ပင်းထိပ်ခေါင်တင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပင်းထိပ်ခေါင်တင်သည် မင်းတုန်းမင်းနှင့် စားပွဲတောင်တိုက်စားမိဖုရားတို့၏ ဒုတိယသမီးတော် ဖြစ်သည်။ အကြီးဆုံးအမတော်နှင့် အငယ်ဆုံးမောင်တော်တို့မှာ ငယ်စဉ်ကပင် လွန်သွားခဲ့ပြီး ညီမတော် မိုးမိတ်ထိပ်ခေါင်တင်သာ ကျန်ရှိသည်။ ပင်းထိပ်ခေါင်တင် ငယ်ရွယ်စဉ်ကပင် မယ်တော် စားပွဲတောင်တိုက်စားမိဖုရားသည် ၁၂၁၉ခုနှစ် (၁၈၅၇ခုနှစ်)တန်ဆောင်မုန်းလဆန်း ၁ရက် နေ့တွင် ကံကုန်တော်မူခဲ့သည်။ မယ်တော် ကံကုန်သည့်လတွင်ပင် ပင်းထိပ်ခေါင်တင်အား မိုးလှိုင်မြို့နှင့် လဲ၍ ပင်းမြို့ကို စားကျေးပေးတော်မူသည်။ ပင်းထိပ်ခေါင်တင်သည် ၁၂၁၆ခုနှစ် နယုန်လပြည့်ကျော် ၆ရက်နေ့ ဥကင်တော်ဖွင့်အခမ်းအနား ကျင်းပစဉ်ကပင် သီရိသုကေသာဝတီ ဘွဲ့ရခဲ့သည်။ နောင်အခါကျမှ သီရိသုကေသာဒေဝီဘွဲ့ဖြင့် ဒေဝီအဆင့် မင်းသမီးကြီး ဖြစ်ခဲ့သည်။ ပင်းထိပ်ခေါင်တင် နှင့် မိုးမိတ်ထိပ်ခေါင်တင် ငယ်ရွယ်စဉ်ကပင် မယ်တော်ကံကုန်တော်မူခဲ့သောကြောင့် စကြာဒေဝီ မိဖုရား ခေါင်ကြီးက နန်းထက်တွင် ကြည့်ရှုစောင့်ရှောက်ထားသည်။

သက္ကရာဇ် ၁၂၂၅ခုနှစ် နတ်တော်လဆန်း ၆ရက်နေ့တွင် ပင်းထိပ်ခေါင်တင်ကို ဆံထုံးထုံး၊ တဘက်ဝတ်၊ ဒက် ဆင်မင်္ဂလာ ဆောင်တော်မူပြီးလျှင် သားတော် မက္ခရာမင်းသားနှင့် ရေသွန်းလက်ထပ်စုံဖက်တော်မူသည်။ သို့ သော်လည်း မက္ခရာမင်းသားမှာ ဆောင်ရကိုယ်လုပ်တော်ကြီးများနှင့် သားတော်၊ သမီးတော် ခြောက်ယောက် ခန့် ထွန်းကားထားပြီး ဖြစ်သည်။ ပင်းထိပ်ခေါင်တင်၏ အဆောင်တော်သို့ လုံးဝကူးတော်မမူချေ။ ပင်းထိပ်ခေါင် တင်မှာ ရှက်အားကြီးစွာနှင့် စိတ်ကစဉ့်ကလျားဖြစ်လာရာ နောက်ဆုံးတွင် ကွာရှင်းပေးလိုက်ရသည်။ ပင်းထိပ် ခေါင်တင်မှာ အိမ်ထောင်ရှင် အပျိုစင် တစ်ခုလပ် ဖြစ်ရရှာသည်။ သက္ကရာဇ် ၁၂၄၄ခုနှစ် (၁၈၈၂ခုနှစ်) တွင် ကံကုန်တော်မူ သည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မောင်သန်းဆွေ(ထားဝယ်) ၏ ကုန်းဘောင်ရှင်းတမ်း