ပရိပုဏ္ဏဒွါဒသဝဿသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—သံဃာ့အထံမှ ဝုဋ္ဌာပန သမ္မုတိ မရဘဲ ဥပဇ္ဈာယ် ဆရာမ ပြုလုပ်မှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ကဲ့ရဲ့ ခံရခြင်း[ပြင်ဆင်ရန်]

တဆယ့်နှစ်ဝါရသော်လည်း သံဃာ့အထံမှ ဥပဇ္ဈာယ်ဆရာ လုပ်ဖို့ရန် “ဝုဋ္ဌာပန သမ္မုတိ” မရသေးဘဲ ဥပဇ္ဈာယ်လုပ်၍ ဘိက္ခုနီပြုပေးကြသဖြင့် သူတို့ ကိုယ်တိုင်က ဘိက္ခုနီ ဝါများသလောက် ဝိနည်းနားမလည်သေးရကား သူတို့၏ တပည့်များလည်း အပ်-မအပ်ကို နားမလည်ကြ၍ အခြားဘိက္ခုနီတို့က ဆရာကို ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ပရိပုဏ္ဏဒွါဒသဝဿာ သံဃေန အသမ္မတာ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

တဆယ့်နှစ်ဝါပြည့်သော်လည်း သံဃာ့အထံမှ ဝုဌာပန သမ္မုတိ မရသေးဘဲ ဥပဇ္ဈာယ်လုပ်၍ ဘိက္ခုနီပြုပေးသော ဘိက္ခုနီမှာ ပါစိတ် အာပတ် သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

ဘိက္ခုနီတို့သည် ၁၂-ဝါရ၍ ဥပဇ္ဈာယ် ဆရာ လုပ်လိုသောအခါ သံဃာ့ထံ၌ ဝုဋ္ဌာပန သမ္မုတိ (ဥပဇ္ဈာယ်လုပ်နိုင်သော သမ္မုတိ)ကို တောင်းရသေး၏။ ထိုသို့ တောင်းသောအခါ သံဃာက သူ၏ဝိနည်း နားလည်မှု ရှိ-မရှိကို စဉ်းစား၍ ဆရာလုပ်လောက်သော အရည်အချင်း ရှိမှ ဝုဋ္ဌာပနသမ္မုတိပေးရ၏၊ ထိုသမ္မုတိရသူမှသာ ဥပဇ္ဈာယ်ဆရာ လုပ်နိုင်သည်။

ဘိက္ခုနီများလည်း ဥပဇ္ဈာယ် လုပ်ချင်တိုင်း မလုပ်ရ, ၁-ဆယ်ဝါရ ပြီးခြင်း, ၂-ဒွေမာတိကာကို အကျယ်ဖွင့်ပြသော ဝိဘင်း ၂-ဖြာကို နားလည်ခြင်း, ၃-ရဟန်းခံ သိမ်သမုတ်စသော ကံကြီးကံငယ် လုပ်ထုံးကို နားလည်ခြင်း, ၄-မဟာဝါ စူဠဝါခန္ဓကတို့၌ လာသော သိက္ခာပုဒ်များကို နားလည်ခြင်း, ၅-နာမ်တရား ရုပ်တရားကို ခွဲခြားဟောပြနိုင်ခြင်း ဤဂုဏ်အင်္ဂါငါးပါးနှင့် ပြည့်စုံသူမှသာ ဥပဇ္ဈာယ်ဆရာ (ကျောင်းထိုင် ဘုန်းကြီး)လုပ်နိုင်၏။ ထိုသို့ မပြည့်စုံသေးလျှင် ကျောင်းထိုင်ဘုန်းကြီး မလုပ်ရသေး၊ ထိုဂုဏ်အင်္ဂါနှင့် ပြည့်စုံသော ဆရာ တစ်ပါးပါးကို မှီခို၍ နေရသည်။

[ဆောင်] ဆယ်ဝါပြည့်တင်း, ဝိဘင်းနှစ်ဖြာ, ကမ္မာကမ္မ, ခန္ဓကပုဒ်, နာမ်ရုပ်ပိုင်ပိုင်, ဟောပြနိုင်, ကျောင်းထိုင် ငါးအင်္ဂါ။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး