတုံကို သိမ်းပိုက်ခြင်း မပြုနိုင်သည့် အကြောင်းရင်းနှင့် တောင်ကြောင်းချီ စစ်တပ်ကြီးကို မကူ မထောက်နိုင်သည့် အကြောင်းရင်းတို့ကို ရှင်းလင်း လျှောက်တင်ကြသော်လည်း ယုတ္တိ မတန်ဟု ယူဆ၍ တရုတ် စစ်မှူးကို သံကြိုးဖြင့် တဲကာ ပီးကင်းသို့ ခေါ်ဆောင်လာစေသည်။ ပီကင်းတွင် တရုတ် စစ်မှူးနှင့်တကွ ၎င်း၏ မိသားစုကို ပြစ်ဒဏ် ကြီးစွာ ခတ်လေသည်။ တရုတ်ဘုရင် ချင်လုံဧကရာဇ်သည် မြန်မာတို့ကို အရှုံးပေးမည်ဆိုပါက တရုတ်ဧကရာဇ်တို့၏ ဂုဏ်သိက္ခါကို ကျစေသည်ဟုဆို၍ မြန်မာတို့အပေါ် မကျေမနပ်ဖြစ်ကာ နောက်တကြိမ် မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ရန် ကြိုးစားပြန်သည်။

စတုတ္ထအကြိမ် တရုတ်တို့ မြန်မာနိုင်ငံသို့ ချီတက်ခြင်း

[ပြင်ဆင်ရန်]
အတိုင်ပင်ခံအမတ်ချုပ်ကြီး ဖူဟင်း (Chief Grand Councilor Fuheng)

၁၇၆၉ ခုနှစ် ကုန်ဆုံးလုချိန်တွင် မြန်မာတို့သည် တရုတ်တပ်ကြီး ချီတက်လာ ပြန်ချေပြီ ဟူသော သတင်းကို ရကြသည်။ ဤ အချိန်၌ တရုတ်တို့သည် နယ်စပ်တွင် ၆၀,၀၀ဝ ထက် မနည်းသော စစ်သည်များကို စုရုံးပြီး ဖြစ်လေသည်။ စစ်မှူးကြီးမှာလည်း တရုတ်ဧကရာဇ်၏ အတိုင်ပင်ခံအမတ်ချုပ်ကြီး ဖြစ်သော မန်ချူး အစိုးရတို့ လွန်စွာ အားထားရသည့် မန်ချူးလူမျိုး နယ်စားကြီး ဖူဟင်း ဖြစ်လေသည်။ မူလ အစီအစဉ်၌ ဖူဟင်းသည် ဧရာဝတီမြစ်ကို ဝိုင်းမော်၌ ဖြတ်ပြီးလျှင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ဒေသများကို တစ်ဆင့်ပြီးတဆင့် တိုက်ခိုက်၍ ရွှေဘိုကို သိမ်းယူရန် ဖြစ်သည်။ ရွှေဘိုမှ တဆင့် အင်းဝသို့ ဆက်လက် ချီတက်ရန် ဖြစ်သည်။ ဗိုလ်ချုပ် အီလယ်တူ အုပ်ချုပ်သော တပ်ကြီးသည် ဧရာဝတီမြစ်၏ အရှေ့ဘက်မှ ဆင်း၍ ဖူဟင်း တပ်ကို ကူညီရန် ဖြစ်သည်။ တတိယ တရုတ်တပ်သည် မန်းဝန်းမှ ဗန်းမော်သို့ ချီတက်ရန် ဖြစ်လေသည်။

ဖူဟင်း၏ တပ်သည် ငှက်ဖျားရောဂါ ထူထပ်လှသော မိုးကောင်း နယ်မြေတွင် အလဟဿ လှည့်လည်၍ နှစ်လတိုင်တိုင် အချိန်ဖြုန်းခဲ့သည်။ မြန်မာတပ်ကြီး မိုးကောင်းနယ်သို့ ရောက်သော အခါ တရုတ်တို့သည် ဧရာဝတီ မြစ်ဘက်သို့ ပြန်၍ လှည့်ကြသည်။ ရွှေကူ မြောက်ဘက်တွင် ဖူဟင်း၏ တပ်သည် အီလယ်တူ စစ်တပ်နှင့် ပေါင်းမိသည်။ ထို့နောက် မန်းဝန်းမှ ချီလာသော တပ်နှင့် တဖန် ပေါင်းမိပြန်၍ ဗန်းမော်ကို တိုက်ခိုက် သိမ်းပိုက်ကြသည်။ သို့သော် ဗန်းမော်သည် မြန်မာတို့ အဖို့ အရေးပါ အားထားသော စခန်းဌာန မဟုတ်ချေ။ ဗန်းမော်ကို သိမ်းပိုက်ပြီးနောက် တရုတ်တို့သည် မြို့တမျှ ကြီးမားလှသော ခံတပ်ကို ကောင်းတုံ အရှေ့ဘက် ၁၂ မိုင် အကွာရှိ ရွှေညောင်ပင် စခန်းတွင် တည်ဆောက်ကြသည်။ ထို့နောက် စစ်တပ်နှင့်အတူ ပါလာသော လက်သမားများကို လှေသမ္ဗန် ရာပေါင်းများစွာ တည်ဆောက်စေ၍ ကောင်းတုံကို လှေတပ်ဖြင့် ဝိုင်းကြသည်။ ထို့နောက် တရုတ်တို့သည် ကြံ့ကြံ့ခိုင်စွာ အတင်းအမာ ခုခံနေသော မြန်မာတို့၏ ကောင်းတုံ ခံတပ်ကို အမြောက် လက်နက်များ စုံလင်စွာဖြင့် ရက်သတ္တပတ် ပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်ကြသည်။

တရုတ်တို့ အရေး နိမ့်ပြန်ခြင်း။

[ပြင်ဆင်ရန်]

မြန်မာ စစ်မှူး စစ်ကဲတို့ သည် ယခင်အတိုင်း တရုတ် ရိက္ခာထောက် စစ်တပ်ကို ဖြတ်တောက်ရန် စစ်တပ်ကြီး တတပ် စေလွှတ်ပြီးနောက် တရုတ်တို့ကို ဝိုင်းညှပ်ကာ တဖြေးဖြေး ချီတက်ကြသည်။ ကောင်းတုံသို့ မြန်မာ့ ရေတပ်မှ အကူအညီ ရောက်လာပြီးနောက် တရုတ်တို့၏ လှေသမ္ပာန် များသည်လည်း မြန်မာတပ်၏ ထွင်းဖောက်ခြင်းကို ခံကြရသည်။ ထို့နောက် ရွှေညောင်ပင်တွင် တိုက်ပွဲဖြစ်၍ ရွှေညောင်ပင် ခံတပ်ကို မြန်မာတို့ ရသောအခါ တရုတ်တို့သည် ကောင်းတုံကို ဝန်းရံနေသော တပ်နှင့် သွားရောက် ပူးပေါင်းကြသည်။ ဤတွင် မြန်မာတို့၏ ခံတပ် အခြေ၌ တရုတ်တို့သည် အတုံးအရုံး စုပုံ ကျဆုံးကြရ လေတော့သည်။ တရုတ်တို့၏ ထွက်ပေါက် အားလုံးကိုလည်း မြန်မာများက ပိတ်ဆို့ပြီး ဖြစ်လေသည်။

ဤအချိန်တွင် တရုတ် ဧကရာဇ် ချင်းလုံသည် မြန်မာနိုင်ငံတွင်းမှ တရုတ်တပ်ကြီး ပြန်လည် ဆုတ်ခွာရန် အမိန့် ချလိုက်သည်။ အမိန့်တော် ပြန်တမ်း သဝဏ်လွှာတွင် မြန်မာလူမျိုးတို့သည် အပြီးတိုင် ချေမှုန်း ဖျက်ဆီးခြင်း ခံရလောက်အောင် အပြစ်ကြီးမားသော်လည်း ဘဝင်ရူးတရုတ်ဧကရာဇ်သည် မြန်မာတို့အပေါ် ကရုဏာ သက်စွာဖြင့် ဆက်လက် တိုက်ခိုက်ခြင်းကို ရပ်စဲရန် ဆုံးဖြတ်လိုက်ကြောင်း အကြောင်းကြားစေသည်။ ထိုအချိန်မှ တရုတ်စစ်မှူး စစ်ကဲတို့သည် မြန်မာတို့နှင့် စစ်ပြေငြိမ်းရန် စကားဆိုလာသည်။ တရုတ်စစ်ခေါင်းဆောင်များနှင့် မြန်မာစစ်ခေါင်းဆောင်တို့ စစ်ပြေငြိမ်းစာချုပ်ကို ချုပ်ဆိုကြသည်။ တရုတ် စစ်တပ်ကြီးကို မြန်မာနိုင်ငံမှ ပြန်လည် ဆုတ်ခွာစေပြီးလျှင် တရုတ် မြန်မာ စစ်မဖြစ်မီ အချိန်ကကဲ့သို့ ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံမည်ဟု တရုတ်တို့က ကတိပေးကြောင်း ရေးသား ထားလေသည်။ တရုတ်တို့ မြန်မာနိုင်ငံကို စစ်ပြုသည့် အကြောင်းရင်းမှာ ရှမ်းစော်ဘွားတို့၏ ကုန်းချော တိုက်တွန်းမှုကြောင့် ဖြစ်သည်ဟု တရုတ်တို့က မဟုတ်မမှန် ဆင်ခြေပေးခဲ့သည်။

တရုတ် မြန်မာ စစ်ပြေငြိမ်းခြင်း။

[ပြင်ဆင်ရန်]

မြန်မာ စစ်မှူး စစ်ကဲ အားလုံးလိုလိုသည် တရုတ်တို့နှင့် စစ်ပြေငြိမ်းရန် လိုလားခြင်း မရှိလှချေ။ သို့သော် စစ်မှူးချုပ် မဟာသီဟသူရက ဤအခါသည် မြန်မာတို့ အလိုကျ အချက်များကို အထက်စီးမှနေ၍ တောင်းဆို၍ စစ်ပြေငြိမ်းနိုင်သည့် အခါကောင်း ဖြစ်သည်ဟု ဆုံးဖြတ်ကာ ၁၇၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တရုတ် မြန်မာ စစ်ပြေငြိမ်းရေး စာချုပ်ကို ချုပ်ဆိုကြလေသည်။ စစ်မှူး၊စစ်ကဲများကမူ တရုတ်နယ်များကို တက်သိမ်းရန် စိတ်အားထက်သန်ခဲ့ကြသည်။ စစ်မှူးချုပ် မဟာသီဟသူရသည် အနိုင်ရနေချိန် အထက်စီးမှ စိတ်တိုင်းကျတောင်းဆိုနိုင်သည်၊ စစ်ပွဲကို ကြာကြာဆွဲထားပါက အနိုင်ဆက်ရရန် တပ်အပ်မသေချာနိုင်၊ လောဘမကြီးသင့်ဟု ယူဆ၍ စစ်ပြေငြိမ်းခဲ့သည်။ စာချုပ်ပါ အချက်အလက်များမှာ အတိုချုပ် အားဖြင့် တရုတ် မြန်မာ ချစ်ကြည်စွာ ဆက်ဆံရန်၊ တရုတ်ဘက်သို့ ခိုလှုံသော ပုန်ကုန်သူစော်ဘွားများကို မြန်မာဘုရင်လက်သို့ ပြန်လည် အပ်နှင်းရန်၊ နှစ်ဖက် စစ်သုံ့ပန်းများကို ဆိုင်ရာသို့ အသီးသီး ပြန်လည် အပ်နှင်းရန်၊ မြန်မာ့ လက်အောက်ခံ မှန်သမျှကို ရှေးယခင် ထုံးတမ်းအတိုင်း ဆက်ဆံရန်နှင့်၊ နှစ်ပြည်ထောင် မင်းနှစ်ပါးတို့ ရှေးယခင် အတိုင်း လက်ဆောင်ပဏ္ဏာ၊ အကြည်တော်၊ သဝဏ်လွှာ အပြန်အလှန် ကမ်းလှမ်းကြရန်၊ ဆယ်နှစ်တစ်ကြိမ် လက်ဆောင်ပဏ္ဍာများပေးပို့ရန် ဖြစ်လေသည်။

