ရဟန္တာ

ဝီကီပီးဒီးယား မှ
ရဟန္တာကြေးရုပ်တု
  • [၁] (က) ကိလေသာတို့မှ ဝေးတော်မူသော၊
  • (ခ)ကိလေသာရန်သူတို့ကို ပယ်သတ်တော် မူတတ်သော၊
  • (ဂ) သံသာရာစက်၏ အကန့်တို့ကို ဖျက်ဆီးတော် မူတတ်သော၊
  • (ဃ) ပစ္စည်းလေးပါး—ပူဇော်အထူးမြတ်သောအလှူ–ကို ခံယူတော်မူထိုက်သော၊
  • (င)မကောင်းမှုပြုလုပ်ရန် ဆိတ်ကွယ်ရာအရပ် ရှိတော်မမူသော၊ ပုဂ္ဂိုလ်ကို ရဟန္တာ ပုဂ္ဂိုလ်ဟု ခေါ်ပါသည်။

(ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာတို့ကို အကြွင်းမဲ့ပယ်ပြီးသော ပုဂ္ဂိုလ်ကို ရဟန္တာပုဂ္ဂိုလ်ဟု ခေါ်သည်။ [၂]

ထိုရဟန္တာပုဂ္ဂိုလ်သည်—သုက္ခဝိပဿက ရဟန္တာ, သမထယာနိက ရဟန္တာ ဟူ၍ ၂-မျိုးရှိ၏။ [၃]

သုညတဝိမောက္ခ, အနိမိတ္တဝိမောက္ခ, အပ္ပဏိဟိတဝိမောက္ခ ၃-ပါးကို တည်၍ ပဋိပဒါ ၄-ပါးဖြင့် မြှောက်သော် ရဟန္တာ ၁၂-မျိုးဖြစ်၏။ အ[၄]

၎င်း ၁၂-မျိုးကို ပညာဝိမုတ္တ, ဥဘတောဘာဂဝိမုတ္တ တေဝိဇ္ဇ, ဆဠဘိည, ပဋိသမ္ဘိဒါပတ္တ ၅-မျိုးတို့ဖြင့် မြှောက်၍ ရဟန္တာ-၆၀ ဖြစ်သည်။ [၅]

ထိုရဟန္တာပုဂ္ဂိုလ်မှာ အရာအားလျော်စွာ သမ္မာသမ္ဗုဒ္ဓ, ပစ္စေကဗုဒ္ဓ, ဗုဒ္ဓသာဝက အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်တို့ပင် ဖြစ်ကြသည်။) [၆]

ရဟန္တာ အရဟတ္တမဂ်ကို ရသောသူ ဖြစ်သည်။ အရဟာ ဟုလည်း ခေါ်သေးသည်။[၇] ရဟန္တာကို သတ်မိလျှင် ရဟန်းမခံထိုက်သည့်အပြင် အပါယ်ငရဲလည်း ကျရောက်သည်။ ရဟန္တာဓာတ်တော်သည် ကျလိုသောအခါမှ အဓိဋ္ဌာန်ထားသောအခါမှသာ ကျသည်။ ဘုရားရှင် ပွင့်တော်မူပြီးနောက် ဘုရားရှင် ရာဇဂြိုဟ်ပြည်၌ သီတင်းသုံး နေတော်မူလတ်သော်၊ ပျူလူမျိူးဥက္ကလာပတိုင်းမှ လာသော ဘလ္လိက တပုဿ ကုန်သည်နှစ်ယောက်တို့သည် မြတ်စွာဘုရားထံပါးသို့ကပ်လေ၍၊ မြတ်စွာဘုရားကို ရှိခိုး၍၊ တင့်အပ်သော နေရာ၌ နေကုန်၏။ ဘုရားရှင်လည်း ယင်းတို့ကို တရား ဟောတော်မူရာ တပုဿသည် သောတာပန်ဖြစ်၍ ဥပသကာ လျှင်ဖြစ်ပြီး ဘလ္လိကမူကား အဘိညာဉ်ခြောက်ပါးရှိသော ဘလ္လိကထေရ်မည်သော ရဟန္တာလျှင် ဖြစ်၏။ သမိုင်း အဖြစ်တော်စဉ် အရ မြတ်စွာဘုရားရှင် ဝါတော်(၂ဝ)အရ မဟာသက္ကရာဇ် (၁၂၃)ခုနှစ်၌ သိကြားမင်း ဖန်ဆင်းအပ်သော နတ်ပန်းရထားဖြင့် ရဟန္တာ (၅ဝဝ)ခြံရံပြီး ဧရာပထနတ် နဂါးသားအဖ လှူဒါန်းသော ဇလုံတောင်သို့ ကြွရောက်တော်မူခဲ့သည်။ ပုဂံပြည်သူတို့ကို စစ်မှန်သော ထေရဝါဒ ဗုဒ္ဓဘာသာဖြင့် လမ်းမှန် ပြညွှန်ပေးခဲ့သူမှာ ရှင်အရဟံဟူသော ရဟန္တာမြတ် ဖြစ်သည်။

ရဟန္တာတို့၏ သဘာဝ[ပြင်ဆင်ရန်]

ရဟန္တာအသျှင်တို့၏ နှလုံးသွင်း ၆-မျိုး-[၈] သောဏသုတ်

  • ၁-နေက္ခမ္မာဓိမုတ္တ၊
  • ၂-ပဝိဝေကာဓိမုတ္တ၊
  • ၃-အဗျာပဇ္ဇာဓိမုတ္တ၊
  • ၄-တဏှာက္ခယာဓိမုတ္တ၊
  • ၅-ဥပါဒါနက္ခယာဓိမုတ္တ၊
  • ၆-အသမ္မောဟာဓိမုတ္တ။ [၉] ၎င်းတို့၏ အလေ့အကျင့်ကို ပြဆိုခဏ်း၊ [၁၀][၁၁]

ရဟန္တာအသျှင်တို့ နေထိုင်ခြင်းသုံးမျိုး၊-(၁-သုညတဝိဟာရ၊ ၂-အနိမိတ္တဝိဟာရ၊ ၃-အပ္ပဏိဟိတဝိဟာရ)၊ [၁၂]

ရဟန္တာဖြစ်ပြီးကာစ၌ ငါသိသောတရားကို အလုံးစုံသော လူ, နတ်, ဗြဟ္မာတို့ လျင်မြန်စွာ သိကြပါစေ-ဟူသော စိတ် ထားဖြစ်ပေါ်လာခြင်း၊ အရဟတ္တဖိုလ်ရကြောင်းကို အခြားသူကိုအား မပြောကြားလိုခြင်း၊ ဤအခြင်းအရာနှစ်ပါး ဖြစ်ပေါ်လာတတ်ကြောင်း၊ [၁၃]

မိလိန္ဒမင်းကြီးက အသျှင်နာဂသေနမထေရ်အား ရဟန္တာလော-ဟုမေးရာဟုတ်ကြောင်းတိုက်ရိုက်မဖြေဘဲ သွယ်ဝိုက်၍ ဖြေကြားတော်မူပုံ၊ [၁၄]

ရဟန္တာအသျှင်တို့မှာ အကြောင်းမရှိဘဲ ပြုံးတော်မမူကြကြောင်း၊ [၁၅]

ရဟန္တာအသျှင်တို့မှာ ကဲ့ရဲ့သင့်သူကို အပြစ်ဖြစ်မည်ကို သနားတော်မူသောကြောင့် ပရူပဝါဒဘေးကို စောင့်ရှောက်တော်မူကြကြောင်း၊ [၁၆]

ရဟန္တာအသျှင်တို့ လောကဝေါဟာရ သုံးစွဲသော်မူကြပုံကို ရှင်းပြခန်း၊ [၁၇][၁၁]

ရဟန္တာအသျှင်တို့ မလွန်ကျူးသောအရာများ[ပြင်ဆင်ရန်]

သုတဝါသုတ်သဇ္ဈသုတ်[၁၈]

လက်နက်ကိုစွန့်ပယ်ထားကြောင်း၊ [၁၉]

ဖရုသဝါစာကိုလည်း ပယ်စွန့်ထားကြောင်း၊ [၂၀] ဝါသနာကိုမူ မစွန့်ပယ်နိုင်ကြောင်း မိန့်ဆိုထား၏။ ။ [၂၁]

ကာမဂုဏ်မခံစားတော့ကြောင်း၊ [၂၂]

မိစ္ဆာဇီဝအမှုများကိုလည်း မဂ်ဖြင့်ပယ်ထားပြီးဖြစ်ကြောင်း၊ [၂၃]

သိက္ခာပုဒ်များကိုလည်း အသက်နှင့် လဲ၍ စောင့်ရှောက်တော်မူကြကြောင်း၊ [၂၄]

အာရုံ ၆-ပါး၌ မနဿ ဒေါမနဿ မဖြစ်ဘဲ ဥပေက္ခာသာဖြစ်တော့ကြောင်း၊ [၂၅]တုဝဋ္ဋကသုတ်[၂၆]

ရဟန္တာဖြစ်ရန် ကျင့်စဉ်ကိုလည်း ဟောထားတော်မူ၏။ ။ [၂၇]

စေတသိကဒုက္ခ လည်းမရှိတော့ကြောင်း၊ [၂၈]

ဒကာ-ဒကာမ-ပစ္စည်း၌လည်း မကပ်ငြိတော့ကြောင်း၊ [၂၉]

ပစ္စယသံယုတ္တကထာကိုလည်း မပြောဆိုတော့ကြောင်း၊ [၃၀]

ဆီ-ဆန်-စသည်ကို သိုမှီး၍ပင် မသုံးဆောင်တော့ကြောင်းမိန့်ဆိုထားပုံ၊ [၃၁]

အခြားဂိလာန စသည်တို့အတွက်ကား သိုမှီးထားသေး၏။ ။ (မဂ်ပယ်သောကိလေသာ အခန်း၌လည်းကောင်း၊ အရိယာခဏ်း၌လည်းကောင်း တွဲလျက်ပြထားတတ်၏)။[၁၁]

ရဟန္တာအသျှင်တို့နှင့်စပ်၍ မှတ်သားဖွယ်များ[ပြင်ဆင်ရန်]

ရဟန္တာအသျှင်တို့ ပရိနိဗ္ဗာန်စံခြင်းနှင့်စပ်၍ မေးဖြေထားပုံ၊ [၃၂]

ဘုရားရှင်မှတပါး အခြားပုဂ္ဂိုလ်များရဟန္တာဖြစ်နိုင် မဖြစ်နိုင်မေးလျှောက်၍ ဖြေထားသော မဟာဝစ္ဆသုတ်[၃၃]

ရဟန္တာဖြစ်ကြောင်း ၇-ပါး၊ နိဒ္ဒသဝတ္ထု၊ (နိ-ခဏ်း၌ ရေးခဲ့ပြီ)။ ။

ရဟန္တာတို့အကျင့် နှင့် တိတ္ထိတို့အကျင့်ကို ခွဲခြားဟောထားသော ဒုဋ္ဌဋ္ဌကသုတ်၊ (ဒု-ခဏ်း၌ ရေးခဲ့ပြီ)။ ။

အရဟတ္တဖိုလ်ရရန်ကျင့်စဉ်ကို ဟောထားသော တုဝဋ္ဋကသုတ်၊ (တု-ခဏ်း၌ရေးခဲ့ပြီ)။ ။

ရဟန္တာ အသျှင်မြတ်တို့သော်ပင် ဖလသမာပတ်ကို ဝင်စားလိုသော် သင်္ခါရုပေက္ခာဉာဏ်ကို သုံးသပ်ရသေးကြောင်း၊ [၃၄]

ရဟန္တာပုဂ္ဂိုလ်တို့၏ ခန္ဓာကိုယ်ကို နတ်တို့က ဖေါက်ထွင်း၍ မမြင်နိုင်ကြကြောင်း၊ [၃၅]

ရဟန္တာဖြစ်သော လူနှင့်နတ်တို့အတွက် ဖြေရှင်းထားသော ပဥှာဗျာကရဏ ဝဏ္ဏနာ၊ [၃၆]

ရဟန္တာအသျှင်တို့က လက်ဖျောက်တီး၍ နှင်ထုတ်လျှင် နတ်များပင် မနေနိုင်ကြကြောင်း၊ [၃၇]

ရဟန္တာအသျှင်တို့ကို မြင်ရကြားရရုံမျှနှင့်ပင် ကျေးဇူးများလှကြောင်း ဟောထားသော သမ္မန္နသီလသုတ်၊ ဣတိ။ ။

ရဟန္တာသာမဏေတို့က ပုထုဇဉ်ရဟန်းတို့အပေါ်၌ ဝတ်ကြီးဝတ်ငယ် ပြုကြရသည်သာ ဖြစ်ကြောင်း၊ [၃၈]

[၃၉] ရဟန္တာ အသျှင်တို့၏ သီလ, သမာဓိ, ပညာကို ရဟန္တာပုဂ္ဂိုလ်ချင်းသာ သိနိုင်ကြောင်း၊ ပုထုဇဉ်ကမူ မသိနိုင်ကြကြောင်းဂါထာ၊ [၄၀]ဒါရုကမ္မိကသုတ်[၄၁]

ရဟန္တာအသျှင်တို့ အိပ်စက်ရကြောင်းကို ရှင်းပြခန်း-[၄၂]

ရဟန္တာအသျှင်တို့ သေခြင်းကို မကြောက်လန့်ကြကြောင်း-[၄၃][၁၁]

ရဟန္တာအသျှင်တို့နှင့် စပ်၍ ယူမှားချက်များ[ပြင်ဆင်ရန်]

ရဟန္တာပုဂ္ဂိုလ်တို့ ရပြီးသောတရားများ ဆုတ်ယုတ်သေး၏ဟု ယူမှားသည်ကို ရှင်းပြသော ပရိဟာနိယကထာ၊ [၄၄]

သကဝါဒီက လောကီ သမာပတ်သာ ဆုတ်ယုတ်၍ မဂ်ဖိုလ်ကား မဆုတ်ယုတ်ကြောင်း ရှင်းပြထား၏။ ။ ရဟန္တာပုဂ္ဂိုလ်တို့အား မသိမှုမောဟရှိသေး၏ဟု ယူမှားသည်ကို ရှင်းပြသော အညာဏဒိကထာ၊ [၄၅]

ရဟန္တာပုဂ္ဂိုလ်တို့ ရာဂမှကင်းလွတ်ခြင်း၌ အကျိုးမရှိဟု ယူမှားသည်ကို ရှင်းပြသော ဝိမုတ္တိကထာ၊ [၄၆]

ရဟန္တာပုဂ္ဂိုလ်တို့ သန္တာန်၌ ဖြစ်သမျှသော တရားများသည် အနာသဝချည်းတည်းဟု ယူမှားသည်ကို ရှင်းပြသော အနာသဝကထာ၊ [၄၇]

ရဟန္တာပုဂ္ဂိုလ်တို့မှာ တပြိုင်နက် ဥပေက္ခာ ၆-ပါးလုံးပြည့်စုံ၏ဟု ယူမှားသည်ကို ရှင်းပြသော ဥပေက္ခာသမန္နာဂတကထာ၊ [၄၈]

ရဟန္တာဖြစ်ပြီးမှ ရှေးအတိတ်ဘဝများက ရဟန္တာကိုစွပ်စွဲခဲ့ဘူးလျှင် လျှောကျရသေး၏ဟု ယူမှားသည်ကို ရှင်းပြသော ကမ္မဟေတုကထာ၊ [၄၉]

ရဟန္တာ ပုဂ္ဂိုလ်တို့ ကုသိုလ်ကို ဆည်းပူးသေး၏ ဟူ၍၎င်း၊ အကာလမရဏမရှိဟူ၍၎င်း ယူမှားသည်ကို ရှင်းပြသော အရဟတော ပုညုပစယကထာ။ ။ အရဟတော အကာလမရဏ နတ္ထီတိကထာ၊ [၅၀]

ရဟန္တာပုဂ္ဂိုလ်တို့မှာ အဝိဇ္ဇာ နှင့် ဝိစိကိစ္ဆာကို မပယ်နိုင်ဟု ယူမှားသည်ကို ရှင်းပြသော သညာဇနကထာ၊ [၅၁]

ရဟန္တာပုဂ္ဂိုလ်တို့မှာ ကုသိုလ်စိတ် ရှိသည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုကြ၏ဟု ယူမှားသည်ကို ရှင်းပြသော ကုသလစိတ္တကထာ၊ [၅၂]

ရဟန္တာပုဂ္ဂိုလ်တို့မှာ စတုတ္ထဈာန်၌ တည်၍ ပရိနိဗ္ဗာန်ပြုကြ၏ဟု ယူမှားသည်ကို ရှင်းပြသော အာနေဉ္ဇကထာ၊ [၅၃]

ဝိပါက်စိတ်ဖြင့်သာ ပရိနိဗ္ဗာန်စံကြောင်း သကဝါဒီက ရှင်းပြထား၏။ လူတို့၏ တွယ်တာမှုကို မစွန့်ဘဲ ရဟန္တာဖြစ်နိုင်၏ဟု ယူမှားသည်ကို ရှင်းပြသော (ဂိဟိဿ အရဟာတိကထာ၊ [၅၄][၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အရဟန္တာ (ပု) [အရဟ+အန္တ။ အရဟံ-ပုဒ်၏ အဖွင့် (ဝိ၊ဋ္ဌ၊၁၊၈၄)နှင့် ဤ အရဟန္တပုဒ်၏ အဖွင့် (ဝိမာန၊ဋ္ဌ၊၉၅။ ပေတ၊ဋ္ဌ၊၇)တို့သည် အတူတူပင် ဖြစ်၏၊ ထို့ကြောင့် ဋီကာတို့၌ အာရကာစသည်မှ အရဟံဖြစ်အောင်ရုပ်စီရင် သကဲ့သို့ အာရကာ-စသည်မှ အရဟန္တာ ဖြစ် အောင်လည်း ရုပ်စီရင်ရမည်ကဲ့သို့ ဖြစ်၏။ ဝိ၊ပိ၊ဓာန်-၌လည်း “အရဟ + အန္တ”ဖြင့် အရဟန္တ-ပြီးသကဲ့သို့ (န+ရဟော-စသော) အခြားသော ဝိကပ်ဖြင့်ပြီးသော ပုဒ်ဟူသမျှလည်း ဂစ္ဆန္တာဒိဂဏိက အရဟန္တ-ချည်း ပြီးရ သည်ဟု ဆို၏။ အရဟံ-နှင့်လည်း ယှဉ်ကြည့်။ အရဟန္တပုဒ်၏ လိင်ကို ဆိုရာ၌ နီတိ၊ ပဒ။ ၂၃၀-၌ ပုလ္လင်ရုပ်စဉ် တစ်မျိုးသာ ပြ၍ ထီ၊ နပုံး-လိင် မထင်ရှားဟု မိန့်သည်။ အပြည့်အစုံကို ထိုနီတိ၌ ကြည့်။]
  2. အဘိ၊ပု၊၁၂၀၁-ကြည့်။
  3. ခုဒ္ဒက၊ဋ္ဌ၊၁၅၃။ သုတ္တနိ ဋ္ဌ၊၂၊၂၈၂-ကြည့်။
  4. ဘိ၊ဋ္ဌ၊၃၊၅၃-ကြည့်။
  5. ဝိသုဒ္ဓိ၊ဋီ၊၂၊၅၃၂၊ ၅၃၃-ကြည့်။
  6. တိပိဋကအဘိဓာန် အတွဲ-၃
  7. ဦးနု။ ငရဲဆို ချိုနဲ့လားဗျို့
  8. အံ-၆-ပါ-၃၃၁၊ အံ-၆-ဋ္ဌ-၁၂၅၊
  9. ။ ဝိ-၃-ပါ-၂၇၀၊ ဝိ-၃-ဋ္ဌ-၃၆၅။ ။
  10. မဟာနိ-ပါ-၅၀၊ ၅၃၊ မဟာနိ-ဋ္ဌ-၁၆၈မှ-၁၇၄-အထိ။
  11. ၁၁.၀ ၁၁.၁ ၁၁.၂ ၁၁.၃ ၁၁.၄ ပိဋကတ်လမ်းညွှန် (ဦးသီဟဗလ)
  12. ပဋိသံ-ဋ္ဌ-ပ-အုပ်-၂၄၉၊ ပဋိသံ-ပါ-၆၀။
  13. သဂါထာ-သံ-ဋ္ဌ-၆၉။
  14. မိလိန္ဒ-ပါ-၃၁၊ ၄၈၊
  15. ဝိ-၁-ဋ္ဌ-ဒု-အုပ်-၉၆။
  16. ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၂၈၃။ ဓမ္မသေနာပတိသဒိသဿာပိ ခီဏာသဝဿ မနောဒွါရေ သဥပါရမ္ဘဝသေန မနောဒုစ္စရိတံ ဥပ္ပဇ္ဇတိဧဝ-ဟု ဖွင့်ပြထားပုံ၊ ဒီဃ-၃-ဋ္ဌ-၁၇၅၊ (ဥပနိက္ခတ္တသာဒိယနဝသေန မနောဒွါရေ ရူပိယပ္ပဋိဂ္ဂဟဏာပတ္တိံ အာပဇ္ဇတိ) ဤစကားနှင့်စပ်၍ ဖွင့်ပြခြင်းဖြစ်၏။ ။
  17. သဂါထာ-သံ-ပါ-၁၃၊ သဂါထာ-သံ-ဋ္ဌ-၅၀။ ။
  18. အံ-၉-ပါ-၁၇၇၊ ၈၊ အံ-၉-ဋ္ဌ-၂၆၅။ ။ ဓမ္မ-ဋ္ဌ-ပ-အုပ်-၃၁၂။ ။ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၄၁၀။
  19. ဓမ္မ-ဋ္ဌ-ဒု-အုပ်-၄၁၆။
  20. ဓမ္မ-ဋ္ဌ-ဒု-အုပ်-၄၂၀၊
  21. ဗြာဟ္မဏဝဂ္ဂအကုန်၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၉၃-မှ-၄၅၄-အထိ။ ။
  22. အပ-ဋ္ဌ-ဒု-အုပ်-၂၇၃။
  23. ဥဒါန-ဋ္ဌ-၁၅၀၊
  24. ထေရ-ဋ္ဌ-ဒု-အုပ်-၁၄၀၊ ထေရ-ပါ-၂၉၃၊ ခီဏာသဝေါ တာဝ လောကဝဇ္ဇံ နာပဇ္ဇတိ၊ ပဏ္ဏတ္တိဝဇ္ဇမေဝ အာပဇ္ဇတိ၊ အံ-၃-ဋ္ဌ-၂၁၆၊ အံ-၃-ပါ-၂၃၄။ ။ ဒီဃ-၃-ဋ္ဌ-၁၇၅။ ။ ခီဏာသဝ အဘဗ္ဗဋ္ဌာနဝဏ္ဏနာ၊ ဒီဃ-၃-ပါ-၁၀၈၊ ဒီဃ-၃-ဋ္ဌ-၉၆။
  25. အံ-၄-ပါ-၅၁၉၊ အံ-၄-ဋ္ဌ-၃၆၈။
  26. သုတ္တ-ပါ-၄၂၁၊ သုတ္တ-ဋ္ဌ-ဒု-အုပ်-၂၇၇။
  27. မဟာနိ-ပါ-၂၆၃၊ မဟာနိ-ဋ္ဌ-၃၂၆
  28. ဓမ္မ-ဋ္ဌ-ပ-အုပ်-၃၈၃။ ။ ဥဒါန-ဋ္ဌ-၁၄၈၊ ဥဒါန-ပါ-၁၀၀။ ။ ထေရ-ပါ-၃၂၀၊ ထေရ-ဋ္ဌ-ဒု-အုပ်-၂၆၆။ ။ မိလိန္ဒ-ပါ-၄၄။
  29. ဓမ္မ-ဋ္ဌ-ပ-အုပ်-၃၈၅။
  30. ဓမ္မ-ဋ္ဌ-ပ-အုပ်-၃၈၈။
  31. ပဏ်-၂-ဋ္ဌ-၁၆၂၊ ပဏ်-၂-ပါ-၁၉၂၊
  32. ပဏ်-၂-ပါ-၁၅၄၊ ပဏ်-၂-ဋ္ဌ-၁၃၈။ ။
  33. ပဏ်-၂-ပါ-၁၅၆၊ ပဏ်-၂-ဋ္ဌ-၁၃၉။
  34. ပဋိသံ-ပါ-၆၃၊ ပဋိသံ-ဋ္ဌ-ပ-အုပ်-၂၅၂။
  35. ဒီဃ-၂-ဋ္ဌ-၁၇၀၊ ဒီဃ-၂-ပါ-၁၁၅
  36. ဒီဃ-၃-ပါ-၁၁၀၊ ဒီဃ-၃-ဋ္ဌ-၉၇။
  37. ဥဒါန-ဋ္ဌ-၅၆၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၆
  38. ဒီဃ-၁-ပါ-၉၄၊ ဒီဃ-၁-ဋ္ဌ-၂၄၀
  39. ကတမော ဒကတိဿသုတ်၊ သဂါထာ-သံ-ပါ-၁၅၀၊ သဂါထာ-သံ-ဋ္ဌ-၁၉၇၊ ကာလိကသုတ်၊ သဂါထာ-သံ-ပါ-၁၅၀၊ သဂါထာ-သံ-ဋ္ဌ-၁၉၆။ ။ ဥဒါန-ပါ-၁၅၆၊ ဥဒါန-ဋ္ဌ-၃၀၁။
  40. နေတ္တိ-ပါ-၁၁၁၊ နေတ္တိ-ဋ္ဌ-၂၂၆။
  41. အံ-၆-ပါ-၃၄၃၊ အံ-၆-ဋ္ဌ-၁၃၁။
  42. ပဏ်-၁-ဋ္ဌ-ဒု-အုပ်-၁၉၄၊ ပဏ်-၁-ပါ-၃၁၆။ သဂါထာ-သံ-ပါ-၁၉၉၊ သဂါထာ-သံ-ဋ္ဌ-၂၆၃၊ ဥပဋ္ဌာနသုဟ်။ ။ အဘိ-၁-ဋ္ဌ-၄၀၉၊ အဘိ-၁-ပါ-၂၃၃၊
  43. ဂါထာ၊ မဟာနိ-ဋ္ဌ-၃၀၅။ ။ အဇိတတ္ထေရဂါထာ၊ ထေရ-ပါ-၂၂၄၊ ထေရ-ဋ္ဌ-ပ-အုပ်-၉၁။ ။ ထေရ-ပါ-၂၃၀၊ ထေရ-ဋ္ဌ-ပ-အုပ်-၁၄၈။ ။ ထေရ-ပါ-၂၅၇၊ ထေရ-ဋ္ဌ-ပ-အုပ်-၄၀၂။ ။ ထေရ-ပါ-၃၂၀၊ ထေရ-ဋ္ဌ-ဒု-အုပ်-၂၆၆။ ။ မိလိန္ဒ-ပါ-၂၀၄၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၄၈၊ ၄၀၆၊ ၄၅၂။ ။ ဥဒါန-ပါ-၁၃၂၊ ဥဒါန-ဋ္ဌ-၂၄၅။
  44. အဘိ-၅-ပါ-၆၁၊ အဘိ-၅-ဋ္ဌ-၁၄၁၊
  45. အဘိ-၅-ပါ-၁၃၄၊ အဘိ-၅-ဋ္ဌ-၁၆၁။
  46. အဘိ-၅-ပါ-၁၈၁၊ အဘိ-၅-ဋ္ဌ-၁၇၀။
  47. အဘိ-၅-ပါ-၂၀၅၊ အဘိ-၅-ဋ္ဌ-၁၇၈၊
  48. အဘိ-၅-ပါ-၂၁၁၊ အဘိ-၅-ဋ္ဌ-၁၈၀။
  49. အဘိ-၅-ပါ-၂၉၃၊ အဘိ-၅-ဋ္ဌ-၂၁၂။
  50. အဘိ-၅-ပါ-၃၉၃၊ အဘိ-၅-ဋ္ဌ-၂၅၄။
  51. အဘိ-၅-ပါ-၄၃၇၊ အဘိ-၅-ဋ္ဌ-၂၇၆။
  52. အဘိ-၅-ပါ-၄၄၃၊ အဘိ-၅-ဋ္ဌ-၂၈၀
  53. အဘိ-၅-ပါ-၄၄၄၊ အဘိ-၅-ဋ္ဌ-၂၈၀၊
  54. အဘိ-၅-ပါ-၂၀၂၊ အဘိ-၅-ဋ္ဌ-၁၇၇။