ဥက္ကုဋိကသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

ဥက္ကုဋိကသိက္ခာပုဒ် (ခမ္ဘကတဝဂ်)

ဖဝါးဆွံ့နင်းခြင်း[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဖဝါးဆွံ့နင်း၍ သွားလာကြကုန်၏၊ [ခြေဖျားထောက်၍ ဖနောင့်ကို မြှောက်လျက်၎င်း, ဖနောင့်သာ နင်း၍ ခြေဖျားထောက်လျက်၎င်း သွားခြင်းကို ခြေဖဝါး နာနေသလို ဆွံ့နေသလို ဖြစ်သောကြောင့် “ဖဝါးဆွံ့” နင်းခြင်းဟု ခေါ်၏။] ထိုသို့ ဖဝါးဆွံ့ နင်း၍ သွားခြင်းကား ကလေးများ ဆော့ခြင်းနှင့်တူသောကြောင့် အမြင်မတော်ချေ၊ ထို့ကြောင့် ထိုသို့သွားသော ဆဗ္ဗဂ္ဂီ ရဟန်းများကို လူတို့ကဲ့ရဲ့ရှုတ်ချလေရကား—[၁]

“န ဥက္ကုဋိကာယ အန္တရဃရေ ဂမိဿာမီဟိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်[ပြင်ဆင်ရန်]

ဖဝါးဆွံ့နင်း၍ “မြို့ရွာအတွင်း၌ မသွားအံ့” ဟူသော အလေ့အကျင့်ကို ပြုရမည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး