ပရအဘိသပနသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—မိမိကိုလည်းကောင်း, သူတစ်ပါးကိုလည်းကောင်း, ကျိန်ဆဲမှု။
အမှုသည်—စဏ္ဍကာဠီ။[၁]
စဏ္ဍကာဠီ
[ပြင်ဆင်ရန်]သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် မိမိ၏ သပိတ်-ပရိက္ခရာ ဘဏ္ဍာတစ်ခုခုကို မတွေ့လျှင် စဏ္ဍကာဠီကို “မမြင်မိ ဘူးလား”ဟု မေးကြကုန်၏၊ (နဂိုကပင် စိတ်ကြမ်း, နှုတ်ကြမ်း ဖြစ်နေသော) စဏ္ဍကာဠီသည် ထိုကဲ့သို့မေးသည်ကို “သူခိုး-ရိုးသည်”ဟု ထင်၍ “ငါသာ သူခိုးတဲ့လား, ငါသာ အလဇ္ဇီမ(အရှက်မရှိသူမ)တဲ့လား၊ သင်တို့ ဘဏ္ဍာကို ယူမိရိုးမှန်လျှင် ရဟန်းမ မဟုတ်ဘဲ ရှိရစေရဲ့၊ သာသနာတော်မှ လျောကျရစေရဲ့၊ (လူဖြစ်ရစေရဲ့၊) ငရဲကျရစေရဲ့၊ ငါ့ကိုမဟုတ်ဘဲနှင့် ပြောတဲ့သူလဲ ရဟန်းမ မဟုတ်ဘဲ ရှိပါစေဟယ်၊ သာသနာတော်မှ လျောကျပါစေဟယ်၊ (လူဖြစ်ပါစေဟယ်)၊ ငရဲကျပါစေဟယ်”ဟု မိမိအတွက်ရော သူ့ အတွက်ပါ ကျိန်ဆဲလေသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယာ ပန ဘိက္ခုနီ အတ္တာနံ ဝါ ပရံ ဝါ နိရယေန ဝါ ဗြဟ္မစရိယေန ဝါ အဘိသပေယျ, ပါစိတ္တိယံ။
မြန်မာပြန်
[ပြင်ဆင်ရန်]အကြင် ဘိက္ခုနီသည် မိမိကိုလည်းကောင်း, (ရဟန်း-ရဟန်းမ ဖြစ်သော) သူတစ်ပါးကိုလည်းကောင်း, ငရဲဖြင့် ဖြစ်စေ မြတ်သော အကျင့် (သာသနာတော်) ဖြင့်ဖြစ်စေ ကျိန်ဆဲအံ့၊ ကျိန်စာဆိုအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်
[ပြင်ဆင်ရန်]လူကိုဖြစ်စေ သာမဏေကိုဖြစ်စေ ကျိန်ဆဲလျှင်လည်းကောင်း, ငရဲ ဗြဟ္မစရိယမှ တစ်ပါးသော “ခွေးဖြစ်ရစေ, ဝက်ဖြစ်ရစေ, အကန်းဖြစ်ရစေ၍၊ သူလဲ ခွေးဖြစ်ပါစေ”စသည်ဖြင့် ကျိန်ဆဲလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ဘိက္ခုတို့မှာ ဒုက္ကဋ်ချည်းသာ။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။