ဒုတိယဥစ္စာရဆဍ္ဍနသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—မုယောခင်း၌ ကျင်ကြီးခွက်ကို စွန့်ပြစ်မှု။
အမှုသည်—ဘိက္ခုနီတစ်ယောက်။ [၁]
မုယောခင်း၌ စွန့်မှု
[ပြင်ဆင်ရန်]ပုဏ္ဏား တစ်ယောက်သည် ဘိက္ခုနီ ကျောင်းအနီး၌ မုယောခင်းလုပ်ထား၏၊ ဘိက္ခုနီတို့သည် အလိုက်မသိ, ကိုယ့်ပစ္စည်းချင်း မစာဘဲ ကျင်ကြီးကျင်ငယ် အမှိုက် စားကြွင်းများကို ထိုမုယောခင်းပေါ်မှာ စွန့်ပစ်ကြလေရာ အခင်းရှင် ပုဏ္ဏားမခံနိုင်၍ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယာ ပန ဘိက္ခုနီ ဥစ္စာရံ ဝါ ပဿာဝံ ဝါ သင်္ကာရံ ဝါ ဝိဃာသံ ဝါ ဟရိတေ ဆဍ္ဍေယျ ဝါ ဆဍ္ဍာပေယျ ဝါ, ပါစိတ္တိယံ။
မြန်မာပြန်
[ပြင်ဆင်ရန်]ကျင်ကြီး ကျင်ငယ် အမှိုက် စားကြွင်းများကို စိမ်းစိုသော ကောက်ပဲသီးနှံအပင်ပေါ်၌ ကိုယ်တိုင်, သို့မဟုတ် စေခိုင်း၍ စွန့်ပစ်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်
[ပြင်ဆင်ရန်]သေခိယ၌လည်း “စိမ်းစိုသောမြက်သစ်ပင်ပေါ်၌ မစွန့်ရ”ဟု ပါခဲ့ပြီး သို့သော် ထို၌ကား တိုက်ရိုက်စွန့်ခြင်းကိုသာ တားမြစ်၏၊ ထိုစားပင် သောက်ပင်မဟုတ်သော သစ်ပင်များလည်း ပါဝင်၏။ ဤ၌ကား စားပင် သောက်ပင်မဟုတ်သော သစ်ပင်များ မပါ၊ ကျင်ကြီးကျင်ငယ်ကို အိုးခွက်၌ စွန့်ပြီးနောက် ထိုခွက်မှတဆင့်စွန့်လျှင် ထို၌ အပြစ်မရှိ၊ ဤ၌ကား ခွက်၌ စွန့်ပြီးနောက် သွန်ခြင်း, ခွက်ပါ စွန့်ပစ်ခြင်းကိုသာ တားမြစ်လိုခြင်း ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။