ကဗဠာဝစ္ဆေဒကသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

ကဗဠာဝစ္ဆေဒကသိက္ခာပုဒ် (ကဗဠဝဂ်)

ဆွမ်းလုပ်ကို ကိုက်ဖြတ်စားမှု[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းလုပ်ကို (အဆုပ်ဖြစ်အောင် လုပ်ပြီးနောက်) ကိုက်ဖြတ်၍ စားကြကုန်၏၊ [ယခုအခါ ကိုက်ဖြတ်စားမှု စေးကပ်သောထမင်း ကောက်ညှင်းများကို ဆုပ်ပြီးမှ ကိုက်ဖြတ်၍ စားသကဲ့သို့တည်း။] ထိုအပြုအမူကိုလည်း လူတို့ကဲ့ရဲ့ကြသောကြောင့်...[၁]

“န ကဗဋာ ဝစ္ဆေဒကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

မြန်မာပြန်[ပြင်ဆင်ရန်]

“ဆွမ်းလုပ်ကို ကိုက်ဖြတ်၍ မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။ [“အနာပတ္တိ-ခဇ္ဇကေ (ခဲဘွယ်မုံ့ သရည်စာ) ဖလာဖလေ (သစ်သီးကြီးငယ်) ဥတ္တရိဘင်္ဂေ (လက်သုပ်)” ဟု ခြွင်းချက်ရှိသောကြောင့် ပြောင်းဖူး ငှက်ပျောသီးစသည်ကို ကိုက်ဖြတ်၍ စားသော်လည်း အာပတ်မသင့်၊ ထိုခြွင်းချက်တွင် မပါဝင်သော သားငါးတို့ကိုကား သွားဖြင့် ကိုက်ဖြတ်၍ မစားအပ်-ဟု မှတ်သင့်၏၊ လက်စသည်ဖြင့် ဖြတ်ခြင်းကား ဤသိက္ခာပုဒ်နှင့် မဆိုင်။]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး