နာနုဗန္ဓနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—ဥပဇ္ဈာယ် ဆရာမနောက်သို့ (ပြုစုလုပ်ကျွေး၍) ၂-နှစ် လောက်မှ မလိုက်ကြမှု။

အမှုသည်—ဘိက္ခုနီဖြစ်ခါစကလေးများ။ [၁]

ထိုသို့ ဥပဇ္ဈာယ်ဆရာမနှင့် အတူလိုက်၍ မနေကြသဖြင့် အဆုံးအမ ဩဝါဒမရ၍ အရာရာ၌မကျွမ်းကျင် မလိမ္မာရကား အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ဝုဋ္ဌာပိတံ ပဝတ္တိနိံ ဒွေ ဝဿာနိ နာနုဗန္ဓေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

မိမိကို ဘိက္ခုနီအဖြစ်ရောက်အောင် ထမြောက်စေသော ဥပဇ္ဈာယ်ဆရာမနောက်သို့ ၂-နှစ်ပတ်လုံး လိုက်၍ မနေသောဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏၊ [ဥပဇ္ဈာယ်ဆရာမကို “ပဝတ္တိနီ = မိမိကို ဖြစ်စေသူ၊ ဝါ-ကြီးပွားစေသူ”ဟု ခေါ်၏။]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး