ပေသုညသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

ပေသုညသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ [၁]

သမိုင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခိုက်ရန်ဖြစ်ငြင်းခုံ၍ ဝိဝါဒကွဲပြားနေသည့် ရဟန်းတို့ကြားတွင် ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုကြ၏။ ထိုသို့ ပြောဆိုသည့်အတွက် မဖြစ်သေးသော ခိုက်ရန်တို့သည် ဖြစ်ပွား၏။ ဖြစ်ပြီးသော ခိုက်ရန်တို့သည်လည်း တိုးပွားလာ၏။

ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “အဘယ်ကြောင့် ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုကြဘိသနည်း” ဟု ကဲ့ရဲ့၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။

မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “ဟုတ်မှန်ပါသလား” ဟု မေး၏။ “ဟုတ်မှန်ပါသည်” ဟု ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ [၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

“ရဟန်းတို့အား ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက − ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်၊ မုသာဝါဒဝဂ်