အကာလစီဝရဘာဇနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—အကာလသင်္ကန်းကို ကာလသင်္ကန်းလုပ်၍ ဝေဖန်မှု။

အမှုသည်—ထုလ္လနန္ဒာ။ [၁]

ဒါယကာတို့ သင်္ကန်းလှူခြင်း[ပြင်ဆင်ရန်]

ဘိက္ခုနီတို့သည် ဝါတွင်းအခါ ရွာငယ်တစ်ခု၌ နေ၍ သင်္ကန်းလှူခြင်း ဝါကျွတ်သောအခါ ဘုရားရှင်ရှိရာ သာဝတ္ထိမြို့သို့ လာကြကုန်၏၊ [ဝါကျွတ်သောအခါ များစွာသော ဒါယကာတို့သည် မိမိတို့ကျောင်းတိုက်၌ နေသူအား ဝါဆိုသင်္ကန်း (ဝါဆို၍ ဝါကျွတ် သူတို့အား လှူအပ်သော သင်္ကန်း)ကို ကပ်လှူလေ့ ရှိကြကုန်၏၊ ထိုဘိက္ခုနီတို့မှာ ထိုဝါဆိုသင်္ကန်းလည်း ရခဲ့ကြဟန်မတူ၊ ထို့ကြောင့် ဟောင်းနွမ်း ကြမ်းတမ်းသော သင်္ကန်းရှိ၍ သွားပုံ လာပို့ နေထိုင်ပုံအားဖြင့် ကြည်ညို ဖွယ်ရာကောင်းသော ထိုဘိက္ခုနီများကို မြင်၍ “အရှင်မတို့မှာ သူခိုး ဓားပြတို့ အလုခံခဲ့ရဟန်တူတယ်”ဟု ထိုဘိက္ခုနီများရပါစေ”ဟူသော စိတ်ထားဖြင့် ဥပါသကာတို့သည် ဘိက္ခုနီသံဃာအား အကာလသင်္ကန်းကို လှူဒါန်းကြလေသည်။

အမှာ[ပြင်ဆင်ရန်]

ကထိန် ခေတ်ကာလ အတွင်း၌ လှူအပ်သော သင်္ကန်းကို “ကာလ သင်္ကန်း” ဟု ခေါ်၏။ ထိုကာလ သင်္ကန်းမျိုးကို သို့တိုက်၌ ဝါကျွတ် သောသံဃာသာ ရခွင့်ရှိ၏။ ကထိန်ခေတ်ကာလ မဟုတ်သော အချိန်၌ လှူအပ်သောသင်္ကန်း ကထိန်ခေတ်ပင် ဖြစ်သော်လည်း အကာလသင်္ကန်း အနေဖြင့် လှူအပ်သော သံဃိက သင်္ကန်းသည် အကာလ သင်္ကန်းမည်၏၊ ထိုအကာလသင်္ကန်းကိုကား အခြားကျောင်းတိုက်၌ ဝါကျွတ် ခဲ့သော သံဃာများလည်း ရခွင့်ရှိသည်။

ထုလ္လနန္ဒာ၏ မတရားမှု[ပြင်ဆင်ရန်]

ထုလ္လနန္ဒာသည် ထိုဥပါသကာတို့လှူအပ်သော အကာလသင်္ကန်းကို ကာလသင်္ကန်းဟု အဓိဋ္ဌာန်၍ ကာလသင်္ကန်းဟု ပြော၍)ထိုသာဝတ္ထိမြို့၌ ဝါကျွတ်သော သံဃာများအား သာဝေပေးနေပြီ၊ ဥပါသကာတို့သည် ရွာငယ်၌ ဝါကျွတ်ခဲ့သော ထိုဘိက္ခုနီတို့ကို သင်္ကန်းဟောင်းမြဲ ဟောင်းနေသည်ကိုမြင်၍ “အရှင်မတို့မှာ သင်္ကန်းဝေစု မရကြဘူးလား”ဟု မေးကြလေသော်, ထုလ္လနန္ဒာ၏ သင်္ကန်းဝေပုံကို ပြောပြကြသဖြင့် ဥပါသကာတို့က ထုလ္လနန္ဒာကို ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အကာလစီဝရံ ‘‘ကာလစီဝရ’’န္တိ အဓိဋ္ဌဟိတွာ ဘာဇာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင် ဘိက္ခုနီသည် အကာလသင်္ကန်းကို ကာလ သင်္ကန်းဟု အဓိဋ္ဌာန်၍ (ပြောဆို၍) ဝေစေဖို့ (ခွဲဝေပေးဖို့ရန် စာယောက်ယောက်ကို စေခိုင်းအံ့၊ သို့မဟုတ် ကိုယ်တိုင်ဝေပေးအံ့၊) ထိုဘိက္ခုနီမှာ နိဿဂ္ဂိယ ပါစိတ်အာပတ်သင့်၏၊ “ရသောသင်္ကန်းကိုလည်း စွန့်ရမည်၊ ပါစိတ်အာပတ်လည်းသင့်သည်”ဟူလို။ မှတ်ချက်။ ကထိန်ခေတ်သင်္ကန်းကာလပင် ဖြစ်သော်လည်းသံဃာကို မရည်စူးဘဲ ဆရာတော်ကြီး, ကျောင်းထိုင်ဘုန်းကြီး စသော ပုဂ္ဂိုလ်ကို ရည်စူး၍ လှူလျှင် ထိုသင်္ကန်းသည် “ကာလသင်္ကန်း”ဟု အမည်မရ၊ ထိုသို့ပုဂ္ဂိုလ်ရည်စူးထားလျှင် သံဃိကသင်္ကန်း မဟုတ်သောကြောင့် ကထိန်သင်္ကန်း အရာ မမြောက်၊ ထိုသင်္ကန်းဖြင့် ကထိန်ခင်းသော်လည်း ကထိန်မမြောက်၊ ကထိန် မမြောက်လျှင် ကထိန်၏ အကျိုးများမရ၊ ထို့ကြောင့် ကထိန် သင်္ကန်းကို လှူခါနီး၌ ပုဂ္ဂိုလ်တစ်ပါးကို မရည်စူးမိအောင် သံဃာကို ရည်စူးနိုင်အောင် ဟောပြောသင့်ကြပေသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး