သမထ
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
![]() | ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
သမထ ဆိုသည်မှာ စိတ်ကိုတည်ငြိမ်အေးချမ်းစေသော သမ္မာသမာဓိအလုပ် ဖြစ်သည်။ မြတ်စွာဘုရားဟောကြားတော်မူသော သမထကမ္မဋ္ဌာန်း လေးဆယ်(၄၀) ရှိသည်။ ဝိပဿနာအလုပ်ဆိုသည်မှာ ပညာစခန်း ပညာအလုပ်ဖြစ်သည်။ ထိုပညာကို ကောင်းစွာပိုင်ပိုင်သိဖို့ရန်မှာ သမထအလုပ်ဟူသော သမာဓိတည်ကြည်အောင် ရှုမှတ်မှုမှာ အရေးပါလှပါသည်။ မြတ်ဗုဒ္ဓသာသနာမှာ သီလ၊ သမာဓိ၊ ပညာ ဟူ၍ သိက္ခာ ကျင့်စရာ ၃ မျိုးရှိရာ ထိုသုံးမျိုးကို အစဉ်တိုင်းဖြည့်ကျင့်ကြရပါမည်။ သီလရှိမှ သမာဓိတည်နိုင်သလို သမာဓိတည်မှ ပညာ ဝိပဿနာဖြစ်နိုင်သောကြောင့် သမထအလုပ် သမာဓိအလုပ်ကို အနည်းနှင့်အများတော့ လုပ်ကို လုပ်ကြရပါမည်။ သမာဓိအဆင့် သမထအဆင့်များမှာလည်း များစွာရှိသည်။ အကျယ်ကို ဝိသုဒ္ဓ်မဂ်အဋ္ဌကထာတို့၌ ရှုမြင်နိုင်သည်။
![]() | ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |