အာမကဓညသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—စပါးကို တောင်း၍စားမှု။
အမှုသည်—ဘိက္ခုနီအများ၊ [၁]
စပါးတောင်း၍ ယူလာခြင်း
[ပြင်ဆင်ရန်]သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် ကောက်(စပါး)ပေါ်ချိန်၌ (ဉာတိ, ပဝါရိတတို့အထံ၌)စပါးကိုတောင်း၍ မြို့တွင်းသို့ (သူတို့၏ကျောင်းသို့)ယူလာကြကုန်၏၊ မြို့တံခါးပေါက်သို့ ရောက်သောအခါ အစောင့်တို့က(ဆန်ဆိုလျှင်ကိစ္စမရှိ) စပါးသွင်းယူလာသည့်အတွက် အခွန်ကောက်သည့် အနေအားဖြင့် ကျသင့်သောအဖို့(ဘာဂ)ကို ပေးရမည်ဟု ပြောဆိုနှောင့်ယှက်ပြီးမှ လွှတ်လိုက်ကြလေသည်၊ ကျောင်းသို့ ရောက်သောအခါ ထိုဖြစ်ခဲ့ပုံကို ပြောပြသဖြင့် “စပါးကိုတောင်းရကောင်းလား” ဟု အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယာ ပန ဘိက္ခုနီ အာမကဓညံ ဝိညတွာ ဝါ ဝိညာပေတွာ ဝါ ဘဇ္ဇိတွာ ဝါ ဘဇ္ဇာပေတွာ ဝါ ကောဋ္ဋေတွာ ဝါ ကောဋ္ဋာပေတွာ ဝါ ပစိတွာ ဝါ ပစာပေတွာ ဝါ ဘုဉ္ဇေယျ, ပါစိတ္တိယံ။
မြန်မာပြန်
[ပြင်ဆင်ရန်]အကြင် ဘိက္ခုနီသည် စပါးစိမ်းကို (စပါးဟူသမျှကို ခြောက်သွေ့နေသော်လည်း စပါးစိမ်းဟု ခေါ်၏၊) ကိုယ်တိုင် တောင်းပြီးလျှင်, သို့မဟုတ် အတောင်းခိုင်းပြီးလျှင် ကိုယ်တိုင်(ပေါက် ပေါက်လှော်သလို) လှော်၍ဖြစ်စေ, သူတစ်ပါးကို အလှော်ခိုင်း၍ ဖြစ်စေ, ကိုယ်တိုင်ထောင်း၍ဖြစ်စေ, သူတစ်ပါးကို အထောင်းခိုင်း၍ ဖြစ်စေ, ကိုယ်တိုင်ချက်၍ ကြို၍ဖြစ်စေ, သူတစ်ပါးကို အချက်အကြိုခိုင်း၍ ဖြစ်စေ စားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်
[ပြင်ဆင်ရန်]ရဟန်းယောက်ျားများကား စပါးကိုကိုင်လည်း မကိုင်ရ, လှူစေကာမူ အလှူမခံရ၊ ကိုင်လျှင် အလှူခံလျှင် ဒုက္ကဋ်အာပတ်သင့်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။