ဝိနည်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဝိနည်းဟူသည် ဝိနယဟူသော ပါဠိမှဖြစ်လာသော ဝေါဟာရတစ်ခုဖြစ်သဖြင့် ဆုံးမရာဆုံးမကြောင်းဖြစ်သောတရားဟု အဓိပ္ပါယ်ရသည်။ ထိုဝိနည်းသည် အာဂါရိယဝိနည်း၊ အနာဂါရိယဝိနည်းဟူ၍ နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင် လူများနှင့်သက်ဆိုင်သော ဝိနည်းကို အာဂါရိယ ဝိနည်းခေါ်၍ ရဟန်းသံဃာတော်များနှင့် သက်ဆိုင်သောဝိနည်းကို အနာဂါရိယ ဝိနည်းဟုခေါ်သည်။

ဒုစရိုက် ၁ဝ ပါး၊ သုစရိုက် ၁ဝ ပါးအပြစ်အကျိုး၊ သိင်္ဂါလောဝါဒသုတ်၊ ပရာဘဝသုတ်၊ ဝသလသုတ်တို့၌လာသော ပျက်စီးကြောင်း၊ ကြီးပွားကြောင်းစသော လူတို့ရှောင်ကြဉ်အပ်၊ ပြုကျင့်အပ်သော တရားသည် အာဂါရိယဝိနည်း (ဝါ) လူ့ဝိနည်းမည်၏။ ဗုဒ္ဓ၏ တပည့်သား သံဃာတော်များလိုက်နာကျင့်သုံးရန် ပညတ်ထားသော ဥပဒေစည်းမျဉ်းများဖြစ်သော ဝိနည်းပညတ်တော်သည် အနာဂါရိယဝိနည်း(ဝါ) ရဟန်းဝိနည်းမည်၏။

ထိုနှစ်မျိုးတို့တွင် ဝိနည်းပိဋကတ်အရာ၌ အနာဂါရိယ ဝိနည်းဖြစ်သော ရဟန်းဝိနည်းကိုသာ ယူအပ်လေသည်။ အဋ္ဌကထာတို့၌ ဤဝိနယသဒ္ဒါကို ဝိဟူသော ဥပသာရနှင့် နယသဒ္ဒါ ပေါင်းစပ်၍ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဝိရှေ့ရှိသော နီဓာတ်ဖြင့် ပြီးသည်ဟူ၍လည်းကောင်း နှစ်နည်းပြဆိုထား၏။ ထိုနှစ်နည်းတွင် ပထမနည်းအရ အထူးထူးသော နည်းနာနယရှိသောကြောင့် ဝိနည်းဟု အဓိပ္ပါယ်ရ၏။ ထိုစကားမှန်၏။ ဝိနည်း၌ နိဒါနုဒ္ဒေသစသော ပါတိမောက်ပြခြင်း၊ ပါတိမောက္ခုဒ္ဒေသငါးမျိုး၊ ပါရာဇိကစသော အာပတ် ခုနစ်ပုံ၊ သိက္ခာပုဒ်၊ ဝတ္ထု၊ ပုဂ္ဂလ၊ မူလပညတ်၊ အနုပညတ်စသော အထူးထူးသော နည်းနာတို့သည် ရှိကြကုန်သည်။ ဒုတိယနည်းအရ ကိုယ်နှုတ်တို့ဖြင့် ဖြစ်နိုင်သော အကုသိုလ်ဟူသမျှကို တားမြစ်၍ ထူးခြားသောအသွင်မျိုးသို့ ရောက်စေတတ်၏ဟု အဓိပ္ပါယ်ယူရပေမည်။ ယင်းဝိနယပိဋကတ်ကို ဒေသနာဘေဒစသည်ဖြင့် ဝေဖန်ရသော် အာဏာဒေသနာ၊ ဝေါဟာရ ဒေသနာ၊ ပရမတ္ထ ဒေသနာဟူ၍ ဒေသနာ အပြားသုံးပါးရှိရာတွင် အာဏာထားခြင်းငှာ ထိုက်တော်မူသော မြတ်စွာ ဘုရားသည်များသောအားဖြင့် အာဏာတော်ကို ပဓာနထား၍ဟောကြားတော် မူအပ်သောကြောင့် အာဏာဒေသနာဖြစ်လေသည်။ ယထာပရာဓ သာသနာ၊ ယထာနုလောမ သာသနာ၊ ယထာဓမ္မ သာသနာ ဟူ၍ သာသနာအပြားသုံးပါးရှိရာတွင် များသောအပြစ်ရှိကုန်သော သတ္တဝါတို့ကို အပြစ်အားလျော်စွာ ဆုံးမရာ ဆုံးမကြောင်း ဖြစ်သောကြောင့် ယထာပရာဓသာသနာ ဖြစ်လေသည်။ သံဝရာ သံဝရ ကထာ၊ စိဋ္ဌ ဝိနိဝေဌနကထာ၊ နာမရူပ ပရိစ္ဆေဒ ကထာဟူ၍ ကထာအပြားသုံးပါးရှိရာတွင် ကာယ ဒွါရဝစီ ဒွါရတို့ဖြင့် လွန် ကျူးခြင်း၏ ဆန့်ကျင်ဖက်ဖြစ်သော သေးငယ်သောစောင့်စည်းခြင်း၊ ကြီး သောစောင့်စည်းခြင်းကို ဟောရာဖြစ်သောကြောင့် သံဝရာ သံဝရကထာဖြစ် လေသည်။ အဓိသီလ သိက္ခာ၊ အဓိစိတ္တ သိက္ခါ အဓိပညာ သိက္ခာ ဟူ၍ သိက္ခာအပြားသုံးပါး ရှိရာတွင် အကျင့်သီလ အရာဖြစ်သောကြောင့် အဓိသီလသိက္ခာဖြစ်၏။ ဝီတိက္ကမပဟာန်၊ ပရိယုဋ္ဌာနပဟာန်၊ အနုသယပဟာန်ဟူ၍ ပဟာန်အပြားသုံးပါးရှိရာတွင် သီလသည် ဝီတိက္ကမကိလေသာ၏ ဆန့်ကျင် ဖက်ဖြစ်သောကြောင့် ဝီတိက္ကမပဟာန်ဖြစ်၏။ စကားအစဉ်၏ နက်နဲခြင်း၊ အနက်အဓိပ္ပါယ်၏ နက်နဲခြင်း၊ ဖော်ထုတ်ဟောပြောမူ၏နက်နဲခြင်း၊ မှန်ကန်စွာ သိရှိနားလည်မှု၏ နက်နဲခြင်း တည်းဟူသော နက်နဲခြင်းလေးမျိုးနှင့်လည်း ပြည့်စုံပေ၏။

