မဟာပေသကာရသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

မဟာပေသကာရသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ယောက်ျားတစ်ယောက်သည် အခြားအရပ်တစ်ခုသို့ ခရီးထွက်ရန် ဖြစ်ပေါ်၏။ ထိုယောက်ျားသည် ဇနီးဖြစ်သူအား “ချည်ကို ချိန်၍ ရက်ကန်းသည်ကို ပေးကာ သင်္ကန်းကို ရက်ခိုင်းပါ။ ပြန်လာလျှင် အသျှင်ဥပနန္ဒကို လှူမည်” ဟု ဆို၏။ ထိုသို့ပြောသည်ကို ဆွမ်းခံသော ရဟန်းတစ်ပါးသည် ကြား၏။ ထို့နောက် အသျှင်ဥပနန္ဒကို ပြန်လည်ပြောကြား၏။

ထိုအခါ အသျှင်ဥပနန္ဒသည် ရက်ကန်းသည်အား “ဒါယကာ ငါ့ကိုရည်ညွှန်း၍ သင်္ကန်းပြုလုပ်ရာတွင် အလျားရှည်ရှည် အနံပြန့်ပြန့် အသားထူထူ ပြုပါ၊ ကောင်းစွာ ရက်အပ်၊ နယ်ဖြင် ကန်အပ် ဖြီးအပ်သည်ကို ပြပါ” ဟု ဆို၏။ ထိုအခါ ရက်ကန်းသည်က “ချည်ကို ချိန်၍ သင်္ကန်းကို ရက်စေသဖြင့် ထိုကဲ့သို့ ပြုခြင်းငှါ မတတ်နိုင်ပါ” ဟု ဆို၏။

ထိုအခါ အသျှင်ဥပနန္ဒသည် “သင်သည် အလျားရှည်ရှည် အနံပြန့်ပြန့် အသားထူထူ ပြုလုပ်ပါ၊ ထိုချည်နှင့်စပ်သည့် အနှောင့်အယှက် ဖြစ်လိမ့်မည် မဟုတ်ပါ” ဟု ဆို၏။ ထို့နောက် ရက်ကန်းသည်သည် လှူဒါန်းသော မိန်းမထံသို့ “ချည်အလိုရှိသည်” ဟု ပြော၏။ ထိုအခါ မိန်းမသည် “သင့်ကို ပေးထားသော ချည်ဖြင့် ရက်ခို်င်းပေသည်” ဟု ဆို၏။ ထိုအခါ ရက်ကန်းသည်သည် “အသျှင်ဥပနန္ဒက အလျားရှည်သော အနံပြန့်သော အသားထူသည့် သင်္ကန်းကို ပြုခိုင်းပြီး ထိုချည်နှင့် စပ်သည့် အနှောင့်အယှက်ဖြစ်လိမ့်မည် မဟုတ်ဟု ဆိုသည်” ဟု ထိုမိန်းမအားပြော၏။ ထိုမိန်းမသည်လည်း နောက်ထက်ချည်များကို ပေးလိုက်၏။ အရပ်တစ်ပါးသို့ သွားသော ယောက်ျားသည် ပြန်ရောက်သော် ဇနီးအား အသျှင်ဥပနန္ဒအတွက် ရက်ထားသော သင်္ကန်းကို တောင်း၏။ ထို့နောက် ဇနီးသည် သင်္ကန်းကို ယူလာပြီးနောက် ဖြစ်ကြောင်းကုန်စင်ကို ပြောပြ၏။ ထို့နောက် ယောက်ျားသည် အသျှင်ဥပနန္ဒအား သင်္ကန်းကို လှူ၏။

ထို့နောက် ယောက်ျားသည် လှူဒါန်းပြီးနောက် “ရဟန်းတို့သည် အလိုကြီးကုန်၏၊ မရောင့်ရဲနို်င်ကြကုန်၊ ဤရဟန်းတို့ကို သင်္ကန်းဖြင့် ဖုံးလွှမ်းရန် မလွယ်ကူ၊ အဘယ်ကြောင့် အသျှင်ဥပနန္ဒသည် မဖိတ်ကြားအပ်ဘဲ ရက်ကန်းသည်ထံ ချဉ်းကပ်၍ သင်္ကန်း၌ စီရင်ခြင်းကို ပြုသနည်း” ဟု ဆို၏။

ထိုသို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြား၏။ အလိုနည်းသော ရဟန်းတို့သည်လည်း ကဲ့ရဲ့ကြကုန်၏။ မြတ်စွာဘုရားထံ လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် အသျှင်ဥပနန္ဒအား “ဟုတ်မှန်ပါသလောံ” ဟု မေးရာ “ဟုတ်မှန်ပါသည်” ဟု ဖြေကြား၏။ ထို့နောက် “ဥပနန္ဒ သင့်နှင့် ဆွေမျိုးတော်စပ်သလော” ဟု မေးရာ “မတော်စပ်ပါ” ဟု ဖြေ၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

“ရဟန်းကိုသာလျှင် ရည်ညွှန်း၍ ဆွေမျိုးမတော်စပ်သော အိမ်ရှင်သော်လည်းကောင်း၊ အိမ်ရှင်မသော်လည်းကောင်း၊ ရက်ကန်းသည်တို့ကို သင်္ကန်းရက်စေငြားအံ့။ အကယ်၍ ထိုရဟန်းသည် ရှေးက မဖိတ်ကြားအပ်ဘဲ ရက်ကန်းသည်တို့ထံသို့ ချဉ်းကပ်၍ ‘ဒါယကာ ဤသင်္ကန်းသည် ငါ့ကို ရည်ညွှန်း၍ ရက်အပ်၏၊ အလျားရှည်ရှည် အနံပြန့်ပြန့် အသားထူထူ ပြုကြလော့၊ ကောင်းစွာရက်အပ်ရှယ်အပ် နယ်ဖြင့် ကန်အပ် ဖြီးအပ်သည်ကိုလည်း ပြုကြကုန်လော့။ ငါတို့သည် ဒါယကာတို့အား အနည်းငယ်မျှ ‘ပေးကမ်းဖွယ်ကို ပေးကမ်းနိုင်ရာကုန်၏’ ဟု သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ငြားအံ့၊ ထိုရဟန်းသည် ဤသို့ဆို၍ အနည်းငယ်မျှ ‘ပေးကမ်းဖွယ်’ ကို ပေးကမ်းငြားအံ့၊ အယုတ်သဖြင့် ဆွမ်းမျှကိုသော်လည်း ပေးကမ်းငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်