အနာဒရိယသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—ရဟန်းတို့အား မလေးမစားပြောမှု။
အမှုသည်—အရှင်ဆန္န။
ရှင်ဆန္န၏ မလေးစားမှု
[ပြင်ဆင်ရန်]ဗုဒ္ဓရှင်တော်၏ ဖွားဘက်တော်ဖြစ်ခဲ့သော အရှင်ဆန္နသည် သင့်မသင့်သော အကျင့်ကိုပြုကျင့်၏၊ ရဟန်းတို့က ငါ့ရှင်ဆန္န... ဒီလိုမလုပ်ပါနှင့်, ဒီအလုပ်ဟာမအပ် ပါဘူး”ဟု ပြောကြ၏၊ ရှင်ဆန္နကား ထိုပြောသူတို့ကို မလေးစား (အရေးမစိုက်)သောအားဖြင့် ဇွတ်တိုး၍ လုပ်၏၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။[၁]
သိက္ခာပုဒ်
[ပြင်ဆင်ရန်]အနာဒရိယေ ပါစိတ္တိယံ။
မြန်မာပြန်
[ပြင်ဆင်ရန်]ပုဂ္ဂလ ဓမ္မကို မရိုသေခြင်းကြောင့် ပါစိတ်သင့်၏၊ ပြောလာသောရဟန်းကို အရေးမစိုက်မှုသည် ပုဂ္ဂလကို အရေးမစိုက်ခြင်း၊ သိက္ခာပုဒ်တော်ကို အရေးမစိုက်မှုသည် ဓမ္မကို အရေးမစိုက်ခြင်း၊ ထို၂-မျိုးတွင် တမျိုးမျိုးကို မလေးမစား အရေးမစိုက် လုပ်လျှင် ပါစိတ်အာပတ်သင့်၏။[၁]