သုညတ ဝါဒ

ဝီကီပီးဒီးယား မှ

သုညတ ဝါဒ သည် မဟာယာန ဗုဒ္ဓဘာသာ နှင့် ဇင်ဗုဒ္ဓဘာသာသုညတ ဝါဒ (Śūnyatā) [၁][၂] ( အနတ္တ ) တရား လမ်းစဉ်ဖြစ်သည်။ (သို့ရာတွင် မဟာယာန ဗုဒ္ဓဘာသာ ဇင်ဗုဒ္ဓဘာသာတို့၏ သုညတဝါဒ Sunyata 空 (仏教) သည် ထေရဝါဒ ဗုဒ္ဓဘာသာ၏ သုညတဝါဒ Sunyata နှင့် မတူကွဲပြားကြောင်း ပါမောက္ခချုပ်ဆရာတော်ကြီး ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ က ဟောကြားတော်မူခဲ့သည်။) သုညတ ဝါဒ Śūnyatā (or) emptiness (sunnato) သည် အလုံးစုံ ငြိမ်းချမ်းခြင်း၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာခြင်း၊ တဏှာမရှိခြင်း၊ တဏှာမှ ကင်းလွတ်ခြင်း၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း၊ စွန့်လွတ်ခြင်း၊ လွတ်မြောက်ခြင်း၊ မကပ်ငြိခြင်း၊ ပူဆွေးမှု မရှိခြင်း၊ ငိုကြွေးမှုမရှိခြင်း၊ သောက မရှိခြင်း၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ ကရာတေး(Karate) ၏ ကရာ (kara ) သုညတ (ဗလာ) ကို ငါ-အတ္တဝါဒစိတ် (Ego/Un-selfish) မရှိခြင်း/ ဗလာဖြစ်ခြင်း၊ အမုန်းတရား (Hatred) နှင့် မကောင်းမှုစိတ်စသောစိတ်အညစ်အကြေး မရှိခြင်း/ ဗလာဖြစ်ခြင်း၊ လောဘစိတ် (Greed / Desire)၊ ဒေါသစိတ် (Anger )၊ မောဟစိတ်(Ignorance/Delusion) စသောစိတ်အညစ်အကြေး မရှိခြင်း/ ဗလာဖြစ်ခြင်း၊ အကြမ်းဖက်စိတ် မရှိခြင်း/ ဗလာဖြစ်ခြင်း၊ မာနခက်ထန်ယုတ်မာမှုမရှိခြင်း/ ဗလာဖြစ်ခြင်း... ဟုဖော်ပြခဲ့သည်။ မြင့်မြတ်ဖြူစင်သောမေတ္တာစိတ်ရှိခြင်း၊ စိတ်ယဉ်ကျေးမှု ရှိခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ စိတ်ကို အတိတ် (Past) နှင့် အနာဂတ် (Future) သို့ တွေဝေ ငေးမောမနေပဲ ပစ္စုပန် (Present) တည့်တည့်တွင် စိတ်ကိုကောင်းစွာ တည်ငြိမ်စွာ ထားရှိခြင်း၊ အကြမ်းဖက်စိတ် မရှိခြင်း/ ဗလာဖြစ်ခြင်း(non terrorism and non violence)...စသည်တို့သည် ကရာတေးပညာရှင် တို့၏ အရေးကြီး သော အကောင်းဆုံးအရည်အချင်း( Ethics of Karate Master) များဖြစ်သည်...ဟုဖော်ပြသည်။ သုညတ ကို မြန်မာဘာသာဖြင့် (ဗလာ) ဟုဖော်ပြသည်။ သုညတ (ဗလာ) ကို တရုတ်ဘာသာဖြင့် ( Kōng) 空 ဟုဖော်ပြသည်။ သုညတ (ဗလာ) ကို ဂျပန်ဘာသာဖြင့် (Kara) 空 ဟုဖော်ပြသည်။ သုညတ (ဗလာ) ကို အင်္ဂလိပ်ဘာသာဖြင့် ( Emptiness ) ဟုဖော်ပြသည်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Zen Mirror: Śūnyatā
  2. Sunyata (Emptiness) in the Mahayana Context