သပဒါနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

သပဒါနသိက္ခာပုဒ် (သက္ကစ္စဝဂ်)

အစဉ်အတိုင်း မစားခြင်း[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ အစဉ်အတိုင်း မစားကြဘဲ (သပိတ်-စားခွက်တို့ဝယ် အစမှ စ၍ အစဉ်အတိုင်း စားမသွားဘဲ) အစဘက်နှိုက်လိုက်, အလယ်လောက်နှိုက်လိုက်, ဘေးနားနှိုက်လိုက်နှင့် စားကြကုန်၏၊ ဤစားနည်းသည် ယဉ်ကျေးသူတို့၏ စားနည်းမဟုတ်၊ ... [ မဟာဟံသဇာတ်တော်၌ အလွန် ယဉ်ကျေးပြီးသော အလောင်းတော် ဟင်္သာမင်းကား မနေ့တုန်းက စားပြီးသော နေရာမှာပင် သက်ဆင်း၍ ထိုစားပြီးနေရာကမှ ဆက်၍ စားလေ့ရှိသတတ်။ ထို့ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့၏ ဟိုနေရာနှိုက် သည်နေရာနှိုက်နှင့် စားမှုကို လူတို့ကဲ့ရဲ့ရကား—[၁]

“သပဒါနံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

မြန်မာပြန်[ပြင်ဆင်ရန်]

“ဟိုနှိုက် သည်နှိုက် မနှိုက်ဘဲ အစဉ်အတိုင်း ဆွမ်းကို စားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး