ဥဇ္ဈာနသညီသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

ဥဇ္ဈာနသညီသိက္ခာပုဒ် (သက္ကစ္စဝဂ်)

ကဲ့ရဲ့လို၍ သူ့ သပိတ်ကြည့်မှု[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ကဲ့ရဲ့လို၍ (ဆွမ်း-ဟင်း အရ နည်းလျှင် လှောင်လို ပြောင်လို နှိမ်လို၍, အရများလျှင် “ရမှာပေါ့ ဒါယကာဒါယိကာမနှင့် ပေါင်းတတ်ထာကိုး” စသည်ဖြင့် အပြစ်ပြောလို၍)သူများ သပိတ်ကို ကြည့်ကြကုန်၏၊ ထိုသို့အကြည့်ခံရသော ရဟန်းတို့မှစ၍ အခြားရဟန်းတို့က ကဲ့ရဲ့ကြသောကြောင့်... [၁]

“န ဥဇ္ဈာနသညီ ပရေသံ ပတ္တံ ဩလောကေဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ စာမျက်နှာ-၂၉၈

မြန်မာပြန်[ပြင်ဆင်ရန်]

“ကဲ့ရဲ့ခြင်း၌ သညာရှိသည်ဖြစ်၍ (ကဲ့ရဲ့လို၍) သူတပါးတို့၏ သပိတ်ကို မကြည့်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ ကဲ့ရဲ့လိုသော စိတ်မရှိဘဲ – သူ့မှာနည်းနေလျှင် ပေးမည်, များနေလျှင်လည်း တောင်းမည်”ဟူသော စိတ်ဖြင့်ကား ကြည့်ကောင်း၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး