မာတိကာသို့ ခုန်သွားရန်

၃၁-ဘုံ

ဝီကီပီးဒီးယား မှ
၃၁ ဘုံ ပြပုံ

ဤဩကာသလောကကြီးတွင် သတ္တဝါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။

"ဘုရားရှိခိုး အမျိုးမျိုး" စာအုပ်များတွင် အမျှဝေခြင်း အားလုံးနီးပါး၌ ၃၁-ဘုံသည် ပါဝင်လေ့ရှိသည်။ သို့သော် ၃၁-ဘုံနှင့် ပတ်သက်၍ သာမန်သိရှိခြင်းထက် အသေအချာသိရှိကြမည် ဆိုပါက ပိုမိုအကျိုးရှိ အကျိုးများနိုင်ပေသည်။

ဤဩကာသလောကကြီးတွင် သတ္တဝါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။ ဗြဟ္မာဘုံ နှစ်ဆယ်နတ်ပြည် ခြောက်ဘုံလူ့ဘုံ တစ်ဘုံအပါယ် လေးဘုံ တို့ဖြစ်သည်။ ထို သုံးဆယ့်တစ်ဘုံတည်းဟူသော ဩကာသလောကကြီးသည် အာသဝေါကုန်ခန်းပြီးသော ရဟန္တာမဖြစ်သေးသမျှ ထက်အောက်ပြောင်းပြန် ဗလောင်ဆန်အောင် ကျင်လည်ရဦးမည့် ဘုံဌာနများပင်ဖြစ်သည်။

မြတ်စွာဘုရား ဟောကြားထားသော နခသိခသုတ်ကိုထောက်ရှုခြင်းအားဖြင့် လူ့ဘုံမှ စုတေ၍ သေလွန်ကြကုန်သောသူတို့တွင် လူ့ဘုံသို့ ပြန်လည်ရောက်ရှိသောသူမှာ မြတ်စွာဘုရား၏ လက်သည်းခွံပေါ်၌ရှိသော မြေမှုန့်ပမာဏမျှသာရှိ၍ အပါယ်လေးဘုံသို့ ကျရောက်သောသူတို့မှာ ဂင်္ဂါမြစ်လွင်ပြင်ရှိ မြေမှုန့်ပမာဏရှိသည်။ လူ့ဘဝမှစုတေ၍ လူပြန်ဖြစ်သော ပမာဏ နှင့် အပါယ်လေးဘုံသို့ ကျရောက်သောသူတို့၏ ပမာဏ နှိုင်းဆ၍မရအောင် ကွာခြားလှပါသည်။ လူတစ်ထောင်သေဆုံး၍ တစ်ယောက်မျှလောက်ပင် လူပြန်ဖြစ်ဖို့ရာ မလွယ်ကူပါချေ။

ဗြဟ္မာဘုံ နှစ်ဆယ်

[ပြင်ဆင်ရန်]

ရူပဗြဟ္မာ ၁၆-ဘုံ

[ပြင်ဆင်ရန်]

ပဌမဈာန် ၃-ဘုံ

  1. ဗြဟ္မပါရိသဇ္ဇာ
  2. ဗြဟ္မပုရောဟိတာ
  3. မဟာဗြဟ္မာ

ဒုတိယဈာန် ၃-ဘုံ

  1. ပရိတ္တာဘာ
  2. အပ္ပမာဏာဘာ
  3. အာဘဿရာ

တတိယဈာန် ၃-ဘုံ

  1. ပရိတ္တာသုဘာ
  2. အပ္မမာဏာသုဘာ
  3. သုဘကိဏှာ

စတုတ္ထဈာန် ၇-ဘုံ

  1. ဝေဟပ္ဖိုလ်
  2. အသညသတ်၊ (ရူပ(ရုပ်)သာရှိ၍ သညာ(နာမ်)မရှိသော ဗြဟ္မာ့ဘုံ)
  3. အဝိဟာ
  4. အတပ္မါ
  5. သုဒဿာ
  6. သုဒဿီ
  7. အကနိဋ္ဌ

အရူပဘုံ ၄-ဘုံ

[ပြင်ဆင်ရန်]
  1. အာကာသာနဉ္စာယတန
  2. ဝိညာဏဉ္စာယတန
  3. အာကိဉ္စညာယတန
  4. နေဝသညာနာသညာယတန

နတ်ပြည် ခြောက်ဘုံ

[ပြင်ဆင်ရန်]
  1. စတုမဟာရာဇ်
  2. တာဝတိံသာ
  3. ယာမာ
  4. တုသိတာ
  5. နိမ္မာနရတိ
  6. ပရနိမ္မိတဝသဝတ္တီ

လူ့ဘုံ တစ်ဘုံ

[ပြင်ဆင်ရန်]

လူ့ဘုံ

အပါယ် လေးဘုံ

[ပြင်ဆင်ရန်]
  1. တိရစ္ဆာန်
  2. ပြိတ္တာ
  3. အသူရကာယ်
  4. ငရဲ[] []

ကျမ်းကိုး

[ပြင်ဆင်ရန်]
  1. မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
  2. ဓမ္မဒူတ အရှင်ဣန္ဒာဝုဓ “ခွဲခြားဝေဖန် ကိုးကွယ်ရန်(ရတနာမွန် မဂ္ဂဇင်း)”