ပါပသမာစာရဒုတိယသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—လူတို့နှင့်ရောနှော၍နေခြင်းကို အားပေးမှု။
အမှုသည်—ထုလ္လနန္ဒာ။
ထုလ္လနန္ဒာ၏ အားပေးခြင်း
[ပြင်ဆင်ရန်]ရှေ့သိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း လူတို့နှင့် ရောရောနှောနှော နေသောဘိက္ခုနီတို့ကို အခြား ဘိက္ခုနီတို့က ဉတ်ကမ္မဝါစာဖြင့် ဆုံးမပြီးသောအခါ (ထုလ္လနန္ဒာသည် သူ၏တပည့်မတို့ကို သံဃာကနှိမ်သည်ဟု အယူရှိဟန်တူသောကြောင့်) “အရှင်မတို့...သင်တို့သည် လူဝတ်ကြောင် မိန်းမတို့နှင့် ရောနှော၍သာ နေကြပါ၊ တသီးတခြား ခွဲ၍မနေကြပါနှင့်၊ သံဃာထဲမှာ ဒီလိုအကျင့်ရှိကြ ဒီလို မကောင်းသတင်းရှိကြ, ဒီလို အသက်မွေးမှုရှိကြကုန်သော ဘိက္ခုနီ သံဃာကို ညှဉ်းဆဲတတ်ကြ, အချင်းချင်း၏အပြစ်ကို ဖုံးထားတတ်ကြသော ဘိက္ခုနီတွေ သင်တို့အပြင်ရှိကြပါ၏။ [၁]
ထိုဘိက္ခုနီတွေကိုတော့ သံဃာက ဘာမှမပြော၊ သင်တို့ကိုသာ သံဃာက အောက်တန်းစားတွေဟု အမှတ်ထားသောကြောင့် လည်းကောင်း, သူတို့တတွေဟာ ငါတို့ကို ဘာတတ်နိုင်မှာလဲ-ဟု နိုင်ထက်စီးနင်း အသိမျိုးကြောင့်လည်းကောင်း, (အခြားဘိက္ခုနီများ၏ အပြစ်ကိုတော့ သည်းခံနိုင်ပါလျက်) သင်တို့ကိုမှ သည်းမခံနိုင်သောကြောင့်လည်းကောင်း, သူတို့သာ အားရှိသည်, သူတို့စကားသာ အောင်နိုင်၏ ဟု အယူရှိသောကြောင့်လည်းကောင်း, သင်တို့က (ကိုယ့်ဘက်သား ဖြစ်သော) အင်အားနည်းသောကြောင့်လည်းကောင်း, ဒီလို (သူတို့နှင့် ရောနှော၍ မနေ့ကြပါနှင့်စသည်ဖြင့်) ပြောဆိုခြင်းဖြစ်သည်”ဟု အားပေး အားမြှောက် ပြုလေသည်၊ ထိုသို့ပြုသည်ကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။[၁]
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယာ ပန ဘိက္ခုနီ ဧဝံ ဝဒေယျ ‘‘သံသဋ္ဌာဝ, အယျေ, တုမှေ ဝိဟရထ, မာ တုမှေ နာနာ ဝိဟရိတ္ထ, သန္တိ သံဃေ အညာပိ ဘိက္ခုနိယော ဧဝါစာရာ ဧဝံသဒ္ဒါ ဧဝံသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, တာ သံဃော န ကိဉ္စိ အာဟ တုမှညေဝ သံဃော ဥညာယ ပရိဘဝေန အက္ခန္တိယာ ဝေဘဿိယာ ဒုဗ္ဗလျာ ဧဝမာဟ – ‘ဘဂိနိယော ခေါ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, ဝိဝိစ္စထာယျေ, ဝိဝေကညေဝ ဘဂိနီနံ သံဃော ဝဏ္ဏေတီ’’’တိ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဧဝမဿ ဝစနီယာ ‘‘မာယျေ, ဧဝံ အဝစ, သံသဋ္ဌာဝ အယျေ တုမှေ ဝိဟရထ, မာ တုမှေ နာနာ ဝိဟရိတ္ထ, သန္တိ သံဃေ အညာပိ ဘိက္ခုနိယော ဧဝါစာရာ ဧဝံသဒ္ဒါ ဧဝံသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ,တာ သံဃော န ကိဉ္စိ အာဟ, တုမှညေဝ သံဃော ဥညာယ ပရိဘဝေန အက္ခန္တိယာ ဝေဘဿိယာ ဒုဗ္ဗလျာ ဧဝမာဟ – ‘ဘဂိနိယော ခေါ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, ဝိဝိစ္စထာယျေ, ဝိဝေကညေဝ ဘဂိနီနံ သံဃော ဝဏ္ဏေတီ’’’တိ, ဧဝဉ္စ သာ ဘိက္ခုနီ ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျ, သာ ဘိက္ခုနီ ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျ, အယမ္ပိ ဘိက္ခုနီ ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။[၁]
မြန်မာပြန်
[ပြင်ဆင်ရန်]အကြင်ဘိက္ခုနီသည် ဤသို့ ပြောဆိုအံ့၊ (အဘယ်သို့ ပြောဆိုသနည်း၊) အရှင်မတို့...သင်တို့သည် လူဝတ်ကြောင်မိန်းမတို့နှင့် ရောနှော၍သာ နေကြပါ၊ အသီးအသီးခွဲခွါ၍ မနေကြပါနှင့်၊ သံဃာထဲမှာ ဒီလို အကျင့် ဒီလိုကျော်စောသံ ဒီလိုအသက်မွေးမှ ရှိကြကုန်သော ဘိက္ခုနီသံဃာကို ညှဉ်းဆဲတတ်ကြ-အချင်းချင်း၏ အပြစ်ကို ဖုံးထားတတ်ကြ ကုန်သော(သင်တို့အပြင်) အခြားဘိက္ခုနီတွေ ရှိကြပါသေးသည်၊ ထိုဘိက္ခုနီတွေကိုတော့ သံဃာက ဘာကိုမှ မပြောပါ၊ သင်တို့ကိုသာ သံဃာက အောက်တန်းစားတွေဟု အမှတ်ထားခြင်း, ငါတို့ ပြောကော ဘာတတ်နိုင်မှာလဲ” ဟု နိုင်ထက်စီးနင်း သိခြင်း, သင်တို့၏ အပြစ်ကိုမှ သည်းမခံနိုင်ခြင်း သူတို့စကားသာ အောင်နိုင်၏ဟု မှတ်ယူရလောက်အောင် သူတို့က အားရှိခြင်း, သင်တို့က (ဘက်သား) အင်အားနည်းပါးခြင်း တို့ကြောင့် “ဘဂိနိယော သံသဋ္ဌာ ဝိဟရန္တိ”စသည်ဖြင့် တားမြစ်ခြင်း ဖြစ်သည်-ဟု ပြောဆိုအံ့၊ ထိုဘိက္ခုနီကို အခြားဘိက္ခုနီတို့က ဤသို့ မပြောဖို့ရန် တားမြစ်ရမည်၊ ဤသို့ တားမြစ်ပါလျက် ထိုရှေးအတိုင်း (မလျော့ဘဲ) ထိုစကားကို ချီမြှောက်အံ့၊ ထိုဘိက္ခုနီကို ထိုအပြော စွန့်ဖို့ရာ ၃-ကြိမ်တိုင်တိုင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမရာ၏၊ ၃-ကြိမ်တိုင်တိုင် ဆုံးမအပ်စဉ် ထိုအပြောကို စွန့်လွှတ်လျှင် ကောင်း၏၊ မစွန့်လွှတ်လျှင် ထိုဘိက္ခုနီ ယာဝတတိယက မည်သော သံဃာမှ နှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ် အာပတ် သင့်၏။ [၁]
အမှာ
[ပြင်ဆင်ရန်]ဘိက္ခုတို့အတွက် သံဃာဒိသေသ် သိက္ခာပုဒ် ၁၃-ပါးရှိ၏၊ ဘိက္ခုနီတို့ အတွက်ကား ၁၇-ပါးရှိသည်၊ ၁၇-ပါးဟူသည် ဘိက္ခုတို့မှ သဉ္စရိတ္တနှင့် ဒုဋ္ဌဒေါသသိက္ခာပုဒ် ၂-ပါး, ယာဝတတိယကသိက္ခာပုဒ် ၄-ပါး ပေါင်း ၇-ပါးကို ယူ၍ ဤ၌ တိုက်ရိုက်ပြထားသော သိက္ခာပုဒ် ၁၀ နှင့် ပေါင်းလျှင် ၁၇-ပါးဖြစ်၏၊ ထို၁၇-ပါးတွင် ပဌမာပတ္တိက(လွန်ကျူးလျှင် ကျူးခြင်း ပထမရောက်အပ်သော) သိက္ခာပုဒ် ၉-ပါး, ယာဝတတိယကသိက္ခာပုဒ် ၈-ပါးပါသည်။
သံဃာဒိသေသအခန်းပြီး၏။[၁]