အဝဂဏ္ဍကာရကသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အဝဂဏ္ဍကာရကသိက္ခာပုဒ် (ကဗဠဝဂ်)
ပါးစောင်၌ထား၍ စားခြင်း
[ပြင်ဆင်ရန်]ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုပ်ကို ပါးစောင်၌ထား၍ ပါးတဘက် မိုမောက်နေအောင် စားကြကုန်၏။ ထိုသို့ စားခြင်းသည် မျောက်သတွာတို့စားပုံနှင့် တူရကား အမြင်မကောင်းလှသဖြင့် လူတို့ ကဲ့ရဲ့ကြသောကြောင့်...[၁]
“န အဝဂဏ္ဍကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”၊ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်
[ပြင်ဆင်ရန်]“ပါးစောင်ကို အမြင်မကောင်းအောင် မိုမောက်စေ၍ မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ [“ဂဏ္ဍ = ပါးစောင်ကို+အဝ = ယုတ်ညံ့အောင် အမြင်မကောင်းအောင် = မို့မောက်နေ့အောင်+ကာရကံ=ပြု၍”ဟု သဒ္ဒါနက်မှတ်၊ ဆွမ်းသာမက ခဲဘွယ်, ဟု ခေါ်သော မုံ့များကိုလည်း ထိုကဲ့သို့ မစားအပ်၊ သစ်သီးကြီးငယ်ကိုကား မိုမောက်အောင် စားသော်လည်း အပြစ်မရှိ။]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။