ရောဒနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—ရန်ဖြစ်၍ မိမိကိုယ်ကို ညှဉ်းဆဲကာ, ညှဉ်းဆဲကာ ငိုမှု။

အမှုသည်—စဏ္ဍကာဠီ။ [၁]

စဏ္ဍကာဠီ၏ ဒေါသ[ပြင်ဆင်ရန်]

စဏ္ဍကာဠီသည် အခြားဘိက္ခုနီတို့နှင့် ခိုက်ရန် ဒေါသ ဖြစ်၍ (ဒေါသကြီး လွန်းလှသဖြင့်) သူ့ကိုယ်ကို ထိုးလိုက် ရိုက်လိုက်နှင့် ညှဉ်းဆဲနှိပ်စက်ကာ ငိုသဖြင့် အခြား ဘိက္ခုနီတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အတ္တာနံ ဝဓိတွာ ဝဓိတွာ ရောဒေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

မိမိကိုယ်ကို ညှဉ်းဆဲနှိပ်စက်၍ ညှဉ်းဆဲနှိပ်စက်၍ ငိုသော ဘိက္ခုနီအား ပါစိတ် အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

ညှဉ်းဆဲရုံသာ ညှဉ်းဆဲ၍ မငိုလျှင်လည်းကောင်း, ငိုရုံသာငို၍ ကိုယ်ကိုမညှဉ်းဆဲ လျှင်လည်းကောင်း, ဒုက္ကဋ်အာပတ်သာ၊ ဆွေမျိုးပျက်စီးခြင်းစသည်ကြောင့် ငိုရုံသာ ငို၍ ကိုယ်ကို မညှဉ်းဆဲလျှင် အနာပတ္တိ။ အန္ဓကာရဝဂ်ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး