အနာဂါမ်
အနာဂါမ်ဟူသည် တတိယမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။ [၁] အနာဂါမ်သည် အနာဂါမိမဂ်ကို ရသောသူ ဖြစ်သည်။ အနာဂါမ်တို့သည် ဗြဟ္မာဖြစ်ချင်သည့် တပ်မက်မှုသာ ရှိပြီး အခြားမည်သည့်တပ်မက်မှုမှ မရှိတော့ပေ။ သေလွန်သည့်အခါ ဗြဟ္မာဖြစ်ရပြီး ဗြဟ္မာအဖြစ်နှင့်ပင် ရဟန္တာဖြစ်ကာ နိဗ္ဗာန် ရောက်သည်။[၂]
အနာဂါမ် (၅) မျိုး[ပြင်ဆင်ရန်]
အနာဂါမ်ပုဂ္ဂိုလ်သည် ဤဘဝ၌ ရဟန္တာဖြစ်၍ ငြိမ်းသောပုဂ္ဂိုလ်၊ ဗြဟ္မာ့ပြည်သို့ သွားရသောပုဂ္ဂိုလ်ဟူ၍ (၂) မျိုး ရှိ၏။
သုဒ္ဓါဝါသဘုံ၌ အန္တရာပရိနိဗ္ဗာယီ၊ ဥပဟစ္စ ပရိနိဗ္ဗာယီ၊ သသင်္ခါရပရိနိဗ္ဗာယီ၊ အသင်္ခါရပရိနိဗ္ဗာယီ၊ ဥဒ္ဓံသောတအကနိဋ္ဌဂါမိ ဟူ၍ (၅) မျိုး ရှိသည်။[၃]
အရဟတ္တမဂ်သို့ ရောက်ပုံ[ပြင်ဆင်ရန်]
အနာဂါမ်ပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဆယ်တန်ကို အားထုတ်ပြန်သည်ရှိသော် အရဟတ္တမဂ်သို့ ရောက်၏။ ကိလေသာဓာတ်စု အကုန်သေ၏၊ ဘဝပဋိသန္ဓေမရှိတော့ပြီ။ ပစ္စဝေက္ခဏာဝီထိမှာ ကြွင်းကိလေသာကို ဆင်ခြင်သော ပဉ္စမဝီထိ မရပြီ။ (၄) ဝီထိသာ ရှိတော့သည်။[၃]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ဦးကံညွန့်၏ နိဗ္ဗာန်အကြောင်း သိမှတ်ဘွယ်ရာ(၂၀၀၀-ပြည့်နှစ်၊ ဇူလိုင်လ)
- ↑ ဦးနု။ ငရဲဆို ချိုနဲ့လားဗျို့။
- ↑ ၃.၀ ၃.၁ လယ်တီဆရာတော်။ ပရမတ္ထသံခိပ် အဖြေကျမ်း။
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |