ရဟန်းမိန်းမဝိနည်းများ
ပုံပန်းသွင်ပြင်
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
မြတ်စွာဘုရားသည် သာသနာတော်တွင် ရဟန်းမိန်းမတို့ လိုက်နာစောင့်ထိန်းရန်အတွက် ဝိနည်းများ ပညတ်တော်မူခဲ့သည်။ ရဟန်းမိန်းမတို့သည် အောက်ပါသိက္ခာပုဒ်တို့ကို သာသနာတော်တွင် လိုက်နာစောင့်ထိန်းရ၏။[၁]ယခုအချိန်တွင် ရဟန်းမိန်းမသာသနာ ပျောက်ကွယ်ခဲ့ပြီ ဖြစ်၏။
သိက္ခာပုဒ်များ
[ပြင်ဆင်ရန်]ပါရာဇိကအာပတ်
[ပြင်ဆင်ရန်]| ၁ | ၁။ မေထုနပါရာဇိက | |
| ၂ | ၂။ အဒိန္နာပါရာဇိက | |
| ၃ | ၃။ မနုဿဝိဂ္ဂဟပါရာဇိက | |
| ၄ | ၄။ ဥတ္တရိမနုဿဓမ္မပါရာဇိက | |
| ၅ | ၅။ ဥဗ္ဘဇာဏုမဏ္ဍလိကာပါရာဇိက | ယောက်ျား၏ ကိုင်ခြင်းကို သာယာမှု။ |
| ၆ | ၆။ ဝဇ္ဇပဋိစ္ဆာဒိကာပါရာဇိက | အပြစ်ကိုဖုံးထားမှု။ |
| ၇ | ၇။ ဥက္ခိတ္တာနုဝတ္တိကာပါရာဇိက | သံဃာကနှင်ထုတ်ထားသောရဟန်း၏ နောက်လိုက်လုပ်မှု။ |
| ၈ | ၈။ အဋ္ဌဝတ္ထုကာပါရာဇိက | ယောက်ျား၏ လက်ဆွဲခြင်းစသော ရှစ်မျိုးကို သာယာမှု။ |
သံဃာဒိသေသ်အာပတ်
[ပြင်ဆင်ရန်]| ၉ | ၁။ ဥဿယဝါဒိကာသိက္ခာပုဒ် | တရားစွဲမှု။ |
| ၁၀ | ၂။ စောရိဝုဋ္ဌာပိကာသိက္ခာပုဒ် | ခိုးသူမကို ရဟန်းပြုပေးမှု။ |
| ၁၁ | ၃။ ဧကဂါမန္တရဂမနသိက္ခာပုဒ် | တခြားရွာသို့ တစ်ယောက်တည်း သွားမှုစသည်။ |
| ၁၂ | ၄။ ဥက္ခိတ္တကဩသာရဏသိက္ခာပုဒ် | သံဃာက ဖယ်ထုတ်ထားသူကို ပြန်၍သွင်းမှု။ |
| ၁၃ | ၅။ ဘောဇနပ္ပဋိဂ္ဂဟဏပဌမသိက္ခာပုဒ် | မိမိကို ချစ်ကြိုက်နေသူတို့၏လက်မှ ခဲဖွယ်ဘောဇဉ်ကို ယူ၍ စားမှု။ |
| ၁၄ | ၆။ ဘောဇနပ္ပဋိဂ္ဂဟဏဒုတိယသိက္ခာပုဒ် | သုန္ဒရီနန္ဒာကို တိုက်တွန်းမှု။ |
| ၁၅ | ၇။ သဉ္စရိတ္တသိက္ခာပုဒ် | |
| ၁၆ | ၈။ ကုဋိကာရသိက္ခာပုဒ် | |
| ၁၇ | ၉။ ဝိဟာရကာရသိက္ခာပုဒ် | |
| ၁၈ | ၁၀။ သိက္ခံပစ္စာစိက္ခဏသိက္ခာပုဒ် | စိတ်ဆိုးသည်ဖြစ်၍ “ဘုရားကို စွန့်ပါ၏”စသည်ဖြင့်ပြောဆိုမှု။ |
| ၁၉ | ၁၁။ အဓိကရဏကုပိတသိက္ခာပုဒ် | စိတ်ဆိုး၍ပြောဆိုရန်တွေ့မှု။ |
| ၂၀ | ၁၂။ ပါပသမာစာရပဌမသိက္ခာပုဒ် | လူတို့နှင့် ရောရောနှောနှောနေထိုင်မှု။ |
| ၂၁ | ၁၃။ ပါပသမာစာရဒုတိယသိက္ခာပုဒ် | လူတို့နှင့်ရောနှော၍နေခြင်းကို အားပေးမှု။ |
| ၂၂ | ၁၄။ သံဃဘေဒသိက္ခာပုဒ် | |
| ၂၃ | ၁၅။ ဘေဒါနုဝတ္တကသိက္ခာပုဒ် | |
| ၂၄ | ၁၇။ ကုလဒူသကသိက္ခာပုဒ် | |
| ၂၅ | ၁၆။ ဒုဗ္ဗစသိက္ခာပုဒ် |
နိဿဂ္ဂိအာပတ်
[ပြင်ဆင်ရန်]| ၂၆ | ၁။ ပတ္တသန္နိစယသိက္ခာပုဒ် | သပိတ်အများကို သိုမှီးသိမ်းဆည်း ထားမှု။ |
| ၂၇ | ၂။ အကာလစီဝရဘာဇနသိက္ခာပုဒ် | အကာလသင်္ကန်းကို ကာလသင်္ကန်းလုပ်၍ ဝေဖန်မှု။ |
| ၂၈ | ၃။ စီဝရပရိဝတ္တနသိက္ခာပုဒ် | သင်္ကန်းချင်းလဲပြီးနောက် ပြန်၍ လုယူမှု။ |
| ၂၉ | ၄။ အညဝိညာပနသိက္ခာပုဒ် | ထောပတ်ကိုတောင်းပြီးနောက် ရသောအခါ မလိုချင်ဟု ပြော၍ ဆီတောင်းမှု။ |
| ၃၀ | ၅။ အညစေတာပနသိက္ခာပုဒ် | အခုတစ်မျိုး အလဲခိုင်းပြီး, နောက်တစ်မျိုးအလံခိုင်းပြန်မှု။ |
| ၃၁ | ၆။ ပဌမသံဃိကစေတာပနသိက္ခာပုဒ် | သင်္ကန်းကို ရည်ညွှန်း၍ လှူအပ်သော သံဃိကဥစ္စာဖြင့် ဆေးကိုလဲလှယ်စေ။ |
| ၃၂ | ၇။ ဒုတိယသံဃိကစေတာပနသိက္ခာပုဒ် | သင်္ကန်းကို ရည်ညွှန်း၍ လှူအပ်သော သံဃိကဥစ္စာ, ကိုယ်တိုင်တောင်း၍ ရသော ဥစ္စာ ၂-မျိုးဖြင့် ဆေးကို လဲစေမှု။ |
| ၃၃ | ၈။ ပဌမဂဏိကစေတာပနသိက္ခာပုဒ် | ယာဂုကို ရည်ညွှန်း၍ လှူအပ်သော ဘိက္ခုနီအများဆိုင် ပရိက္ခရာဖြင့် ဆေးကို လဲစေမှု။ |
| ၃၄ | ၉။ ဒုတိယဂဏိကစေတာပနသိက္ခာပုဒ် | ယာဂုကိုရည်ညွှန်း၍ လှူအပ်သော အများဆိုင်ပရိက္ခရာ ကိုယ်တိုင်တောင်း၍ရသော ပရိက္ခရာ ၂-မျိုးဖြင့်ဆေးကိုလဲ စေမှု။ |
| ၃၅ | ၁၀။ ပုဂ္ဂလိကစေတာပနသိက္ခာပုဒ် | ကျောင်းကိုရည်ညွှန်း၍ လှူအပ်သော ပုဂ္ဂလိကပစ္စည်း, ကိုယ်တိုင်တောင်း၍ ရအပ်သော ပစ္စည်း ၂-မျိုးဖြင့် ဆေးကို လဲစေမှု။ |
| ၃၆ | ၁၁။ ဂရုပါဝုရဏသိက္ခာပုဒ် | ကောသလမင်း၏ ကမ္ဗလာကို တောင်းမှု။ |
| ၃၇ | ၁၂။ လဟုပါဝုရဏသိက္ခာပုဒ် | ကောသလမင်း၏ ခြုံထည်ကို တောင်းမှု။ |
| ၃၈ | ၁၃။ ပထမကထိနသိက္ခာပုဒ် | |
| ၃၉ | ၁၄။ ဒုတိယကထိနသိက္ခာပုဒ် | |
| ၄၀ | ၁၅။ တတိယကထိနသိက္ခာပုဒ် | |
| ၄၁ | ၁၆။ အညာတကဝိညတ္တိသိက္ခာပုဒ် | |
| ၄၂ | ၁၇။ တတုတ္တရိသိက္ခာပုဒ် | |
| ၄၃ | ၁၈။ ဥပက္ခဋသိက္ခာပုဒ် | |
| ၄၄ | ၁၉။ ဒုတိယ ဥပက္ခဋသိက္ခာပုဒ် | |
| ၄၅ | ၂၀။ ရာဇသိက္ခာပုဒ် | |
| ၄၆ | ၂၁။ ပတ္တသိက္ခာပုဒ် | |
| ၄၇ | ၂၂။ ဦနပဉ္စဗန္ဓနသိက္ခာပုဒ် | |
| ၄၈ | ၂၃။ ဘေသဇ္ဇသိက္ခာပုဒ် | |
| ၄၉ | ၂၄။ ဝဿိကသာဋိကသိက္ခာပုဒ်၊ ပတ္တဝဂ် | |
| ၅၀ | ၂၅။ စီဝရအစ္ဆန္ဒိနသိက္ခာပုဒ် | |
| ၅၁ | ၂၆။ သုတ္တဝိညတ္တိသိက္ခာပုဒ် | |
| ၅၂ | ၂၇။ မဟာပေသကာရသိက္ခာပုဒ် | |
| ၅၃ | ၂၈။ အစ္စေကစီဝရသိက္ခာပုဒ် | |
| ၅၄ | ၂၉။ သာသင်္ကသိက္ခာပုဒ် | |
| ၅၅ | ၃၀။ ပရိဏတသိက္ခာပုဒ် |
နိဿဂ္ဂိယအာပတ်
[ပြင်ဆင်ရန်]ပါစိတ္တိယအာပတ်
[ပြင်ဆင်ရန်]| ၅၆ | ၁။ လသုဏသိက္ခာပဒ | အလိုက်မသိဘဲ ကြက်သွန်ဖြူတို့ကို များစွာဆောင်ယူစေမှု။ |
| ၅၇ | ၂။ သမ္ဗာဓလောမသိက္ခာပဒ | အင်္ဂါဇာတ်အမွေးတို့ကိုနုတ်(ရိတ်)မှု။ |
| ၅၈ | ၃။ တလဃာတကသိက္ခာပုဒ် | အင်္ဂါဇာတ်ကို ပုတ်ခတ်မှု။ |
| ၅၉ | ၄။ ဇတုမဋ္ဌကသိက္ခာပုဒ် | သူ၏အင်္ဂါသို့ ချိပ်တောင့်သွင်းမှု။ |
| ၆၀ | ၅။ ဥဒကသုဒ္ဓိကသိက္ခာပုဒ် | အလွန်နှိုက်၍ ရေဆေးမှု။ |
| ၆၁ | ၆။ ဥပတိဋ္ဌနသိက္ခာပုဒ် | ဆွမ်းစားသောရဟန်းအနီး၌ သောက်ရေ-ယပ်ခတ်မှုဖြင့် ပြုစုခြင်း။ |
| ၆၂ | ၇။ အာမကဓညသိက္ခာပုဒ် | စပါးကို တောင်း၍စားမှု။ |
| ၆၃ | ၈။ ပဌမဥစ္စာရဆဍ္ဍနသိက္ခာပုဒ် | နံရံတဘက်၌ ကျင်ကြီးခွက်ကို စွန့်ပြစ်မှု။ |
| ၆၄ | ၉။ ဒုတိယဥစ္စာရဆဍ္ဍနသိက္ခာပုဒ် | မုယောခင်း၌ ကျင်ကြီးခွက်ကို စွန့်ပြစ်မှု။ |
| ၆၅ | ၁၀။ နစ္စဂီတသိက္ခာပုဒ် | ပွဲကြည့်သွားမှု။ |
ရတ္တန္ဓကာရဝဂ်
[ပြင်ဆင်ရန်]| ၆၆ | ၁၁။ ရတ္တန္ဓကာရသိက္ခာပုဒ် | အမှောင်ထဲ၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်းနေမှု။ |
| ၆၇ | ၁၂။ ပဋိစ္ဆန္နောကာသသိက္ခာပုဒ် | အကွယ်အကာရှိသော အရပ်၌နေမှု |
| ၆၈ | ၁၃။ အဇ္ဈောကာသသလ္လပနသိက္ခာပုဒ် | လွင်ပြင်၌ နေမှု |
| ၆၉ | ၁၄။ ဒုတိယိကဥယျောဇနသိက္ခာပုဒ် | ရထားလမ်းစသည်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း နေမှု။ |
| ၇၀ | ၁၅။ အနာပုစ္ဆာပက္ကမနသိက္ခာပုဒ် | နေရာထိုင်ပေါ် ထိုင်ပြီးနောက် အကြောင်းမကြားဘဲ ပြန်သွားမှု။ |
| ၇၁ | ၁၆။ အနာပုစ္ဆာအဘိနိသီဒနသိက္ခာပုဒ် | ပစ္ဆာဘတ်အခါ၌ မတိုင်ကြားဘဲ နေရာထိုင်ခုံကို ခင်း၍ ထိုင်မှု။ |
| ၇၂ | ၁၇။ အနာပုစ္ဆာသန္ထရဏသိက္ခာပုဒ် | အိမ်ရှင်ကိုခွင့်မပန်ဘဲ အိပ်ရာကို ခင်း၍ ထိုင်မှု လျောင်းမှု။ |
| ၇၃ | ၁၈။ ပရဥဇ္ဈာပနကသိက္ခာပုဒ် | မိမိက အကြားလွဲအမှတ်လွဲ၍ သူတစ်ပါးကို ကဲ့ရဲ့ စေမှု။ |
| ၇၄ | ၁၉။ ပရအဘိသပနသိက္ခာပုဒ် | မိမိကိုလည်းကောင်း, သူတစ်ပါးကိုလည်းကောင်း, ကျိန်ဆဲမှု။ |
| ၇၅ | ၂၀။ ရောဒနသိက္ခာပုဒ် | ရန်ဖြစ်၍ မိမိကိုယ်ကို ညှဉ်းဆဲကာ, ညှဉ်းဆဲကာ ငိုမှု။ |
နဂ္ဂဝဂ်
[ပြင်ဆင်ရန်]| ၇၆ | ၂၁။ နဂ္ဂသိက္ခာပုဒ် | ရေလဲ မပါဘဲ ရေချိုးမှု။ |
| ၇၇ | ၂၂။ ဥဒကသာဋိကသိက္ခာပုဒ် | သိပ်ကြီးသော ရေသနုပ်ကို ပြုလုပ်၍ဝတ်မှု။ |
| ၇၈ | ၂၃။ စီဝရသိဗ္ဗနသိက္ခာပုဒ် | ချုပ်မကောင်းသော သင်္ကန်းကို အဖြေခိုင်းပြီးနောက် ပြင်၍ ချုပ်မပေးမှု။ |
| ၇၉ | ၂၄။ သံဃာဋိစာရသိက္ခာပုဒ် | အခြားသင်္ကန်းများကို အပ်နှံထားခဲ့၍ သင်းပိုင်ဧကသီ နှင့်သာ ဒေသစာရီလှည့်နေ။ |
| ၈၀ | ၂၅။ စီဝရသင်္ကမနီယသိက္ခာပုဒ် | သူ့သင်္ကန်းကိုခွင့်မပန်ဘဲဝတ်ရုံမှု။ |
| ၈၁ | ၂၆။ ဂဏစီဝရသိက္ခာပုဒ် | ဘိက္ခုနီသံဃာ၏ သင်္ကန်းလာဘ်ကို ပိတ်ပင်တားမြစ်မှု၊ |
| ၈၂ | ၂၇။ ပဋိဗာဟနသိက္ခာပုဒ် | သင်္ကန်းဝေဖန်ခြင်းကို တားမြစ်မှု။ |
| ၈၃ | ၂၈။ စီဝရဒါနသိက္ခာပုဒ် | လူဝတ်ကြောင်စသူတို့အား ရဟန်း၏သင်္ကန်းကို ပေးမှု။ |
| ၈၄ | ၂၉။ ကာလအတိက္ကမနသိက္ခာပုဒ် | သင်္ကန်းအပေါ် (ရလိမ့်မည်ဟု) အားနည်းသော မျှော်လင့်ချက်ဖြင့် သင်္ကန်းကာလကို လွန်စေမှု။ |
| ၈၅ | ၃၀။ ကထိနုဒ္ဓါရသိက္ခာပုဒ် | တရားလမ်းကြောင်းကျသော ကထိန်နုတ်ခြင်းကို တားမြစ်မှု။ |
တုဝဋ္ဋဝဂ်
[ပြင်ဆင်ရန်]| ၈၆ | ၃၁။ ဧကမဉ္စတုဝဋ္ဋနသိက္ခာပုဒ် | ခုတင်တစ်ခု၌ ၂-ယောက်အတူ အိပ်မှု။ |
| ၈၇ | ၃၂။ ဧကတ္ထရဏတုဝဋ္ဋနသိက္ခာပုဒ် | အခင်းတစ်ခု တည်းကိုပင် ၂-ယောက်အတူ ခင်းလည်းခင်း ခြုံလည်းခြုံ၍ အိပ်မှု။ |
| ၈၈ | ၃၃။ အဖာသုကရဏသိက္ခာပုဒ် | အရှင်မဘဒ္ဒါကို စိတ်မချမ်းသာအောင်ပြုမှု။ |
| ၈၉ | ၃၄။ နဥပဋ္ဌာပနသိက္ခာပုဒ် | မိမိကို ဥပဇ္ဈာယ်ဆရာလုပ်၍နေသော တပည့်မကို မကျန်းမမာ ဖြစ်နေလျက် မပြုစုမှု။ |
| ၉၀ | ၃၅။ နိက္ကဍ္ဎနသိက္ခာပဒ | ကျောင်းကိုပေးပြီးမှ စိတ်ဆိုး၍ နှင်ထုတ်မှု။ |
| ၉၁ | ၃၆။ သံသဋ္ဌသိက္ခာပုဒ် | ယောက်ျားတို့နှင့် ရောရောနှောနှောနေမှု။ |
| ၉၂ | ၃၇။ အန္တောရဋ္ဌသိက္ခာပုဒ် | မိမိတိုင်းပြည်အတွင်းရွံရှားဖွယ်ဟု သမုတ်အပ်၍ဘေးရန်လည်းရှိသော အရပ်၌ အဖေါ်ကုန်သည်များ မပါဘဲ ဒေသစာရီလှည့်မှု။ |
| ၉၃ | ၃၈။ တိရောရဋ္ဌသိက္ခာပုဒ် | တိုင်းတစ်ပါးဝယ် ရွံရှာဖွယ်ဟု သမုတ်အပ်၍ ဘေးရန် လည်းရှိသော အရပ်၌ အဖော်ကုန်သည်များ မပါဘဲ ဒေသစာရီလှည့်လည်သွားလာမှု။ |
| ၉၄ | ၃၉။ အန္တောဝဿသိက္ခာပုဒ် | ဝါတွင်း၌ ဒေသစာရီ လှည့်လည်သွားလာမှု။ |
| ၉၅ | ၄၀။ စာရိကနပက္ကမနသိက္ခာပုဒ် | ဘယ်မှမသွားဘဲ တနေရာထည်း၌ မိုးရော ဆောင်းရော နွေရော နေကြမှု။ |
စိတ္တာဂါရဝဂ်
[ပြင်ဆင်ရန်]| ၉၆ | ၄၁။ ရာဇာဂါရသိက္ခာပုဒ် | ဆန်းကြယ်စွာ ပြုလုပ်အပ်သော အိမ်တော်ကို အကြည့် သွားကြမှု။ |
| ၉၇ | ၄၂။ အာသန္ဒိပရိဘုဉ္ဇနသိက္ခာပုဒ် | အလွန်မြင့်သော ညောင်စောင်းအင်းပျဉ်ခုတင်, ထိုင်ခုံ များနှင့် ခြင်္သေ့ရုပ် ကျားရုပ်စသော ရဲရင့်သောသားကောင် အရုပ်များပါသော ပလ္လင်ကို သုံးစွဲကြမှု။ |
| ၉၈ | ၄၃။ သုတ္တကန္တနသိက္ခာပုဒ် | ဗိုင်းငင် = ချည်ငင်မှု။ |
| ၉၉ | ၄၄။ ဂိဟိဝေယျာဝစ္စသိက္ခာပုဒ် | လူဝတ်ကြောင်များ၏ ဝေယျာဝစ္စကို ရွက်ဆောင်ပြုလုပ်ပေးမှု။ |
| ၁၀၀ | ၄၅။ အဓိကရဏသိက္ခာပုဒ် | အဓိကရုဏ်းကို ငြိမ်းစေမည်ဟု ဝန်ခံပြီးနောက် ငြိမ်းအောင် လုပ်မပေးမှု။ |
| ၁၀၁ | ၄၆။ ဘောဇနဒါနသိက္ခာပုဒ် | ဇာတ်ဆရာ, ဇာတ်သူ ဇာတ်သား စသည်တို့အား မိမိကိုယ်တိုင် ခဲဖွယ် ဘောဇဉ် ပေးမှု။ |
| ၁၀၂ | ၄၇။ အာဝသထစီဝရသိက္ခာပုဒ် | ကျောင်းပိုင်ဖြစ်သော ဥတုနှီးသင်္ကန်းကို သူချည်း သုံးစွဲမှု။ |
| ၁၀၃ | ၄၈။ အာဝသထဝိဟာရသိက္ခာပုဒ် | ကျောင်းကို မစွန့်လွှတ်(မအပ်နှံ့)ဘဲ ဒေသစာရီ လှည့်လည်မှု။ |
| ၁၀၄ | ၄၉။ တိရစ္ဆာနဝိဇ္ဇာပရိယာပုဏနသိက္ခာပုဒ် | တိရစ္ဆာနဝိဇ္ဇာကို သင်ယူမှု။ |
| ၁၀၅ | ၅၀။ တိရစ္ဆာနဝိဇ္ဇာဝါစနသိက္ခာပုဒ် | တိရစ္ဆာနဝိဇ္ဇာကို ပို့ချပေးမှု။ |
အာရာမဝဂ်
[ပြင်ဆင်ရန်]| ၁၀၆ | ၅၁။ အာရာမပဝိသနသိက္ခာပုဒ် | အခွင့်မပန်ဘဲ ဘိက္ခုတို့၏ ကျောင်းတိုက်အာရာမ်အတွင်း ဝင်မှု။ |
| ၁၀၇ | ၅၂။ ဘိက္ခုအက္ကောသနသိက္ခာပုဒ် | အရှင်ဥပါလိကို ဆဲဆိုခြိမ်းချောက်မှု။ |
| ၁၀၈ | ၅၃။ ဂဏပရိဘာသနသိက္ခာပုဒ် | ဘိက္ခုနီ(သံဃာဂိုဏ်း)ကို ပုတ်ခတ်ပြောဆိုမှု။ |
| ၁၀၉ | ၅၄။ ပဝါရိတသိက္ခာပုဒ် | ပင့်လည်းပင့်အပ် ဝါရိတ်လည်း သင့်ပြီးပါလျက် ခဲဖွယ် ဘောဇဉ်ကိုစားမှု။ |
| ၁၁၀ | ၅၅။ ကုလမစ္ဆရိနီသိက္ခာပုဒ် | မိမိနှစ်သက်သော ဒါယကာအိမ်သို့ သူတစ်ပါးတို့ မသွားအောင် ဝန်တိုမှု။ |
| ၁၁၁ | ၅၆။ အဘိက္ခုကာဝါသသိက္ခာပုဒ် | အနီးအပါးဝယ် ရဟန်းယောက်ျား မရှိသောကျောင်း၌ ဝါကပ်လှူ (ဝါတွင်းနေမှု။) |
| ၁၁၂ | ၅၇။ အပဝါရဏာသိက္ခာပုဒ် | ဘိက္ခုသံဃာ့ထံ ပဝါရဏာမပြုမှု။ |
| ၁၁၃ | ၅၈။ ဩဝါဒသိက္ခာပဒ | ဩဝါဒခံဖို့ရန် ဘိက္ခုတို့အထံ မသွားမှု။ |
| ၁၁၄ | ၅၉။ ဩဝါဒူပသင်္ကမနသိက္ခာပုဒ် | ဥပုသ်နေ့ကို မမေးဘဲနှင့် ဩဝါဒခံဖို့ရန် ခွင့်မတောင်းမှု။ |
| ၁၁၅ | ၆၀။ ပသာခေဇာတသိက္ခာပုဒ် | ယောက်ျားနှင့် တစ်ယောက်ချင်း ချက်၏ အောက်ပိုင်း၌ ပေါက်သောအနာကို ခွဲစေမှု။ |
ဂဗ္ဘိနီဝဂ်
[ပြင်ဆင်ရန်]| ၁၁၆ | ၆၁။ ဂဗ္ဘိနီသိက္ခာပုဒ် | ကိုယ်ဝန်ဆောင်မိန်းမကို ဘိက္ခုနီ ပြုလုပ်ပေးမှု။ |
| ၁၁၇ | ၆၂။ ပါယန္တီသိက္ခာပုဒ် | နို့တိုက်နေရသော မိန်းမကို ရဟန်းပြုပေးမှု။ |
| ၁၁၈ | ၆၃။ ပဌမသိက္ခမာနသိက္ခာပုဒ် | ၂-နှစ်ပတ်လုံး သိက္ခာမကျင့်ရသေးသော သိက္ခမာန်ကို ရဟန်းပြုပေးမှု။ |
| ၁၁၉ | ၆၄။ ဒုတိယသိက္ခမာနသိက္ခာပုဒ် | သိက္ခာကျင့်ပြီးသော သိက္ခမာန်ကို သမ္မုတိမရဘဲ ဘိက္ခုနီ ပြုပေးမှု။ |
| ၁၂၀ | ၆၅။ ပဌမဂိဟိဂတသိက္ခာပုဒ် | ယောက်ျားနှင့်ဆက်ဆံဘူးသော, ၁၂-နှစ်မပြည့်သေးသော သူငယ်မကို ရဟန်းပြုပေးမှု။ |
| ၁၂၁ | ၆၆။ ဒုတိယဂိဟိဂတသိက္ခာပုဒ် | ယောက်ျားဆက်ဆံဘူး၍ ၁၂-နှစ်ပြည့်သော သူငယ်မကို ၂-နှစ်ပတ်လုံး သိက္ခာမကျင့်ရသေးဘဲ ရဟန်းပြုပေးမှု။ |
| ၁၂၂ | ၆၇။ တတိယဂိဟိဂတသိက္ခာပုဒ် | ဂိဟိဂတ ဖြစ်၍ ၁၂-နှစ်ပြည်သောအခါ သိက္ခာပုဒ် ၆-ပါး၌ ၂-နှစ်လုံးလုံးကျင့်ပြီးသော်လည်း သံဃာ့အထံမှ ဝုဋ္ဌာနသမ္မုတိ မရဘဲ ရဟန်းပြုပေးမှု။ |
| ၁၂၃ | ၆၈။ ပဌမသဟဇီဝိနိသိက္ခာပုဒ် | အတူတကွ အသက်မွေးနေထိုင်သော တပည့်မကို ၂-နှစ် လောက်မျှ မချီးမြှောက် မစောင့်ရှောက်မှု။ |
| ၁၂၄ | ၆၉။ နာနုဗန္ဓနသိက္ခာပုဒ် | ဥပဇ္ဈာယ် ဆရာမနောက်သို့ (ပြုစုလုပ်ကျွေး၍) ၂-နှစ် လောက်မှ မလိုက်ကြမှု။ |
| ၁၂၅ | ၇၀။ ဒုတိယသဟဇီဝိနိသိက္ခာပုဒ် | တပည့်မကို ရဟန်းပြုပေးပြီးနောက် အရပ်တစ်ပါးသို့ ခေါ်မသွားမှု။ |
ကုမာရိဘူတဝဂ်
[ပြင်ဆင်ရန်]| ၁၂၆ | ၇၁။ ပဌမကုမာရိဘူတသိက္ခာပုဒ် | အသက် ၂ဝ မပြည့်သေးသောကုမာရီဘူတ သာမဏေမကို ရဟန်းပြုပေးမှု။ |
| ၁၂၇ | ၇၂။ ဒုတိယကုမာရိဘူတသိက္ခာပုဒ် | အသက် ၂ဝ ပြည့်သော်လည်း ၂-နှစ်ပတ်လုံး သိက္ခာ ၆-ပါးကို မကျင့်ရသေးသော အပျိုစင်သာမဏေမကို ဘိက္ခုနီပြုပေးလှူ။ |
| ၁၂၈ | ၇၃။ တတိယကုမာရိဘူတသိက္ခာပုဒ် | အသက် ၂၀-ပြည့်၍ သိက္ခာပုဒ် ၆-ပါးတို့ကို ၂-နှစ်ပတ်လုံး ကျင့်ပြီးဖြစ်သော်လည်း သံဃာ့အထံမှ ဝုဋ္ဌာန သမ္မုတိ မရသေးဘဲ ဘိက္ခုနီပြုပေးမှု။ |
| ၁၂၉ | ၇၄။ ဦနဒွါဒသဝဿသိက္ခာပုဒ် | တဆယ့် နှစ်ဝါ မရသေးဘဲ ဥပဇ္ဈာယ် ဆရာမ လုပ်၍ သူ့တစ်ပါးကို ဘိက္ခုနီပြုပေးမှု။ |
| ၁၃၀ | ၇၅။ ပရိပုဏ္ဏဒွါဒသဝဿသိက္ခာပုဒ် | သံဃာ့အထံမှ ဝုဋ္ဌာပန သမ္မုတိ မရဘဲ ဥပဇ္ဈာယ် ဆရာမ ပြုလုပ်မှု။ |
| ၁၃၁ | ၇၆။ ခီယနဓမ္မသိက္ခာပုဒ် | ဘိက္ခုနီတို့ ကဲ့ရဲ့မှု။ |
| ၁၃၂ | ၇၇။ ပဌမသိက္ခမာနနဝုဋ္ဌာပနသိက္ခာပုဒ် | ငါ့အား သင်္ကန်းပေးလျှင် ဘိက္ခုနီပြုပေးမည်ဟု ဝန်ခံပြီးနောက် ထိုဝန်ခံချက် ပျက်ကွက်မှု။ |
| ၁၃၃ | ၇၈။ ဒုတိယသိက္ခမာနနဝုဋ္ဌာပနသိက္ခာပုဒ် | ငါ့နောက်သို့ ၂-နှစ်ပတ်လုံး လိုက်နေလျှင် ဘိက္ခုနီပြုပေးမည်ဟု ဝန်ခံပြီးနောက် ထိုဝန်ခံချက် ပျက်ကွက်မှု။ |
| ၁၃၄ | ၇၉။ သောကာဝါသသိက္ခာပုဒ် | ယောက်ျားကြီး ယောက်ျားငယ်တို့၌ ရောရောနှောနှော နေထိုင်၍ ကြမ်းတန်းသော သောက၏ တည်ရာဖြစ်သော စဏ္ဍကာဠီမည်သော သိက္ခမာန်ကို ရဟန်းပြုပေးမှု။ |
| ၁၃၅ | ၈၀။ အနနုညာတသိက္ခာပုဒ် | မိဘနှင့် လင်ယောက်ျားတို့က ခွင့်မပြုအပ်သော သိက္ခမာန် ရဟန်းပြုပေးမှု။ |
| ၁၃၆ | ၈၁။ ပါရိဝါသိကသိက္ခာပုဒ် | ပျက်ပြီးသော ဆန္ဒပေးခြင်းဖြင့် ဘိက္ခုနီပြုပေးမှု။ |
| ၁၃၇ | ၈၂။ အနုဝဿသိက္ခာပုဒ် | နှစ်စဉ် (တနှစ်တစ်ပါးကျ) ဥပဇ္ဈာယ်လုပ်နိုင်သော ဘိက္ခုနီတို့က ကိုယ်စီကိုယ်စီ ရဟန်းပြုပေးကြမှု။ |
| ၁၃၈ | ၈၃။ ဧကဝဿသိက္ခာပုဒ် | တနှစ်တည်း၌ ၂-ပါး ရဟန်းပြုပေးမှု။ |
ဆတ္တုပါဟနဝဂ်
[ပြင်ဆင်ရန်]| ၁၃၉ | ၈၄။ ဆတ္တုပါဟနသိက္ခာပုဒ် | ထီးဆောင်း, ဖိနပ်စီးမှု။ |
| ၁၄၀ | ၈၅။ ယာနသိက္ခာပုဒ် | ယာဉ်ဖြင့် သွားလာမှု။ |
| ၁၄၁ | ၈၆။ သံဃာဏိသိက္ခာပုဒ် | ခါးကြိုးတန်ဆာကို ဆောင်မှု။ |
| ၁၄၂ | ၈၇။ ဣတ္ထာလင်္ကာရသိက္ခာပုဒ် | မိန်းမတို့၏ အသုံးအဆောင်တန်ဆာကို ဆောင်မှု။ |
| ၁၄၃ | ၈၈။ ဂန္ဓဝဏ္ဏကသိက္ခာပုဒ် | နံ့သာရည် အလှရည်တို့ဖြင့် ရေချိုးမှု။ |
| ၁၄၄ | ၈၉။ ဝါသိတကသိက္ခာပုဒ် | နံ့သာထုံအပ်သော နှမ်းမှုန့်ညက်ဖြင့် ပွတ်တိုက်၍ ရေချိုးမှု။ |
| ၁၄၅ | ၉၀။ ဘိက္ခုနိဥမ္မဒ္ဒါပနသိက္ခာပုဒ် | အခြားဘိက္ခုနီတို့ကို ခြေဆုပ်လက်နယ်ခိုင်းမှု။ |
| ၁၄၆ | ၉၁။ သိက္ခမာနဥမ္မဒ္ဒါပနသိက္ခာပုဒ် | သိက္ခမာန်တို့ကို ခြေဆုပ်လက်နယ်ခိုင်းမှု။ |
| ၁၄၇ | ၉၂။ သာမဏေရီဥမ္မဒ္ဒါပနသိက္ခာပုဒ် | သာမဏေတို့ကို ခြေဆုပ်လက်နယ်ခိုင်းမှု။ |
| ၁၄၈ | ၉၃။ ဂိဟိနိဥမ္မဒ္ဒါပနသိက္ခာပုဒ် | လူတို့ကို ခြေဆုပ်လက်နယ်ခိုင်းမှု။ |
| ၁၄၉ | ၉၄။ အနာပုစ္ဆာသိက္ခာပုဒ် | ခွင့်မပန်ဘဲ ဘိက္ခုတို့၏ ရှေ့၌ နေထိုင်မှု။ |
| ၁၅၀ | ၉၅။ ပဉှာပုစ္ဆနသိက္ခာပုဒ် | ပြဿနာမေးခွင့်မတောင်းဘဲ ပြဿနာမေးမှု။ |
| ၁၅၁ | ၉၆။ အသံကစ္စိကသိက္ခာပုဒ် | ရင်စည်းတဘက်မပါဘဲ ရွာတွင်းသို့ ဆွမ်းခံဝင်မှု။ |
ဘိက္ခုပါစိတ်လာ သိက္ခာပုဒ် ၇၀
[ပြင်ဆင်ရန်]ပါဋိဒေသနီအာပတ်
[ပြင်ဆင်ရန်]| ၂၂၂ | က။ သပ္ပိဝိညာပနသိက္ခာပုဒ် | ထောပတ်ကို တောင်း၍စား။ |
| ၂၂၃ | ခ။ ဒဓိဝိညာပနသိက္ခာပုဒ် | နို့ဓမ်းနို့ချဉ်ကို တောင်း၍စား။ |
| ၂၂၄ | ဂ။ တေလဝိညာပနသိက္ခာပုဒ် | ဆီကို တောင်း၍စား။ |
| ၂၂၅ | ဃ။ မဓုဝိညာပနသိက္ခာပုဒ် | ပျားရည်ကို တောင်း၍စား။ |
| ၂၂၆ | င။ ဖာဏိတဝိညာပနသိက္ခာပုဒ် | တင်လဲကို တောင်း၍စား။ |
| ၂၂၇ | စ။ မစ္ဆဝိညာပနသိက္ခာပုဒ် | ငါးဟင်းကို တောင်း၍စား။ |
| ၂၂၈ | ဆ။ မံသဝိညာပနသိက္ခာပုဒ် | အသားကို တောင်း၍စား။ |
| ၂၂၉ | ဇ။ ခီရဝိညာပနသိက္ခာပုဒ် | နွားနို့ကို တောင်း၍စား။ |