ဆင်ဖြူရှင်မယ်

ဝီကီပီးဒီးယား မှ
ဆင်ဖြူရှင်မယ်
အိမ်ရှေ့မိဖုရား
နန်းသက်18 April 1808 – 3 November 1812
ဆက်ခံသူနန်းမတော်မယ်နု
မွေးဖွား(1789-01-08)၈ ဇန်နဝါရီ၊ ၁၇၈၉ မြန်မာသက္ကရာဇ် ၁၁၅၀ပြည့်နှစ် ပြာသိုလဆန်း ၁၁ရက် ဗုဒ္ဓဟူးနေ့[၁]
အင်းဝ
ကွယ်လွန်၃ နိုဝင်ဘာ၊ ၁၈၁၂(1812-11-03) (အသက် ၂၂–၂၃)
မင်းကွန်း
ကြင်ယာတော်ဘကြီးတော်
သားသမီးများစကြာမင်းသား
တော်ဝင်ဘွဲ့အမည်
သီရိသုမဟာစန္ဒာဒေဝီ
စံအိမ်ကုန်းဘောင်
ခမည်းတော်ပြည်မင်းသား
မယ်တော်မြေဒူးမင်းသမီး
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း၏ မြေးတော်ဖြစ်သည့် သီရိသူမဟာစန္ဒာဒေဝီဘွဲ့ခံ ဆင်ဖြူရှင်မယ်သည် နောင်တွင် ဖလ်နန်းရှင်ဖြစ်လာမည့် (ဘကြီးတော်(စစ်ကိုင်းမင်း)နှင့် မြန်မာသက္ကရာဇ် ၁၁၆၄ခုနှစ် တပို့တွဲလပြည့်ကျော် ၃ရက်တွင် ထိမ်းမြားတော်မူသည်။ ပြည်မင်းသား သီရိဓမ္မရာဇာနှင့် မြေဒူးမင်းသမီးတို့၏ သမီးတော်ဖြစ်သည်။ စစ်ကိုင်းမင်းအိမ်ရှေ့စံအဖြစ်နှင့် ရှိနေစဉ် မြန်မာသက္ကရာဇ် ၁၁၄၇ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၇ရက် အင်္ဂါနေ့တွင် အိမ်ရှေ့မိဖုရား ဆင်ဖြူရှင်မယ်သည် စကြာမင်းသား အား ဖွားမြင်တော်မူပြီးနောက် ခုနစ်ရက်အကြာ သီတင်းကျွတ်လကွယ်နေ့တွင် ကံတော်ကုန်လေသည်။

ဘိုးတော်ဘုရား (ဘိုးတော်ဦးဝိုင်း)၏ မြစ်တော် စကြာမင်းသားလေးသည် ဘိုးမင်းခေါင်၏ ဘဝဟောင်းပုံရိပ် ဖြစ်သည်ဟုလည်း ဆိုသည်။[၂][၃] စကြာမင်းသားအားဘကြီးတော်မင်း က ကွပ်မျက်စေရန် ပုန်ကန်ရန် ကြံစည်သည်ဟုနန်းမတော်မယ်နုသည်ဂုံးချောခဲ့သည်။ ဘကြီးတော်မင်းတရားကြီး ကိုယ်တော် ကျန်းခန့်တော်မမူသောအခါ နိုင်ငံအုပ်ချုပ်ရေးကို မိဖုရားခေါင်ကြီးနှင့် မောင်တော်စလင်းမြို့စားမင်းသားတို့အား လွဲအပ် ထားခိုက် စကြာမင်းသားလေးကိုထောင်သွင်းအကျဉ်းချစေခဲ့သည်။ဘကြီးတော်မင်း(စစ်ကိုင်းမင်း)သည် ပထမ အင်္ဂလိပ် - မြန်မာစစ် ပြီးချိန်မှစကာ စိတ်ကျဝေဒနာကို ခံစားနေခဲ့ရသည်(စိတ်မမှန်)ဟု ဆိုသည်။ ထိုအချိန်မှစကာ နန်းတွင်းရေးကို နန်းမတော်မယ်နုနှင့် အစ်ကိုဖြစ်သူ စလင်းမင်းသားကြီးမောင်အို တို့ကချယ်လှယ်ခဲ့ကြသည်။ နန်းမတော်မယ်နုနှင့် အစ်ကိုဖြစ်သူ စလင်းမင်းသားကြီးမောင်အို တို့ကပြိုင်ဘက်ဟု ယူဆသူများကို သတ်ဖြတ်ခဲ့ကြသည်။ သာယာဝတီမင်းသည် ရွှေထီးရွှေနန်းကို သိမ်းမြန်းတော်မူပြီးလျှင်နောင်တော်မင်း တရားကြီးကိုလည်း နှလုံးတော်မပင်ပန်းစေရဘဲ မဟာသကျသီဟဘုရားအနီးရှိအိမ်ဖြူတော်နှင့်ထား၍ ခမည်းတော်ကဲ့သို့ စောင့်ရှောက်တော်မူသည်။ ၁၂ဝဝ ပြည့်နှစ်တံခူးလတွင် တူတော် စကြာမင်းသား မသင့်သောအကြံပြုကြောင်း ထီးနန်းကြံစည်ကြောင်းသံသယရှိသဖြင့်ထုံးစံနှင့်အညီရေတွင်ဖျောက်တော်မူသည်။ မရီးတော်မိဖုရားခေါင်ကြီး မယ်နုနှင့်စလင်းမင်းသားတို့သည် ပုန်ကန်မှုတွင် ရောယှက်ပါဝင်နေကြောင်းတွေ့ရှိသဖြင့် ထိုနှစ် ကဆုန်လဆန်း ၂ ရက်နေ့တွင် ထုံးစံနှင့်အညီ စီရင်တော်မူသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Hsinbyume Pagoda
  2. ဝိဇ္ဇာဓိုရ် အောင်မင်းခေါင်၏ ထွက်ရပ်ပေါက်ရာဇဝင် အတ္ထုပ္ပတ္တိ။ အမှတ် ၁၇၊ ဗဟန်း ၃ လမ်း၊ ရန်ကုန်မြို့: မိဘမေတ္တာပုံနှိပ်တိုက်။ ၁၃၁၄ ခု၊ နတ်တော်လဆန်း ၅ ရက်နေ့။ |first1= missing |last1= (အကူအညီ); |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
  3. ဆရာ မောင်သွေးချွန် (ဇူလိုင်လ ၂၀၁၃)။ ပါရမီလမ်းပြ အဘဘိုးမင်းခေါင် မဟိဒ္ဓိဂုဏ်ဆောင် ဖြစ်ရပ်ဆန်းများ။ အမှတ် ၂၂၊ မဟာဇေယျလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့: ကံ့ကော်ဝတ်ရည်စာပေ။ pp. ၁၁-၂၈။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)