ရှေးယခင်က အတိုင်း နှစ်ပြည်ထောင် ပြန်လည် ဆက်ဆံမည် ဟူသော အချက်တွင် ရှုပ်ထွေးချက် တရပ် ပေါ်ပေါက်ခဲ့သည်။ ၎င်းမှာ တရုတ် ယူဆပုံနှင့် မြန်မာ ယူဆပုံတို့ ကွဲလွဲခြင်းကြောင့် ဖြစ်လေသည်။ ထိုခေတ်က ဥရောပ တိုက်သားများကဲ့သို့ မြန်မာတို့သည်လည်း သတိမမူခဲ့သော အချက်တခု ရှိလေသည်။ ထိုအချက်မှာ တရုတ်များက သာလျှင် တရားဖြောင့်မှန်၍ တရုတ်နိုင်ငံသည် သာလျှင် ကမ္ဘာတွင် အရိုင်စိုင်းဆုံးသော တိုင်းနိုင်ငံ ဖြစ်သောကြောင့် အခြားသော တိုင်းနိုင်ငံ မှန်သမျှကို မိမိတို့ နိုင်ငံထက် အဆင့်အတန်း မြင့် စွာထား၍ ဆက်ဆံရမည် ဟူသော တရုတ်တို့၏ သဘောထားကို သတိမူခြင်း မရှိခဲ့သော အချက် ဖြစ်လေသည်။ မြန်မာ စစ်မှူး စစ်ကဲတို့သည် မိမိတို့အား လှည့်ဖျားခြင်းကို ရိပ်စားမိခြင်း မရှိကြချေ။ တရုတ်များနှင့် နောင်ရင်း ညီဘွားကဲ့သို့ ဆက်ဆံကြသည်။ မိမိတို့ဘက်မှ စစ်အောင်မြင်သော စစ်မှူး စစ်ကဲများ၏ ဂုဏ်ရှိန်တက်လျက် ရှိကြသည်။ နှစ်ဖက်သော စစ်မှူးများသည် လက်ဆောင်ပဏ္ဏာ အပြန်အလှန် လဲလှယ်ပြီးသော အခါ တရုတ် စစ်တပ်ကြီးကို ၁၇၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ဆုတ်ခွာ စေလေသည်။

တရုတ် ဧကရာဇ် ချင်းလုံသည် တရုတ် မြန်မာ စစ်ပြေငြိမ်းရေ စာချုပ်ကို တရုတ်စစ်မှူး စစ်ကဲများ တင်လျှောက်တင်ချက်ကို အတိုင်း သာမန် လက်ခံခဲ့သည်။ မြန်မာတို့ ယူဆပုံနှင့် တရုတ်တို့ ယူဆပုံ ကွဲလွဲကြောင်း ထင်ရှားလာသော အခါ တရုတ်ဧကရာဇ်သည် လွန်စွာ မျက်မာန် ရှတော်မူသည်။ သို့သော် တရုတ် ဧကရာဇ်သည် မြန်မာတို့က လှည့်ဖျားခြင်း ဖြစ်သည်ဟု ရာဇပရိယာယ် ဆင်၍ ရာဇဣန္ဒြေ ထိန်းချုပ် ထားလေကာနောက်ဆုံးနှိက်ရူးသွား​လေသည်။ ဆင်ဖြူရှင်မင်း မိမိထံ အကြောင်း မကြားဘဲ စစ်ပြေငြိမ်း ရမည်လောဟု ရာဇမာန် ပွားသည်။ ဆင်ဖြူရှင်မင်း၏စိတ်ဆန္ဒသည် အင်အားတောင့်နေချိန် တရုတ်နယ်များကိုတစ်ပါတည်း သိမ်းပိုက်ရန် ဆန္ဒရှိသည်။ တာဝန်ရှိသော စစ်မှူး စစ်ကဲတို့သည် မင်း၏ အမျက်တော် ပြေစေရန် ပုန်ကုန်နေသော မဏိပူရသို့ သွားရောက် တိုက်ခိုက်ပြီးလျှင် ရွှေ၊ ငွေ၊ ဘဏ္ဍာ၊ ကျေးကျွန်၊ အမြောက်အမြား သယ်ဆောင် လာကြသည်။ မဏိပူရသို့ မြန်မာ စစ်မှူး စစ်ကဲများ စစ်ချီနေသည့် အတောအတွင်း ဆင်ဖြူရှင်သည် အမျက် မပြေနိုင်ဘဲ စစ်မှူး စစ်ကဲတို့၏ သား မယားများကိုပင် ဒဏ်ခတ်ခြင်း ပြုလေသည်။

ဆင်ဖြူရှင်နှင့် နောက် ထီးနန်းဆက်ခံသူ စဥ့်ကူးမင်းတို့သည် တရုတ် ဧကရာဇ်ထံမှ စော်ကားစွာ ရေးသားထားသော သဝဏ်လွှာများကို ရကြသည်။ သို့သော် တရုတ် ဧကရာဇ်သည် မိမိ ဂုဏ်သိက္ခာကို မထိခိုက်စေရန် ယူနန် ဘုရင်ခံ၏ အမည်ဖြင့် သဝဏ်လွှာများကို ပေးပို့လေ့ ရှိသည်။ မြန်မာတို့ကမူ မြန်မာ့ သစ္စာကို သွေဖည်သွားသော ရှမ်း စော်ဘွားများကို ပေးအပ်ခြင်း မပြုသ၍ တရုတ် သုံ့ပန်းများကို ပြန်လည် အပ်နှင်းခြင်း မပြုဘဲ သိမ်းပိုက်ထားသော တရုတ်နယ်မြေများကိုလည်း လက်လွှတ်ခြင်း မပြုချေ။

တရုတ်ချင်အင်ပါယာ အင်အားသည် လက်နက် အင်အားသည် စစ်ပွဲအပြီးတွင် တနေ့တခြား အင်အား ဆုတ်ယုတ်၍ တရုတ် ပြည်တွင်းရေးပင် ခိုင်လုံခြင်း မရှိတော့သည့် အခြေသို့ ရောက်လာ လေတော့သည်။ များစွာသော မန်ချူးစစ်သည်များကို မြန်မာကိုသိမ်းပိုက်ရန်အတွက် ဖြုန်းတီးခဲ့သော်လည်း အကျိုးအမြတ် မရရှိသည့်အပြင် ဂုဏ်သိက္ခာ အရပါ ကျဆင်းခဲ့သည်။ မကြာမြင့်မီ ဥရောပ တိုက်သားများ၏ နယ်ချဲ့ခြင်းကို အာရုံ စူးစိုက်လျက် ရှိသမျှ အင်အားကို အသုံးချ၍ နေရတော့မည် ဖြစ်သည်။ ထိုကြောင့် တရုတ် တပ်ကြီးသည် မြန်မာနိုင်ငံမှ ဤ တကြိမ် ဆုတ်ခွာ ပြီးသည့်နောက် တဖန် ပေါ်ပေါက်လာခြင်း မရှိတော့ချေ။ ထိုအချိန်မှ စ၍ တရုတ်တို့သည် နှစ်ပေါင်း ၂၀ဝ ကျော်တိုင်အောင် အင်အား ဆုတ်ယုတ်၍ လာခဲ့သည်။ သို့သော် ချင်းလုံမင်းသည် မြန်မာတို့ကို မကျေချမ်းသော စိတ်ဖြင့် ဗန်းမော်မှ တဆင့် တရုတ်နိုင်ငံနှင့် ကူးသန်း ရောင်းဝယ် ပြုခြင်းကို လည်းကောင်း၊ ရေလမ်းဖြင့် ဆက်သွယ် ဖောက်ကားခြင်းကို လည်းကောင်း၊ ရပ်တန့် လိုက်လေသည်။[]

အကျိုးအမြတ်ရရှိသူများ

[ပြင်ဆင်ရန်]

