သီသပ္ပစာလကသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ပစာလကသိက္ခာပုဒ် ၆-ပါး (ဥဇ္ဇဂ္ဃိကဝဂ်)
ကိုယ်, လက်ရုံး, ဦးခေါင်းလှုပ်ခြင်း
[ပြင်ဆင်ရန်]ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ အထက်ပိုင်း ကိုယ်ကို မတ်မတ်မထားဘဲ လှုပ်လှုပ်ရှားရှားဖြစ်စေလျက် အိအိ ချွဲချွဲ တွဲရရွဲချသလို လုပ်၍ သွားလာကြ-နေထိုင်ကြကုန်၏၊ လက်ရုံး လက်မောင်းကိုလည်း တောင့်တောင့်တင်းတင်းမထားဘဲ တွဲရရာ ချသကဲ့သို့ လှုပ်လှုပ်ယမ်းယမ်းလုပ်၍ သွားလာနေထိုင်ကြကုန်၏၊ ဦးခေါင်းကိုလည်း ခိုင်ခိုင်မတ်မတ်မထားဘဲ တွဲရရာချသကဲ့သို့ ဘေးစောင်း ရှေ့ငိုက် ထားကြကုန်၏။ [၁]
ထိုအပြုအမူမျိုးသည် ပျင်းရိသူ-ကလေးကလားနေတတ်သူတို့၏ အပြုအမူ မျိုးသာဖြစ်၍ လူကြီးလူကောင်းများ-ယဉ်ကျေးပြီးသူများ၏ အပြုအမူမဟုတ်ချေ။ မှန်၏- ဘုရားရှင်သည် ဒေသစာရီ ကြွချီသောအခါ ထိုင်တော်မူသောအခါတို့၌ အထက်ပိုင်း ကိုယ်တော်သည် လှေပေါ်မှာ တင်ထားအပ်သော ဆင်းတုတော်ကဲ့သို့ အလွန်ငြိမ်သက်တော်မူလေသည်၊ ထို့ကြောင့် ယဉ်ကျေးသူတို့၏ အထွတ်အထိပ်ဖြစ်တော်မူသော ဘုရားရှင်၏ တပည့်များက ထိုကဲ့သို့ လှုပ်လှုပ်ရှားရှား မငြိမ်မသက် သွားလာနေထိုင်ကြသည်ကို မကြည်ညိုနိုင်သော လူတို့သည် ကဲ့၍ ရှုံ့ချလေကုန်၏၊ ထို့ကြောင့် —
(က, ခ) “ကာယပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ, နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။
(ဂ, ဃ) န ဗာဟုပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။
(င, စ) န သီသပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်တော် ၆-ပါးကို ပညတ်တော်မှုရလေသည်။
မြန်မာပြန်
[ပြင်ဆင်ရန်]မြို့ရွာအတွင်း၌ ကိုယ်ကို လှုပ်စေ၍ လှုပ်စေ၍၎င်း,
လက်ရုံး လက်မောင်းကို လှုပ်စေ၍ လှုပ်စေ၍၎င်း,
ဦးခေါင်းကို လှုပ်စေ၍ လှုပ်စေ၍၎င်း မသွားလာ-မနေထိုင်အံ့” ဟု အလေ့ အကျင့်ကိုပြုရမည်။
ဥဇ္ဇဂ္ဃိကဝဂ်ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။