သောကာဝါသသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—ယောက်ျားကြီး ယောက်ျားငယ်တို့၌ ရောရောနှောနှော နေထိုင်၍ ကြမ်းတန်းသော သောက၏ တည်ရာဖြစ်သော စဏ္ဍကာဠီမည်သော သိက္ခမာန်ကို ရဟန်းပြုပေးလှူ။
အမှုသည်—ထုလ္လနန္ဒာ။ [၁]
ထိုသို့ ဘိက္ခုနီပေးမှုကြောင့် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယာ ပန ဘိက္ခုနီ ပုရိသသံသဋ္ဌံ ကုမာရကသံသဋ္ဌံ စဏ္ဍိံ သောကာဝါသံ သိက္ခမာနံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်
[ပြင်ဆင်ရန်]အသက် ၂၀ လွန်ပြီးသော ယောက်ျားကြီးတို့နှင့် ရောရောနှောနှော နေတတ်သော, အသက် ၂၀ မပြည့်သေးသော သတို့သားတို့နှင့်လည်း ရောရောနှောနှောနေတတ်သော (ကိုယ်နှုတ် စိတ်ပါ) ကြမ်းထန်းသော ယောက်ျားတို့၏ အတွင်း (မမြင်ရလျှင် မနေနိုင်လောက်အောင်) သောကကို သွင်းတတ်-(မိမိက မမြင်ရလျှင်လည်း သောကဖြစ်နေတတ်သဖြင့်) သောကဟူသော နေရာလည်းရှိသော သိက္ခမာန်ကို ရဟန်းပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။