အစ္စေကစီဝရသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

အစ္စေကစီဝရသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[၁]

သမိုင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူချိန် ဖြစ်၏။ အရပ်တစ်ပါးသို့ သွားလာရန်ရှိသည့် အမတ်ကြီးတစ်ဦးသည် ရဟန်းတို့အား ‘ဝါဆိုသင်္ကန်း’ ကို လှူရန် တမန်ဖြင့် စေခိုင်း၏။ ထိုအခါ ရဟန်းတို့သည် “မြတ်စွာဘုရားသည် ဝါမှ ထကုန်သော ရဟန်းတို့ကို ဝါဆိုသင်္ကန်း ခွင့်ပြုတော်မမူသေး” ဟု တွေးကာ မသွားဘဲ နေကြ၏။

ထိုအခါ အမတ်ကြီးသည် ရဟန်းတို့ကို “အဘယ်ကြောင့် အသျှင်မြတ်တို့သည် တမန်စေလွှတ်ပါလျက် မလာကြကုန်သနည်း၊ ငါသည် စစ်တိုက်ရန် သွားရမည်ဖြစ်၏။ ငါ၏ အသက်ရှင်ခြင်းသည် သိနိုင်ခဲ၏၊ သေခြင်းကိုလဲ သိနိုင်ခဲ၏” ဟု ကဲ့ရဲ့၏။ ထိုသို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြားကြ၏။ ရဟန်းတို့သည် မြတ်စွာဘုရားထံ ထိုအကြောင်းကို လျှောက်ထား၏။

ထိုအခါ မြတ်စွာဘုရားသည် “အဆောင်တလျင်လှူအပ်သော သင်္ကန်းကို ခံယူရန် ခွင့်ပြုသည်” ဟု မိန့်တော်မူ၏။ မြတ်စွာဘုရားသည် ထိုသို့ ခွင့်ပြုလိုက်သည့်အခါ ရဟန်းတို့သည် အဆောတလျင်လှူသော သင်္ကန်းတို့ကို ခံယူ၍ သင်္ကန်းအချိန်အခါကို လွန်စေ၏။ ထိုသင်္ကန်းတို့ကို တန်းတို့၌ ထုပ်ဆွဲထား၏။ အသျှင်အာနန္ဒာသည် ကျောင်းစဉ်လှည့်လည်သော် ထိုသင်္ကန်းထုပ်တို့ ဆွဲထားသည်ကို မြင်၏။ “မည်သူ၏ သင်္ကန်းနည်း” ဟု မေးရာ “ငါတို့၏ အဆောတလျင် လှူအပ်သော သင်္ကန်းတို့ ဖြစ်ကြသည်” ဟု ဆို၏။ ထိုအခါ အသျှင်အာနန္ဒာက “ငါ့သျှင်တို့ သင်္ကန်းကို ထားသည်မှာ မည်မျှကြာပြီနည်း” ဟု မေး၏။ ရဟန်းတို့လည်း “ထားသည့်အချိန်” ကို ပြော၏။ ထိုအခါ အသျှင်အာနန္ဒာသည် “အဘယ်ကြောင့် ရဟန်းတို့သည် အဆောတလျင်လှူသော သင်္ကန်းကို ခံယူ၍ သင်္ကန်းအချိန်အခါကို လွန်စေကုန်ဘိသနည်း” ဟု ကဲ့ရဲ့၏။

အသျှင်အာနန္ဒာသည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားသည် ရဟန်းတို့အား “ဟုတ်မှန်သလော” ဟု မေး၏။ ထိုရဟန်းတို့လည်း “ဟုတ်မှန်ပါသည်” ဟု ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ဆယ်ရက်လိုသေးသော သီတင်းကျွတ်လပြည့်နေ့၌ ရဟန်းအားသာလျှင် အဆောတလျင်လှူအပ်သော သင်္ကန်းသည် ဖြစ်ပေါ်ငြားအံ့၊ အဆောတလျင်ဟု သိသော ရဟန်းသည် ခံယူရမည်၊ ခံယူပြီးနောက် သင်္ကန်းအချိန်အခါ ကာလတိုင်အောင် ထားရမည်၊ အကယ်၍ ထို့ထက် အလွန်ထားငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်