စစ်ပွဲကြောင့် အကျိုးအမြတ်ရသွားသည့် သူတို့မှာ အယုဒ္ဓယ နှင့် ဂျိုဆွန်းပြည်တို့ ဖြစ်သည်။ ချင်လုံဧကရာဇ်ငည်တို့သည် ဂျိုဆွန်း(ကိုးရီးယား)တွင် ချထားသည့် တရုတ်တပ်များကို နှုတ်၍ စစ်ပွဲကို တိုက်ခဲ့သောကြောင့် ဂျိုဆွန်းပြည် လွတ်လပ်လာသည်။ မြန်မာတို့သည်လည်း တရုတ်တို့အား တိုက်ခိုက်ရန် အယုဒ္ဓယရှိ မြန်မာတပ်များကို ပြန်လည် ခေါ်ဆောင်စေခဲ့ပြီး ထိုင်းတောင်ပိုင်း အယုဒ္ဓယပြည်အား လွတ်လပ်ရေး ပေးခဲ့သည်။ သို့သော် ထိုင်းမြောက်ပိုင်း လန်နပြည်သည် မြန်မာ့လက်အောက်တွင် ဆက်ရှိနေခဲ့ရသည်။

ဘိုးတော်ဘုရားလက်ထက်

[ပြင်ဆင်ရန်]

စစ်ပွဲအပြီး နှစ်၂၀ခန့်အကြာ ဘိုးတော်ဘုရားလက်ထက်တွင် တရုတ်ဧကရာဇ်သည် ၎င်း၏ မြစ်တော်၃ပါးအား နှစ်ပြည်ထောင် ချစ်ကြည်ရေး အတွက် ဘိုးတော်ဘုရားထံသို့ ပေးပို့ခဲ့သည်။

၁၁၅၁ ခု၊ ကဆုန်လတွင် တရုတ်ဥတည်မင်းက သကျမုနိ ရုပ်ပွားတော်၊ စွယ်တော်ပွားတို့ ပို့သည်။ မြစ်ညာရှိ အုန်းတစဉ်အထိ ကိုယ်တိုင်သွားကြိုကာ ရတနာပန်းတောင်းနှင့် ခံ၍ ဘုံကိုးဆင့်ပါ ရန်နိုင်လှော်ကားထက် ပင့်ယူသည်။ တန်ဆောင်မုန်းလရောက်သော် လက်ဆောင်တို့နှင့်အတူ မြစ် ၃ ပါး ပို့လိုက်ရာ မြစ်ကြီး တာကူငြင်ကို သီရိမဟာဂန္ဓရဒေဝီ၊ မြစ်လတ် ဧကူငြင်ကို သီရိမဟာပဉ္စာလဒေဝီ၊ မြစ်ငယ် သံကူငြင်ကို သီရိမဟာဂန္ဓာရစန္ဒာဒေဝီ ဘွဲ့နှင်း၍ မိဖုရားအရာ ထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Whiting 2002, pp. 480–481.
  2. 1 2 3 Giersch 2006, p. 103.
  3. 1 2 3 Giersch, p. 101
  4. History of Qing Dynasty" Biography of one hundred and fourteen (Qing Dynasty Chronicles)။ China။ pp. volume no. 327။ Cite has empty unknown parameter: |coauthors= (အကူအညီ) Chinese:《清史稿》卷327 列傳一百十四
  5. Yingcong Dai (2004). "A Disguised Defeat: The Myanmar Campaign of the Qing Dynasty". Cambridge University Press.
  6. GE Harvey (1925)။ History of Burma။ London: Frank Cass & Co. Ltd.။ p. 258။
  7. ၁၉၆၂ ခု၊ ပဌမနှိပ်၊ ရန်ကုန် တက္ကသိုလ်၊ မြန်မာနှင့် အရှေ့တိုင်း ရာဇဝင် ပါမောက္ခ ဒေါက်တာ ကျော်သက် ရေးသားတဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်း' စာအုပ်ကနေ 'ဆင်ဖြူရှင်မင်း (၁၇၆၃ - ၁၇၇၆) အကြောင်းနဲ့ ၎င်းလက်ထက် မြန်မာနိုင်ငံ အခြေအနေ'

ဆက်စပ်စာမျက်နှာများ

[ပြင်ဆင်ရန်]
  1. 1 2 ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Burney
  2. ~20,000 at the beginning, plus additional 10,000 men and 2000 cavalry towards the end
ကိုးကား အမှား - <ref> tags exist for a group named "note", but no corresponding <references group="note"/> tag was found