ဩဝါဒူပသင်္ကမနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—ဥပုသ်နေ့ကို မမေးဘဲနှင့် ဩဝါဒခံဖို့ရန် ခွင့်မတောင်းမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ဘိက္ခုနီအများ[ပြင်ဆင်ရန်]

ဘိက္ခုနီသာသနာ တည်ခါစ ဘိက္ခုနီ အများတို့သည် ၁၃-ရက်နေ့လောက်ကပင် ယခုလာမည့် ဥပုသ်နေ့သည် စာတုဒ္ဒသီ ဥပုသ်ပါလား, ပန္နရသီ ဥပုသ်ပါလား”ဟု မေးလေ့ မရှိကြ၊ “တပည့်တော်များ ဩဝါဒကို နာခံလိုပါသည်”ဟုလည်း ခွင့်တောင်းလေ့ မရှိကြ၊ ထိုအခါ ဘိက္ခုတို့က ကဲ့ရဲ့၍ ဘုရားရှင်ထံ လျှောက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

အနွဍ္ဎမာသံ ဘိက္ခုနိယာ ဘိက္ခုသံဃတော ဒွေ ဓမ္မာ ပစ္စာသီသိတဗ္ဗာ ဥပေါသထပုစ္ဆကဉ္စ ဩဝါဒူပသင်္ကမနဉ္စ။ တံ အတိက္ကာမေန္တိယာ ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

ဘိက္ခုနီမှန်လျှင် လခွဲတစ်ကြိမ်ကျ ဘိက္ခုသံဃာ့အထံမှ ဥပုသ်နေ့မေးခြင်း, ဩဝါဒခံယူဖို့ရန် ခွင့်တောင်းခြင်း ဟူသော ၂-ပါးသော တရားတို့ကို တောင့်တသိုက်ကုန်၏၊ ထိုလခွဲကို လွန်စေသော (လခွဲတစ်ကြိမ် မပြုမိသော) ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

ဤပညတ်တော်အရ ဘိက္ခုနီအများ၏ကိုယ်စား ၂-ပါး-၃-ပါးသွား၍ ယခုလာမည့်ဥပုသ်နေ့သည် စာတုဒ္ဒသီ (၁၄-ရက်) ပန္နရသီ(၁၅-ရက်) ဥပုသ်ပါလားဟု မေးရမည်၊ ထိုသို့မေး၍ ဘိက္ခုများပြုရာ ဥပုသ်နေ့မှာပင် ဘိက္ခုနီတို့လည်း ဥပုသ်ပြုရသည်။ တစ်ရံတစ်ခါ အကြောင်း အမျိုးမျိုးကြောင့် ဘိက္ခုတို့သည် ၁၄-ရက်ဥပုသ်ကို ၁၅-ရက်ဥပုသ်, ၁၅-ရက်ဥပုသ်ကိုလည်း ၁၄-ရက် ဥပုသ်ပြောင်းလွှဲတတ်၏။ ထို့ကြောင့် ၁၃-ရက်နေ့က တင်ကြို၍ မေးရသည်၊ ဩဝါဒတောင်းပုံကို ဘိက္ခုပါစိတ် ဘိက္ခုနောဝါဒဝဂ်၌ ပြခဲ့ပြီ။]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး