ပတ္တသန္နိစယသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—သပိတ်အများကို သိုမှီးသိမ်းဆည်းထားမှု။
အမှုသည်—ဘိက္ခုနီအများ။ [၁]
ဘိက္ခုနီတို့၏ သပိတ်အပို သိမ်းထားမှု
[ပြင်ဆင်ရန်]သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် များစွာသော သပိတ်တို့ကို အပိုသိမ်းထားကြကုန်၏၊ ဘိက္ခုနီတို့၏ ကျောင်းကို လှည့်လည်ကြည့်ရှုကြသော လူတို့သည် သပိတ်အများ သိမ်းထားသည်ကို တွေ့မြင်ကြ၍ “ဘိက္ခုနီတွေ သပိတ် ကုန်သည် လုပ်ကြမလို့တဲ့လား, ပန်းကန် ခွက်ရောက်ဆိုင် ခင်းကြမလို့တဲ့လား (သပိတ်တွေ သိမ်းထားလိုက်တာ)”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယာ ပန ဘိက္ခုနီ ပတ္တသန္နိစယံ ကရေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်
[ပြင်ဆင်ရန်]အကြင်ဘိက္ခုနီသည် သပိတ်ကို အဓိဋ္ဌာန်-ဝိကပ္ပနာ မပြုဘဲ သိုမှီးသိမ်းဆည်းထားအံ့၊ ထိုဘိက္ခုနီသည် သပိတ်ကိုလည်း စွန့်လိုက်၏၊ ပါစိတ်အာပတ်လည်း သင့်၏။
အမှာ
[ပြင်ဆင်ရန်]စွန့်ပုံနှင့် အဓိဋ္ဌာန်တင်ပုံ ဝိကပ္ပနာပြုပုံကို ဘိက္ခုတို့၏ နိသပါစိတိုဏ်း၌ ပြခဲ့ပြီ၊ ဘိက္ခုတို့မှာ အဓိဋ္ဌာန် ဝိကပ္ပနာ(တစ်ခုခု)မပြုဘဲ ဆယ်ရက်ထားခွင့် ရသေး၏၊ ဘိက္ခုနီတို့မှာကား တရက်မျှ ထားခွင့်မရ။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။