ဤဝိနည်းသည် ဟိရိဩတ္တပ္ပ ဟူသော လောကပါလတရားများကို မြဲမြံခိုင်ခံ့ အရှည်တည်တံ့စေလျက် ကောင်းမွန်စွာကျင့်သုံးတော်မူကြကုန် သော ရဟန်းတော်တို့အား သီလ၏ ပြည့်စုံခြင်းကို အမှီပြု၍ ဝိဇ္ဇာ သုံးပါး တရားသို့ရောက်ကာ နိဗ္ဗာန်ပေါက်ပို့ပေးတော်မူနိုင်သည်ကိုထောက်၍ သာသ နာတော်၌ အလွန်အရေးမူနိုင်သည်ကိုထောက်၍ သာသနာတော်၌ အလွန် အရေးကြီးကြောင်း သိသာနိုင်ပေသည်။ ထို့ကြောင့်ပင် အဋ္ဌကထာတို့၌- ' ဝိနယောနာမ ဗုဒ္ဓသာသနဿ အာယု၊ ဝိနယေ ဌိတေသာသနံ ဌိတံ ဟောတိ ' ဟုမိန့်တော်မူ၏။

အဓိပ္ပာယ်မှာ ဝိနည်းမည်သည်ကား ဘုရားသာသနာတော်၏ အသက်ဖြစ်ပေသည်။ ဝိနည်းတရားတော် တည်ရှိမှသာ သာသနာတော် တည်ရှိသည်မည်၏ဟု ဆိုလိုသည်။ ယင်းသို့ သာသနာတော်တွင် ဝိနည်းတရားတော် အရေးကြီးသောကြောင့်ပင် ပထမသင်္ဂါယနာနှင့်တစ်ကွ သင်္ဂါယနာအဆက်ဆက်၌ သာသနာတော်၏ အသက်ဖြစ်သော ထိုဝိနည်းကို အဦးအစထား၍ သင်္ဂါယနာတင်တော်မူခဲ့ကြလေသည်။ ထိုစကားသည်မှန်၏။ ဝိနည်းတရားတော်သည် ကာယကံမှု၊ ဝစီကံမှုတို့ကို ယဉ်ကျေးသိမ်မွေ့စေ၍ ကာယဒွါရ၊ ဝစီဒွါရ၌ ဖြစ်လတ္တံ့သော အပြစ်တို့ကို ပိတ်ဆို့တတ်သည့် ဘုရားစည်းမျဉ်း ဥပဒေတော်ကြီးပင်ဖြစ်လေရာ၊ အဦးအစထား၍ သင်္ဂါယနာတင်ရလောက် အောင်လည်း အရေးကြီးလှပေသည်။

ထိုဝိနည်းတရားတော်သည် သင်္ဂါယနာ တင်သောအစဉ်အားဖြင့်- ၁။ ရဟန်းယောက်ျားများနှင့်ဆိုင်သော သိက္ခာပုဒ်များကို အကျယ် ဝေဘန်ပြရာ အပိုင်းဖြစ်သော ဘိက္ခုဝိဘင်္ဂ၊ ၂။ ရဟန်းမိန်းမများနှင့်ဆိုင်သော သိက္ခာပုဒ်များကို အကျယ် ဝေဘန်ပြရာ အပိုင်းဖြစ်သော ဘိက္ခုနီဝိဘင်္ဂ၊ ၃။ မဟာခန္ဓက၊ ဥပေါသထက္ခန္ဓကစသော ကြီးကျယ်ရှည်လျား သော အကြောင်းအရာများကိုဖော်ပြရာ အပိုင်းဖြစ်သော မဟာဝဂ္ဂ၊ ၄။ ကမ္မက္ခန္ဓက၊ ပါရိဝါသိက္ခန္ဓကစသော မဟာဝဂ္ဂခန္ဓကလာ အကြောင်းအရာများထက် ငယ်သော (ဝါ) တိုသောအကြောင်းအရာများကို ဖော်ပြရာအပိုင်းဖြစ်သော စူဠဝဂ္ဂ၊ ၅။ ဝိနည်းဆိုင်ရာတွင် အကြွင်းအကျန်ဆိုဖွယ် မရှိစေရန်၊ အခြံအရံသဖွယ် သိမ်းကျုံးဖွင့်ပြရာဖြစ်သော ပရိဝါရဟူ၍အပိုင်း ငါးပိုင်းရှိ လေသည်။ ယင်းငါးပိုင်းကို ကျမ်းစာအားဖြင့် ခွဲဝေလိုက်သော် - ၁။ ပါရာဇိဘဏ် ပါဠိတော်၊ ၂။ ပါစိတ် ပါဠိတော်၊ ၃။ မဟာဝဂ် ပါဠိတော်၊ ၄။ စူဠဝဂ် ပါဠိတော်၊ ၅။ ပရိဝါ ပါဠိတော် ဟူ၍ ကျမ်းငါးကျမ်း ဖြစ်လာလေသည်။ ဘိက္ခုဝိဘင်္ဂတွင် ပါရှိသော ပါရာဇိက - သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်စေနိုင်သော အကြီးဆုံးအပြစ်၊ သံဃာဒိသေသ - အပြစ်စင်ကြယ်အောင်ကုစားရာ၌ အစ၊ အလယ်၊ အဆုံး သုံးပါးလုံး၌ သံဃာကို အလိုရှိအပ်သော ဒုတိယအကြီးဆုံး အပြစ်၊ အနိယတ - အပြစ်အမည်ကို အမြဲသတ်မှတ်၍မထား၊ သင့်သလို ဆုံးဖြတ်ရသောအပြစ် အာပတ် တစ်မျိုးနှင့်နိဿဂ္ဂိယ - စွန့်ခြင်း ရှေ့သွားရှိသောအပြစ် (ဝါ) စွန့် ပြီးမှ အပြစ်ကိုကုစားရသော သိက္ခာပုဒ်တို့ကို အာဒိလဒ္ဓနာမ - အစဖြစ် သော ပါရာဇိကအပိုင်းအားဖြင့် သတ်မှတ်၍ရအပ်သော အမည်အနေဖြင့် ပါ ရာဇိကပါဠိ - ပါရာဇိကဏ်ပါဠိတော် ဟူ၍ အမည်မှည့်ခေါ်ပြီးလျှင် ကျမ်း တစ်ကျမ်း ဖွဲ့စည်းထားခဲ့ပေသည်။ ထို့နောက် ဘိက္ခုဝိဘင်္ဂမှ ပါစိတ္တိယ - ကုသိုလ်စိတ်ကို လျှောကျ စေတတ်သောအပြစ်၊ ပါဋိဒေသနီ - အသီးအခြားပြောကြားရသော အပြစ်၊ သေခိယ - ယဉ်ကျေးမှု ကျင့်ဝတ်အနေဖြင့် မကျင့်မနေကျင့်ရသော သိက္ခာ ပုဒ်များ၊ အဓိကရဏ သမထ - ဖြစ်ပေါ်လာသော အဓိကရုဏ်း (ဝါ) အပြစ်အာပတ်ဆိုင်ရာအရေးအရာကို ငြိမ်းအေးအောင်ဆုံးဖြတ်နည်းဟူသော အပိုင်းကြီးလေးပိုင်းနှင့် ဘိက္ခုနီဝိဘင်္ဂပါဠိ အပိုင်းအားလုံးကို စုပေါင်း၍ ပါစိတ္တိယပါဠိ - ပါစိတ်ပါဠိတော်ဟူ၍ အမည်တပ်ပြီးလျှင် ကျမ်းတစ်ကျမ်း ဖွဲ့စည်းခဲ့ပေသည်။ ထိုနောက်မှ အစဉ်အတိုင်း မဟာဝဂ္ဂပါဠိ၊ စူဠဝဂ္ဂပါဠိနှင့် ပရိဝါ ရပါဠိတို့ကို တစ်ကျမ်းစီဖွဲ့စည်း၍ ဝိနည်းငါးကျမ်းဟု ရှေးမဟာထေရ်မြတ် ကြီးတို့ သတ်မှတ်တော်မူခဲ့ကြပေသည်။

ထိုဝိနည်းကျမ်းဂန်များ၌ ပါရှိသောအချက်များသည် ရဟန်းသံဃာတော်များ လိုက်နာကျင့်သုံးရန် ပညတ်ထားသော ဥပဒေစည်းမျဉ်းများသာ ဖြစ်ပေရာ ထိုဥပဒေစည်းမျဉ်းများကိုဖော်ပြရာ ဝိနည်း ကျမ်းဂန်များသည်လည်း မြတ်စွာဘုရား၏ တပည့်သားသံဃာတော်များနှင့်သာ တိုက်ရိုက် သက်ဆိုင်သော ကျမ်းစာများဖြစ်၍ ထိုကျမ်းစာများကို လူပုဂ္ဂိုလ်များကြည့်ရှုဖွယ်မလို၊ သိမှတ်ဖွယ်မလိုဟုထင်တတ်ကြသည်။ အမှန်အားဖြင့်ကား ဝိနည်း ကျမ်းဂန်များတွင် ပါရှိသောအချက်အလက်များစွာတို့မှာ မြတ်စွာဘုရား လက်ထက်တွင် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် လူမှုအဆင့်အတန်းမှစ၍ များပြားလှသော အရေးအရာတို့ကို ခန့်မှန်းနိုင်သဖြင့် ဗဟုသုတ ရှာမှီးသူတိုင်းအဖို့ ထိုဝိနည်းကျမ်းဂန်များကို ဖတ်ရှုသင့်လှပေသည်။ [၁]

သာသနာ၏ အသက်[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် ဝေရဉ္ဇာမြို့၌ သီတင်းသုံးတော်မူနေချိန် ဖြစ်၏။ အရှင်သာရိပုတြာသည် တစ်ပါးတည်း နေစဉ် “အဘယ်မြတ်စွာဘုရားတို့၏ သာသနာသည် ကြာမြင့်စွာ တည်သနည်း၊ အဘယ်မြတ်စွာဘုရားတို့၏ သာသနာသည် ကြာမြင့်စွာ မတည်သနည်း” ဟု တွေးမိ၏။ ထို့နောက် မြတ်စွာဘုရားအား မေးမြန်းလျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် ဝိပဿီမြတ်စွာဘုရား၊ သိခီမြတ်စွာဘုရား၊ ဝေဿဘူမြတ်စွာဘုရားတို့၏ သာသနာသည် ကြာမြင့်စွာ မတည်ခဲ့ကြောင်း ပြော၏။ ကကုသန်မြတ်စွာဘုရား၊ ကောဏာဂုံမြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရားတို့၏ သာသနာသည် ကြာမြင့်စွာတည်ခဲ့သည်ဟု ဖြေကြားတော်မူ၏။

ထိုအခါ အရှင်သာရိပုတြာသည် သာသနာတော် ကြာမြင့်စွာမတည်ခြင်း၏ အကြောင်းကို မြတ်စွာဘုရားအား မေးမြန်းတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် “မြတ်စွာဘုရားတို့သည် တပည့်တို့အား တရားတော်ကို အကျယ်ဟောတော်မူရန် ကြောင့်ကြမစိုက်ခြင်း၊ ထိုတပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူခဲ့ချေ။ (အာဏာ) ပါတိမောက်ကို ပြတော်မမူခဲ့ချေ။ ထိုမြတ်စွာဘုရားများ ပရိနိဗ္ဗာန်ပြုသောအခါ ထိုသာသာနာတော်သည် လျင်မြန်စွာ ကွယ်ပျောက်ကုန်သည်” ဟု ဖြေတော်မူ၏။

ထိုအခါ အရှင်သာရိပုတြာသည် သာသနာတော် အရှည်ကြာမြင့်စွာတည်ခြင်း၏ အကြောင်းကို မေးမြန်းတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် “မြတ်စွာဘုရားတို့သည် တပည့်တို့အား တရားတော်ကို အကျယ်ဟောရန် ကြောင့်ကြစိုက်တော်မူခြင်း၊ တပည့်တို့အား သိက္ခာပုဒ် ပညတ်တော်မူ၏။ (အာဏာ) ပါတိမောက် ပြတော်မူ၏။ ထိုမြတ်စွာဘုရားတို့ ပရိနိဗ္ဗာန် ပြုတော်မူသောအခါ ထိုသာသနာတော်သည် ကြာမြင့်သော ကာလပတ်လုံး တည်၏” ဟု ဖြေကြားတော်မူခဲ့သည်။[၂]

သိက္ခာပုဒ်ပညတ်သည့် အချိန်အခါ[ပြင်ဆင်ရန်]

အရှင်သာရိပုတြာ မေးမြန်းမှုများကို မြတ်စွာဘုရားသည် ဖြေတော်မူ၏။ ထိုအခါ အရှင်သာရိပုတြာသည် မြတ်စွာဘုရားအား သာသာနာတော် ကြာမြင့်စွာတည်ရန်အတွက် သိက္ခာပုဒ်ပညတ်ရန်၊ ပါတိမောက်ပြရန် အချိန်တန်ပါပြီဟု လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် “ယခုအချိန်အခါသည် သိက္ခာပုဒ်ပညတ်ရန် အချိန်အခါ မဟုတ်သေး။ မြတ်စွာဘုရားသည်သာလျှင် သိက္ခာပုဒ်ပညတ်ရမည့် အချိန်ကို သိနိုင်၏။ ထို့ပြင် ယခုအချိန်အခါသည် သံဃာတော်၌ အချို့သော (လွန်ကျူးမှု) တရားတို့သည် မဖြစ်ပေါ်သေးပေ။ ထို(လွန်ကျူးမှု) တရားတို့ မဖြစ်ပေါ်သေးသမျှ မြတ်စွာဘုရားသည် သိက္ခာပုဒ်ကို ပညတ်တော်မမူ။” ဟု ဖြေကြားတော်မူ၏။[၂]

ဝိနည်း (၂၂၇) သွယ်[ပြင်ဆင်ရန်]

ပါရာဇိက (၄) ပါး[ပြင်ဆင်ရန်]

၁။ မေထုနပါရာဇိက

၂။ အဒိန္နာပါရာဇိက

၃။ မနုဿဝိဂ္ဂဟပါရာဇိက

၄။ ဥတ္တရိမနုဿဓမ္မပါရာဇိက

သံဃာဒိသိသ် (၁၃) ပါး[ပြင်ဆင်ရန်]

အနိယတ (၂) ပါး[ပြင်ဆင်ရန်]

(၁) ပထမ အနိယတသိက္ခာပုဒ်

(၂) ဒုတိယ အနိယတသိက္ခာပုဒ်[၂]

နိဿဂ္ဂိယ (၃၀) ပါး[ပြင်ဆင်ရန်]

၁။ ပထမကထိနသိက္ခာပုဒ်

၂။ ဒုတိယကထိနသိက္ခာပုဒ်

၃။ တတိယကထိနသိက္ခာပုဒ်

၄။ ပုရာဏစီဝရသိက္ခာပုဒ်

၅။ စီဝရပဋိဂ္ဂဟဏသိက္ခာပုဒ်

၆။ အညာတကဝိညတ္တိသိက္ခာပုဒ်

၇။ တတုတ္တရိသိက္ခာပုဒ်

၈။ ဥပက္ခဋသိက္ခာပုဒ်

၉။ ဒုတိယ ဥပက္ခဋသိက္ခာပုဒ်

၁၀။ ရာဇသိက္ခာပုဒ်

၁၁။ ကောသိယသိက္ခာပုဒ်

၁၂။ သုဒ္ဓကာဠကသိက္ခာပုဒ်

၁၃။ ဒွေဘာဂသိက္ခာပုဒ်

၁၄။ ဆဗ္ဗဿသိက္ခာပုဒ်

၁၅။ နိသီဒနသန္တတသိက္ခာပုဒ်

၁၆။ ဧဠကလောမသိက္ခာပုဒ်

၁၇။ ဧဠကလောမဓောဝါပနသိက္ခာပုဒ်

၁၈။ ရူပိယသိက္ခာပုဒ်

၁၉။ ရူပိယသံဝေါဟာရသိက္ခာပုဒ်

၂၀။ ကယဝိက္ကယသိက္ခာပုဒ်

၂၁။ ပတ္တသိက္ခာပုဒ်

၂၂။ ဦနပဉ္စဗန္ဓနသိက္ခာပုဒ်

၂၃။ ဘေသဇ္ဇသိက္ခာပုဒ်

၂၄။ ဝဿိကသာဋိကသိက္ခာပုဒ်၊ ပတ္တဝဂ်

၂၅။ စီဝရအစ္ဆန္ဒိနသိက္ခာပုဒ်

၂၆။ သုတ္တဝိညတ္တိသိက္ခာပုဒ်

၂၇။ မဟာပေသကာရသိက္ခာပုဒ်

၂၈။ အစ္စေကစီဝရသိက္ခာပုဒ်

၂၉။ သာသင်္ကသိက္ခာပုဒ်

၃၀။ ပရိဏတသိက္ခာပုဒ်[၂]

သုဒ္ဓပါစိတ် (၉၂) ပါး[ပြင်ဆင်ရန်]

၁။ မုသာဝါဒသိက္ခာပုဒ်

၂။ ဩမသဝါဒသိက္ခာပုဒ်

၃။ ပေသုညသိက္ခာပုဒ်

၄။ ပဒသောဓမ္မသိက္ခာပုဒ်

၅။ သဟသေယျသိက္ခာပုဒ်

၆။ ဒုတိယသဟသေယျသိက္ခာပုဒ်

၇။ ဓမ္မဒေသနာသိက္ခာပုဒ်

၈။ ဘူတာရောစနသိက္ခာပုဒ်

၉။ ဒုဋ္ဌုလ္လာရောစနသိက္ခာပုဒ်

၁၀။ ပထဝီခဏနသိက္ခာပုဒ်

၁၁။ ဘူတဂါမသိက္ခာပုဒ်

၁၂။ အညဝါဒကသိက္ခာပုဒ်

၁၃။ ဥဇ္ဈုာပနကသိက္ခာပုဒ်

၁၄။ ပဌမသေနာသနသိက္ခာပုဒ်

၁၅။ ဒုတိယသေနာသနသိက္ခာပုဒ်

၁၆။ အနုပခဇ္စသိက္ခာပုဒ်

၁၇။ နိက္ကဍ္ဎသိက္ခာပုဒ်

၁၈။ ဝေဟာသကုဋိသိက္ခာပုဒ်

၁၉။ မဟလ္လကဝိဟာရသိက္ခာပုဒ်

၂၀။ သပ္ပါဏကသိက္ခာပုဒ်

၂၁။ ဩဝါဒသိက္ခာပုဒ်

၂၂။ အတ္ထင်္ဂတသိက္ခာပုဒ်

၂၃။ ဘိက္ခုနုပဿယသိက္ခာပုဒ်

၂၄။ အာမိသသိက္ခာပုဒ်

၂၅။ စီဝရဒါနသိက္ခာပုဒ်

၂၆။ စီဝရသိဗ္ဗနသိက္ခာပုဒ်

၂၇။ သံဝိဓာနသိက္ခာပုဒ်

၂၈။ နာဝါဘိရုဟနသိက္ခာပုဒ်

၂၉။ ပရိပါစိတသိက္ခာပုဒ်

၃၀။ ရဟောနိသဇ္ဇသိက္ခာပုဒ်

၃၁။ အာဝသထပိဏ္ဍသိက္ခာပုဒ်

၃၂။ ဂဏဘောဇနသိက္ခာပုဒ်

၃၃။ ပရမ္ပရဘောဇနသိက္ခာပုဒ်

၃၄။ ကာဏမာတုသိက္ခာပုဒ်

၃၅။ ပထမပဝါရဏာသိက္ခာပုဒ်

၃၆။ ဒုတိယပဝါရဏာသိက္ခာပုဒ်

၃၇။ ဝိကာလဘောဇနသိက္ခာပုဒ်

၃၈။ သန္နိဓိကာရကသိက္ခာပုဒ်

၃၉။ ပဏီတဘောဇနသိက္ခာပုဒ်

၄၀။ ဒန္တပေါနသိက္ခာပုဒ်

၄၁။ အစေလကသိက္ခာပုဒ်

၄၂။ ဥယျောဇနသိက္ခာပုဒ်

၄၃။ သဘောဇနသိက္ခာပုဒ်

၄၄။ ရဟောပဋိစ္ဆန္နသိက္ခာပုဒ်

၄၅။ ရဟောနိသဇ္ဇသိက္ခာပုဒ်

၄၆။ စာရိတ္တသိက္ခာပုဒ်

၄၇။ မဟာနာမသိက္ခာပုဒ်

၄၈။ ဥယျုတ္တသေနာသိက္ခာပုဒ်

၄၉။ သောနာဝါသသိက္ခာပုဒ်

၅၀။ ဥယျောဓိကသိက္ခာပုဒ်

၅၁။ သုရာပါနသိက္ခာပုဒ်

၅၂။ အင်္ဂုလိပတောဒကသိက္ခာပုဒ်

၅၃။ ဟသဓမ္မသိက္ခာပုဒ်

၅၄။ အနာဒရိယသိက္ခာပုဒ်

၅၅။ ဘိံသာပနသိက္ခာပုဒ်

၅၆။ ဇောတိကသိက္ခာပုဒ်

၅၇။ နှာနသိက္ခာပုဒ်

၅၈။ ဒုဗ္ဗဏ္ဏကရဏသိက္ခာပုဒ်

၅၉။ ဝိကပ္ပနသိက္ခာပုဒ်

၆၀။ စီဝရအပနိဓာနသိက္ခာပုဒ်

၆၁။ သဉ္စိစ္စသိက္ခာပုဒ်

၆၂။ သပ္ပါဏကသိက္ခာပုဒ်

၆၃။ ဥက္ကောဋနသိက္ခာပုဒ်

၆၄။ ဒုဋ္ဌုလ္လသိက္ခာပုဒ်

၆၅။ ဦနဝီသတိဝဿသိက္ခာပုဒ်

၆၆။ ထေယျသတ္ထသိက္ခာပုဒ်

၆၇။ သံဝိဓာနသိက္ခာပုဒ်

၆၈။ အရိဋ္ဌသိက္ခာပုဒ်

၆၉။ ဥက္ခိတ္တသမ္ဘောဂသိက္ခာပုဒ်

၇၀။ ကဏ္ဍကသိက္ခာပုဒ်

၇၁။ သဟဓမ္မိကသိက္ခာပုဒ်

၇၂။ ဝိလေခနသိက္ခာပုဒ်

၇၃။ မောဟနသိက္ခာပုဒ်

၇၄။ ပဟာရသိက္ခာပုဒ်

၇၅။ တလသတ္တိကသိက္ခာပုဒ်

၇၆။ အမူလကသိက္ခာပုဒ်

၇၇။ သဉ္စိစ္စသိက္ခာပုဒ်

၇၈။ ဥပဿုတိသိက္ခာပုဒ်

၇၉။ ကမ္မပဋိဗာဟနသိက္ခာပုဒ်

၈၀။ ဆန္ဒံအဒတွာဂမနသိက္ခာပုဒ်

၈၁။ ဒုဗ္ဗလသိက္ခာပုဒ်

၈၂။ ပရိဏာမနသိက္ခာပုဒ်

၈၃။ အန္တေပုရသိက္ခာပုဒ်

၈၄။ ရတနသိက္ခာပုဒ်

၈၅။ ဝိကာလဂါမပ္ပဝိသနသိက္ခာပုဒ်

၈၆။ သူစိဃရသိက္ခာပုဒ်

၈၇။ မဉ္စပီဌသိက္ခာပုဒ်

၈၈။ တူလောနန္ဓသိက္ခာပုဒ်

၈၉။ နိသီဒနသိက္ခာပုဒ်

၉၀။ ကဏ္ဍုပ္ပဋိစ္ဆာဒိသိက္ခာပုဒ်

၉၁။ ဝဿိကသာဋိကသိက္ခာပုဒ်

၉၂။ နန္ဒသိက္ခာပုဒ်[၂]

ပါဋိဒေသနီ (၄) ပါး

၃။ ပထမပါဋိဒေသနီသိက္ခာပုဒ်

၂။ ဒုတိယပါဋိဒေသနီသိက္ခာပုဒ်

၃။ တတိယပါဋိဒေသနီသိက္ခာပုဒ်

၄။ စတုတ္ထပါဋိဒေသနီသိက္ခာပုဒ်

[၂]

သေခိယ (၇၅) ပါး[ပြင်ဆင်ရန်]

၁။ ပထမသေခိယသိက္ခာပုဒ်၊ ပရိမဏ္ဍလဝဂ်

၂။ ဒုတိယသေခိယသိက္ခာပုဒ်၊ ပရိမဏ္ဍလဝဂ်

၃။ တတိယသေခိယသိက္ခာပုဒ်၊ ပရိမဏ္ဍလဝဂ်

၄။ စတုတ္ထသေခိယသိက္ခာပုဒ်၊ ပရိမဏ္ဍလဝဂ်

၅။ ပဉ္စမသေခိယသိက္ခာပုဒ်၊ ပရိမဏ္ဍလဝဂ်

၆။ ဆဋ္ဌမသေခိယသိက္ခာပုဒ်၊ ပရိမဏ္ဍလဝဂ်

၇။ သတ္တမသေခိယသိက္ခာပုဒ်၊ ပရိမဏ္ဍလဝဂ်

၈။ အဋ္ဌမသေခိယသိက္ခာပုဒ်၊ ပရိမဏ္ဍလဝဂ်

၉။ နဝမသေခိယသိက္ခာပုဒ်၊ ပရိမဏ္ဍလဝဂ်

၁၀။ ဒဿမသေခိယသိက္ခာပုဒ်၊ ပရိမဏ္ဍလဝဂ်

၁၁။ ပထမသေခိယသိက္ခာပုဒ်၊ ဥဇ္ဇဂ္ဃိကဝဂ်

၁၂။ ဒုတိယသေခိယသိက္ခာပုဒ်၊ ဥဇ္ဇဂ္ဃိကဝဂ်

၁၃။ တတိယသေခိယသိက္ခာပုဒ်၊ ဥဇ္ဇဂ္ဃိကဝဂ်

၁၄။ စတုတ္ထသေခိယသိက္ခာပုဒ်၊ ဥဇ္ဇဂ္ဃိကဝဂ်

၁၅။ ပဉ္စမသေခိယသိက္ခာပုဒ်၊ ဥဇ္ဇဂ္ဃိကဝဂ်

၁၆။ ဆဋ္ဌမသေခိယသိက္ခာပုဒ်၊ ဥဇ္ဇဂ္ဃိကဝဂ်

၁၇။ သတ္တမသေခိယသိက္ခာပုဒ်၊ ဥဇ္ဇဂ္ဃိကဝဂ်

၁၈။ အဋ္ဌမသေခိယသိက္ခာပုဒ်၊ ဥဇ္ဇဂ္ဃိကဝဂ်

၁၉။ နဝမသေခိယသိက္ခာပုဒ်၊ ဥဇ္ဇဂ္ဃိကဝဂ်

၂၀။ဒဿမသေခိယသိက္ခာပုဒ်၊ ဥဇ္ဇဂ္ဃိကဝဂ်

၂၁။ ပထမသေခိယသိက္ခာပုဒ်၊ ခမ္ဘကတဝဂ်

၂၂။ ဒုတိယသေခိယသိက္ခာပုဒ်၊ ခမ္ဘကတဝဂ်

၂၃။ တတိယသေခိယသိက္ခာပုဒ်၊ ခမ္ဘကတဝဂ်

၂၄။ စတုတ္ထသေခိယသိက္ခာပုဒ်၊ ခမ္ဘကတဝဂ်

၂၅။ ပဉ္စမသေခိယသိက္ခာပုဒ်၊ ခမ္ဘကတဝဂ်

၂၆။ ဆဋ္ဌမသေခိယသိက္ခာပုဒ်၊ ခမ္ဘကတဝဂ်

၂၇။ သတ္တမသေခိယသိက္ခာပုဒ်၊ ခမ္ဘကတဝဂ်

၂၈။ အဋ္ဌမသေခိယသိက္ခာပုဒ်၊ ခမ္ဘကတဝဂ်

၂၉။ နဝမသေခိယသိက္ခာပုဒ်၊ ခမ္ဘကတဝဂ်

၃၀။ ဒဿမသေခိယသိက္ခာပုဒ်၊ ခမ္ဘကတဝဂ်

၃၁။ ပထမသေခိယသိက္ခာပုဒ်၊ သက္ကစ္စဝဂ်

၃၂။ ဒုတိယသေခိယသိက္ခာပုဒ်၊ သက္ကစ္စဝဂ်

၃၃။ တတိယသေခိယသိက္ခာပုဒ်၊ သက္ကစ္စဝဂ်

၃၄။ စတုတ္ထသေခိယသိက္ခာပုဒ်၊ သက္ကစ္စဝဂ်

၃၅။ ပဉ္စမသေခိယသိက္ခာပုဒ်၊ သက္ကစ္စဝဂ်

၃၆။ ဆဋ္ဌမသေခိယသိက္ခာပုဒ်၊ သက္ကစ္စဝဂ်

၃၇။ သတ္တမသေခိယသိက္ခာပုဒ်၊ သက္ကစ္စဝဂ်

၃၈။ အဋ္ဌမသေခိယသိက္ခာပုဒ်၊ သက္ကစ္စဝဂ်

၃၉။ နဝမသေခိယသိက္ခာပုဒ်၊ သက္ကစ္စဝဂ်

၄၀။ ဒဿမသေခိယသိက္ခာပုဒ်၊ သက္ကစ္စဝဂ်

၄၁။ ပထမသေခိယသိက္ခာပုဒ်၊ ကဗဠဝဂ်

၄၂။ ဒုတိယသေခိယသိက္ခာပုဒ်၊ ကဗဠဝဂ်

၄၃။ တတိယသေခိယသိက္ခာပုဒ်၊ ကဗဠဝဂ်

၄၄။ စတုတ္ထသေခိယသိက္ခာပုဒ်၊ ကဗဠဝဂ်

၄၅။ ပဉ္စမသေခိယသိက္ခာပုဒ်၊ ကဗဠဝဂ်

