ခီယနဓမ္မသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—ဘိက္ခုနီတို့ ကဲ့ရဲ့မှု။

အမှုသည်—စဏ္ဍကာဠီ။ [၁]

ဝုဋ္ဌာပန သမ္မုတိ မပေးကြခြင်း[ပြင်ဆင်ရန်]

စဏ္ဍကာဠီသည် ၁၂-ဝါရ၍ ဥပဇ္ဈာယ်ဆရာမ လုပ်လိုသောကြောင့် သံဃာ့အထံ၌ ဝုဋ္ဌာပန သမ္မုတိကိုတောင်းသောအခါ စဏ္ဍကာဠီ၏ အရည်အချင်းကို အားမရ၍ မိမိက ဥပဇ္ဈာယ်လုပ်၍ သူတစ်ပါးကို ရဟန်းအဖြစ်ရောက်အောင် ထမြောက်စေဖို့ (ဘိက္ခုနီပြုပေးဖို့) မတော်သေးပါ”ဟု ပြောသောအခါ “ကောင်းပါပြီ”ဟု ဝန်ခံခဲ့ပြီးနောက် အခြားဘိက္ခုနီတို့အား သံဃာကဝုဋ္ဌာပနသမ္မုတိ ပေးသောအခါ စဏ္ဍကာဠီသည် မကျေနပ်သောကြောင့် “သံဃာက ငါ့ကို သမ္မုတိမပေးဘဲ, အခြားဘိက္ခုနီတွေကိုတော့ သမ္မုတိပေးတယ်, ငါကတော့ အ အမို့တဲ့လား, အလဇ္ဇီမမို့ တဲ့လား”ဟု ကဲ့ရဲ့ရှုတ်ချလေသည်၊ ထိုသို့ ရှုတ်ချမှုကို ကြားရသောဘိက္ခုနီတို့က သူ့ကို ကဲ့ရဲ့ကြ၍ ဘုရားရှင်ထံ တဆင့် လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ‘‘အလံ တာဝ တေ, အယျေ, ဝုဋ္ဌာပိတေနာ’’တိ ဝုစ္စမာနာ ‘‘သာဓူ’’တိ ပဋိဿုဏိတွာ သာ ပစ္ဆာ ခိယျနဓမ္မံ အာပဇ္ဇေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

(ဝုဋ္ဌာပနာ သမ္မုတိ တောင်းသောအခါ) “အရှင်မ... အရှင်မမှာ ဥပဇ္ဈာယ်လုပ်၍ ဘိက္ခုနီပြုပေးဖို့ မတော်သေးပါ”ဟု ပြောဆိုအပ်စဉ်က “ကောင်းပြီ”ဟု ဝန်ခံခဲ့၍ နောက်မှ ကဲ့ရဲ့ရှုတ်ချ သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

သံဃာက တရားလမ်းအတိုင်း ပြုလုပ်ရာ၌ ကဲ့ရဲ့ မှသာ အာပတ်သင့်၏၊ သံဃာကိုယ်တိုင်က မတရားလုပ်၍(အဂတိလိုက်၍)သမ္မုတိပေးသင့်သူကို မပေး; မပေးသင့်သူကို ပေးသောကြောင့် ကဲ့ရဲ့လျှင်ကား “အနာပတ္တိ ပကတိယာ(နဂိုကပင်) ဆန္ဒာ ဒေါသာ ဘယာ မောဟာ ကရောန္တံ ခိယျတိ”ဟု အာပတ်မသင့်ကြောင်း မိန့်တော်မူသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး