မောင်မျိုးစစ် (ပြင်စည်မင်းသား)

ဝီကီပီးဒီးယား မှ
ပြင်စည်မင်းသား အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ပြင်စည်မင်းသား (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

ကုန်းဘောင်ခေတ်တွင် ပြင်စည်မင်းသားငါးပါးရှိသည့်အနက် တတိယပြင်စည်မင်းသားမှာ ပြင်စည်မင်းသား မောင်မျိုးစစ် ဖြစ်သည်။ ၎င်းသည် ဒုတိယပြင်စည်မင်းသား မောင်နဂါး၏တူတော် ဖြစ်သည်။ စဉ့်ကူးမင်းနှင့် အ လယ်နန်းမိဖုရား သီရိမဟာနန္ဒာဒေဝီ (ငယ်မည် ရှင်မင်းသာ) တို့မှ သမီးတော် (၁) ပါး၊ သားတော် (၁)ပါး ထွန်း ကားရာ သမီးတော်မှာ ငယ်ကလွန်သည်။ သားတော်မှာ ခမည်းတော်လက်ထက် ပြင်စည်မြို့ကို ကံကျွေးခံရ သောကြောင့် ပြင်စည်မင်းသားဟု တွင်သည်။ (၁၁၄၃)ခုနှစ် (၁၇၈၁ခုနှစ်)၊ ဘိုးတော်ဘုရားလက်ထက်တွင် ခမည်းတော် စဉ့်ကူးမင်းနှင့်အတူ ဖျောက်ဖျက်ခံရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်သန်းဆွေ (ထားဝယ်) ၏ ကုန်းဘောင်ရှင်းတမ်းမှ ပြင်စည်မင်းသားရှင်းတမ်း