၄၆။ ဆဋ္ဌမသေခိယသိက္ခာပုဒ်၊ ကဗဠဝဂ်

၄၇။ သတ္တမသေခိယသိက္ခာပုဒ်၊ ကဗဠဝဂ်

၄၈။ အဋ္ဌမသေခိယသိက္ခာပုဒ်၊ ကဗဠဝဂ်

၄၉။ နဝမသေခိယသိက္ခာပုဒ်၊ ကဗဠဝဂ်

၅၀။ ဒဿမသေခိယသိက္ခာပုဒ်၊ ကဗဠဝဂ်

၅၁။ ပထမသေခိယသိက္ခာပုဒ်၊ သုရုသုရုဝဂ်

၅၂။ ဒုတိယသေခိယသိက္ခာပုဒ်၊ သုရုသုရုဝဂ်

၅၃။ တတိယသေခိယသိက္ခာပုဒ်၊ သုရုသုရုဝဂ်

၅၄။ စတုတ္ထသေခိယသိက္ခာပုဒ်၊ သုရုသုရုဝဂ်

၅၅။ ပဉ္စမသေခိယသိက္ခာပုဒ်၊ သုရုသုရုဝဂ်

၅၆။ ဆဋ္ဌမသေခိယသိက္ခာပုဒ်၊ သုရုသုရုဝဂ်

၅၇။ သတ္တမသေခိယသိက္ခာပုဒ်၊ သုရုသုရုဝဂ်

၅၈။ အဋ္ဌမသေခိယသိက္ခာပုဒ်၊ သုရုသုရုဝဂ်

၅၉။ နဝမသေခိယသိက္ခာပုဒ်၊ သုရုသုရုဝဂ်

၆၀။ ဒဿမသေခိယသိက္ခာပုဒ်၊ သုရုသုရုဝဂ်

၆၁။ ပထမသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်

၆၂။ ဒုတိယသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်

၆၃။ တတိယသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်

၆၄။ စတုတ္ထသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်

၆၅။ ပဉ္စမသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်

၆၆။ ဆဋ္ဌမသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်

၆၇။ သတ္တမသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်

၆၈။ အဋ္ဌမသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်

၆၉။ နဝမသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်

၇၀။ ဒဿမသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်

၇၁။ ဧကာဒဿမသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်

၇၂။ ဒွါဒဿမသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်

၇၃။ တေရသမသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်

၇၄။ စုဒ္ဒသမသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်

၇၅။ ပန္နရသမသေခိယသိက္ခာပုဒ်၊ ပါဒုကဝဂ်[၂]

အဓိကရဏသမထ (၄) ပါး[ပြင်ဆင်ရန်]

[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ ၂.၇ ၂.၈ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်